Myat Taw Win Hospital - Kalaw

Myat Taw Win Hospital - Kalaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Taw Win Hospital - Kalaw, Medical and health, No (1), Ward (1), Shwe Taung Gyar Street, Kalaw.

မိမိနဲ့ မိမိချစ်ခင်တန်ဖိုးထားရတဲ့မိသားစုဝင်တွေရဲ့ကျန်းမာရေး ကို 50% off အထူးဈေးနဲ့စစ်ဆေးနိုင်မယ့် အခွင့်အရေး ‼️သီတင်းကျွ...
05/10/2026

မိမိနဲ့ မိမိချစ်ခင်တန်ဖိုးထားရတဲ့မိသားစုဝင်တွေရဲ့ကျန်းမာရေး ကို 50% off အထူးဈေးနဲ့စစ်ဆေးနိုင်မယ့် အခွင့်အရေး ‼️

သီတင်းကျွတ်အခါသမယတွေ၊ ပွဲလမ်းသဘင်တွေမှာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ခန္ဓာကိုယ်က ကျန်းမာနေဖို့လည်းလိုအပ်ပါတယ်။

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဖြစ်တာကြောင့် မိမိ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်း၊ ဘယ်ကဏ္ဍတွေမှာ နာမကျန်းဖြစ်နေလဲ၊ ဘယ်လို ဆေးကုသမှုမျိုးကို လိုအပ်နေလောက်လဲ ဆိုတာတွေကို အချိန်မလွန်ခင် စောစီးစွာ အဖြေရှာပြီး ကုသနိုင်ဖို့အတွက် တစ်နှစ်တစ်ကြိမ်တော့ ကျန်းမာရေးစစ်ဆေးတာမျိုးကိုလုပ်ပေးသင့်ပါတယ်ရှင်။

ဒီနှစ်သီတင်းကျွတ်မှာတော့ မိမိအပါအဝင် မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုပါဂရုစိုက်ပေးနိုင်ဖို့ “မြတ်တော်ဝင်ဆေးရုံ (ကလော)” မှာတော့ Medical Check-up Package တွေဖြစ်တဲ့
🔸Gold Package (male/female) နဲ့
🔸Diamond Package (male/female)တွေကို အောက်တိုဘာ တစ်လလုံးအတွက် 50% off promotion လေးလုပ်ပေးထားပါတယ်။

📆 Promotion ကာလလေးကိုတော့ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရက်လေးကန့်သတ်ပေးထားတဲ့အပြင် Package နှစ်ခုလုံးအတွက် အစားအသောက်ကျွေးမွေးခြင်း အစီအစဉ်လည်းပါဝင်ပါတယ်ရှင်။

⏳ ဒါ့အပြင် နေ့စဉ် စစ်ဆေးမယ့် လူဦးရေကို ကန့်သတ်ပေးထားတာကြောင့် သတ်မှတ်ကာလအတွင်း 50% off promotion ကို ကြိုတင် booking လုပ်ပြီး မိမိနဲ့ မိမိချစ်ခင်တန်ဖိုးထားရတဲ့မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို အခုပဲ အတူလာရောက်စစ်ဆေးလိုက်ပါနော်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51

#မြတ်တော်ဝင် #ကလော #50% #သီတင်းကျွတ်promotion

📣 Job Vacancy Announcement, We’re Hiring📣 🏥 ‘’မြတ်တော်ဝင်ဆေးရုံ (ကလော)’’၏ “Medical Imaging Department” တွင် တာဝန်ထမ်းဆော...
30/09/2026

📣 Job Vacancy Announcement, We’re Hiring📣

🏥 ‘’မြတ်တော်ဝင်ဆေးရုံ (ကလော)’’၏ “Medical Imaging Department” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Medical Technologist (Imaging) - 1 Post

■ Job Requirement:
• Must be a B. Med.Tech (Medical Imaging Technology) holder
• Having experience as an Imaging Medical Technologist would be an advantage. (Freshers are also welcomed to apply).
• Must be skillful in Imaging Techniques for all machines

✅ Benefit Package:
• Attractive Salary
• Medical discount according to the organization’s policy
• Leave according to the organization's policy
• Learn for personal and professional development at all time

▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]

📞 Phone & Viber: 09 941 600 081

World Heart Day 2026 (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့)🫀နေ့စဉ်ဘဝလှုပ်ရှားမှုတွေထဲမှာ ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ကိုယ်လက်လှုပ်ရ...
29/09/2026

World Heart Day 2026 (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့)🫀

နေ့စဉ်ဘဝလှုပ်ရှားမှုတွေထဲမှာ ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာတွေ၊ စားသောက်မှုပုံစံတွေကြောင့် နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေဖြစ်လာတတ်ပါတယ်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Don’t Miss a Beat”ဆိုတဲ့အတိုင်း ကိုယ့်နှလုံးရဲ့ နှလုံးခုန်သံကို စဉ်ဆက်မပြတ် သတိနဲ့ နားထောင်တတ်ဖို့ကလည်း အရေးကြီးပါတယ်နော်။

ဒါကြောင့် နှလုံးကျန်းမာရေးအတွက် နေ့စဉ်

🍒 ကျန်းမာရေးနဲ့ညီညွတ်အောင် အဆီအဆိမ့်၊ အငန်နဲ့ သကြားဓာတ် လျှော့စားပြီး အသီးအနှံများကိုပိုစားပါ။

🏃🏻 တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်ခြင်း ဒါမှမဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းများကို မမေ့ဘဲလုပ်ပေးပါ။

🧘🏻‍♀️ အိပ်ချိန် လုံလောက်စွာ အိပ်စက်ပြီး စိတ်အပန်းပြေစေမယ့်၊ စိတ်ဖိစီးမှုနည်းစေမယ့် အလေ့အကျင့်ကောင်းလေးတွေလုပ်ပေးပါ။

🩺 သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကိုလည်း ပုံမှန်စစ်ဆေးတာမျိုး လုပ်ပေးသင့်ပါတယ်ရှင်။

အခုလိုအသေးစိတ် အချက်လေးတွေကနေတစ်ဆင့် နှလုံးကျန်းမာရေးကို အလေးပေးဂရုစိုက်ဖို့ တိုက်တွန်းရင်း စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ World Heart Day 2026 မှာ ကျန်းမာသန်စွမ်းတဲ့ နှလုံးသားတစ်စုံနဲ့အတူ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း “မြတ်တော်ဝင်ဆေးရုံ” (ကလော) မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51

#မြတ်တော်ဝင် #ကလော

World Pharmacist Day 2026 💊ဆေးဝါးကုသမှု ကဏ္ဍမှာ ဆရာဝန်တွေရဲ့ တိကျတဲ့ ရောဂါရှာဖွေမှု၊ ကုသမှုတွေနည်းတူ လူနာတွေကို ဘေးကင်းစ...
25/09/2026

World Pharmacist Day 2026 💊

ဆေးဝါးကုသမှု ကဏ္ဍမှာ ဆရာဝန်တွေရဲ့ တိကျတဲ့ ရောဂါရှာဖွေမှု၊ ကုသမှုတွေနည်းတူ လူနာတွေကို ဘေးကင်းစိတ်ချရစေနိုင်တဲ့ ဆေးဝါးတွေသုံးစွဲနိုင်ဖို့နောက်ကွယ်ကနေ အမြဲမပြတ် အဓိက တာဝန်ယူပေးနေသူတွေကတော့ ဆေးဝါးပညာရှင်(Pharmacists) များပဲ ဖြစ်ကြပါတယ်။

ဒီနှစ် World Pharmacist Day ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Empowering Pharmacists For Healthier Futures" နဲ့အညီ ဆေးဝါးပညာရှင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုကျန်းမာ ဘေးကင်းတဲ့ အနာဂတ်တစ်ခု ဖြစ်လာစေဖို့အတွက် အလွန် အရေးကြီးပါတယ်။

ဒါကြောင့် အရေးပါတဲ့ကဏ္ဍများ ဖြစ်ကြတဲ့

💊 ဆေးဝါးအညွှန်းမှန်ကန်မှုစစ်ဆေးခြင်း
💊စနစ်တကျသုံးစွဲရန် လမ်းညွှန်ပေးခြင်း
💊အရည်အသွေးမြင့် ဆေးဝါးများပံ့ပိုးပေးခြင်း တွေကို အမှားအယွင်းမရှိအောင် သော်လည်းကောင်း လူနာတစ်ဦးချင်းစီ၏ ဆေးဝါး ဘေးကင်းလုံခြုံရေးအတွက် အမြဲမပြတ် စေတနာ၊ ကျွမ်းကျင်မှုတို့ဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလေ့ရှိတဲ့ ဆေးဝါးပညာရှင် (Pharmacists) များကို “မြတ်တော်ဝင် ဆေးရုံ” (ကလော) မှလည်း ဂုဏ်ပြုလိုက်ပါတယ်ရှင်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51

#မြတ်တော်ဝင် #ကလော

📣 Job Vacancy Announcement, We’re Hiring📣 🏥 “မြတ်တော်ဝင်ဆေးရုံ (ကလော)”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခ...
21/09/2026

📣 Job Vacancy Announcement, We’re Hiring📣

🏥 “မြတ်တော်ဝင်ဆေးရုံ (ကလော)”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူ လျက်ရှိနေပါသည်။

💼 Housekeeping Supervisor- 1 posts
💼 Housekeeping attendant - 4posts
💼 General Worker - 3posts

✅ Benefit Package:
• Attractive Salary
• Medical discount according to the organization’s policy
• Leave according to the organization's policy
• Learn for personal and professional development at all time

▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]
📞 Phone & Viber: 09 941 600 081

World Alzheimer’s Day 2026 💜🧠ဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့ဟာ World Alzheimer's Day  (ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါ အသိပညာပေးနေ့) ...
21/09/2026

World Alzheimer’s Day 2026 💜🧠

ဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့ဟာ World Alzheimer's Day (ကမ္ဘာ့အယ်လ်ဇိုင်းမားရောဂါ အသိပညာပေးနေ့) ဖြစ်ပါတယ်ရှင်။

အယ်လ်ဇိုင်းမား ရောဂါဆိုတာ သာမန် အသက်ကြီးလို့ မေ့လျော့တာမျိုး မဟုတ်ဘဲ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာကြောင့် အသိ၊ သတိ၊ စကားပြောဆိုမှုနဲ့ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုတွေကို ထိခိုက်စေတဲ့ နာတာရှည် မေ့လျော့ရောဂါ ဖြစ်ပါတယ်။

မိမိတို့ရဲ့ မိသားစုဝင်တွေဖြစ်တဲ့လူကြီးမိဘတွေ မှာကြုံလာရတဲ့ အပြောင်းအလဲတွေကို သာမန်မေ့လျော့တာပဲဆိုပြီး မပေါ့ဆဘဲ စောစီးစွာ သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်နော်။

🧠 ဒါကြောင့် မိသားစုဝင်တွေ အနေနဲ့ မိဘ၊ ဘိုးဘွားတွေရဲ့ စကားပြော မှားယွင်းတာ၊ ပစ္စည်း ပျောက်ရှတာတွေကို ပြစ်တင်ဆူပူခြင်း မပြုဘဲ နားလည်မှုရှိရှိ စိတ်ရှည်ပေးပါ။

🧠 နေ့စဉ် လုပ်ဆောင်ရမည့် ကိစ္စများကို ပုံမှန် အချိန်ဇယားလေးအတိုင်း ပြုလုပ်ပေးပါ။

🧠 အာရုံကြော အထူးကုများနဲ့ တိုင်ပင်ကုသပြီး သေချာ စောင့်ရှောက်ပေးခြင်းဖြင့် ရောဂါ တိုးတက်မှုကို နှေးကွေးအောင် ကူညီပေးပါ။

ဒီလို အချက်လေးတွေကို လိုက်နာသတိပြုခြင်းကနေ ယနေ့ကျရောက်တဲ့ “World Alzheimer’s Day 2026” မှာ အယ်လ်ဇိုင်းမား ရောဂါသည်များနဲ့ မိသားစုဝင်များအားလုံး နွေးထွေးတဲ့ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာများနဲ့ အတူတကွ ရင်ဆိုင်
ကျော်ဖြတ်နိုင်ကြပါစေလို့ “မြတ်တော်ဝင်ဆေးရုံ ကလော” မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51

#မြတ်တော်ဝင် #ကလော #2026

အသက်အရွယ်ရလာတဲ့အခါ စကားခဏခဏမှားတာ၊ ပစ္စည်းတွေခဏခဏပျောက်တတ်တာဟာ သာမန် မေ့လျော့တာလား❓မိဘ ဘိုးဘွားတွေ အသက်အရွယ်ကြီးလာတဲ့အခါ...
18/09/2026

အသက်အရွယ်ရလာတဲ့အခါ စကားခဏခဏမှားတာ၊ ပစ္စည်းတွေခဏခဏပျောက်တတ်တာဟာ သာမန် မေ့လျော့တာလား❓

မိဘ ဘိုးဘွားတွေ အသက်အရွယ်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ဒီလိုအချက်တွေကို "အသက်ကြီးရင် မေ့တာ သဘာဝပါပဲ" လို့ တွေးပြီး ပုံမှန်ဖြစ်စဉ်
အထင်နဲ့ ကျော်သွားမိတတ်ကြပါတယ်။ 💁🏻‍♀️

အသက်အရွယ်ကြီးလာတာနဲ့ အမျှ နည်းနည်း မေ့လျော့တတ်တာဟာ သဘာဝ ဖြစ်နိုင်ပေမဲ့ တချို့သော အချက်လေးတွေကတော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မေ့လျော့ရောဂါ (Dementia / Alzheimer's) ရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်နော်။⚠️

ဒါကြောင့် အသက်ကြီးပိုင်း မိဘဘိုးဘွားတွေမှာ ဒီလို အပြုအမူ အပြောင်းအလဲလေးတွေကို တွေ့လာရရင်တော့ အာရုံကြော အထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

🧠 မပေါ့ဆသင့်သည့် မေ့လျော့ရောဂါ (Dementia / Alzheimer's) ရဲ့ ရှေ့ပြေး လက္ခဏာများ ကတော့

🔺ပစ္စည်းများ ခဏခဏ ပျောက်ခြင်း

မိမိအမြဲ သုံးနေကျ ပစ္စည်းတွေကို မသက်ဆိုင်တဲ့နေရာတွေမှာ သွားထားမိပြီး ပြန်ရှာမတွေ့ခြင်း

🔺စကားပြောရာတွင် အခက်အခဲရှိခြင်း

တကယ်ပြောချင်တဲ့ စကားလုံးကို ရှာမတွေ့ဘဲ စကားအပြောအဆိုများ မကြာခဏ စတင်မှားယွင်းလာခြင်း

🔺ရင်းနှီးပြီးသား နေရာများတွင် လမ်းပျောက်ခြင်း

အမြဲသွားနေကျ လမ်း ဒါမှမဟုတ် မိမိအိမ်ပတ်ဝန်းကျင်မှာတင် လမ်းမှား၊ လမ်းပျောက် ဖြစ်ခြင်း

🔺စိတ်ခံစားချက်နဲ့ စရိုက်အမူအရာများ ရုတ်တရက် ပြောင်းလဲခြင်း

သာမန်ထက် ပိုပြီးစိတ်တိုလွယ်တာ၊ စိုးရိမ်ပူပန်လွန်လာတာ ဒါမှမဟုတ် စိတ်ဓာတ်ကျလာသလို အမူအရာတွေ ဖြစ်နေခြင်း တွေပဲဖြစ်ပါတယ်။

ဒီလိုသင်္ကေတတွေကို သတိထားမိလာတာနဲ့ နားလည်မှုရှိရှိထားပြီး ပြုစုစောင့်ရှောက်ပေးတာ၊ အာရုံကြောဆိုင်ရာ ဆရာဝန်ကြီးများနဲ့ သေချာဆွေးနွေး ကုသမှုခံယူတာတွေပြုလုပ်ပေးနိုင်ရင် တော့ ရောဂါ တိုးတက်မှုနှုန်းကို အများကြီး နှေးသွားအောင် ကူညီပေးနိုင်ပါတယ်။

ဦးနှောက်နှင့် အာရုံကြော ကျန်းမာရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများနှင့် စောင့်ရှောက်မှုများကို မြတ်တော်ဝင်ဆေးရုံ (ကလော) မှာ လာရောက်စစ်ဆေးကုသနိုင်တာဖြစ်လို့ ဖော်ပြပေးထားတဲ့လက္ခဏာတွေကိုသတိထားမိတာနဲ့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။

ကဲ ဒါဆိုရင်တော့ မိဘဘိုးဘွားတွေရဲ့ မေ့လျော့မှု နောက်ကွယ်မှာ အကူအညီ လိုအပ်နေတာမျိုး ဖြစ်
နိုင်တာကြောင့် သူတို့ရဲ့ အမူအရာလေးတွေကို မေတ္တာနဲ့ ဂရုတစိုက် စောင့်ကြည့်ပေးကြရအောင်နော်။🥰

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51

#မြတ်တော်ဝင် #ကလော

📣 Job Vacancy Announcement, We’re Hiring📣 🏥 “မြတ်တော်ဝင်ဆေးရုံ (ကလော)”၏ “Finance & Account Department” တွင် တာဝန်ထမ်းဆော...
16/09/2026

📣 Job Vacancy Announcement, We’re Hiring📣

🏥 “မြတ်တော်ဝင်ဆေးရုံ (ကလော)”၏ “Finance & Account Department” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါသည်။

💼 Accountant - 1 Post
💼 Cashier - 2 Posts

✅ Benefit Package:
• Attractive Salary
• Medical discount according to the organization’s policy
• Leave according to the organization's policy
• Learn for personal and professional development at all time

▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]
📞 Phone & Viber: 09 941 600 081

ရင်ပူ၊ အစာမကြေ၊ ဗိုက်အောင့် ဝေဒနာ Endoscopy နဲ့အမြန်ဆုံးအဖြေရှာ 🔎မကြာခဏ ရင်ပူတာ၊ အစာမကြေတာနဲ့ ဗိုက်အောင့်တာတွေကို သာမန်ဖ...
10/09/2026

ရင်ပူ၊ အစာမကြေ၊ ဗိုက်အောင့် ဝေဒနာ Endoscopy နဲ့အမြန်ဆုံးအဖြေရှာ 🔎

မကြာခဏ ရင်ပူတာ၊ အစာမကြေတာနဲ့ ဗိုက်
အောင့်တာတွေကို သာမန်ဖြစ်တာပါလို့ တွေးပြီးဆေးတွေပဲ သောက်မနေသင့်ပါဘူး။ဒါဟာ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေရဲ့အစဖြစ်နေနိုင်ပါတယ်။

ဒီလိုပြဿနာတွေဟာ မသိသာတာကြောင့်တဖြည်းဖြည်း မပြင်းထန်ခင်အချိန်မှာ စောစီးစွာ ရှာဖွေတွေ့ရှိဖို့ လိုအပ်ပါတယ်။

Endoscopy (မှန်ပြောင်းကြည့် စစ်ဆေးခြင်း) ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်း အပိုင်းအစတွေကို သေးငယ်တဲ့ မှန်ပြောင်းလေးနဲ့ တိကျစွာ ကြည့်ရှုစစ်ဆေးပေးတဲ့ နည်းပညာဖြစ်တာကြောင့် ရောဂါအဖြေကို တိတိကျကျ သိရှိနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

✨ Endoscopy ကို ဘယ်လိုအချိန်တွေမှာ စစ်ဆေးသင့်လဲ။

🔺ရင်ပူ၊ အစာမကြေခြင်းနဲ့ အစာမျိုရခက်ခဲခြင်းများ မကြာခဏ ဖြစ်ပေါ်နေပါက

🔺ဗိုက်ခဏခဏ အောင့်ခြင်း၊ ရင်ဘတ်အောက်နားကနေ အောင့်စူးစူး ခံစားရပါက

🔺အန်ပါက သွေးပါခြင်း ဒါမှမဟုတ် ဝမ်းမည်းမည်း သွားပါက

🔺အကြောင်းရင်းမရှိဘဲ ဝိတ်ကျသွားခြင်း
ဒါမှမဟုတ် သွေးအားနည်းခြင်းများ ရှိပါက

🔺မကြာခဏ ဝမ်းပျက်၊ ဝမ်းချုပ်ခြင်း စသည့် အူလမ်းကြောင်း ပုံမှန်မဟုတ်တဲ့ လက္ခဏာများ ရှိလာပါက အစာအိမ်နဲ့ အူလမ်းကြောင်းစစ်ဆေးခြင်းကိုလုပ်သင့်ပါတယ်ရှင်။

"မှန်ပြောင်းကြည့်ရမှာ ကြောက်တယ်၊ နာမှာစိုးတယ်" လို့ စိတ်ပူတတ်သူများအတွက် ခေတ်မီစက်ပစ္စည်းများ၊ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့အတူ တတ်ကျွမ်းနားလည်တဲ့ မှန်ပြောင်းကြည့်ရှုစစ်ဆေးပေးတတ်တဲ့ ဆရာမ များမှ လူနာ သက်တောင့်သက်သာရှိစေမယ့် နည်းလမ်းများနဲ့ ဂရုတစိုက် စစ်ဆေးပေးနေတဲ့ “မြတ်တော်ဝင် ကလော” ဆေးရုံကြီး ရှိနေပါတယ်ရှင်။

ရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းက ထိရောက်တဲ့ ကုသမှုလုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးဖြစ်လို့ ဖော်ပြပါလက္ခဏာတွေကြုံလာရင်တော့ အချိန်မဆွဲဘဲ လာရောက်ပြသတိုင်ပင်ဖို့ လှမ်းခဲ့ပါနော်။

“ကျန်းမာပျော်ရွှင် မြတ်တော်၀င်”

မြတ်တော်ဝင်ဆေးရုံ(ကလော)

လိပ်စာ - အမှတ် (၁)၊ ရွှေတောင်ကြားလမ်း၊ ၁-ရပ်ကွက်၊ ကလောမြို့။

☎️ ဖုန်းနံပါတ် - 09 941 6000 51

#မြတ်တော်ဝင် #ကလော #အစာအိမ်နဲ့အူလမ်းကြောင်း

📣 Job Vacancy Announcement, We’re Hiring 📣  🏥“မြတ်တော်ဝင်ဆေးရုံ (ကလော)” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက်...
29/08/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥“မြတ်တော်ဝင်ဆေးရုံ (ကလော)” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါသည်။

💼 Staff Nurse - 1 Post
💼 Imaging Assistant- 1 Post
💼 Patient Care Assistant - 4Posts
💼 Phlebotomist- 1 Post
💼 Purchaser - 1 Post
💼 Housekeeping- 2 Posts
💼 General Worker- 1 Post

✅ Benefits & Perks

- Attractive Salary
- Accommodation as needed
- Leave according to the organization’s policy
- Career Development Opportunities
- Professional Days and Engagement Activities
- Medical Discount according to the organization’s policy

▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]
📞 Phone & Viber: 09 941 600 081

Address

No (1), Ward (1), Shwe Taung Gyar Street
Kalaw
06022

Website

Alerts

Be the first to know and let us send you an email when Myat Taw Win Hospital - Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share