Dr. Phonesithulwin

Contact the business

Dr. Phonesithulwin ကျန်းမာရေးဗဟုသုတပညာပေး

 #ဗိုက်ကရစ်ရစ်ပြီးကိုနာတယ် #ဝမ်းကလည်းချုပ်လိုက်_သွားလိုက်နဲ့ #ဝမ်းသွားချင်ပြီဆိုရင်_အသည်းအသန်_ပြေးရတာ #တစ်နေရာသွားရင်_အိ...
06/10/2026

#ဗိုက်ကရစ်ရစ်ပြီးကိုနာတယ်
#ဝမ်းကလည်းချုပ်လိုက်_သွားလိုက်နဲ့
#ဝမ်းသွားချင်ပြီဆိုရင်_အသည်းအသန်_ပြေးရတာ
#တစ်နေရာသွားရင်_အိမ်သာအရင်ရှာရတယ်



Functional Disorder လို့ခေါ်တဲ့ ရောဂါတွေထဲမှာ ပါတော့။ Organic Lesion လို့ခေါ်တဲ့ ပြဿနာအခံမရှိပါဘူး။

ဘာကိုဆိုလိုတာလဲ ဆိုတော့ အူမှာဘာရောဂါမှ မရှိသလို၊ ဘယ်နေရာမှာမှ ရောဂါမရှိပါဘူး။

(ထုံးစံအတိုင်း) စိတ်ကြောင့်ပဲပေါ့။
(အရင်ထဲက စိတ်ဖိစီးမှုများတဲ့ လူနာတွေမှာဖြစ်တတ်ပြီး အခုအချိန် Stress အရမ်းများတဲ့အခါ ဆိုးလာတတ်ပါတယ်)

ပုံစံ (၄) မျိုးရှိပါတယ်။
1. ဝမ်းချုပ်တဲ့ IBS
2. ဝမ်းသွားများတဲ့ IBS
3. ချုပ်လိုက်လျှောလိုက် အရော IBS
4. ဘာမှန်းမသိတဲ့ IBS (ဝမ်းချုပ်တာလဲ မဟုတ်ဘူး၊ ဝမ်းသွားများတာလဲ မဟုတ်ဘူး ဒါပေမယ့် ပုံမှန်လည်းမဟုတ်ဘူး)

👉👉👉
#ဘာတွေခံစားရလဲ ⁉️

- ဗိုက်နာပါတယ်၊ ဗိုက်တစ်ပြင်လုံး ဟိုနားနာ ဒီနားနာ ဖြစ်ပေမယ့် အနာဆုံးကတော့ ဗိုက်ဘယ်ဘက်အောက်နား ဆီးစပ်ဘေးနေရာပါ။
- ဝမ်းခဏ ခဏ သွားတတ်ပါတယ်၊ သွားချင်လာရင် အသည်းအသန်ပြေးရတတ်ပြီး
- ဝမ်းသွားတဲ့ အခါမှာတော့ အနည်းငယ်သာ သွားတတ်ပါတယ်၊ တခါတရံ အကျိအချွဲပါတတ်ပါတယ် (သွေး လုံးဝ မပါရပါဘူး => သွေးပါခဲ့ရင် IBS မဟုတ်ပါဘူး)
- လေပွပါတယ်၊ ဗိုက်ကြီးတင်းနေတယ်လို့ ခံစားရတတ်ပါတယ်
- အစာစားရင် နာလာတတ်သလို၊ ဝမ်းသွားချင်စိတ်ပါဖြစ်လာတတ်ပြီး၊ ဝမ်းသွားလိုက်ရင် အနည်းနဲ့အများသက်သာသွားတတ်ပါတယ်
စိတ်ဖိစီးမှုနဲ့လည်း ဆက်နွယ်နေတော့ အစာခြေရည် အထွက်များပြီး
- အစာအိမ်အောင့်တာ၊ ရင်ပူတာ၊ အစာမကြေတာလည်း ဖြစ်တတ်ပါတယ်
- ပျို့တတ်၊ အန်တတ်ပါတယ်
- ဆီးခဏခဏ သွားချင်တာ၊ သွားချင်တာနဲ့ အမြန်ပြေးရတာတွေ ရှိပါတယ်။

- နည်းနည်းထူးခြားတာကတော့ (Poor Libido 😢 လင်စိတ်သားစိတ် ကုန်တတ်ပါတယ်) Partner ကို စိတ်မဝင်စားတော့ပါဘူး {စိတ်ဖိစီးမှုရဲ့ အကျိုးဆက်ပါပဲ}

👉👉👉
အပေါ်က လက္ခဏာတွေ ရှိတာ နဲ့ ငါတော့ IBS ဖြစ်ပြီလို့ မထင်လိုက်ပါနဲ့

အခုလောလောလတ်လတ် အဲ့လိုဖြစ်ရင် အူမကြီးရောင်တာဖြစ်စေ၊ ဝမ်းပျက်တာကြောင့်ဖြစ်စေ ခံစားရတတ်ပါတယ်။

IBS က ဘာရောဂါမှ မရှိပဲ အပေါ်ကလို လက္ခဏာမျိုးတွေ အကြာကြီး ခံစားရတဲ့လူတွေ ကိုပြောတာပါ။

အဲ့ဒါကြောင့် အပေါ်က လက္ခဏာတွေ အပြင်
1. လက္ခဏာက ဆိုးဆိုးလာတယ်
2. ညဘက် အိပ်ယာက ထပြီး ဝမ်းထ ထ သွားနေရတယ်
3. အစားစားချင်စိတ်ပျောက်ပြီး၊ ကိုယ်အလေးချိန်ကျလာတယ်
4. ဖျားတယ်
5. ဗိုက်မနာပဲ ဝမ်းတွေလျှောတယ်
6. ဝမ်းသွားရင် သွေးတွေပါတယ်
7. အဆီဝမ်းတွေ သွားတယ်
8. အသက်ကြီးမှ ဒီလို လက္ခဏာတွေ စပေါ်လာတယ်

ဒီ (၈) ချက်ရှိရင်တော့ ခွဲစိတ်ဆရာဝန်ပြရပါမယ်၊ အူမကြီးမှန်ပြောင်းကြည့်ရပါမယ်
သွေးတွေ ဝမ်းတွေ စစ်ရပါမယ်

👉👉👉
၁။ အပေါ်က လက္ခဏာတွေ ဖြစ်နေတာ နှစ်ချီနေပြီ ဘာလုပ်လုပ် မသက်သာဘူး
၂။ အချက် (၈) ချက်လည်း မရှိဘူး
ဆိုရင် IBS လို့ ပြောလို့ရပါတယ်။

👉👉👉
#ဘယ်လိုလုပ်မလဲ ⁉️

၁။ ရောဂါကို လက်ခံနားလည်ပေးလိုက်ပါ။ (အန္တရာယ်မရှိဘူးဆိုတာ)
၂။ Food Diary လုပ်ပါ (ဘာစားရင် ပိုဆိုးလဲ 👉 ပြီးရင် ရှောင်ပါ)
၃။ ရေများများသောက်ပါ (ပုလင်းနဲ့ ဘယ်လောက်သောက်ပြီးပြီလို့ဖြစ်အောင် မှတ်မှတ်သားသားသောက်ပါ)
၄။ အသီးအနှံစားပေးပါ
၅။ Coffee ရှောင်ရပါမယ်
၆။ နို့ နဲ့ နို့ထွက်ပစ္စည်း ရှောင်ရပါမယ်
၇။ အစာအိမ်ရောင်တာပါ တွဲဖြစ်ရင်တော့ အစားက စားစရာကိုကျန်တော့မယ် မထင်ပါဘူး 😰
၈။ ဆေးအရမ်းသောက်ချင်တဲ့ ရွှေမြန်မာတို့ အတွက် (Probiotic) တွေက အကျိုးရှိပါတယ်။
၉။ ယောဂ လို relaxation exercise တွေ လုပ်ပေးတာက လည်း အထိုက်အလျောက်အကျိုးရှိပါတယ်။

ဒီလောက်ဆို IBS လို့ခေါ်ကြတဲ့ Irritable Bowel Syndrome ဆိုတာကို သိကြမယ်ထင်ပါတယ်။
"ရောဂါမယ်မယ်ရရ မရှိပဲ" အူရောင်တယ် အူရောင်တယ် ဆိုပြီး ဗိုက်အောင့်အောင့်နေတတ်တာ လူသိပ်မသိသေးတဲ့ IBS ပါ။

ဒီနိုင်ငံမှာ စိတ်ဖိစီးမှုများလို့ အစာအိမ်ရောင်ကြသလို အနောက်နိုင်ငံတွေမှာ IBS အဖြစ်များပါတယ်။

ဖြစ်နေကြပေမယ့် နာမည်မသိသေးတဲ့ ရောဂါလေးပါ။
- ဘာလုပ်ရမလဲဆိုတာတွေ အကုန်ရေးထားပေးတယ်နော်
- Warning signs တွေရော

(Original Post ;Nov,2020 👉 https://www.facebook.com/104993831383029/posts/135890008293411/?d=n )

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

 #ကျောက်ကပ်အားနည်းတဲ့လူနာတွေ_ကျောက်ကပ်ဆေးနေရသူတွေအတွက် #ပန်းသီး_စပါးလင်_ကညွတ်_စတာတွေကိုစားသုံးခြင်းဖြင့်_ကျောက်ကပ်ပြန်ကေ...
06/10/2026

#ကျောက်ကပ်အားနည်းတဲ့လူနာတွေ_ကျောက်ကပ်ဆေးနေရသူတွေအတွက်
#ပန်းသီး_စပါးလင်_ကညွတ်_စတာတွေကိုစားသုံးခြင်းဖြင့်_ကျောက်ကပ်ပြန်ကောင်းလာမလား ❓❓❓

#ကျောက်ကပ်အားနည်းခြင်း

ကျောက်ကပ်အားနည်းတယ် ဆိုတာ ကျောက်ကပ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့တာကို ပြောတာပါ။ အဆင့် (၅) ဆင့်ရှိပြီး ဆီးဆိပ်ဘယ်လောက်တက်နေပြီလဲ (Creatinine) ကျောက်ကပ်အလုပ်ဘယ်လောက်လုပ်နိုင်သေးလဲ (eGFR) စတာတွေနဲ့ တိုင်းတာပါတယ်။
#ကျောက်ကပ်က_ဘာတွေလုပ်လဲ ❓
ရေပိုတွေကို ဆီး အနေနဲ့ စွန့်ထုတ်ပေးတယ်လို့ အလွယ်ပြောတတ်ကြပေမယ့်။
ဆီး နဲ့အတူတူ
👉 ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပိုလျှံနေတဲ့ (Potassium, Phosphate အပါအဝင်) ဓာတ်ဆားဓာတ်တွေ၊ ပိုလျှံနေတဲ့ Hydrogen ion ကို စွန့်ထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ကြီးကို ထိန်းညှိပေးပါတယ်။
👉 ဒါ့အပြင် အရေအတွက် သန်းနဲ့ချီတဲ့ ဇကာလေးတွေနဲ့ ခန္ဓာကိုယ်ထဲက မပါသင့်တာတွေ မပါရအောင် စစ်ပေးပါတယ်
👉 ဆေး အဆိပ်အတောက် အရက်စတဲ့ ပစ္စည်းတွေကိုလည်း စွန့်ထုတ်ပေးပါတယ်
👉 ရိုးတွင်းချင်ဆီကနေ သွေးနီဥတွေ ထုတ်အောင် Erythropoietin ဆိုတဲ့ Hormone ထုတ်ပေးပါတယ်
👉 နေရောင်နဲ့အရေပြားထိတွေ့ခြင်းကနေ Cholesterol ကနေတဆင့် Vitamin D ကို တည်ဆောက်ပေးပါတယ်
________
ကျောက်ကပ်အားနည်းတဲ့အဆင့်ပေါ်မူတည်ပြီး
#ရေပိုတွေ_စွန့်မထုတ်နိုင်လို့
- ခန္ဓာကိုယ်ကြီးက ဖောနေတတ်ပါတယ်
- အခြေအနေ ဆိုးလာတဲ့ အခါ အဆုတ်ထဲရေဝင်တာ
- သွေးပေါင်တရားလွန်တက်တာတွေဖြစ်ပါတယ်
#ဓာတ်ဆားဓာတ်တွေထိန်းညှိဖို့ခက်ပါတယ်
Potassium တို့ Phosphate တို့ ပိုလျှံနေရင် စွန့်ထုတ်ဖို့ မလုပ်နိုင်ပါဘူး
အဲ့ဒါကြောင့် Potassium တို့ Phosphate တို့ ပါဝင်မှုများတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးစားရပါတယ်
အထူးသဖြင့် #အသီးအနှံတွေပေါ့
ရေ နဲ့ အသီးအနှံတွေဟာ လူသားတိုင်းအတွက် အကျိုးပြုပေမယ့် ကျောက်ကပ်မကောင်းတဲ့အခါ ဆင်ခြင်ရပါတယ်။
Social Media မှာ ဖြန့်ချီနေကြသလို
- ပန်းသီး နေ့တိုင်းစားတာ
- စပါးလင်တွေ စားတာဟာ ကျောက်ကပ်အားနည်းတဲ့သူ ကျောက်ကပ်ဆေးနေရသူတွေအတွက် က #အလွန်ကြီးမားတဲ့ဆိုးကျိုး ကိုပဲပေးနိုင်တာပါ
🚨 🚨ကျောက်ကပ်အားနည်းတဲ့သူ ကျောက်ကပ်ဆေးနေရသူတွေ အနေနဲ့ #မိမိပြသထားတဲ့_ဆရာဝန်ကြီးမှ လွဲပြီး
- အရပ်ထဲကစကားတွေ ၊
- Social Media က စကားတွေ ၊
- ဆရာဝန်အမည်ခံပြီး ပေါက်ကရဖြန့်ချီနေတာတွေကို လျှောက်မလုပ်ကြပါနဲ့ 🚨🚨
ကညွတ်ကတော့ စားလို့ရပါတယ် တခါတရံပေါ့
#ဇကာလေးတွေမကောင်းတော့တဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပစ္စည်းတွေပါ နည်းနည်းပဲထွက်တော့တဲ့ ဆီးထဲပါကုန်ပါတယ်
- အသားဓာတ် (Albumin)ပေါ့
- Albumin နည်းတဲ့အခါ ခန္ဓာကိုယ်ကြီးက ပိုပြီး ဖောလာတတ်ပါတယ်
#ဆေးတွေ_အဆိပ်အတောက်တွေမစွန့်ပစ်နိုင်လို့
နေမကောင်းတဲ့ အခါ ပိုးသတ်ဆေးတွေ လိုသလို သုံးလို့မရတော့ပါဘူး
ကျောက်ကပ်အားနည်းခြင်း အဆင့် (၄) လောက်ရောက်တဲ့အခါ ဆီးချိုအတွက် အကောင်းဆုံးဆေးဖြစ်တဲ့ Metformin သုံးလို့မရတော့ပါဘူး
ုတ်နိုင်တဲ့အတွက်
- သွေးအားနည်းပါတယ်
တစ်ပတ်တစ်ခါ/နှစ်ပတ်တစ်ခါ/တလတစ်ခါ ပေါင်၊ ဗိုက်ကို ထိုးရတဲ့ သွေးနီဥတက်တယ်ဆိုတဲ့ဆေးဟာ Erythropoietin ပါ
်ဆောက်နိုင်တော့ပါဘူး
__________
အဲ့လို ကျောက်ကပ်အားနည်းတဲ့အခါ ကျောက်ကပ်ကိုယ်စားလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ပေးတဲ့ကုသမှု (Renal Replacement Therapy) ဆိုတဲ့ ကုသမှုကိုခံယူကြရပါတယ်။
RRT တွေ ၄/၅ မျိုးရှိပေမယ့်
ကျွန်တော်တို့ဆီမှာအသုံးများတာကတော့
- ကျောက်ကပ်ဆေးတာ (Hemodialysis)
- ကျောက်ကပ်အစားထိုးတာ (Kidney Transplant ) ဒီ (၂) ခုပါ။

#ကျောက်ကပ်ဆေးခြင်း (Hemodialysis) ဆိုတာ ကျောက်ကပ်ကို ဘာမှသွားမလုပ်ပါဘူး (ဗိုက်ကြီးဖွင့်ပြီး ကျောက်ကပ်ကို ရေနဲ့ဆေးတာ မဟုတ်ပါဘူး)
ကျောက်ကပ်မကောင်းလို့ ခန္ဓာကိုယ်က မစွန့်ပစ်နိုင်တာတွေကို စက်ထဲဖြတ်ပြီးသန့်စင်ပေးတာပါ။
လိုအပ်ချက်ကတော့ Cannula ပိုက်အကြီးလိုအပ်သလို နောက်ပိုင်းမှာ လက်မှာ သွေးကြောကြီးကြီးဖန်တီးဖို့ လိုအပ်ပါတယ်(သွေးကြောမွေးတယ်လို့ခေါ်ကြပါတယ်)
ကျောက်ကပ်အစားထိုးတယ်ဆိုတာကတော့ သိသာပါတယ် အလှူရှင်ဆီက ကျောက်ကပ်တစ်ခုကို အပိုထပ်ထည့်ပေးလိုက်တာပါ။ ( ကိုယ်ဆီက ကျောက်ကပ်ကို ထုတ်မပစ်ပါဘူး - ကျောက်ကပ် (၃) ခုဖြစ်သွားတာပေါ့ )

အားလုံးကို ပြန်ခြုံရရင်
ကျောက်ကပ်အားနည်းပြီး ကျောက်ကပ်ဆေးနေရလျှင်
- ဘယ်သူစကားမှ လျှောက်မလုပ်ပါနှင့်
- မိမိပြသထားတဲ့ ဆရာဝန်ကြီးရဲ့ညွှန်ကြားချက်
- မိမိ ဆေးနေတဲ့ ကျောက်ကပ်ဆေးစင်တာ ရဲ့ညွှန်ကြားချက် ကိုပဲ သေသေချာချာလိုက်နာပါ

(Photo Credit; MedicalNewsToday)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

 #ဖော့ဗူးတွေက_အစားအသောက်ထည့်စားတာ_အန္တရာယ်ရှိလား ❓           ( #ဖော့ဗူး)          ဖော့ဗူး တွေကို ရေနံထွက်ပစ္စည်းနဲ့ပြုလု...
05/10/2026

#ဖော့ဗူးတွေက_အစားအသောက်ထည့်စားတာ_အန္တရာယ်ရှိလား ❓

( #ဖော့ဗူး)

ဖော့ဗူး တွေကို ရေနံထွက်ပစ္စည်းနဲ့ပြုလုပ်ထားပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိကြပါတယ်။
ဖော့ဗူးတွေဟာ အပူနဲ့ထိတွေ့တဲ့ အခါ
👉 အပူမှာပျော်သွားတတ်ပြီး ဗူးချိုင့်ဝင်သွားတာ ၊ ပုံသဏ္ဍာန်ရွဲ့စောင်းသွားတာမျိုးတွေဖြစ်တတ်သလို
👉 ဆီ နဲ့ ထိတွေ့တဲ့အခါမှာလည်း ပျော်ဝင်သွားတတ်ပါတယ် (Omega 3 က ဖော့ကို စားသွားလို့ Omega 3 မသောက်ကြနဲ့ ဆိုပြီး ပွဲဖြစ်သွားတာ မှတ်မိကြမယ်ထင်ပါတယ်)

ဒီဆောင်းပါးမှာတော့
1. ဖော့ဗူးတွေထဲ အစားအသောက်တွေ ထည့်စားကြတာ ကျန်းမာရေးအတွက် ထိခိုက်မှုရှိလား
2. ဖော့ဗူး အသုံးပြုမှုက ပတ်ဝန်းကျင်အတွက် ထိခိုက်မှုရှိလား ဆိုပြီး (၂) ပိုင်းပြောသွားပါမယ်
________
1. #စားသုံးသူကျန်းမာရေးအတွက်
Polystyrene_foam ကို styrene ဆိုတဲ့ ရေနံထွက်ပစ္စည်းကနေ ဖန်တီးရယူထားခြင်းဖြစ်ပါတယ်။
အစားအစာတွေကို ဖော့ဗူးနဲ့ထည့်တဲ့အခါ အစားအစာထဲကို ဖော့ကနေ ဓာတုပစ္စည်း_အနည်းငယ် ပျော်ဝင်သွားတတ်ပါတယ်
👉 အပူတွေထည့်တဲ့အခါ
👉 ဆီ ပါတာတွေ ထည့်တဲ့ အခါ ပိုပြီး ပျော်ဝင်သွားပါတယ်။
Styrene ဆိုတာ Carcinogenic material - ကင်ဆာဖြစ်စေတဲ့ ပစ္စည်းဖြစ်ပါတယ်။

#ဖော့ဗူးနဲ့စားရင်_ကင်ဆာဖြစ်ရောလား ❓
အဲ့လိုတော့လည်း #မဟုတ်ပါဘူး
အစားအစာထဲကို ပါဝင်သွားတဲ့ ဖော့ရဲ့ဓာတုပစ္စည်းပမာဏဟာ အလွန့်အလွန်ကို နည်းပါတယ်။
ကျန်းမာရေးအတွက် ကန့်သတ်ထားတဲ့ ပမာဏ မရောက်တဲ့အတွက် #စားသုံးသူကျန်းမာရေးအထူးဂရုစိုက်တဲ့ US အပါအဝင်၊ ဥရောပနိုင်ငံများမှာ ဖော့ဗူးတွေကို အစားအစာထည့်ဖို့ ဖျော်ရည်/အအေးထည့်ဖို့ သုံးနေကြဆဲဖြစ်ပါတယ်။
ဒါပေမယ့်
✅ ပန်းကန်နဲ့စားတဲ့သူနဲ့ ဖော့ဗူးနဲ့စားတဲ့သူ ယှဉ်ရင်တော့ ဖော့နဲ့စားတဲ့သူက အန္တရာယ်များတာပေါ့
✅ နေ့တိုင်း ဖော့ဗူးနဲ့စား ဖော့ခွက်နဲ့သောက်နေရင်တော့နည်းနည်း နည်းနည်းတွေစုပြီး အန္တရာယ်ဖြစ်လာပါလိမ့်မယ်
ပြန်ပြောရရင်
1. ဖော့ဗူးတွေမှာ Cancer ဖြစ်စေနိုင်ဓာတုပစ္စည်းပါဝင်ပါတယ်
2. ပါဝင်တဲ့ ဓာတုပစ္စည်းရဲ့ ပမာဏဟာ အလွန်နည်းလို့ တခါတလေ ထည့်စားရုံနဲ့ ကင်ဆာ တန်းမဖြစ်ပါဘူး
3. ဒါပေမယ့် 🚨 ရေရှည် နေ့စဉ်ရက်ဆက်တော့ မသုံးသင့်ပါဘူး

ဖော့ဗူးထက် ကြောက်ဖို့ကောင်းတာက ကျွန်တော်တို့
🚨🚨 နေ့စဉ်လုပ်နေကြတဲ့ 🚨🚨
😰 ဆေးလိပ်သောက်တာ
😰 အရက်အလွန်အကျွံသောက်တာ
😰 အဝလွန်တာ
😰 ဆီကြော်တွေတရားလွန်စားတာ
😰 ကိုယ်လက်လှုပ်ရှားမှုမရှိတာ
😰 နေရောင်ခြည်နဲ့ အကာအကွယ်မပါပဲ အချိန်ကြာမြင့်စွာ ထိတွေ့တာ တွေက ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေပါ
_________
2. #ပတ်ဝန်းကျင်ကိုဘယ်လိုထိခိုက်လဲ ❓
ဖော့ ပလတ်စတစ် စတဲ့ပစ္စည်းတွေဟာ နှစ်ရှည်မပျက်စီးပဲ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။
ဆွေးမြေ့မသွားပဲ ဘယ်လောက်တောင်ကြာကြာခံလည်း ဆိုတော့ အနှစ် ၅၀၀၀ လောက်ခံပါတယ် (နှစ်ရှည်ခံလို့ အချစ်နဲ့ တင်စားရအောင်ကလည်း အမှိုက်တွေဖြစ်နေတယ် 😅)
တချို့က မီးရှို့ကြပါတယ်၊ မီးရှို့လို့ ထွက်လာတဲ့ ဓာတုပစ္စည်းတွေဟာ လေထုညစ်ညမ်းစေသလို၊ ကျွန်တော်တို့ ကမ္ဘာကြီးကို နေရောင်ခြည်ရဲ့အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေရန်က ကာကွယ်ပေးထားတဲ့ Ozone လွှာကိုပျက်စီးစေပါတယ်။

အဲ့ဒါတွေကြောင့် ရုတ်တရက်ကြီး ကင်ဆာထ မဖြစ်သွားပေမယ့်
- ရေရှည်ကျန်းမာရေးအတွက်ရော
- ပတ်ဝန်းကျင် ညစ်ညမ်းမှုပါဖြစ်စေလို့ ဖော့ အသုံးလျှော့ချကြပါစို့ဗျာ

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

ရာသီဥတုက မိုးကုန်ခါနီးကို ဆောင်းကျော်ပြီး နွေတန်းဝင်သလို အပူရှိန်မြင့်လာတဲ့အတွက်အပူနဲ့ဆိုင်တဲ့ ရောဂါ လက္ခဏာတွေ စတင်ပြီး ...
05/10/2026

ရာသီဥတုက မိုးကုန်ခါနီးကို ဆောင်းကျော်ပြီး နွေတန်းဝင်သလို အပူရှိန်မြင့်လာတဲ့အတွက်
အပူနဲ့ဆိုင်တဲ့ ရောဂါ လက္ခဏာတွေ စတင်ပြီး ခံစားနေကြရပါပြီ

အပူဒဏ်ကာကွယ်ရေး အသိ သတိရှိကြစေဖို့ မျှဝေပေးလိုက်ရပါတယ်

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

#အပူဒဏ်ကာကွယ်ရေး

မိုးရာသီမကုန်သေးပေမယ့် အခုရက်ပိုင်းရာသီဥတုအပူချိန်မှာ အလွန်မြင့်မားနေပါတယ်

အားလုံးသိကြတဲ့အတိုင်း အပူ ဆိုတာများရာကနေ နည်းရာကို ကူးပြောင်းတာမလား
👉 ၃၇ Degree Centigrade (98.6 degrees Fahrenheit) ခန္ဓာကိုယ်အပူချိန် ရှိတဲ့ကျွန်တော်တို့ ကိုယ်တွင်းက အပူကို ပြင်ပကိုစွန့်ထုတ်နိုင်ဖို့မရှိပဲ
🚨🚨🚨 ပြင်ပ က အပူတွေက သာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲ ဝင်လာဖို့ ရှိတာ သတိပြုမိကြမယ်ထင်ပါတယ်
ခန္ဓာကိုယ်က အပူတွေ အပြင်ကိုမထုတ်နိုင်ရင် အပူချိိန် တဖြည်းဖြည်းတက်တက်လာပြီး Heat Related Illness- အပူဆိုင်ရာရောဂါတွေဖြစ်လာပါလိမ့်မယ်
#ဘာတွေခံစားရမလဲ ❓
- အာခေါင်ခြောက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းမူးခြင်း
- ခေါင်းကိုက်ခြင်း
- မိတ်ဖုအယားဖုထွက်ခြင်း
- ချွေးမထွက်နိုင်တော့ခြင်း (ချွေးခြောက်ခြင်း)
- ကိုယ့်အပူချိန်မြင့်တက်ခြင်း
- ကြွက်တက်ခြင်း
- သတိလစ်ခြင်းမှသည်
- အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်

ဒီရက်ပိုင်းနေလို့မကောင်းတာကို Paracetamol တွေသောက်တာ အဖျားဖြတ်ဆေးဆိုတဲ့ (အကိုက်ခဲပျောက်ဆေးတွေ မထိုးကြပါနဲ့) 🙏🙏🙏

ကိုယ်တွင်းက အပူတွေကျဖို့က နည်းလမ်း (၂) ခုပဲရှိပါတယ်

1. ပတ်ဝန်းကျင်အပူချိန်ကို အေးအောင်လုပ်တာ
2. ချွေးထွက်ပြီးအပူတွေထုတ်တာ
__________
1. #ပတ်ဝန်းကျင်အပူချိန်ကို_အေးအောင်လုပ်တာ
- အေးတဲ့နေရာရှာနေကြပေါ့ (အပင်ရိပ် သစ်ရိပ်ဝါးရိပ်ပေါ့) အရိပ်ရှိတဲ့နေရာမှာပဲ နေသင့်တာပါ
- အိမ်ထဲမှာနေလည်း အေးတဲ့နေရာရှာနေကြပါ (ကျွန်တော်တို့ရန်ကုန်က အုတ်တိုက်ကျဉ်းကျဉ်းတွေမို့ အိမ်ထဲနေလည်း အပူချိိန်က မနည်းမနေပါပဲ)
- ပန်ကာ တို့ Aircon တို့ ဆိုတာကလည်း မီးလာမှ (မီးအားပြည့်မှ သုံးရတာမလား) အခု သူတို့တောင်ပူကျွတ်နေလို့ ယပ်ပြန်ခပ်ပေးနေရတယ်လေ😅😁

2. #ချွေးထွက်ပြီးအပူတွေထုတ်တာ
ပြင်ပ အပူချိန်မြင့်တဲ့အချိန် ကိုယ်တွင်းအပူတွေထုတ်ဖို့နည်းလမ်းကတော့ ချွေးထွက်တာပါ - ချွေးအငွေ့ပျံတာနဲ့အတူအပူတွေစုပ်သွားတာပေါ့
ချွေးထွက်ဖို့က ခန္ဓာကိုယ်ထဲ ရေအလုံအလောက်ရှိရပါတယ် ရေအလုံအလောက်ရှိဖို့
- ရေ အရည်များများသောက်ပါ ချွေးထွက်များလွန်းက ဓာတ်ဆားရည်ပါသောက်ပါ
- ရေဘယ်လောက်သောက်ရမှာလဲ ဆိုတာက (ကိုယ်ချွေးဘယ်လောက်ထွက်နေတာလဲ ဆိုတာမှ မှန်းလို့မှ မရတာ)ဆီး တစ်နေ့ တစ်လီတာအနည်းဆုံး သွားအောင်သောက်ပါ (နှစ်နာရီတစ်ခါလောက်မှ ဆီးမသွားရင် ရေအသားကုန်သာလိုက်သောက်ပါတော့)
- အရည်ဖြစ်ပေမယ့် (အရက် ဘီယာ ကော်ဖီ လက်ဖက်ရည်ကတော့ ရှောင်သင့်ပါတယ်)
____________
* နေအပူတိုက်ရိုက်ထိခြင်းကိုရှောင်ပါ အရိပ်ထဲပဲနေပါ
* မဖြစ်မနေအပြင်ထွက်ရလျှင်
- ထီး ဦးထုပ်သေချာဆောင်းပါ
- ပွပွချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ပါ
- အရိပ်ထဲ နားနားပြီး သွားပါ
* နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း
* မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင်အောက်တွင် ရေမချိုးပါနှင့်
* ပူအိုက်လို့ဆိုပြီး ရေစိုဝတ်နဲ့နေတာ ၊ ရေစိုအဝတ်ခင်းအိပ်တာ ၊ ရေချိုးပြီး ရေခြောက်အောင်မသုတ်တာတွေ ရှောင်ရပါမယ်
_____________
လူက မူးရိပ်ရိပ်ဖြစ်လာပြီ ၊အာခေါင်တွေခြောက်ပြီး နေရတာမကောင်းဖြစ်လာလျှင် ရေနှင့်ဓာတ်ဆား အမြန်ဆုံးသောက်ပါ (အများကြီးသောက်ပါ)
အရေပြားက ပူကျွတ်နေပြီး ချွေးမထွက်တော့လျှင်
ကယောင်ကတမ်းဖြစ်လာလျှင် ပတ်ဝန်းကျင်ကိုအကူညီတောင်းပြီး ဆေးရုံအမြန်ပို့ပါ
လူနာက အသိရှိလျှင် ရေနှင့်ဓာတ်ဆား အမြန်ဆုံးတိုက်ပါ (အများကြီးတိုက်ပါ)
(အိမ်မှာ ဆေးရုံသွားဖို့စောင့်နေစဉ်/ဆေးရုံသွားတဲ့လမ်းမှာ) ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးပါ
__________
သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များ
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ
နာတာရှည်ရောဂါခံစားနေရသူများ အထူးသတိပြုကြပါ
ရေကိုအတိုင်းအတာနှင့်သောက်နေရတဲ့ နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ အသည်းရောဂါ ရှင်များအနေနဲ့ တစုံတရာထူးခြားတာနဲ့ မိမိတို့၏ ဆရာဝန်များနှင့် ဆက်သွယ်တိုင်ပင်ကြပါ

(Photo credit; Sudbury)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

 #ရေသန့်ဘူးတွေထဲပဲရေပြန်ပြန်ထည့်ပြီးသုံးဖြစ်နေတယ် #ရေပဲထည့်တာဆိုတော့ဆေးလည်းမဆေးဖြစ်ဘူး                  ကျွန်တော်တို့က ရ...
04/10/2026

#ရေသန့်ဘူးတွေထဲပဲရေပြန်ပြန်ထည့်ပြီးသုံးဖြစ်နေတယ်
#ရေပဲထည့်တာဆိုတော့ဆေးလည်းမဆေးဖြစ်ဘူး


ကျွန်တော်တို့က ရေသန့်ဝယ်သောက်ပြီးရင် ဘူးခွံကို မစွန့်ပစ်ပဲ (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အနေနဲ့ 😬😅 ရေထည့်ပြီးပြန်လည် အသုံးပြုကြပါတယ်)
👉 ပလတ်စတစ်ရေသန့်ဘူးတွေဟာ (Single use) တစ်ခါသုံးအတွက်ပဲ ထုတ်ထားတာဖြစ်ပါတယ်၊
🚨 ဘူးခွံ အပေါ်မှာပါတဲ့ Expired Date ဟာ ဘူးထဲပါတဲ့ရေ ရဲ့ Expired Date မဟုတ်ပဲ **ဘူးခွံ Plastic ရဲ့ Expired Date ဖြစ်ပါတယ်။ အဲ့ဒီရက် ကျော်ရင် ဘူးခွံ က ဓာတုပစ္စည်းတွေ ရေထဲကိုပျော်ဝင်လာပြီး လူတွေကို #အဆိပ်သင့်စေမှာဖြစ်ပါတယ်

အဲ့ဒီရက်မတိုင်ခင် သုံးကြမယ် ဆိုရင်တော့
✳️ နေ့စဉ် ရေဆေးပြီး အသုံးပြုပါ
✳️ တစ်ပတ်တစ်ကြိမ် သေချာစွာဆေးကြောပါ

ဘာလို့လဲ ❓

ကျွန်တော်တို့ ရေသောက်လိုက်တဲ့ ပါးစပ် ၊ လက် တွေနဲ့ ပတ်ဝန်းကျင်က ပိုးမွှားတွေက ဘူးပေါ်မှကျန်ခဲ့ပြီး ပေါက်ပွါးကြီးပြင်းပွါးများကြပါတယ်
နေ့စဉ်ရက်ဆက် ရေသေချာမဆေးပဲ ထပ်ခါ ထပ်ခါ အသုံးပြုခြင်းဖြင့် ပိုးမွှားတွေကို မွေးမြူသောက်သုံးသလိုဖြစ်နေတဲ့အတွက်
👉 မကြာခဏ နေမကောင်းဖြစ်ခြင်း
👉 အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာအစဉ်အမြဲကြုံနေရခြင်း တွေရှိနေတတ်ပါတယ်

___________
ဓာတုပစ္စည်းတွေ အန္တရာယ်က ကင်းဝေးဖို့က Plastic ရေဘူးတွေမသုံးပဲ ဟိုးအရင်ကလို
✳️ ဖန်ပုလင်းတွေသုံးရပါမယ်
✳️ ဖန်ပုလင်းတွေ သုံးလည်း နေ့စဉ် ဆေးကြောသန့်စဉ်ရပါမယ်ဗျာ

အရေပြား ပြဿနာတွေကြုံတွေ့နေရလို့ အရေပြားဆေးခန်းတွေပြ ပိုက်ဆံတွေကုန်ကြနေပေမယ့်
👉 အိပ်ယာခင်း ခေါင်းအုံးစွပ် မှန်မှန်မလဲဘူး
👉 မျက်သုတ်ပဝါ မှန်မှန်မလျှော်ဘူး ၊ သန့်ရှင်းခြောက်သွေ့နေအောင် လှမ်းမထားဘူး
👉 အိပ်ခန်းလေဝင်လေထွက် မကောင်းဘူး ၊ နေရောင်မရဘူး ဆိုရင် အရေပြားကျန်းမာလာဖို့ ခက်ခဲပါတယ်
အဲ့လိုပါပဲ
(ရေသန့်စက်သုံးနေတာပဲ) ရေပုလင်းတွေ မဆေးပဲ ထပ်ခါ ထပ်ခါ အသုံးပြုခြင်းကနေ အူလမ်းကြောင်းကျန်းမာရေး/အထွေထွေကျန်းမာရေး ချို့တဲ့နိုင်ကြောင်းပါဗျာ

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

 #ကိုယ်တစ်ခြမ်း_လှုပ်လို့မရတော့ဘူး_မျက်နှာရွဲ့သွားတယ် #လေဖြတ်သွားတယ်_ဘာလုပ်ရမလဲ ❓လေဖြတ်တယ်ဆိုတာဦးနှောက်ရဲ့အစိတ်အပိုင်း တ...
03/10/2026

#ကိုယ်တစ်ခြမ်း_လှုပ်လို့မရတော့ဘူး_မျက်နှာရွဲ့သွားတယ်
#လေဖြတ်သွားတယ်_ဘာလုပ်ရမလဲ ❓

လေဖြတ်တယ်ဆိုတာ

ဦးနှောက်ရဲ့အစိတ်အပိုင်း တချို့ သေသွားပြီး => ထိုအစိတ်အပိုင်း က ထိန်းချုပ်တဲ့ ခန္ဓာကိုယ် (ခြေ/လက်/မျက်နှာ) မလှုပ်ရှားနိုင်တော့ခြင်းဖြစ်ပါတယ်။

ဦးနှောက်ရဲ့အစိတ်အပိုင်း တချို့ သေသွားရတဲ့ အကြောင်းရင်းကတော့

- သွေးကြောအထဲ သွေးခဲပိတ်တာ (Ischaemic Stroke)
- သွေးကြောပေါက်တာ (Haemorrhagic Stroke)
စတာတွေကြောင့်ဖြစ်ပါတယ်။

1. လေဖြတ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေရှိပါသလဲ ❓
2. ဆောင်းတွင်းမှာ ဘာလို့ လေပိုဖြတ်ကြတာလဲ ❓
3. လေမဖြတ်ရအောင် ဘယ်လို ကာကွယ်ကြမလဲ ၊ လေဖြတ်ကာကွယ်ဆေးဆိုတာရှိလား ❓
4. လေဖြတ်လူနာကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်ရင် ဘာတွေ ဂရုစိုက်ကြရမှာလဲ ❓
5. အခုနောက်ဆုံးပေါ်ကုသနည်း ဖြစ်တဲ့ သွေးခဲဖျော်ဆေးသွင်း ကုသနည်းအကြောင်း

တစုတည်း စုထားပေးပါမယ်။

Thrombolytic Therapy ဆိုတဲ့ လေဖြတ်လူနာကို သွေးခဲဖျော်ဆေးသွင်း ကုသနည်းအကြောင်း ဆောင်းပါးရေးလိုက်တဲ့အခါ

- ပိုက်ဆံမရှိရင် ဒီတိုင်းထားလိုက်ရမှာလား ဆိုတဲ့ comment တွေ တွေ့ရပါတယ်။

သွေးခဲဖျော်ဆေးသွင်း ကုသနည်း ဟာ ရန်ကုန်၊ မန္တလေး နေပြည်တော် စတဲ့မြို့ကြီး တွေက ဦးနှောက်အာရုံကြောဌာနရှိတဲ့ဆေးရုံကြီးတွေမှာ နဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေမှာ မှ ကုသမှုပေးနိုင်တဲ့အပြင်

လက္ခဏာစပေါ်ချိန်မှ ၄နာရီခွဲ အတွင်း ဆေးရုံရောက်မှ သာ ကုသမှုပေးနိုင်ပါတယ်။

အဲ့ဒီလိုအပ်ချက်တွေ မပြည့်စုံရင်
👉 Standard Treatment ပုံမှန် ကုသမှုရှိပါတယ်။

သွေးခဲဖျော်ဆေးအကြောင်း ရေးရတာက လေဖြတ်ပြီဆိုရင်
- နှိပ်တာတို့
- လက်ထိပ်တွေ သွေးဖောက်တာတို့
- သံပရာသီးလှိမ့်တာတို့ နဲ့ အချိန်မဖြုန်းစေချင် လို့ပါ။

1. လေဖြတ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေရှိပါသလဲ ❓

https://www.facebook.com/104993831383029/posts/127567655792313/

2. ဆောင်းတွင်းမှာ ဘာလို့ လေပိုဖြတ်ကြတာလဲ ❓

https://www.facebook.com/104993831383029/posts/155146139701131/

3. လေမဖြတ်ရအောင် ဘယ်လို ကာကွယ်ကြမလဲ ၊ လေဖြတ်ကာကွယ်ဆေးဆိုတာရှိလား ❓

https://www.facebook.com/104993831383029/posts/509563567592718/?d=n

4. လေဖြတ်လူနာကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်ရင် ဘာတွေ ဂရုစိုက်ကြရမှာလဲ ❓

https://www.facebook.com/100058278781320/posts/474577254494897/?d=n

5. အခုနောက်ဆုံးပေါ်ကုသနည်း ဖြစ်တဲ့ သွေးခဲဖျော်ဆေးသွင်း ကုသနည်းအကြောင်း

https://www.facebook.com/100058278781320/posts/495219619097327/?d=n

ဒီလောက်ဆို လေဖြတ်ရောဂါအကြောင်းတော်တော် တီးမိခေါက်မိကြမယ်လို့ ယူဆပါတယ်။
(Original Post; Sep,2022 👉 https://www.facebook.com/100058278781320/posts/498508922101730/?d=n)
(Photo credit; Angel Initiative)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

 #ထမင်းစားပြီးသိပ်မကြာဘူး_မျက်လုံးတွေစင်းလာတာ #ဘယ်လိုမှထိန်းလို့ကိုမရဘူး             ထမင်းလုံးစီတယ် ဆိုပြီး ငယ်ငယ်ကတော့ ...
02/10/2026

#ထမင်းစားပြီးသိပ်မကြာဘူး_မျက်လုံးတွေစင်းလာတာ
#ဘယ်လိုမှထိန်းလို့ကိုမရဘူး



ထမင်းလုံးစီတယ် ဆိုပြီး ငယ်ငယ်ကတော့ နှပ်ကြတာပေါ့ ၊
ကြီးလာတဲ့အခါကျတော့ နေ့လည်စာစားပြီး အလုပ်ဆက် လုပ်ရသလို ၊ စာသင်ချိန်တွေကလည်း အဲ့အချိန်ကျမှ ဆက်တိုက်ဖြစ်နေလို့ တော်တော်ကို ဒုက္ခရောက်ရပါတယ်။

အထူးသဖြင့် စားတာများပြီး ပြည့်အင့်နေတဲ့ အပြင် ငုတ်တုတ်ထိုင်ပြီး ငြိမ်ငြိမ်လေးအလုပ်လုပ်ရင်တော့ ကမ္ဘာအလေးဆုံး အရာဟာ မျက်ခွံဖြစ်လာပါလိမ့်မယ်။

အစား စားတိုင်းဖြစ်လားဆိုတော့ မဟုတ်ပါဘူး တချို့အစားတွေစားရင် ပိုပြီး အိပ်ငိုက်ပါတယ်။
အဓိက တရားခံက Tryptophan ဆိုတဲ့ အသားဓာတ်ပါ
ဘယ်လို အစားအသောက်တွေက Tryptophan များတာလဲ ❓
- ကြက်ဆင်
- ဥ အမျိုးမျိုး
- တို့ဟူး
- Cheese
- ငါး (အထူးသဖြင့် ငါးသလောက် ပေါ့)
- ဟင်းနုနွယ်
- ပဲပိစပ် စတဲ့ အစားတွေစားမိရင် ပုံမှန်ထက်ပိုပြီး အိပ်ငိုက်ပါတယ်။

တခြားဟာတွေတော့ မသိပေမယ့် Cheese နဲ့ ငါးသလောက်ကတော့ စားပြီးတာနဲ့ မျက်စိဖွင့်မနိုင်တော့ပါဘူး 😅

Tryptophan များတာနဲ့ ဘာလို့_အိပ်ချင်ရတာလဲ ❓
ကျွန်တော်တို့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ဖို့ လျှပ်စစ်ပတ်လမ်းတွေကိုအသုံးပြုသလို၊ ဓာတ်ပစ္စည်းတချို့ကိုလည်း အသုံးပြုပါတယ်
အဲ့အထဲက Serotonin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ Sleep Cycle လို့ခေါ်တဲ့ အိပ်ခြင်းနိုးခြင်းစက်ဝန်း ကို ထိန်းချုပ်ပါတယ်။

Serotonin ကို Tryptophan ကနေ တည်ဆောက် ထားတာဖြစ်လို့
👉 Tryptophan များရင် Serotonin များပါတယ်။
👉 Serotonin တွေ များတော့ အိပ်ငိုက်တယ် လို့ပြောလို့ရပါတယ်။

နောက် ဓာတ်ပစ္စည်းတစ်မျိုးက Melatonin ပါ။ အိပ်ဆေးအနေနဲ့ သိကြပါတယ်။ Cherries သီးတွေက Melatonin ကိုများစေပါတယ်။

ကဆီဓာတ် (ထမင်း၊ ဂျုံ) စတာတွေ အများကြီးစားတဲ့အခါ မှာလည်း သွေးတွင်းသကြားဓာတ်ထိုးတက်သွားပြီး Insulin ထွက်လာကာ သကြားဓာတ်တွေကို Cells တွေထဲ ဝုန်းခနဲဆွဲသွင်းလိုက်ခြင်းကလည်း အပြည့်အအင့်စားပြီး အိပ်ငိုက်စေတဲ့အချက်တွေထဲက တစ်ခုပါပဲ။

ငှက်ပျောသီး မှာပါတဲ့ တချို့ သတ္တုဓာတ်တွေက ကြွက်သားတွေကို Relax (ပျော့ပြောင်းစေပါတယ်) - အညောင်းအညာပြေတယ်ပေါ့
ကျွန်တော်တို့ အနှိပ်ခံတဲ့အခါ အကြောအချင်တွေ ပြေသွားရင် အိပ်ငိုက်လာသလို - ငှက်ပျောသီးစားရင်လည်း အကြောအချင်တွေ ပြေလာလို့ အိပ်ငိုက်ပါတယ်။
ညဘက် ကောင်းကောင်း အိပ်ရေးမဝရင် အစားစားပြီး ငိုက်တာ ပိုဆိုးတတ်ပါတယ်။
---------
အဲ့တော့ ပြန်ခြုံရရင်

👉 ဘာစားစား စားတာများရင် ငိုက်ပါတယ်
👉 စားတာ မများလည်း တချို့အစားအသောက်တွေက ငိုက်စေပါတယ် (Cheese, ငါးသလောက်, ငါးမြစ်ချင်း)
👉 တချို့ အသီးအရွက်တွေကတောင် ငိုက်စေပါတယ် (Cherries, ဟင်းနုနွယ်)
👉 အစားစားပြီး ငှက်ပျောသီး စားတတ်တဲ့သူဆိုရင် တော့ ဆိုဖွယ်ရာမရှိ ငိုက်ပြီပေါ့

ဒီဆောင်းပါးကို နေရာ (၂) မျိုးသုံးလို့ရပါတယ်။

1. အစာစားပြီး အလုပ်မှာ #အိပ်မငိုက်ချင်တဲ့သူတွေက
- နေ့လည်စာကို အများကြီးမစားပါနဲ့
- (အပေါ်မှာပြောထားတဲ့ အစာတွေလည်း ရှောင်ပေါ့)
- ဗိုက်ကြီး ပြည့်အင့်တာကို ထိုင်နေရင် ငိုက်မှာဖြစ်လို့ နေ့လည်စာစားပြီး လမ်းလျှောက်ပါ

2. အိပ်မပျော်တဲ့ သူတွေ/စိတ်ဖိစီးမှုများတဲ့သူတွေက
အပေါ်ကပြောထားတဲ့အစာတွေထဲက အန္တရာယ်ကင်းတာတွေ များများစားပေါ့
- Berries သီးတွေ
- ငှက်ပျောသီး
- ဟင်းနုနွယ်
- ငါး စတာတွေ စားပေးပေါ့။

ဒီလောက်ဆိုရင် အစာစားပြီး
🧐 ဘာလို့ အိပ်ချင်ရတာလဲဆိုတာရယ်
🧐 တချို့ရက်တွေ အိပ်ငိုက်ပေမယ့် တချို့ရက်တွေဆို မငိုက်ရတဲ့
အကြောင်းရင်းကို နည်းနည်းသဘောပေါက်ကြမယ်လို့ ယူဆပါတယ်။

(Ref; Healthline)
(Photo credit; Medical News Today)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

 #ဆီးချိုသမားဘာစားရမလဲ_ဟိုဟာရှောင်ခိုင်းဒီဟာရှောင်ခိုင်းဒီဟာရှောင်ခိုင်းနဲ့ #ဘာစားလို့ရတယ်ကြတော့မပြောကြဘူး 🥺ဆရာတို့ဟာက ရ...
01/10/2026

#ဆီးချိုသမားဘာစားရမလဲ_ဟိုဟာရှောင်ခိုင်းဒီဟာရှောင်ခိုင်းဒီဟာရှောင်ခိုင်းနဲ့
#ဘာစားလို့ရတယ်ကြတော့မပြောကြဘူး 🥺

ဆရာတို့ဟာက ရှောင်စရာတွေချည်းပြောနေတော့ ထမင်းနဲ့ရေ ပဲ ရှိတော့တယ်
ဒါတောင် ထမင်းစားရင် ဆီးချိုတက်တယ်ပြောကြသေးတာ

ဆီးချိုရောဂါဟာ ကျွန်တော်တို့လိုအစားကြိုက်တဲ့လူတွေမှာ အဖြစ်များပါတယ်
နာတာရှည်ရောဂါဖြစ်တာကြောင့်
တစ်နှစ် နှစ်နှစ် ပဲ ရှောင်ရတာမဟုတ်ပါဘူး ဘဝ တလျှောက်လုံးရှောင်ရတာဖြစ်လို့ အရမ်းကြီးတင်းကြပ်တဲ့မဖြစ်နိုင်တဲ့ လမ်းညွှန်မှုတွေဟာ မအောင်မြင်တတ်ပါဘူး။ သေကာမှသေရောဟယ် စားပစ်လိုက်တော့မယ်ဖြစ်ကုန်ကြပါတယ်

ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ဆီးချိုမတက်ဖို့အရေးကြီးသလို အာဟာရချို့တဲ့မသွားဖို့ကလည်း အရေးကြီးပြန်ပါတယ် - ဆိုတော့ကာ ဘာတွေစားကြမလဲ

အရေးကြီးဆုံးမှတ်ထားရမှာက
1. Balance diet ဆိုတာဖြစ်ဖို့ အစာအုပ်စုကြီးတွေစုံအောင်စားရပါမယ်
2. ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့် ၊ နံပြား၊ ပလာတာ စတာတွေဟာ ကဆီဓာတ် တွေမို့ စားရင်စားသလောက် ဆီးချိုတက်ပါလိမ့်မယ်
3. ဘာစားစား အသားတွေအများကြီးစားလည်း ခန္ဓာကိုယ်အတွက်လိုအပ်တာထက်ပိုရင် ဆီးချိုတက်ပါလိမ့်မယ်
4. ဆီးချိုနို့မှုန့် ဆိုတာတွေက အစာမစားနိုင်တဲ့ ဆီးချိုဝေဒနာရှင်တွေ အတွက်အာဟာရတွေဖြစ်တာကြောင့် စားနိုင်သောက်နိုင်လူတစ်ယောက်ဟာ ဆီးချိုနို့မှုန့်ထပ်သောက်စရာမလိုပါဘူး (ဆီးချိုနို့မှုန့်ဆိုပြီး ဆီးချိုရှိတာနဲ့ သောက်ရတယ် ထင်နေကြလို့ပါ)
_____________
အများကြီးစားလို့ရတာကတော့
ဟင်းနုနွယ်၊ ကညွတ်၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဘီစိမ်း စတဲ့ အစိမ်းရင့်ရောင်ရှိတဲ့ #ဟင်းသီးဟင်းရွက်တွေပါ ၊ ကြိုက်သလောက်စားလို့ရပါတယ်
ဟင်းသီးဟင်းရွက်တွေမှာ သက်စောင့်ဓာတ်လို့ခေါ်တဲ့ Vitamins & Minerals တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်များစွာ အကျိုးရှိပါတယ်
Fibre ဆိုတဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်လို့ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။
အသီးအနှံလည်း စားသုံးလို့ရပါတယ် - ထောပတ်သီး၊ စတော်ဘယ်ရီသီး ၊ သခွါးမွှေး စတာတွေကတော့ အရသာလည်းရှိတော့ စားဖြစ်ကြမှာပါ (စားလို့ရပါတယ်)
အသီးစားလို့ရပေမယ့် အသီးတွေကိုဖျော်ရည်တွေတော့ မသောက်ရပါဘူး - အရည်ညှစ်လိုက်တဲ့အခါ ကျန်းမာရေးအတွက်အကျိုးရှိတဲ့ အမျှင်ဓာတ်တွေပါမလာတော့ပဲ အချိုဓာတ်တွေချည်းပါလို့ ဆီးချိုတက်ပါတယ်

အသားလည်း ကြိုက်နှစ်သက်ရာစားလို့ရပေမယ့် အဆီများတဲ့ ဝက်သားလိုအသားမျိုးစားမယ့်အစား ငါးများများစားသုံးခြင်းဟာ Omega 3 ပါရရှိလို့ နှလုံးကျန်းမာရေးအတွက် အများကြီးအကျိုးရှိပါတယ်

ကြက်ဥ စားလို့ရပါတယ် တစ်နေ့တစ်လုံးစားပေးခြင်းဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်
ဒိန်ချဉ် သောက်လို့ရပါတယ် (သကြား တော့ မရဘူးပေါ့)

ပဲအမျိုးမျိုး ၊ အစေ့အဆံ တွေရပါတယ် - အသားဓာတ် နဲ့ Vitamin E ပြည့်ဝတာပေါ့ (Uric acid များနေရင်တော့ သတိထားရပါမယ်)

ဆီအနေနဲ့က Olive oils သုံးလျှင်အကောင်းဆုံးဖြစ်ပြီး ပဲဆီ ၊ နှမ်းဆီ ၊ နေကြာဆီ တွေလည်းသုံးလို့ရပါတယ်။ ဆီစျေးကြီးတာသုံးတော့ နည်းနည်းပဲ သုံးဖြစ်ပြီး အကျိုးပိုရှိတာပေါ့ (**အရေးကြီးတာက လိုသလောက်ပဲ ထည့်သုံးဖို့ပါ - ပိုတဲ့ ဆီတွေ (Trans fat) သမျောပြီးပြန်သုံးခြင်းဟာလည်း ကျန်းမာရေးထိခိုက်ပါတယ်)

နာမည်ကြီးနေတဲ့ Shirataki noodles - ဝ ဥခေါက်ဆွဲ
ဆိုတာကိုလည်း ဆန္ဒရှိရင်စားလို့ရပါတယ် (အကျိုးရှိပါတယ်)
______________
❌ ကိတ်မုန့်အမျိုးမျိုး စတဲ့ မုန့်အချိုတွေ
❌ အသီးဖျော်ရည်အပါ အဝင် အချိုရည်တွေ နဲ့
❌ သကြားကတော့ လုံးဝ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
❌ ဆေးလိပ် V**e Pod မူးယစ်ဆေးလည်း ရှေဋရာင်ရပါမယ်
❌ ဆီးချိုဝေဒနာရှင်အများစုဟာ အသည်းအဆီဖုံးတာပါ ရှိတတ်လို့ B**r, W**e ကစလို့ အရက်အမျိုးမျိုး မသောက်သင့်ပါဘူး (ထန်းရည်၊ ခေါင်ရည် အကုန်ပါပါတယ်)
_____________
စားသမျှဟာ Glucose ဖြစ်ပြီး စွမ်းအင်အနေနဲ့ အသုံးမချရင် ဆီးချိုတက်ပါတယ်

လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်လုပ်ပါ
အလေးမ လေ့ကျင့်ခန်းလိုမျိုးမဟုတ်ပဲ
🚶 လမ်းသွက်သွက်လျှောက်တာ
🚴 စက်ဘီးစီးတာ
🏃🏾‍♂️ ပြေးတာ စတာတွေကို ချွေးထွက်အောင်ပြုလုပ်သင့်ပါတယ်
Yoga ဆော့လည်းကောင်းပါတယ်
______________
ဆီးချိုရောဂါမှာ Glucose ကို ကောင်းစွာမသုံးနိုင်တဲ့အတွက် လူက နုံးနေတတ်ပါတယ် ၊
အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ။
______________
စိတ်ဖိစီးမှုကလည်း ဆီးချိုတက်စေလို့
ပျော်ပျော်နေပါ စိတ်ခံစားမှုတွေထိန်းနိုင်ဖို့ meditation လုပ်ပါ
ဘာသာရေးနှစ်သက်ရာ တဖြည်းဖြည်းလုပ်ပါ။

နေကောင်းကျန်းမာပြီးသက်တမ်းစေ့နေနိုင်ပါလိမ့်မယ်။

(Photo credit; GettyImages)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်
မယ် 💕💕💕 )

Gout အဆစ်ရောင်သူများ ရှောင်ရန်အစာများကိုအမေးများတဲ့အတွက် သီးသန့်ရေးသားလိုက်ပါတယ်ကလီစာ ဝမ်းတွင်းသား (အသည်း ကျောက်ကပ် နှလု...
30/09/2026

Gout အဆစ်ရောင်သူများ ရှောင်ရန်အစာများကိုအမေးများတဲ့အတွက် သီးသန့်ရေးသားလိုက်ပါတယ်

ကလီစာ ဝမ်းတွင်းသား (အသည်း ကျောက်ကပ် နှလုံး)
အရက် - b**r, W**e
Red meat - အမဲသား၊ ဆိတ်သား၊ဝက်သား စတာတွေက လျှော့စားရပါမယ်
သကြား နှင့် အချိုရည်များ ၊ ပြောင်းဖူး ၊ မုန့်အချိုများ
ငါးသေးသေးလေးများ - ငါးနီတူ ။ Shellfish- ဂဏန်း ၊ ခရု၊ ကမာ၊ ဂုံး၊ ပုစွန် ၊ ကျောက်ပုစွန် ။ Sardine ငါး
ပဲ နှင့် အသီးအနှံအချို့တွင် Purine ပမာဏများများ ပါဝင်ပါတယ်
(ဟင်းသီးဟင်းရွက်များကြောင့် အဆစ်ရောင်ခြင်း
#ရှားပါးပါသော်လည်း - အဆစ်ရောင်တတ်တဲ့သူများအနေနဲ့ လျှော့စားသင့်ပါတယ်) - ပဲပင်ပေါက် ၊ မှို၊ မျှစ်၊ ကညွတ်၊ ဟင်းနုနွယ် ၊ ပန်းဂေါ်ဖီ ၊ အာလူး။

မြေပေါ်မြေအောက် ၆ လက်မ လို့အလွယ်မှတ်တတ်ကြတဲ့အတွက်
Berries သီးတွေ စားလို့ရလားလို့ မေးတတ်ကြပါတယ် #စားလို့ရပါတယ် (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ - စတာတွေဟာ Purine ပမာဏနည်းသလို
အဆစ်ရောင်ခြင်းနှင့် သက်ဆိုင်မှုမရှိပါဘူး)

နေကြာစေ့ ၊ သီဠိုစေ့ ၊မြေပဲစေ့ စတာတွေမှာ Purine ပမာဏနည်းတယ် ဆိုပေမယ့် တချို့မှာ အစေ့အဆန်တွေစားပြီး အဆစ်ရောင်တတ်လို့ ဆင်ခြင်သင့်ပါတယ်

အရက်၊ b**r W**e နည်းတူ အချိုရည်တွေလည်း ရှောင်ရပါမယ်

(အဆစ်ရောင်ရောဂါ Gout အကြောင်းသိလိုလျှင်
👉 https://www.facebook.com/share/14KVwxzw1i2/?mibextid=wwXIfr )

(Photo credit; TheKitchn)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

 #မျက်လုံးတစ်ဖက်နီရဲနေတာပဲ_ခိုးလိုးခုလုလည်းဖြစ်သေးတယ်            ( #မျက်စိနာခြင်း)ကျွန်တော်တို့ မျက်လုံးမှာ 👉 အဖြူရောင်အ...
29/09/2026

#မျက်လုံးတစ်ဖက်နီရဲနေတာပဲ_ခိုးလိုးခုလုလည်းဖြစ်သေးတယ်
( #မျက်စိနာခြင်း)

ကျွန်တော်တို့ မျက်လုံးမှာ
👉 အဖြူရောင်အပိုင်းကို Conjunctiva လို့ ခေါ်ပြီး
👉 အလယ်က အမည်းကို Cornea လို့ခေါ်ပါတယ်

အမည်းရောင် Cornea ရဲ့ အလယ်မှာ အလင်း (ပုံရိပ်) ဝင်ဖို့ အပေါက် Pupil ရှိပါတယ်။ အဲ့ဒါကြောင့် မျက်လုံးမှာ အဖြူနဲ့ အမည်း ဘယ်ဟာ အရေးကြီးလဲ ဆိုရင် အမည်းက အရေးကြီးပါတယ်။

မျက်လုံးက အဖြူရောင် Conjunctiva ရောင်ရမ်းတာကို Conjunctivitis - မျက်စိနာတယ်လို့ခေါ်ကြပါတယ်။
Conjunctiva ရောင်ရမ်းမှုဖြစ်တဲ့အတွက်
- နီရဲနေပါတယ် (ပန်းရောင်လည်းဖြစ်နိုင်တာပေါ့)
- ခိုးလို့ခုလု ဖြစ်နေပါတယ်
- နာပါတယ်
- မျက်ဝတ်တွေထွက်တာများပါတယ်
မျက်စီ နီပြီးနာတဲ့အတွက် မျက်စိနာတယ်ပေါ့။

ဖြစ်ရတဲ့အကြောင်းရင်း အများဆုံးဟာ
* ဓာတ်မတည့်လို့ပါ (Allergy)
ဒုတိယ အကြောင်းရင်းကတော့
* Virus ကြောင့်ပါ
နောက်ဆုံးကတော့
* Bacteria ကြောင့်ပေါ့
Allergy ကြောင့်ဆိုရင် ယားတာ၊ နီတာ ၊ နာတာ၊ ခိုးလို့ခုလုဖြစ်တာ အပြင် တခြား လက္ခဏာတွေဖြစ်ခဲပါတယ်။
ခုအချိန်မှာ လူအများအပြား မျက်စိနာနေကြပါတယ်။
မျက်စိနာတာအပြင်
- နှာမွှန် ၊ နှာချေ
- ချောင်းဆိုး
- ကိုယ်လက်ကိုက် နုံးတာ အပြင်
- တချို့မှာ ဖျားကြပါတယ်
နီးစပ်ရာလူ တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်က လူတွေ အကုန် ကူးကုန်ပါတယ်
အဲ့ဒါကြောင့် အခုဖြစ်နေတဲ့ မျက်စိနာတာဟာ Virus ကြောင့်နာကြတာအဖြစ်နိုင်ဆုံးပါ ။

မျက်စိ ခဏခဏ ပွတ်တဲ့သူတွေဟာ ပထမတစ်လုံးဖြစ်ပြီး ၄-၅ ရက်ကြာရင် နောက်တစ်ဖက်ကူးတတ်ပါတယ်။ ***မပွတ်ကြပါနဲ့

ပွတ်ရင် Virus တွေဟာ လက်မှာပါသွားပြီး အဲ့လက်နဲ့ ထိသမျှ လူ အကုန် လိုက်ကူးနိုင်ပါတယ်။

😅😁 ကျွန်တော် ငယ်ငယ်ကဆို မျက်စိနာနေတဲ့သူ ကို ကြည့်မိရင် ကူးတယ် ထင်လို့ မျက်စိနာတဲ့သူကို မကြည့်ရဲပါဘူး ။ #ကူးစက်မှုက_ထိတွေ့မှုကနေကူးပါတယ် (Contact Transmission)

ခုဖြစ်နေတဲ့ Virus ဟာ Adenovirus ဖြစ်တယ်လို့ ဆိုကြပါတယ် (Adenovirus Conjunctivitis လို့ခေါ်ပါတယ်)

Virus ကြောင့်ဖြစ်လို့ ကိုယ်ခံအားက သူ့အလုပ်သူလုပ်ပါလိမ့်မယ်
ခံစားရတာသက်သာရအောင်ကတော့
- မျက်ရည်တုခပ်တာ (မျက်စိခြောက်တာ၊ ခိုးလို့ခုလုဖြစ်တာ သက်သာစေပါတယ်)
- ရေများများသောက်တာ
- အာဟာရပြည့်အောင်စားတာ
- ကောင်းကောင်းအနားယူတာ တွေအပြင်
- ရေစိုဝတ်လေးနဲ့ မျက်ခွံပေါ်ကပ်လို့ရပါတယ်

🚨 Virus ဖြစ်လို့ - ပိုးသတ်ဆေးပါတဲ့မျက်စဉ်းဆေး တွေဟာ အကျိုးမရှိပါဘူး
🚨 Virus ဖြစ်လို့ Steroid ပါတဲ့ မျက်စဉ်းတွေဟာ ကိုယ်ခံအားကျစေလို့ ဆေးသုံးကာမှ ပိုအန္တရာယ်များ စေပါတယ်။
ဆေးဆိုင်ကနေ မိမိသဘောနဲ့ မျက်စဉ်းတွေလျှောက်မခပ်ပါနဲ့။
__________
အပေါ်မှာ ရှင်းပြထားသလိုပေါ့
Conjunctivitis မျက်စိနာတာဟာ မျက်စိအဖြူရောင်မှာပဲဖြစ်လို့ အမြင်အာရုံကို မထိပါဘူး။
မျက်စိနာတာ အပြင် အမြင်တွေဝါးလာတာပါဖြစ်ရင် အလယ်က အမည်းရောင် Cornea ပါ ထိတာဖြစ်လို့ အရေးကြီးပါတယ် #မျက်စိဆရာဝန်_အမြန်ပြပါ 🚨

(Photo Credit;Alamy)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်


(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Address

Kawliya 27th Street
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Dr. Phonesithulwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. Phonesithulwin:

Shortcuts

Share