17/09/2026
လူကြီးမိဘတွေအတွက် အံကပ် (Denture) ပြုလုပ်ပေးတော့မယ်ဆိုရင် ဒါလေးတွေ ကြိုသိထားဖို့ လိုပါမယ် 👴👵❤️
ချစ်ရတဲ့ မိဘတွေ အသက်အရွယ်ရလာတဲ့အခါ သွားတွေမရှိတော့တာ၊ အစားကောင်းကောင်းမစားနိုင်တာမျိုးကို သားသမီးတွေအနေနဲ့ စိတ်မကောင်းဖြစ်ရတတ်ပါတယ်။ အံကပ်အသစ် လုပ်ပေးတော့မယ်ဆိုရင် ဘာတွေသတိထားရမလဲဆိုတာ DR.HiRO က ဗဟုသုတအနေနဲ့ မျှဝေပေးပါမယ်နော်။
အံကပ်ရွေးချယ်ရာမှာ အရေးကြီးဆုံးက သက်တောင့်သက်သာရှိမှု (Comfort) ပါ။ အတိုင်းအတာ မတော်ရင် သွားဖုံးနာပြီး အနာဖြစ်တတ်တဲ့အတွက် မေးရိုးနဲ့ ကွက်တိကိုက်ညီဖို့ အရမ်းအရေးကြီးပါတယ်။
အံကပ်အမျိုးအစားများ -
✅ အံကပ်ပျော့ (Flexible Denture): သွားအချို့ ကျန်သေးသူတွေအတွက် သင့်တော်ပြီး နိုင်လွန်အပျော့စားနဲ့ ပြုလုပ်ထားလို့ ပေါ့ပါးပြီး သွားဖုံးနာတာ သက်သာစေပါတယ်။
✅ အံကပ်မာ (Acrylic Denture): သွားတစ်ပြင်လုံး မရှိတော့သူတွေအတွက် သင့်တော်ပြီး ကုန်ကျစရိတ်သက်သာသလို၊ နောက်ပိုင်း သွားထပ်နှုတ်ရရင်လည်း အလွယ်တကူ ဖြည့်စွက်လို့ရပါတယ်။
✅ သတ္တုအံကပ် (Cast Partial Denture): သတ္တုပြားခံထားလို့ အရမ်းခိုင်ခံ့ပြီး ပါးစပ်ထဲမှာ နေရာယူမှုနည်းတဲ့အတွက် စကားပြောရတာနဲ့ အစားစားရတာ ပိုပြီး သဘာဝဆန်ပါတယ်။
✨ Dr.Hiro Aesthetic Dental Clinic မှာဆိုရင်တော့...
မိဘတွေအတွက် အံဝင်ခွင်ကျအဖြစ်ဆုံး၊ အပေါ့ပါးဆုံးနဲ့ တပ်ထားမှန်း မသိသာစေရတဲ့ သဘာဝအကျဆုံး Denture တွေကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့ စနစ်တကျ တိုင်းထွာ ပြုလုပ်ပေးနေပါပြီ။
မိဘတွေရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးလက်ဆောင်ကို ပေးချင်တယ်ဆိုရင်တော့ Dr.Hiro ကိုသာ ယုံကြည်စွာ လာရောက်ပြသလိုက်ပါနော်။ 🦷❤️
💬 အံကပ်နဲ့ ပတ်သက်ပြီး သိလိုသည်များကိုလည်း Message Box ကနေတဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
DR.HiRO Aesthetic Dental Clinic
09770709500, 09952078980
ဆေးခန်းဖွင့်ချိန်- မနက် ၉:၃၀ မှ ည ၇ နာရီအထိ
အမှတ်(၅၅)ဘီ/ ပထမထပ်၊ သံသုမာလမ်း၊ တောင်ဥက္ကလာ (၇)ရပ်ကွက်၊ မြင်သာစျေးမှတ်တိုင်အနီး (တက်လမ်းဆေးရုံဘေး)။