Naing Clinic and Pharmacy

  • Home
  • Naing Clinic and Pharmacy

Naing Clinic and Pharmacy လူထု၏ အခြေခံ ကျန်းမာရေး လိုအပ်ချက်က?

07/05/2024
မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့အိုမီခရွန်၏ လက္ခဏာ ၃မျိုးပါ****************အိုမီခရွန် Omicronနံပါတ်( ၁)အပျော့စား လက္ခဏာ ...
04/02/2022

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ ၃မျိုးပါ
****************

အိုမီခရွန် Omicron
နံပါတ်( ၁)
အပျော့စား လက္ခဏာ က
ဖျားမယ်၊ ချောင်းဆိုးမယ်၊
ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ် (၂)
အလယ်အလတ် လက္ခဏာ က
မျက်စေ့နာမယ်၊ လည်ခေါင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ် (၃)
အပြင်းစား လက္ခဏာ က
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။
အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါဘဲ အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့ သူရဲ့ ပုံစံ ဗီဇကိုအမျိူးမျိူးပြောင်းလဲနေပါတယ်
ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီးကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်ပြည့်ပါပီ

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်

၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ၊
၃၊လူစုလူဝေးရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့
အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ

Courtesy - Sunny
Credit

24/01/2022
ဆီးချိုရောဂါ အစပျိုးနေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲကမ္ဘာပေါ်မှာ ဆီးချိုဖြစ်ပွားနှုန်းက တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတာ ယခု...
23/01/2022

ဆီးချိုရောဂါ အစပျိုးနေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ကမ္ဘာပေါ်မှာ ဆီးချိုဖြစ်ပွားနှုန်းက တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတာ ယခုအချိန်ထိပါပဲ။ လူတော်တော်များများက အရင်ကထက် ကိုယ်လက်လှုပ်ရှားမှုတွေ နည်းလာကြသလို မနက်ကနေ ညအထိ ကွန်ပျူတာရှေ့ ထိုင်အလုပ်လုပ်နေရတာ၊

အိမ်တွင်းအောင်းနေရတာ၊ စားသောက်နေထိုင်မှု ပုံစံ မှားယွင်းတာ၊ အချိုစားသုံးမှု များလာတာတွေကြောင့် ဆီးချိုရောဂါဟာ လူကြီး လူငယ်မရွေး ဖြစ်လာတော့တာပေါ့။

ဆီးချိုရောဂါရဲ့ အစပိုင်းလက္ခဏာတွေ
များသောအားဖြင့် ဆီးချိုရောဂါအစပိုင်းမှာရော နှောင်းပိုင်းမှာပါ တွေ့ရတဲ့လက္ခဏာအများစုက တူညီပါတယ်။

ဒါပေမယ့် အစောပိုင်းမှာတော့ ရောဂါလက္ခဏာတွေက သိပ်ပြီးမပြင်းထန်တာ၊ တချို့လူတွေမှာဆိုရင် ရောဂါလက္ခဏာ လုံးဝမပြတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အတွေ့များတဲ့ လက္ခဏာတွေကတော့
• မကြာခဏ ဆီးသွားချင်တာ
• ဆီးသွားပြီးပါလျက်နဲ့ ဆီးထပ်သွားချင်
သလို ဖြစ်တာ
• ရအေမွဲဆာနတော
• အစာတစ်ခုခု စားနေလျက်နဲ့ ဗိုက်ထဲက
ဆာနေသေးတာ
• မျက်စိအမြင်အာရုံ မှုန်ဝါးတာ
• မောပန်းနွမ်းနယ်တာ
• ကိုယ်အလေးချိန်ကျဆင်းတာ (အမျိုး
အစား ၁ ဆီးချိုရောဂါ)
• လက်၊ ခြေတွေမှာ အသားထဲက ဆူးစူးသလို၊ နာကျင်သလို၊ ထုံသလို ခံစားရတာ (အမျိုးအစား ၂ ဆီးချိုရောဂါ) ပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး ကလေး၊ လူငယ်တွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တချို့တွေမှာ ငယ်စဉ်ကတည်းက မိဘမျိုးရိုးလိုက်ပြီး အမျိုးအစား (၁) ဆီးချိုရောဂါရလာတာလည်း ဖြစ်နိုင်သလို နေထိုင်စားသောက်မှုပုံစံကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါလည်း ဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ ရှိ၊မရှိကို စောစီးစွာ ကျန်းမာရေးစစ်ဆေးခြင်း၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များဖြင့် တိုင်ပင်ဆွေးနွေးပြီး သိရှိနိုင်ပါတယ်။

ဆီးချိုရောဂါရှိတယ်လို့ အတည်ပြုတာနဲ့ သွေးတွင်းသကြားဓာတ် ထိန်းဖို့ဆေးဝါးများအပြင် နေထိုင်စားသောက်မှုပုံစံကို ပြင်ဆင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးခြင်းဖြင့်

ဆီးချိုကြောင့် နောက်ဆက်တွဲ သွေးတိုး၊ နှလုံး၊ လေဖြတ် အစရှိတဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ပွားစေအောင် ကာကွယ်ပေးနိုင်ပြီး သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေနိုင်အောင် ကူညီပေးနိုင်မှာပါ။

#ဆီးချို

09/01/2022

GP relieving(1) Post
ထန်းတပင်မြို့နယ်ရှိ အထွေထွေရောဂါကုဆေးခန်းတွင် ဆေးကုသမှုပေးပါရန်

Job Requirements
-ဆမ လက်ဝယ်ရှိရပါမည်။
-တနလ်ာ၊ အင်္ဂါ၊
မနက်8:30-6:00

-တနလ်ာညအိပ်နိုင်လျှင်အဆင်ပြေပါသည်၊၊

Phone/viber-09695351434 သို့ ဆက်သွယ်နိုင်ပါသည်။

30/08/2021
30/08/2021

Address


Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959695351434

Website

Alerts

Be the first to know and let us send you an email when Naing Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naing Clinic and Pharmacy:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Health & Beauty Business?

Share