24 Hour Health Care Service -Tachileik

Website

24 Hour Health Care Service -Tachileik Your Well Being is our top priority.

📢 ဆရာဝန် (Medical Doctor) အလုပ်ခေါ်ယူခြင်း📍 တာချီလိတ်မြို့ရှိ 24-Hour Polyclinicတာချီလိတ်မြို့ရှိ 24-Hour Polyclinic တွင...
08/10/2026

📢 ဆရာဝန် (Medical Doctor) အလုပ်ခေါ်ယူခြင်း
📍 တာချီလိတ်မြို့ရှိ 24-Hour Polyclinic

တာချီလိတ်မြို့ရှိ 24-Hour Polyclinic တွင် တာဝန်ထမ်းဆောင်ရန် လူငယ်ဆရာဝန် (Male Doctor) တစ်ဦး အလုပ်ခေါ်ယူလိုပါသည်။

👨‍⚕️ လိုအပ်သော အရည်အချင်းများ

• အသက် ၃၀ နှစ်အောက် ဖြစ်ရမည်။
• Male ဖြစ်ရမည်။
• MBBS ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
• Clinical Experience မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။
• Experience ရှိသူများကိုလည်း ကြိုဆိုပါသည်။
• ဆေးပညာနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆရာဝန်ကိုယ်တိုင်မှ သင်ကြားပေးမည် ဖြစ်ပါသည်။
• အဓိကအားဖြင့် ဆရာဝန်တစ်ယောက်ဖြစ်ခြင်း၏ တာဝန်သိစိတ်၊ သမားစိတ် ရှိသူဖြစ်ရမည်။
• Teamwork ဖြင့် လက်တွဲလုပ်ကိုင်နိုင်ပြီး လုပ်ငန်းခွင်အတွင်း အခြေအနေများနှင့် လိုက်လျောညီထွေ နေထိုင်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• စည်းကမ်းနှင့် လုပ်ငန်းတာဝန်များကို လေးစားလိုက်နာနိုင်ရမည်။
• လူနာများနှင့် ဆက်ဆံရာတွင် စကားပြောချိုသာပြီး ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။
• ရုပ်ရည်သင့်တင့်ပြီး သန့်ရှင်းသပ်ရပ်သူ ဖြစ်ရမည်။

⏰ Working Time

12-hour Shift
တစ်လလျှင် အနည်းဆုံး 20 ကြိမ် တာဝန်ထမ်းဆောင်ရမည်။

💰 Salary & Benefits

💵 Basic Salary – 18,000 Baht / Month
လက်ရှိငွေလဲနှုန်းအရ ကျပ် ၂၃ သိန်းကျော်ခန့် ရရှိနိုင်ပါသည်။

ထို့အပြင် —
• Home Visit များ လိုက်လံကုသပေးရခြင်းရှိပါက ထပ်မံခံစားခွင့်ရှိပါသည်။
• အချိန်ပိုတာဝန်ထမ်းဆောင်ခြင်း များအတွက်လည်း ထပ်မံပေးချေပါမည်။
➡️ ထို့ကြောင့် Basic Salary အပြင် အပိုဝင်ငွေများ ထပ်မံရရှိနိုင်ပါသည်။

🏠 နေစရာ စီစဉ်ပေးပါမည်။
🍱 နေ့လည်စာ ကျွေးမွေးပေးပါမည်။
✈️ အလုပ်လာရောက်တာဝန်ထမ်းဆောင်မည့်သူများအတွက် လေယာဉ်လက်မှတ် စီစဉ်ပေးပြီး လာရောက်ကြိုဆိုပေးပါမည်။

🤝 အလုပ်လက်တွဲမှုအကြောင်း

ကျွန်တော်တို့အနေဖြင့် အလုပ်ကို ခဏတာလုပ်ပြီး ပြန်သွားမည့်ပုံစံထက် ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည့် ဆရာဝန် ကို ပိုမိုမျှော်လင့်ပါသည်။

Teamwork နဲ့ လုပ်ငန်း Flow တစ်ခုကို နားလည်အောင် တည်ဆောက်ပြီး အတူတကွ လက်တွဲလုပ်ကိုင်ရန်အတွက် အနည်းဆုံး ၁ နှစ်ခန့် တာဝန်ထမ်းဆောင်ပေးနိုင်သူ ဖြစ်လျှင် ပိုမိုကောင်းမွန်ပါသည်။
ပိုင်ရှင်ကိုယ်တိုင်ကလည်း ဆရာဝန်များဖြစ်သည့်အတွက် လုပ်ငန်းခွင်အတွင်း လိုအပ်သည့် အတွေ့အကြုံ၊ ပညာနှင့် Clinical Knowledge များကို မျှဝေသင်ကြားပေးမည့်အပြင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တိုးတက်နိုင်မည့် လုပ်ငန်းခွင်တစ်ခု ဖြစ်စေရန် ရည်ရွယ်ထားပါသည်။

ဆရာဝန်အချင်းချင်း လက်တွဲဖော်အဖြစ်
Win-Win ဖြစ်စေမည့် ရေရှည်လက်တွဲမှုမျိုးကို ကြိုဆိုပါတယ်။ 🤝

📩 CV Form ပေးပို့လိုသူများ
📞 Call / Viber:
09676163564
09426569363

စိတ်ဝင်စားပြီး တာချီလိတ်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်လိုသော MBBS ဆရာဝန်များအနေဖြင့် CV ပေးပို့လျှောက်ထားနိုင်ပါသည်။

လူနာကို အကောင်းဆုံးပြုစုကုသလိုသော သမားစိတ်ရှိပြီး
Teamwork နဲ့ ရေရှည်လက်တွဲလိုသူများကို နွေးထွေးစွာ ကြိုဆိုပါတယ်။ 👨‍⚕️🤝

https://vt.tiktok.com/ZS4k8PaBn/မဂ်လာပါရှင့်…24 Hour Healthcare Service - Tachileik ရဲ့ TikTok အကောင့်လေးကို မိတ်ဆက်ပါတယ...
01/08/2026

https://vt.tiktok.com/ZS4k8PaBn/

မဂ်လာပါရှင့်…

24 Hour Healthcare Service - Tachileik ရဲ့
TikTok အကောင့်လေးကို မိတ်ဆက်ပါတယ်ရှင့်..။

ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို TikTok account လေးကနေ
မျှော်နေပါမယ်နော် … 🪴

မဂ်လာပါရှင်…  24 Hour Health Care Service -Tachileik ၌ တာဝန်ထမ်းဆောင်ရန်အတွက်Finance & Accounting Officer အလိုရှိပါသည်ရှ...
10/07/2026

မဂ်လာပါရှင်…

24 Hour Health Care Service -Tachileik ၌ တာဝန်ထမ်းဆောင်ရန်အတွက်

Finance & Accounting Officer အလိုရှိပါသည်ရှင်။ 🎉
( Gender ကန့်သတ်ချက် မရှိပါဘဲ တန်းတူညီမျှ ဖိတ်ခေါ်

အပ်ပါသည်)

အဓိက လိုအပ်သောအရည်အချင်းများမှာ-

✅Excel နှင့် Computer ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး၊

✅POS အတွေ့အကြုံရှိသူ ဖြစ်ရမည်။

✅အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး

✅ရိုးသားကြိုးစားသူ ဖြစ်ရမည်။

(ကျွန်မတို့အနေဖြင့်

သက်ဆိုင်ရာ အတွေ့အကြုံရှိသူကို ပိုမိုလိုလားသော်လည်း၊

'သင်ယူလိုစိတ်' နှင့် 'အလုပ်အပေါ် စိတ်အားထက်သန်မှု'က

ပိုမို အရေးကြီးပါသောကြောင့်…

အရည်ချင်းရှိသည့် Fresher ကိုလဲ ဖိတ်ခေါ်အပ်ပါသည်ရှင့်) 🪴

ခံစားခွင့်များ (Benefits):✅

• လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍

ညှိနှိုင်းလစာ (Attractive Salary)။

(Basic Fee(B)- 7+++)
(နယ်ဝေးမှ ဖြစ်ပါက နေစရာ အဆောင်ပါဝင်ပြီးဖြစ်ပါသည်)

• ဆေးခန်းမိသားစုဝင်ဖြစ်လာမည့်သူများအတွက်

ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ခံစားခွင့်များ။

• တိုးတက်လာသော လုပ်ငန်းနှင့်အတူ ရှေ့ဆက်ရမည့်

Career Opportunity များ..တို့ဖြစ်ပါသည် ရှင် 🍀

📞 ဆက်သွယ်လျှောက်ထားရန်📮

စိတ်ပါဝင်စားသူများအနေဖြင့်

အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင်ဖြစ်စေ၊

ဖုန်း သို့မဟုတ် Viber မှတစ်ဆင့်ဖြစ်စေ

ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါပြီရှင်။👏

🏢 24 Hour Clinic

အာခါဈေးမီးပွိုင့်အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်၊
ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။
09-973490878
09-426569363
09-676163564

02/05/2026

24 Hour Healthcare Service ၏ (၃) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့်
တာချီလိတ် ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ကုသိုလ်
ပြုလုပ်ခဲ့ပါသည်ရှင်။

ကျွန်မတို့၏ လုပ်ငန်းသည်:

ဦးနှောက်ထဲမှ အသိပညာရပ် နှင့်

ရင်ဘတ်ထဲမှ စေတနာ ကို အခြေခံထားရတဲ့

အလုပ်ဖြစ်ပါသည်။

ဆရာဝန်၊ သူနာပြုဆရာမ

တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင်

လိပ်ပြာလုံစေမည့် ရွေးချယ်မှုများဖြင့်သာ

ရှေ့ဆက်လှမ်းနေသည့် ခရီးလမ်းဖြစ်သည့်အတွက်

လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့် ယုံကြည်မှု သည်

ကျွန်မတို့ တစ်ဦးချင်းအတွက်

အကြီးမားဆုံးသော ခွန်အားဖြစ်ပါသည်။

ယခု (၃) နှစ်ပြည့်မှသည်

နောင်နှစ်ပေါင်းများစွာတိုင်အောင်

(၂၄) နာရီ ဆေးခန်းမိသားစုဝင်များ မှ

လိပ်ပြာလုံစွာဖြင့်

လူကြီးမင်းတို့၏ မိသားစုဝင်များကို

ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်

အင်အားစုတစ်ခုအဖြစ်

ဆက်လက်ရပ်တည်ခွင့် ရရှိပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယခုထက်ပို၍

အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ

ပေးဆပ်နိုင်ရန်လည်း အစဉ်တစိုက် ကြိုးစားသွားပါမည်။

ကျေးဇူးတင်ပါတယ်ရှင် 🪴

(1-5-2026)



ဆေးခန်း မိသားစု သင်္ကြန်အကြိုနေ့ အမှတ်တရ 💦🌼
13/04/2026

ဆေးခန်း မိသားစု
သင်္ကြန်အကြိုနေ့ အမှတ်တရ 💦🌼

09/04/2026

24 Hour Clinic Family ‘s - (9-4-2026) STORY

ကျွန်တော်/ကျွန်မတို့ ဆေးခန်းမှ

အားလုံး၏ ချစ်ရသော ညီလေး/မောင်လေး အား

ရဟန်းခံ သိမ်ဆင်းလောင်းအလှူလေးအား

မျှဝေ အပ်ပါသည်။

(၉-၄-၂၀၂၆)
၁၃၈၇ တန်ခူးလဆုတ် (၈)ရက်နေ့အလှူ

01/01/2026
01/01/2026

၂၀၂၆ နှစ်သစ်ရဲ့
ပထမဆုံးနေ့ရက်မှာ (မထင်မှတ်ဘဲ)
မိုင်းဖုန်းဆရာတော်ကြီးကို သီပေါကနေ
မိုင်းဖုန်းထိ လာရောက်ဖူးမျှော်တဲ့
ခရီးသွားယာဉ်တန်းပေါ်ရှိ
အဖိုးအဖွားများကို
နှစ်သစ်ဒါနကုသိုလ်အဖြစ်
(၂၄)နာရီဆေးခန်း (အာခါစျေးမီးပွိုင့်အနီး)နှင့်
ဟောင်လိတ်ဆေးခန်း မိသားစုဝင်များမှ
ဆေးဝါးများ လှူဒါန်းခွင့်ရရှိခဲ့ပါတယ်ရှင်…။ 🙏

အားလုံးသော
လူကြီးမိဘ
ဆွေမျိုးသူငယ်ချင်းမိတ်ဆွေအပေါင်း..

🪴သုခ၊ သောက မျှတစွာ ကြုံတွေ့ရင်တောင်
စိတ်မလှုပ်မရှားနဲ့ ဖြတ်သန်းနိုင်တဲ့
နှစ်သစ်ဖြစ်ကြပါစေ 🙏

🪴ဘေးအန္တရာယ်ကင်းရှင်း၍
ကိုယ်ကျန်းမာ၊ စိတ်အေးချမ်းပြီး
နေ့ရက်တိုင်းမှာ စိတ်ကျေနပ်အားရစရာတွေကို
တွေ့မြင်နိုင်တဲ့ နှစ်သစ်ဖြစ်ကြပါစေ 💛

🪴မလွန်မကျူး၊ မလျော့မနည်းဘဲ
ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းထိန်းသိမ်းနိုင်တဲ့
နှစ်သစ်ဖြစ်ကြပါစေ 🙏

🪴ကြိုးစားမှုတိုင်း အဓိပ္ပါယ်ရှိပြီး
အချိန်မမှား၊ လမ်းမလွဲတဲ့
နှစ်သစ်ဖြစ်ကြပါစေ ✨

🪴ကုသိုလ်ရှိ၊ ကံကောင်းတဲ့
နှစ်သစ်ကို အားလုံး ပိုင်ဆိုင်နိုင်ကြပါစေ

မင်္ဂလာတွေ လွှမ်းခြုံသော ၂၀၂၆ ဖြစ်ကြပါစေရှင် ။🙏

# Hawn Leik Clinic
# 24 Hour Clinic
# Tachileik

(6-12-2025) 4th year anniversary of Our Clinic-  ပရ နဲ့ အတ္တ မျှတအောင် ကြိုးစားလုပ်ကိုင်နေတဲ့ကျွန်တော်တို့ ဆေးခန်းလေးရဲ့...
06/12/2025

(6-12-2025)
4th year anniversary of Our Clinic-

ပရ နဲ့ အတ္တ မျှတအောင် ကြိုးစားလုပ်ကိုင်နေတဲ့

ကျွန်တော်တို့ ဆေးခန်းလေးရဲ့ (၄)နှစ်ပြည့် အလှူအနေနဲ့
အဖိုးအဖွားများအတွက် medical check up ဆောင်ရွက်ပေးခဲ့ပါတယ်။

သွေးစစ်ဖို့ လိုအပ်တဲ့ အဖိုးအဖွားများအတွက်လဲ
သွေးဖောက်ဆေးစစ်ပေးခဲ့ပြီး၊
လိုအပ်တဲ့ ဆေးဝါးများ ဖြည့်စွက်လှူဒါန်းပေးခြင်း၊
အားဆေးများ ထိုးနှံပေးခြင်း အစရှိတဲ့
ကျန်းမားရေးစောင့်ရှောက်ကုသပေးတာတွေကို
လုပ်ပေးဖြစ်ခဲ့ပါတယ်ခင်ဗျာ…

ဆေးခန်းရဲ့ ဒီနေ့ (၄)နှစ်သက်တမ်းရှိသည်အထိ
ကာလတစ်လျှောက်လုံး
လက်တွဲလာခဲ့ပေးတဲ့ လုပ်ဖော်ကိုင်ဖက်
ဆရာ/ဆရာမ များအားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

အချို့အရာတွေက အထောက်အပံ့ဆိုတာထက်
မေတ္တာ ဆိုတဲ့ စကားလုံးနဲ့
ပိုပြီး အပ်စပ်မယ် ထင်ပါတယ်…

အမှတ်တရ မျှဝေသိမ်းဆည်းလိုက်ပါတယ် 🪴

Address

24 Hour Clinic, ArKhar Zay, Taunggyi-Tachileik Road, TachileikTaunggyi/Tarchileik Rd
Tachileik
06271

Alerts

Be the first to know and let us send you an email when 24 Hour Health Care Service -Tachileik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share