Better Health

  • Home
  • Better Health
Call Website Contact the business

Better Health Clinic

Aplastic Anemia(ရိုးတွင်းခြင်ဆီက သွေးဆဲလ် မထုတ်လုပ်နိုင်သော ရောဂါ)Aplastic anemia သည် ရိုးတွင်းခြင်ဆီ (Bone Marrow) က သွ...
07/07/2026

Aplastic Anemia(ရိုးတွင်းခြင်ဆီက သွေးဆဲလ် မထုတ်လုပ်နိုင်သော ရောဂါ)

Aplastic anemia သည် ရိုးတွင်းခြင်ဆီ (Bone Marrow) က သွေးဆဲလ်အသစ်များကို လုံလောက်စွာ မထုတ်လုပ်နိုင်တော့သည့်ပြင်းထန်နိုင်သော သွေးရောဂါတစ်မျိုး ဖြစ်ပါသည်။

✅Aplastic Anemia ဖြစ်လာရင်
ပုံမှန်အားဖြင့် ရိုးတွင်းခြင်ဆီက ထုတ်လုပ်ပေးသော

(1)သွေးနီဥ (Red Blood Cells)
(2)သွေးဖြူဥ (White Blood Cells)
(3)သွေးခဲပြား (Platelets) သုံးမျိုးလုံး လျော့နည်းသွားနိုင်ပါသည်။(Pancytopenia)

✅ရောဂါဖြစ်ရသည့် အကြောင်းရင်းကို မသိနိုင်သော ဖြစ်ရပ်များ(idiopathic)ရှိသလို၊ အောက်ပါအချက်များကြောင့်လည်း
ဖြစ်နိုင်ပါသည်။

(1)ကိုယ်ခံအားစနစ်က ရိုးတွင်းခြင်ဆီကို တိုက်ခိုက်ခြင်း(Autoimmune)

(2)အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး

(3)ဓာတ်ရောင်ခြည်ကုသမှု
Chemotherapy သို့မဟုတ် Radiation ကုသမှု

(4)ဓာတုပစ္စည်းများနှင့် ထိတွေ့မှု

(5)ဗိုင်းရပ်စ်ကူးစက်မှုအချို့

(6)မျိုးရိုးလိုက်ရောဂါအချို့

တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

✅သွေးဆဲလ်များ လျော့နည်းလာခြင်းကြောင့် တွေ့ရနိုင်သော လက္ခဏာများမှာ

(၁)သွေးနီဥနည်းခြင်းကြောင့်

-မောပန်းလွယ်ခြင်း
-အားနည်းခြင်း
-အသက်ရှူမဝခြင်း
-မူးဝေခြင်း
-အသားအရေဖြူဖျော့ခြင်း

(၂)သွေးဖြူဥနည်းခြင်းကြောင့်

-မကြာခဏ ဖျားနာခြင်း
-ကူးစက်ရောဂါများလွယ်ကူစွာဖြစ်ခြင်း

(၃)သွေးခဲပြားနည်းခြင်းကြောင့်

-သွေးယိုလွယ်ခြင်း
-နှာခေါင်းသွေးယိုခြင်း
-သွားဖုံးသွေးယိုခြင်း
-အနည်းငယ်ထိခိုက်ရုံဖြင့် အညိုစက်၊ အပြာစက်များ ပေါ်လာခြင်း
-အရေပြားပေါ်တွင်အနီစက်၊ အပြာစက်များ (Petechiae, Bruises)

✅ရောဂါလက္ခဏာများကို စစ်ဆေးပြီး အောက်ပါစမ်းသပ်မှုများ ပြုလုပ်နိုင်ပါသည်။

(၁)Complete Blood Count (CBC)
(၂)Peripheral Blood Smear
(၃)Bone Marrow Aspiration နှင့် Bone Marrow Biopsy

Bone Marrow စစ်ဆေးခြင်းသည် ရောဂါအတည်ပြုရာတွင် အရေးကြီးဆုံး စမ်းသပ်မှုဖြစ်သည်။

✅လူနာ၏ရောဂါပြင်းထန်မှုနှင့် လူနာ၏ အသက်အရွယ်ပေါ်မူတည်၍ ကုသနည်းများ ကွဲပြားနိုင်ပါသည်။

(၁)လိုအပ်ပါက သွေးသွင်းခြင်း (Blood Transfusion)

(၂)Platelet Transfusion

(၃)ကူးစက်ရောဂါများကို ကုသရန် Antibiotics

(၄)Immunosuppressive Therapy

(၅)Bone Marrow (Stem Cell) Transplant
စသောကုသမှုမျိုးကို ဆရာဝန်၏လမ်းညွှန်မှုဖြင့် ကုသမှုခံယူနိုင်ပါသည်။

အသက်ငယ်ပြီး သင့်လျော်သော Stem Cell Donor ရှိပါက Bone Marrow Transplant သည် ပျောက်ကင်းနိုင်ခြေ အမြင့်ဆုံး ကုသနည်းဖြစ်သည်။

✅မကြာခဏမောပန်းလွယ်ခြင်း၊ မကြာခဏ ဖျားနာခြင်း၊ သွေးယိုလွယ်ခြင်း သို့မဟုတ် အရေပြားပေါ်တွင် အနီစက်၊ အပြာစက်များ မကြာခဏပေါ်လာပါက မပေါ့ဆသင့်ပါ။
စောစီးစွာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်စစ်ဆေးခြင်းသည် ရောဂါကို အချိန်မီ သိရှိကုသနိုင်ရန် အလွန်အရေးကြီးပါသည်။

Dr.ET

Dr.

🦟 ခြင်မကိုက်ဖို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အကျင့် ဖြစ်နေနိုင်ပါသည်။ခြင်များကြောင့် ဖြစ်ပွားနို...
30/06/2026

🦟 ခြင်မကိုက်ဖို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အကျင့် ဖြစ်နေနိုင်ပါသည်။

ခြင်များကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါများကို ကာကွယ်ရန် ခြင်ဆေးထွန်းခြင်းကို အိမ်ထောင်စုအများစုမှာ အသုံးပြုကြပါတယ်။

သို့သော် ခြင်ဆေးထွန်းပြီး အခန်းကို အလုံပိတ်ထားကာ တစ်ညလုံး အိပ်စက်ခြင်း ဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အလေ့အကျင့်တစ်ခု မဟုတ်ပါ။

ခြင်ဆေးလောင်ကျွမ်းတဲ့အခါ Pyrethroid အုပ်စုဝင် ပိုးသတ်ဆေးဓာတ်အပြင် မီးခိုး၊ အမှုန်အမွှားငယ်များ (PM2.5) နဲ့ Carbon Monoxide (CO) ကဲ့သို့သော ဓာတ်ငွေ့များလည်း ထွက်ပေါ်လာနိုင်ပါတယ်။

အခန်းကို အလုံပိတ်ထားပါက အဆိုပါ မီးခိုးနဲ့ ဓာတ်ငွေ့များဟာ အခန်းအတွင်း စုပုံလာနိုင်ပြီး ရှူရှိုက်ရတဲ့ ပမာဏလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်။

⚠️ ထိုအခါ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာများ

• ခေါင်းကိုက်ခြင်း
• မူးဝေခြင်း
• မျက်စိစပ်ခြင်း
• လည်ချောင်းယားခြင်း
• ချောင်းဆိုးခြင်း
• အသက်ရှူရခက်ခြင်း

အထူးသဖြင့် ပန်းနာရင်ကျပ် (Asthma)၊ နာတာရှည်အဆုတ်ရောဂါ (COPD) နှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများတွင် မီးခိုးကြောင့် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်ပါတယ်။

✅ ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ရန်

✔️ အခန်းတွင် လေဝင်လေထွက် ကောင်းမွန်အောင် ထားပါ။

✔️ အိပ်ခါနီး မိနစ် (၃၀–၆၀) ခန့်သာ ထွန်းထားပြီး မီးငြှိမ်းကာ အိပ်စက်ပါ။

✔️ ခြင်ထောင်၊ ခြင်ကာဇကာ သို့မဟုတ် လျှပ်စစ်ခြင်ဆေးစက်များကို အသုံးပြုခြင်းဖြင့် မီးခိုးထိတွေ့မှုကို လျှော့ချနိုင်ပါတယ်။

✔️ ခြင်မကိုက်အောင် DEET, Picaridin သို့မဟုတ် IR3535 ပါဝင်သော mosquito repellent များကို ထုတ်လုပ်သူ၏ ညွှန်ကြားချက်နှင့်အညီ အသုံးပြုနိုင်ပါသည်။

✔️ အခန်းအလုံပိတ်ထားပြီး တစ်ညလုံး ခြင်ဆေးထွန်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

🩺 ခြင်အန္တရာယ်ကို ကာကွယ်ခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးကို မထိခိုက်စေတဲ့ နည်းလမ်းနဲ့ ကာကွယ်ခြင်းက ပို၍ အရေးကြီးပါတယ်။

ကျန်းမာရေးအသိပညာကို မျှဝေခြင်းကလည်း လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။

Dr.ET

ကျန်းမာရေးအသိပညာကို မျှဝေခြင်းကလည်း လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်

Address


Alerts

Be the first to know and let us send you an email when Better Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Better Health:

Shortcuts

  • Want your business to be the top-listed health & beauty business?

Share