13/10/2026
စျေးကလည်းသက်သာ
အာနိသင်ကလည်းရှယ်
ဝက်ခြံအဆီဖုတွေလည်း ဟတ်ချလောက်သက်သာစေတဲ့ Toner လေးတစ်ခု🤭
Graymelin Mugwort Pure Toner Review 🍀
ငါနဲ့ ဒီလောက်အဆင်ပြေတဲ့ toner ကို ဘာလို့အရင်ထဲက မသုံးခဲ့မိတာလဲလို့ တွေးမိတဲ့အထိ အရမ်းကြိုက်သောပါ..
☀️ တို့အတွက် အခုလို Super အယ်နီညို မှာ အလွန်အသုံးဝင်သော Toner ပါ.. Skin Temperature မြင့်ပြီး မျက်နှာအသားပူတတ်တဲ့သူတွေဆို ဒီ toner လေးကို cotton pad လေးထဲထည့်ပြီး mask လေးလို မျက်နှာပေါ်မှာ 5-10mins လောက် တင်ထားလိုက်ပါ.. Skin လေး Cool Down ဖြစ်သွားလို့ အသားလေး အေးမြပြီး နေလို့ကောင်းနေရောပဲ.. cooling effect ပိုလိုချင်ရင် ရေခဲသေတ္တာထဲ ထည့်သုံးလို့ရပါတယ်..
မီးပျက်တဲ့ညတွေ အရမ်းပူလို့ ချွေးပေါက်ပိတ်မှာစိုးလို့ အရမ်းheavyဖြစ်တာတွေ မျက်နှာပေါ်မတင်ချင်ရင်လည်း တို့တော့ ဒါလေးသုံးလိုက်တာပဲ..
💦 Texture က ပေါ့ပါးပြီး ရေလို အေးအေးကျဲကျဲလေးမို့ အသားထဲ စိမ့်ဝင်မြန်တယ်.. အနံ့က မာလကာရွက်ကိုချေထားတဲ့အနံ့မျိုး အနံ့ဖန်ဖန်လေး.. သူ့ ရဲ့ အနံ့နဲ့ texture ကြောင့် တို့တော့ သုံးနေရင်း အရမ်း relax ဖြစ်တဲ့ ခံစားချက်ရပါတယ်..
🍀 ဝက်ခြံ အဆီဖုမပြတ် ထွက်တတ်တဲ့သူတွေအတွက် သူ့မှာအဓိက ပါဝင်တဲ့ mugwort နဲ့ တည့်တယ်ဆိုရင် သုံးကြည့်ဖို့ 100% Highly Recommend ပါတယ်.. Shal တော့ ယောင်နေတဲ့ဝက်ခြံအဖုအကြီးတွေဆို toner pad ထဲ ရွှဲနေအောင်ထည့်ပြီး အဖုပေါ် ၅မိနစ်လောက် အုပ်ထားတာ.. နောက်ရက်ဆို ရောင်တာ သက်သာသွားပြီ..
❄️ နီမြန်းရောင်ရမ်းတာတွေအတွက် သူ့ရဲ့ Calming Effect က အရမ်းအရမ်းကိုကောင်းတာပါ.. Shal က သူ့အပြင် အဖုလေးတွေအပေါ် pair cream လေးတော့ အုပ်သေးတယ်.. ဝက်ခြံအဖုတွေက အရောင်ကျ မြန်ပြီး ၂ရက်လောက် ဆက်တိုက်သုံးရင်း ဝက်ခြံအဆီဖုလေးတွေကို ချပ်ကပ်သွားစေလို့ သုံးရတာ အရမ်းကျေနပ်နေတာပါ..
သူ့မှာ mugwort အပြင် Green Tea နဲ့ Sodium Hyaluronate ပါဝင်လို့ အဆီပြန်တာသက်သာပြီး မျက်နှာပေါ်က ချွေးပေါက်လေးတွေကိုပါ သိပ်သိပ်ညက်ညက်လေး ဖြစ်စေပါတယ်..
အဆီပြန်တာသက်သာ ဝက်ခြံအဖုလေးတွေရှင်းပြီး မျက်နှာကြည်ကြည်လေးဖြစ်ချင်တဲ့သူတွေ၊ Oily to Combination Skin တွေအတွက် ရွေးချယ်မှုမမှားစေမဲ့ Graymelin Mugwort Pure Toner လေးပါရှင် 🍀