09/10/2026
သင်က Braces တပ်ရင်ခံစားရမယ့် နာကျင်မှုဒဏ်အတွက် တွေးကြောက်နေသူတစ်ယောက်လား❓❓
ကိုယ်တိုင်က သွားကျန်းမာရေးကြောင့်ရော အလှအပအတွက်ပါ Braces ကိုတပ်ဖို့စဉ်းစားနေပေမယ့် တစ်ယောက်တစ်ပေါက် ပေးကြ Review တွေကြောင့် နာကျင်မယ့်ဒဏ်ကိုကြိုတွေးပြီး ကြောက်နေတတ်ကြပါတယ်။
ဒါကြောင့် Braces တပ်တာနဲ့ပတ်သက်ပြီး လူအများသိထားတဲ့ အယူအဆအမှားနဲ့ အမှန်တွေကို ပြန်လည် မျှဝေပြောပြပေးပါ့မယ်နော်။
1️⃣ Braces တပ်ရင် သွားတွေနာလို့ လုံးဝ အစာမဝင်နိုင်ဘူး။ ❌
တကယ်တော့ bracesက တပ်နေစဉ်မှာရော တပ်တပ်ချင်းရက်မှာပါ မခံနိုင်လောက်အောင် နာကျင်တာမျိုးမဖြစ်နိုင်ပေမယ့် တပ်ပြီး (၂) ရက် (၃) ရက်မြောက် ရက်တွေမှာတော့ သွားတွေကိုဆွဲလိုက်တာကြောင့် တင်းထားသလိုဖြစ်ပြီးအနည်းငယ်နာကျင်နိုင်ပါတယ်။ဒါပေမယ့် ဆန်ပြုတ်၊ စွပ်ပြုတ်လို အရည်သောက်ရတဲ့အစာတွေနဲ့ ပေါင်မုန့်၊ ကိတ်မုန့် လို နူးညံ့တဲ့အစာတွေကိုစားပေးလို့ရပါတယ်။
2️⃣ သွားညှိထားစဉ်ကာလတစ်လျှောက်လုံးနာကျင်မှုဒဏ်ကရှိနေမယ်။❌
ဒီအချက်ကလည်းမှားပါတယ်။အမှန်ကတော့ တစ်လတစ်ကြိမ် သွားကြိုးပြန်ညှိရတဲ့ ပထမ (၂) ရက်အတွင်းမှာသာ အနည်းငယ် ကျိန်းစပ်တာမျိုးဖြစ်နိုင်ပေမဲ့ ကျန်ရက်တွေမှာတော့ ပုံမှန်အတိုင်းနာကျင်မှုလုံးဝမရှိနိုင်ပါဘူးရှင်။
3️⃣ Braces ကြောင့် ပါးစပ် အတွင်းသားတွေမှာ အမြဲပေါက်ပြဲနေနိုင်တယ်။ ❌
တပ်စအချိန်မှာ အသားမကျသေးတာကြောင့် braces က အတုံးလေးတွေ၊ ကြိုးလေးတွေက ပါးစပ်အတွင်းသားလေးတွေကို ပွန်းစေနိုင်တာ မှန်ပေမယ့် ဖယောင်းအုပ်ထားပေးရင်တော့ ဒီအချက်တွေအတွက်လည်း စိတ်ပူစရာမလိုပါဘူးရှင်။
4️⃣ Braces တပ်တာက ရုပ်ပိုဆိုးစေတယ်။ ❌
Braces တပ်တာက သွားကိုသာ ညှိပေးတာမျိုးမဟုတ်ဘဲ လိုအပ်လို့သွားနှုတ်ရတဲ့အပေါ်မူတည်ပြီး ဒါမှမဟုတ် မူလသွားအခြေအနေပေါ်မူတည်ပြီး မေးရိုးပုံစံတွေ၊ မျက်နှာကျတွေကိုပါပြောင်းစေနိုင်ပါတယ်။
တပ်ထားစဉ်မှာ တစ်လ နဲ့ တစ်လ မတူညီဘဲ ပါးရိုးတွေကျတာ၊ သွားက ပိုခေါထွက်လာတာ မျိုးတွေကြုံရနိုင်ပေမယ့် လူတိုင်းမဟုတ်သလို ဒါက ရုပ်ဆိုးသွားစေတာမျိုးမဟုတ်ဘဲ ခေတ္တကြုံတွေ့ရမှာမျိုးပါ။ သွားညှိတဲ့လုပ်ငန်းစဉ် ပြီးဆုံးသွားတဲ့အခါမှာတော့ ညီညာလှပတဲ့သွားတွေနဲ့အတူ ယုံကြည်မှုအပြည့် နဲ့ ဖြတ်သန်းနိုင်မှာမို့ Braces တပ်ဖို့ကို တွေးကြောက်မနေပါနဲ့နော်။
သင့် သွားလေးတွေ ညီညာလှပဖို့ ကိုက်ညီတဲ့ ကုသမှုလမ်းညွှန်နဲ့အတူ တပ်စကနေ လုပ်ငန်းစဉ်ပြီးဆုံးတဲ့အထိ စိတ်ချရမယ့် ဆေးခန်းကိုရှာဖွေနေရင်တော့
“မန္တလာ သွားဆေးခန်း” ရှိနေတာကို သတိရလိုက်ပါရှင်။ ❤️
“သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“
“မန္တလာသွားဆေးခန်း”
☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲