04/11/2026
👉လူနာတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု…
“အရွတ်ပြဲတယ်၊ အရွတ်ရောင်တယ်” ဆိုတော့ အရွတ်ဆိုတာ ဘာလဲ?🤔
လူနာတွေက အရွတ်နာတယ်၊ အရွတ်ထိသွားတယ်၊ အရွတ်ရောင်နေတယ်လို့ မကြာခဏ ပြောတတ်ကြပါတယ်။
ဒါပေမဲ့ ဆေးပညာအရ အရွတ်ဆိုတာ တစ်မျိုးတည်း မဟုတ်ပါဘူး။
အဓိကအားဖြင့် နဲ့ ဆိုပြီး ခွဲခြားနားလည်နိုင်ပါတယ်။
၁။ Tendon ဆိုတာ ဘာလဲ?
Tendon ဟာ ကြွက်သား (Muscle) နဲ့ အရိုး (Bone) ကို ဆက်သွယ်ပေးထားတဲ့ ခိုင်ခံ့တဲ့ Connective Tissue တစ်မျိုးဖြစ်ပါတယ်။
ကြွက်သားကျုံ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အား (Force) ကို အရိုးဆီ ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
ဥပမာ -
Achilles Tendon
Patellar Tendon
Rotator Cuff Tendons
၂။ Ligament ဆိုတာ ဘာလဲ?
Ligament ဟာ အရိုးတစ်ခုနဲ့တစ်ခု (Bone to Bone) ကို ဆက်သွယ်ပေးထားတဲ့ Connective Tissue တစ်မျိုးဖြစ်ပါတယ်။
သူ့ရဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့ အဆစ်တည်ငြိမ်မှု (Joint Stability) ကို ထိန်းသိမ်းပေးခြင်း၊ အဆစ်လှုပ်ရှားမှုကို လမ်းညွှန်ပေးခြင်းနဲ့ လိုအပ်တာထက် ပိုမိုရွေ့လျားသွားခြင်းကို ကန့်သတ်ပေးခြင်းတို့ ဖြစ်ပါတယ်။
ဥပမာ -
ACL (Anterior Cruciate Ligament)
PCL (Posterior Cruciate Ligament)
Ankle Ligaments
၃။ Tendon နဲ့ Ligament တို့ရဲ့ ဖွဲ့စည်းပုံ (Structure) ဘာကွာသလဲ?
နှစ်မျိုးလုံးဟာ Collagen အဓိကပါဝင်တဲ့ Dense Connective Tissue တွေဖြစ်ပေမယ့် ဖွဲ့စည်းပုံနဲ့ Mechanical Properties တွေ မတူညီကြပါဘူး။
Tendon
Type I Collagen Fiber အများစု ပါဝင်ပါတယ်။
Collagen Fiber တွေဟာ အားသယ်ဆောင်ရတဲ့ ဦးတည်ချက်အတိုင်း အများအားဖြင့် ပြိုင်တန်းစီထားကြပါတယ်။
ဆွဲအား (Tensile Force) ကို ခံနိုင်ရည်ရှိအောင် ဖွဲ့စည်းထားပါတယ်။
Ligament
Type I Collagen အဓိကပါဝင်ပြီး အချို့ Ligament တွေမှာ Elastin လည်း ပါဝင်နိုင်ပါတယ်။
Collagen Fiber တွေရဲ့ စီစဉ်ပုံဟာ အဆစ်ရဲ့ တည်နေရာနဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်
အဆစ်လှုပ်ရှားမှုအတွင်း ဖြစ်ပေါ်လာတဲ့ ဆွဲအားတွေကို ခံနိုင်ရည်ရှိစေပြီး Joint Stability ကို ထောက်ပံ့ပေးပါတယ်။
၄။ ဒါဆို ဘာကြောင့် ဒီနှစ်မျိုးကို ခွဲခြားသိထားဖို့ လိုအပ်တာလဲ?
Tendon နဲ့ Ligament နှစ်မျိုးလုံး ထိခိုက်ဒဏ်ရာရနိုင်ပေမယ့် ထိခိုက်တဲ့ Tissue အမျိုးအစား၊ ဒဏ်ရာအခြေအနေနဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေမှာ ကွာခြားမှုရှိနိုင်ပါတယ်။
ဥပမာ Tendon မှာ Tendinopathy ဖြစ်နိုင်သလို Ligament မှာ Sprain သို့မဟုတ် Tear ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အရွတ်ထိခိုက်တယ်ဆိုတာနဲ့ ဘယ် Tissue ထိခိုက်နေတယ်ဆိုတာကို တန်းပြီး မဆုံးဖြတ်နိုင်ပါဘူး။ သေချာစစ်ဆေးအကဲဖြတ်ဖို့ လိုအပ်ပါတယ်။
အလွယ်ဆုံး မှတ်သားထားဖို့ကတော့…
Tendon = Muscle to Bone
Ligament = Bone to Bone
မြန်မာလို နှစ်မျိုးလုံးကို အရွတ်လို့ ခေါ်ဆိုတတ်ပေမယ့် ဆေးပညာအရတော့ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက် မတူညီတဲ့ Tissue နှစ်မျိုးဖြစ်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုမိုနားလည်လာခြင်းက မှန်ကန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးပါတယ်။
physio care