06/08/2021
🦠 ကိုဗစ်ကနေ ပြန်ကောင်းသွားပြီ။ ဒါပေမယ့် ခုချိန်အထိ မောတုန်း၊ နှုံးနေတယ်၊ အားမရှိဘူး၊ ပုံမှန်လို လှုပ်ရှားလို့မရသေးဘူး။
✔️ ဒါတွေခံစားနေရတယ် ဆိုရင် ဘာလုပ်ရမှာလဲ။
✔️ သူတို့နိုင်ငံတွေမှာ ဒီလိုတွေ့တယ်။
🔹 အိုင်ယာလန်နဲ့ အီတလီနိုင်ငံက Survey တွေမှာ ကိုဗစ်ဖြစ်ပြီး လူနှုံးနေတယ်၊ အားမရှိဘူးလို့ ခံစားရတာ ၅၀ % ကနေ ၈၀% ကျော်အထိ ရှိပြီး ပျမ်းမျှ ၂ လခွဲလောက်အထိ ခံစားရပါတယ်လို့ တွေ့ရပါတယ်။
🔹 ကိုဗစ်အရမ်းပြင်းထန် တဲ့ သူတွေမှာမောတာ၊ အသက်ရှုမဝတာက၊ လူနှုံးနေတာကို ခံစားကြရတာ ၅၄ % ကနေ ၇၈% အထိ ၁ လကနေ ၂ လလောက်အထိ ဖြစ်တက်ကြတယ်လို့ တရုတ်၊ ဂျာမဏီနဲ့ အင်္ဂလန်မှာ တွေကြရပါတယ်။
✔️ တစ်ချို့ဆိုရင် ရောဂါပျောက်ပြီးပေမယ့် စိတ်ဓါတ်ကျတာ၊ အလုပ်ကို ကောင်းကောင်းပြန် မလုပ်နိုင်တာ တွေကို ၃ လလောက်ကို ခံစားကြရပါသတဲ့။
🔹 ဒါဆိုရင် ပျောက်ကင်းအောင် ဘယ်လိုကုသကြမှာလဲ။
✔️ Pulmonary Rehabilitation (PR)လို့ ခေါ်တဲ့ အဆုတ်ပြန်လည်သန်စွမ်းရေး Program ကို စနစ်တကျ လုပ်ခြင်းအားဖြင့် အရင်လို ဘဝက မြန်မြန်ပြန်ရောက်နိုင်ပါတယ်။
PR လို့ခေါ်တဲ့ အဆုတ်ပြန်လည်သန်စွမ်းရေး မှာ
၁။ ကိုယ်ကာယ လေ့ကျင့်ခန်း
၂။ အသက်ရှုလေ့ကျင့်ခန်း
၃။အစားအသာက် အာဟာရ
၄။ စိတ်ဓါတ်ခွန်အားပေးခြင်း
တို့ပါဝင်ပါတယ်။
ဘယ်လို လူတွေ လုပ်လို့ မရသေးဘူးလဲ???
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
(၁)နားနေတုန်း တိုင်းတဲ့ နှလုံးခုန်နှုန်း ၁၀၀ ကြိမ်/မိနစ် ထက်များနေရင်
(၂) သွေးပေါင်ချိနိ 90/60 mmHg အာက် သို့မဟုတ် 140/90 mmHg အထက်များနေရင်
(၃) သွေတွင်းအောက်ဆီဂျင် SpO2 ၉၅%အောက် ရောက်နေရင် လုပ်လို့ မရသေးပါဘူး။
(သူတို့အတွက် supervised PR လိုပါမယ်)
Exercise လုပ်နေစဉ် ရပ်ရမည့် လက္ခဏာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
(၁)အဖျားတက်လိုက် ကျလိုက်ဖြစ်နေရင် Temperature 37.2 C အထက် ဖြစ်နေရင်
(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများနှင့်ပင်ပန်းနွမ်းနယ်မှုများပိုဆိုးလာပြီးအနားယူပြီးနောက်မသက်သာပါခြင်း
(၃) ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပြင်းထန်သောချောင်းဆိုးခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
✔️ ဘာတွေလုပ်ရမှာလဲ
၁။ ကိုယ်ကာယ လေ့ကျင့်ခန်း
➖➖➖➖➖➖➖➖➖➖
🔹 လမ်းလျှောက်ခြင်း၊ လျင်မြန်စွာလမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း စတဲ့ လေ့ကျင့်ခန်းများကို မိမိအမောခံနိုင်သလောက် ဖြည်းဖြည်းချင်း တိုးပြီးလုပ်သွားပါ။
✔️ တပတ်လျှင် ၃ ကြိမ်ကနေ ၅ ကြိမ်
တစ်ခါလုပ်ရင် ၅မိနစ် ကစပြီး မိနစ်၂၀ မှ ၃၀ အထိ ဖြည်းဖြည်းချင်းတိုးသွားပေးပါ။
✔️ ပင်ပန်းနွမ်းနယ်နေသောလူနာများမှာ နားနားပြီး လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။
🔹 ကြံ့ခိုင်မှုလေ့ကျင့်ခန်း
➖➖➖➖➖➖➖➖➖
✔️ ဥပမာ လက်နဲ့ ရေသန့်ဗူး မတဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ထိုင်ရင်းနဲ့ ခြေထောက်ကို ၁၀ စက္ကန့်လောက်မြောက်တာ စသဖြင့် ကြွက်သားကြံ့ခိုင်မှုအတွက် လေ့ကျင်ခန်းကို တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် ၆ ပတ်အထိ လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
✔️အကြိမ်အရေနဲ့ အလေးချိန်ကို အပတ်စဉ် ၅% မှ ၁၀% တိုးရန်အကြံပြုပါတယ်။
🔹 ဟန်ချက်ညီလေ့ကျင့်ခြင်း( Balancing Exercises) ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
✔️ နေမကောင်းလို့ အိပ်ရာထဲ လှဲနေတာ ကြာရင် ဟန်ချက်ညီမှု ပျက်ယွင်းမှုရှိလာပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ လူနာတွေမှာ လဲကျပြီး ပေါင်ရိုးကျိုးတာ၊ လက်ရိုးကျိုးတာ ဖြစ်တက်ပါတယ်။
✔️ ကိုင်စရာတစ်ခုခုရှေ့မှာ ကိုင်၍မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်ကို ဘေး ဘယ်ညာ၊ရှေ့နောက် ယိမ်းပေးပါ။ အလေ့အကျင့်ရသွားရင် ခြေတစ်ဖောင်ကျိုးလုပ်ပြီး ပြန်လုပ်ပေးပါ။
(၂) အသက်ရှူလေ့ကျင့်ခန်း
➖➖➖➖➖➖➖➖➖➖
✔️ အသက်ကို ရင်ခေါင်းထဲ များများရောက်အောင်ရှုပြီး ပြန်ထုတ်တဲ့ အခါ ပါးစပ်ကို ကျဉ်းထားပြီး လေကို ထွက်စေတာပါ။
ဒါဆိုရင် Positive End Expiratory Pressure effect နဲ့ လေအိတ်ကလေးတွေကို ကျယ်စေပြီး အမောသက်သာစေပါတယ်။
✔️ ချွဲတွေရှိပါက မှောက်ပြီး ကျောကို (Percussion)ပုတ်ပေးပြီး အသက်ပြင်းပြင်းရှူပြီး ဟတ်ထုတ်ပေးရပါမယ်။
၃။ အစားအသောက် အာဟာရ
➖➖➖➖➖➖➖➖➖➖➖
✔️ ကျန်းမာစေတဲ့ အသီးအနှံ( ပိုးသတ်ဆေး ပါဝင်နိုင်၍ ရေနှင့် သေချာဆေးပါ)၊ ထမင်း၊ အသား၊ ရေဓါတ် မျှတစွာစားပါ။
✔️ နေရောင်ခြည် ၁၀ မိနစ်ကနေ ၁၅ ခံရင် Vitamin D3 10,000 IU အထိ ရနိုင်ပါတယ်။
၄ ။ စိတ်ဓါတ် ခွန်အားပေးခြင်း
➖➖➖➖➖➖➖➖➖➖➖
✔️ ကိုဗစ်ဖြစ်တဲ့လူ တစ်ဝက်ကနေ သုံးပုံပုံရင် ၂ ပုံလောက်က ၂ -၃ လလောက်က အခုလို ခံစားကြရတာပါ။
✔️ မိမိတစ်ယောက်တည်း မဟုတ်ပါ။
💪 စိတ်ဓါတ်မကျပါနဲ့။
🙏 ယုံကြည်ရာ ဘာသာတရား လုပ်ပါ။
✔️ ကိုဗစ်နဲ့ပတ်သတ်ပြီး သတင်းအချက်အလက် အများကြီး ကြည့်ရှူခြင်း ရှောင်ကြဉ်ပါ။
✔️ လေ့ကျင်ခန်းလုပ်ပါ။
✔️ ဒုက္ခရောက်သူကို ကူညီပါ။
✔️ အများကို ကူညီတာက မိမိကိုယ်ကို စိတ်ဓါတ်ခွန်အားတက်စေပါတယ်။
နေ့စဉ် လှုပ်ရှားမှုလမ်းညွှန် -
✔️ နေ့စဉ်လူနေမှုဘ ၀ ၏အခြေခံလုပ်ဆောင်ချက်များ ( ADL) (မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ခြင်း၊ အိမ်သာသွားခြင်း၊ ရေချိုးခြင်းစသည့်) နေ့စဉ်လုပ်ဆောင်မှုများကို လုပ်နေစဉ် မောပန်းပါက မကြာခဏ နားနားပြီး မှ ဆက်လုပ်ပါ။မိမိ၏စွမ်းဆောင်ရည်ကိုအကဲဖြတ်ပါ။
✔️နေ့စဉ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ခြင်းများ (Instrumental ADL):
ဥပမာ.
✔️ ဖုန်းပြောတာ၊ စျေးထွက်ဝယ်တာ၊ အစားအသောက်ချက်ပြုတ်စီမံတာ ကနေ ကားမောင်းတာ၊စီးပွါးရေးအတွက် စီမံတာက အထိ ပါဝင်ပါတယ်။
✔️ မိမိ၏ နေစဉ်လုပ်ဆောင်နိုင်မှုကိုအကဲဖြတ်ပါ။
✔️လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုဖော်ထုတ်ပြီး ပြုပြင်ပါ။
ဥပမာ စိတ်ဓါတ်ကျပြီး အာရုံမစူးစိုက်နိုင်ပါက မိမိယုံကြည်ရာ ဘာသာရေး လုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ချစ်ခင်လေးစားရတဲ့သူနဲ့ စကားပြော အကြံအဥာဏ်တောင်းတာ၊ ဆရာဝန်ဆီ ဖုန်းဖြင့် ကုသမှုခံယူတာ စသဖြင့် လုပ်ဆောင်ပါ။
💪စိတ်ဓါတ်မကျပါနဲ့။💪
ကိုဗစ်-19 နှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင် ကျနော်တို့ကို သတိရပါ။
Tele Clinic Monywa #အဆုတ်ပြန်လည်သန်စွမ်းရေး
Reference
https://journals.sagepub.com/doi/pdf/10.1177/0300060520948382