10/09/2026
🤰💭 “မေမေရဲ့.....သားသား/မီးမီးလေး အခုဘာလုပ်နေပါလိမ့်?” 👶🏻💕
မေမေတို့ရဲ့ ဗိုက်ထဲမှာ တစ်နေ့တစ်နေ့ ကြီးထွားလာနေတဲ့
ကိုယ့်ရဲ့ရင်သွေးလေးကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်ချင်ကြမှာပေါ့… 🥰
မျက်နှာလေးကို ဘယ်လိုပုံစံလေးဖြစ်နေပြီလဲ…
လက်လေး၊ ခြေလေးတွေ လှုပ်ရှားနေသလား…
လက်မလေး စုပ်နေသလား…
သမ်းဝေနေသလား…
💙 အမေ့ရင်ခွင်ထဲ မရောက်ခင်ကတည်းက
သားသား/မီးမီးလေးနဲ့ အမှတ်တရတစ်ခု ဖန်တီးထားနိုင်ပါပြီ။
✨
👶 4D Ultrasound မှာ ဘာတွေမြင်နိုင်မလဲ?
🌟 ဘေဘီလေးရဲ့ မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်း စတဲ့ အစိတ်အပိုင်းလေးတွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ပါတယ်။
🌟 လက်ခြေလှုပ်ရှားမှု၊ လက်မစုပ်ခြင်း၊ မျက်နှာအမူအရာလေးတွေ စတဲ့ လှုပ်ရှားမှုတွေကို 4D ပုံရိပ်နဲ့ ကြည့်ရှုနိုင်ပါတယ်။
🌟 ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအခြေအနေအချို့ ကို ဆရာဝန်က စစ်ဆေးအကဲဖြတ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
🌟 အချင်းအနေအထား၊ ရေမွှာအရည်အခြေအနေ စတာတွေကိုလည်း ကိုယ်ဝန်စောင့်ရှောက်မှုအတွက် ဆရာဝန်က အကဲဖြတ်နိုင်ပါတယ်။
📸 ထူးခြားတဲ့အချက်ကတော့…
မေမေတို့အတွက် အလွန်တန်ဖိုးရှိတဲ့
“ဘေဘီလေး မမွေးခင်က အမှတ်တရ” လေးအဖြစ် ပုံရိပ်နဲ့ ဗီဒီယိုလေးတွေ သိမ်းဆည်းထားနိုင်တာပါ။ 🥹💕
🗓️ ဘယ်အချိန်မှာ ရိုက်ရင်ကောင်းမလဲ?
🤰 ယေဘုယျအားဖြင့် ကိုယ်ဝန် ၂၆ ပတ်မှ ၂၈ ပတ်ဝန်းကျင် မှာ ဘေဘီလေးရဲ့ မျက်နှာနဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ဖို့ အခြေအနေကောင်းတတ်ပါတယ်။
ဒါပေမယ့် မေမေတစ်ဦးချင်းစီရဲ့ ကိုယ်ဝန်အခြေအနေ၊ ဘေဘီလေးရဲ့ အနေအထား စတာတွေပေါ်မူတည်ပြီး မြင်ရပုံကွာခြားနိုင်ပါတယ် 💙
✨ မေမေတို့ရဲ့ စောင့်မျှော်နေတဲ့ ရင်သွေးလေးကို
မမွေးခင်ကတည်းက တွေ့ဆုံလိုက်ပါ… 👶🏻💕
📞 Appointment & အသေးစိတ်စုံစမ်းရန်
☎️ 09 792812898
☎️ 09 885201115
☎️ 09 428550799
🏥 ဇီဝကအထူးကုဆေးခန်းကြီး (ပုသိမ်)
💙 အရည်အသွေးထိပ်တန်း ဇီဝကဆေးခန်း 💙
#မေမေနဲ့ဘေဘီလေး