Smile Caregiver Services 2

Smile Caregiver Services 2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smile Caregiver Services 2, Medical and health, Yangon.

Hospital Care & Home Care
ပြည်တွင်း ပြည်ပ ကျန်းမာရေးဝန်ဆောင်မှု
အတွေ့အကြုံရှိ/ကျွမ်းကျင်သည့် သူနာပြုနှင့်သူနာပြုအကူ ဆရာ/ဆရာမများကို စိတ်ချစွာ ခေါ်ယူလို့ ရပါတယ်။
☎️ 09-794919829
Viber- 09950926264

နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) အထူးကုပြင်ပလူနာကြည့်ရှုမှုအချိန်ဇယား
12/09/2026

နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) အထူးကုပြင်ပလူနာကြည့်ရှုမှုအချိန်ဇယား

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးကို ခေါ်ယူလျက်ရှိပါသည်။✅𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 (𝐖𝐚𝐫𝐝 / 𝐅𝐮𝐥𝐥 𝐓𝐢𝐦𝐞) – 𝟓 𝐩𝐨𝐬𝐭𝐬𝐑𝐞𝐪𝐮𝐢𝐫...
11/09/2026

ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင် အောက်ပါရာထူးကို ခေါ်ယူလျက်ရှိပါသည်။

✅𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫 (𝐖𝐚𝐫𝐝 / 𝐅𝐮𝐥𝐥 𝐓𝐢𝐦𝐞) – 𝟓 𝐩𝐨𝐬𝐭𝐬

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭:
- 𝐌.𝐁.,𝐁.𝐒 𝐃𝐞𝐠𝐫𝐞𝐞 နှင့် ဆမလိုင်စင်သက်တမ်းရှိသူဖြစ်ရမည်။
- 𝐖𝐚𝐫𝐝 အတွက် လျှောက်ထားသူသည် 𝐃𝐚𝐲 / 𝐍𝐢𝐠𝐡𝐭 𝐃𝐮𝐭𝐲 ဆင်းနိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (ဝ-၁နှစ်) မှ စတင်၍ လျှောက်ထားနိုင်ပါသည်။

𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬
⇒ 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐒𝐚𝐥𝐚𝐫𝐲 𝟐,𝟒𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊 𝐚𝐧𝐝 ++++ (𝐧𝐞𝐠𝐨𝐭𝐢𝐚𝐛𝐥𝐞)
⇒ 𝐆𝐚𝐳𝐞𝐭𝐭𝐞𝐝 𝐟𝐞𝐞𝐬 & 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐛𝐨𝐧𝐮𝐬𝐞𝐬
⇒ လုပ်ငန်းအတွေ့အကြုံ၊ လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐈𝐧𝐜𝐫𝐞𝐦𝐞𝐧𝐭
⇒ 𝐘𝐞𝐚𝐫𝐥𝐲 𝐁𝐨𝐧𝐮𝐬𝐞𝐬
⇒ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။

𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
⇒ 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐂𝐚𝐫𝐞 နှင့် ပတ်သက်သော 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 များကို စဉ်ဆက်မပြတ် တက်ရောက်ရန် အခွင့်အရေးရရှိနိုင်ခြင်း။
⇒ 𝐃𝐮𝐭𝐲 ချိန်များညှိနှိုင်းနိုင်ခြင်း။

⇒ ဖယ်ရီလမ်းကြောင်းများ စီစဉ်ထားရှိခြင်း။
*******************************************
✅စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ပင်လုံဆေးရုံ 𝐇𝐑 ဌာနတွင်သော်လည်းကောင်း၊ 𝐞𝐦𝐚𝐢𝐥 မှတစ်ဆင့်သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲ လျှောက်ထားနိုင်ပါသည်။
🔹လိုင်စင်မိတ္တူ။
🔹 ဘွဲ့လက်မှတ်မိတ္တူ။
🔹နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံဓာတ်ပုံ(၂)ပုံ။
🔹သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ။
🔹မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ။
☎𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟏-𝟑𝟓𝟖𝟏𝟔𝟏𝟔 (𝐄𝐱𝐭 : 𝟏𝟎𝟓𝟐)/ 𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐏𝐡: 𝟎𝟗- 𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟏
🟣𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐕𝐢𝐛𝐞𝐫 – 𝟎𝟗- 𝟕𝟕𝟕 𝟎𝟒𝟓 𝟎𝟐𝟏
📧𝐇𝐑 𝐄𝐦𝐚𝐢𝐥 - [email protected]
🕘နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်လျှောက်ထားနိုင်ပါတယ်ရှင်။
📍လိပ်စာ - အမှတ် (၉/၁)၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

07/09/2026

Baby 9လ ကြည့်ရန်

Nurse Aid - 1 ကျွမ်းကျင်

နေစားငြိမ်း - 10/11/12
Off 2day

ယူနီဖောင်းရှိသူ / သန့်ရှင်းသူ

အစမ်း ၃ရက်ရှိ

Long case

8/9.9.2026 စတင်အလုပ်ဝင်နိုင်သူ
vb

မွေးကင်းစကလေးတွေမှာ အသားဝါခြင်း (Neonatal Jaundice) မွေးပြီး ရက်အနည်းငယ်အတွင်း ကလေးရဲ့ မျက်လုံး၊ မျက်နှာနဲ့ အရေပြားတွေ ဝ...
05/09/2026

မွေးကင်းစကလေးတွေမှာ အသားဝါခြင်း (Neonatal Jaundice)

မွေးပြီး ရက်အနည်းငယ်အတွင်း ကလေးရဲ့ မျက်လုံး၊ မျက်နှာနဲ့ အရေပြားတွေ ဝါလာတာ ကို မိဘတော်တော်များများ တွေ့ဖူးကြမှာပါ။
ဒါဟာ သွေးထဲမှာ Bilirubin(ဘီလီရူဘင်) လို့ခေါ်တဲ့ အဝါရောင်ဓာတ်တစ်မျိုး များလာခြင်းကြောင့် ဖြစ်ပါတယ်။

🟡 ဘာကြောင့် မွေးကင်းစကလေးတွေ အသားဝါတတ်တာလဲ?
မွေးကင်းစကလေးတွေရဲ့ သွေးနီဥတွေ ပြိုကွဲတဲ့နှုန်းက လူကြီးတွေထက် ပိုများပြီး၊ အသည်းကလည်း Bilirubinဓာတ် ကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်နိုင်အောင် လုပ်ဆောင်ပေးရာမှာ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။
ဒါကြောင့် မွေးပြီး ၂–၃ ရက်အတွင်း အသားဝါလာတာ ကို မကြာခဏ တွေ့ရတတ်ပြီး အများစုမှာ တဖြည်းဖြည်း ပြန်လည်သက်သာသွားနိုင်ပါတယ်။
ဒါပေမယ့် အသားဝါတိုင်း ပုံမှန်ဖြစ်သည်ဟုမဆိုလိုပါ။

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။
🔸 မွေးပြီး ပထမ ၂၄ နာရီအတွင်း အသားဝါလာခြင်း
🔸 အသားဝါတာ တဖြည်းဖြည်း ပိုများလာခြင်း
🔸 လက်ဖဝါး၊ ခြေဖဝါးအထိ ဝါလာခြင်း
🔸 ကလေးအရမ်းအိပ်ခြင်း၊ နိုးရခက်ခြင်း
🔸 နို့မစို့နိုင်ခြင်း / နို့စို့အားနည်းခြင်း
🔸 အော်သံစူးစူးဖြင့် ပုံမှန်မဟုတ်ဘဲ အော်ခြင်း
🔸 ကိုယ်လက်တောင့်တင်းခြင်း၊ နောက်သို့လန်ခြင်း သို့မဟုတ် တက်ခြင်း
🔸 ဆီးအရောင်အလွန်ရင့်ခြင်း
🔸 ဝမ်းအရောင် ဖြူဖျော့ဖျော့၊ မီးခိုးဖျော့ဖျော့ ဖြစ်ခြင်း
🔸 မွေးပြီး ၂ ပတ်ကျော်တဲ့အထိ အသားဝါနေဆဲဖြစ်ခြင်း

Bilirubin အရမ်းများရင် ဘာဖြစ်နိုင်သလဲ?
Bilirubin အလွန်မြင့်မားလာပါက ဦးနှောက်ထဲဝင်ရောက်ပြီး Acute Bilirubin Encephalopathy (အသားဝါဓာတ်များလွန်းခြင်းကြောင့် ဖြစ်သော ဦးနှောက်ထိခိုက်မှု)ဖြစ်နိုင်ပါတယ်။ ပြင်းထန်လာပါက Kernicterus လို့ခေါ်တဲ့ အမြဲတမ်း ဦးနှောက်ထိခိုက်မှု ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

မိဘတွေအနေနဲ့ ဘာလုပ်သင့်လဲ?
ကလေးကို နို့မှန်မှန်တိုက်ပေးပြီး နို့စို့မှု၊ ဆီးသွားမှု၊ ဝမ်းသွားမှုနဲ့ အသားဝါမှုကို စောင့်ကြည့်ပါ။ အသားဝါတာ သိသာလာရင် မျက်စိနဲ့ကြည့်ရုံနဲ့ Bilirubin ပမာဏကို တိတိကျကျ မသိနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းထံ ပြသပြီး လိုအပ်ပါက bilirubinဓာတ် စစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။
Bilirubin အဆင့်၊ ကလေးရဲ့မွေးဖွားပြီးကြာချိန်၊ ကိုယ်ဝန်ဆောင်သက်တမ်းနဲ့ အခြားအန္တရာယ်အချက်တွေကို ကြည့်ပြီး လိုအပ်ပါက Phototherapy (မီးပြကုသခြင်း) သို့မဟုတ် အခြားကုသမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။
“နေပူလှန်းလိုက်ရင် ရပြီ” ဆိုပြီး ကိုယ့်ဘာသာကုသမနေပါနဲ့။ လိုအပ်တဲ့ Phototherapy ကို နေပူလှန်းခြင်းနဲ့ အစားထိုးလို့ မရပါဘူး။
မွေးကင်းစကလေး အသားဝါတာက အများအားဖြင့် သက်သာသွားနိုင်ပေမယ့် အန္တရာယ်ရှိတဲ့ အသားဝါခြင်းကို အချိန်မီ ခွဲခြားသိရှိဖို့က အရေးကြီးပါတယ်။

အချင်းရှေ့ရောက်ခြင်းဆိုတာဟာ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ 🤰🤰မိခင်ဆီမှ ကလေးလေးဆီကို အောက်ဆီဂျင်နှင့် အာဟာရဓါတ်များ ရောက်အောင်...
01/09/2026

အချင်းရှေ့ရောက်ခြင်းဆိုတာဟာ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ 🤰🤰မိခင်ဆီမှ ကလေးလေးဆီကို အောက်ဆီဂျင်နှင့် အာဟာရဓါတ်များ ရောက်အောင် ပို့ဆောင်ပေးတဲ့ အဓိက ဇာတ်လိုက်ကျော်ကတော့ အချင်းပဲဖြစ်ပါတယ်

ပုံမှန်အားဖြင့် အချင်းဟာ သားအိမ်ရဲ့ အပေါ်ဘက် ဘေးဘက်များမှာ တွယ်ကပ်လေ့ရှိပါတယ်။ တချို့မိခင်များမှာတော့ အချင်းဟာ သားအိမ်ရဲ့ အောက်ခြေနား၊ သားအိမ်အဝနားတွင် လာရောက်တွယ်ကပ်လေ့ရှိပါတယ်။ ဒါကိုပဲ အချင်းရှေ့ရောက်တယ်လို့ခေါ်ပါတယ်

အချင်းရှေရောက်တာ၃ မျိုးဖြစ်အနေနဲ့ဖြစ်နိုင်တယ်
1.သားအိမ်အတွင်းပိုင်းအဝနား အနားသတ်လေးပဲရောက်နေခြင်း
2.သားအိမ်အတွင်းပိုင်းအဝကို အချင်းက အနည်းငယ်ဖုံးနေခြင်း
3.သားအိမ်အတွင်းပိုင်းအဝကို အချင်းက အလုံးစုံ လုံးဝ ဖုံးအုပ်တွယ်ကပ်နေခြင်း တို့ဖြစ်ပါတယ်

📢အချင်းရှေ့ရောက်ရင် ကိုယ်ဝန်အတွက် အန္တရာယ်ရှိလား? ? ?

-ကိုယ်ဝန်ဆောင်ကာလ မိခင်သွေးဆင်းခြင်း
-သွေးဆင်းများပြီး ရှော့ခ်ဖြစ်သွားခြင်း
-အောက်ဆီဂျင်ပြတ်တောက်သွားသောကြောင့် ကလေးဒုက္ခရောက်နိုင်ခြင်း
-ကလေးစောမွေးခြင်း
-ခွဲစိတ်၍မွေးဖွားရတတ်ခြင်း

စသဖြင့်ကြုံရတတ်ပါတယ်

အချင်းရှေ့ရောက်တဲ့အခါ သွေးဆင်းခြင်းကနေစတင်ပြီးတွေ့ရတတ်ပါတယ်။
တချို့ကလည်း အချင်းရှေ့ရောက်တဲ့ degree ကနည်းတော့ ကလေးမွေးတဲ့ထိတိုင်အောင် သွေးဆင်းခြင်းများလည်း မရှိတတ်ကြပါဘူး။
အာထရာဆောင်းရိုက်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ကုသမှုနည်းလမ်းများကတော့ သွေးဆင်းတာနဲ့ သွေးမဆင်းတာနဲ့ဆိုပြီး ဖြစ်တဲ့လက္ခဏာပေါ်မူတည်တာမို့ မိမိမှာ အချင်းရှေ့ရောက်နေခဲ့သော် သွေးဆင်းတာနဲ့ တပြိုင်နက် နီးစပ်ရာဆေးရုံ သို့ ချက်ချင်းသွားရောက်ရပါမယ်။

ဒါကြောင့် မိခင်တို့အနေနဲ့ ကိုယ်ဝန်ရှိနေစဥ် သွေးဆင်းလျှင် မပေါ့ဆအပ်ပါ။ ထို့အပြင် တတ်ကျွမ်းနားလည်သော ဆေးပညာရှင်များနှင့် စောစီးစွာ ကိုယ်ဝန်အပ်သင့်ကြသလို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာလည်း အချိန်မှန် ပုံမှန် ပြန်လည်သွားရောက် ပြသသင့်ပါကြောင်းကို စေတနာဖြင့် မျှဝေပေးလိုက်ရပါတယ်

Dr. May

🔺ကလေးမွေးပြီး ဘယ်လောက်ကြာမှ အတူပြန်နေသင့်ပါလဲ🔻-ကလေးမွေးတာက မေမေတို့အတွက် စိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်လိုက်နိုင်ခြင်းပါပ...
31/08/2026

🔺ကလေးမွေးပြီး ဘယ်လောက်ကြာမှ အတူပြန်နေသင့်ပါလဲ🔻

-ကလေးမွေးတာက မေမေတို့အတွက် စိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်လိုက်နိုင်ခြင်းပါပဲ။
-မွေးကင်းစဘေဘီလေးကိုပြုစုစောင့်ရှောက်ဖို့နဲ့ မီးနေမေမေရဲ့ ကိုယ်စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေနေပြန်ရောက်ဖို့က အရေးကြီးဆုံးဆိုပေမယ့် ဘယ်အချိန်ဆို အမျိုးသားနဲ့ လိင်ပြန်ဆက်ဆံလို့ရပြီလဲဆိုတာကိုလည်း သိထားသင့်ပါတယ်။

-ရိုးရိုးမွေးတာပဲဖြစ်ဖြစ်၊ ခွဲမွေးတာပဲဖြစ်ဖြစ် မွေးပြီး (၄၅)ရက်ကျော်မှသာ အတူနေသင့်ပါတယ်။
-ပုံမှန်အားဖြင့် မွေးပြီးနောက် မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ ပင်ပန်းနွမ်းလျနေသောကြောင့် လိင်စိတ်လျော့နည်းသွားခြင်း၊ မိန်းမကိုယ်အောက်ပိုင်းနာကျင်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။
-ရိုးရိုးမွေးပါက မွေးလမ်းကြောင်းချဲ့ခြင်း၊ မွေးလမ်းကြောင်းစုတ်ပြဲဒဏ်ရာရသွားသောကြောင့် ပြန်လည်ချုပ်ရခြင်းများရှိပါက အနာကျက်သည်အထိစောင့်ရန် လိုအပ်ပါတယ်။

🔸အတူနေရင်နာမှာလား
-ကလေးမွေးပြီးနောက် ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ပြီး အတူနေပါက နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။
-နာကျင်ခြင်းကိုသက်သာစေရန် အောက်ပါတို့ကို လုပ်ဆောင်ပေးပါ။

၁။ ချောဆီသုံးပါ။ ရေဓာတ်အခြေခံသော ချောဆီ (Water-based lubricant) များကပိုမိုသင့်တော်ပါတယ်။
၂။ ဆီးအိမ်တင်းနေပါကလည်း နာကျင်တတ်သောကြောင့် အတူမနေခင် ဆီးသွားထားပါ
၃။ ရေနွေးနွေးဖြင့်ရေချိုးပါ
၄။ ပါရာစီတမောကဲ့သို့ အနာသက်သာစေသော ဆေးများသောက်နိုင်ပါတယ်။
၅။ အထက်ပါနည်းလမ်းများ အသုံးပြုသော်လည်း အတူနေရန် အဆင်မပြေပါက မိန်းမကိုယ်နှင့်လိင်ဆက်ဆံခြင်း အစား လက်နှင့်အာသာဖြေခြင်း၊ သီချင်းဆိုခြင်း😎ကဲ့သို့သော နည်းလမ်းများကို ပြောင်းသုံးပေးပါ။

🔸တားဆေးသုံးရန် လိုပါသလား
-အကယ်၍သင်က
*မွေးပြီး ၆လအတွင်းပဲရှိသေးတယ်၊
*ရာသီလဲပြန်မလာသေးဘူး၊
*ကလေးကိုလည်း လုံးဝ မိခင်နို့တစ်မျိုးထဲကိုပဲ သေချာတိုက်တယ် ရေလုံးဝမတိုက်ဘူး ဆိုရင် မိခင်နို့တိုက်တာကိုလည်း သန္ဓေတားနည်းလမ်းအဖြစ်သုံးလို့ရပါတယ်။
၉၈% စိတ်ချရတယ်လို့ဆိုတယ်။
အပေါ်ကအချက်သုံးခုလုံးနဲ့တော့ကိုက်ညီမှရမယ်။
ပိုစိတ်ချရအောင် တားဆေးတစ်ခုခု ထပ်သုံးလိုက်တာ ပိုကောင်းပါတယ်။

-နောက်တစ်ခေါက် ကိုယ်ဝန်ဆောင်ဖို့ ၂ နှစ်လောက်ထိ ခြားသင့်ပါတယ်။
-ဒါကြောင့် နှစ်ရှည်သားဆက်ခြားနည်းတွေဖြစ်တဲ့ သားအိမ်ထဲပစ္စည်းထည့်တာ၊ လက်မောင်းအရေပြားအောက်ပစ္စည်းထည့်တာတွေသုံးလို့ရတယ်။
-ဒါ့အပြင် သုံးလခံတားဆေးထိုးတာ၊ တားဆေးကတ်သောက်တာလိုမျိုး ရေတိုနည်းလမ်းတွေကို အသုံးပြုလို့လည်းရပါတယ်။

🔸အတူနေဖို့စိတ်မပါရင်ရော❓
-မွေးဖွားပြီးမိခင်တွေကြုံရနိုင်တဲ့ အခြေအနေတစ်ခုပါပဲ။
-အဲ့လိုခံစားရတယ်ဆိုရင် အမျိုးသားနဲ့ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ပါ။
-ကလေးအိပ်နေတဲ့အချိန်တွေမှာ ခဏပဲဖြစ်ဖြစ် နှစ်ယောက်တူတူ အချိန်ကို ကုန်ဆုံးပါ။
-အကယ်၍ စိတ်အတက်အကျမြန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျော်ရွှင်မှုကင်းမဲ့လာခြင်း စသည်တို့ကိုပါ ခံစားရလာပါက မွေးပြီးနောက် စိတ်ဓာတ်ကျခြင်း (Postpartum depression or Baby Blues) ဖြစ်နိုင်ကြောင်း သတိချပ်ပြီး ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Crd

ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ Nurse တစ်ယောက်အနေနဲ့ ဘာတွေကို အဓိကထား ပြုစုသင့်သလဲ?ကိုယ်တတ်ထားတဲ့ ပညာ မနေသာဆိုသလို Speci...
30/08/2026

ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ Nurse တစ်ယောက်အနေနဲ့ ဘာတွေကို အဓိကထား ပြုစုသင့်သလဲ?

ကိုယ်တတ်ထားတဲ့ ပညာ မနေသာဆိုသလို Speciality တခုဖြစ်တဲ့ Periop ကို လုပ်နေပေမယ့် သူနာပြုတယောက်ဖြစ်လာပြီဆိုကထဲက ကျောင်းကသင်တဲ့အပြင် လုပ်ငန်းခွင်မှာ အခြေခံတွေပိုင်နိုင်ပြီးမှ ကိုယ်ကြိုက်တဲ့ Subject တခုကို ထပ်ရွေးခဲ့တာပါ။
ဒီနေ့ကတော့ မြန်မာနိုင်ငံ… အထူးသဖြင့် ရန်ကုန်မြို့နယ်တချို့မှာ Hot Topic ဖြစ်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့လူနာကို သူနာပြုတွေအနေနဲ့ဘယ်လို ပြုစုစောင့်ရှောက်မလဲဆိုတာ ဆွေးနွေးကြပါမယ်။

August 14–15, 2026 reports အရ Yangon မှာ acute diarrhoea cases တိုးလာပြီး Yangon General Hospital ကို 4 ရက်အတွင်း လူနာ 182 ယောက် admission ရှိခဲ့ပါတယ်။ Cases တွေက China Town တဝိုက် Latha/Lanmadaw ဘက်မှာ concentration များပြီး contaminated water used in food preparation နဲ့ outside/street food ကို possible sources အဖြစ် စုံစမ်းနေပါတယ်။
Official Safety Guidelines for Residents တွေအတွက်ကတော့ Boil water (ရေကျိုချက်သောက်မယ်)၊ Wash hands (Hand hygiene ကောင်းကောင်းလုပ်ရမယ်၊ အစားမစားခင်နဲ့ toilet ကထွက်လာတိုင်း သေချာလက်ဆေးရမယ်)၊ Avoid street food (လမ်းဘေးအစားအစာ၊ ယင်နားစာတွေ ရှောင်ရမယ်)၊ Seek immediate care (ဝမ်းလျှောဝမ်းပျက် အန်တာတွေရှိလာရင် နီးစပ်ရာ ဆေးခန်းပြပြီး ကျန်းမာရေးစောင့်ရှောက်မှု ယူသင့်တယ်) စသဖြင့် safety guidelines တွေ ချမှတ်ထားပေးပါတယ်။

လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်တွေက Treatment (ကုသမှုအပိုင်း) ကိုသွားပြီး သူနာပြုတွေက Treatment ကို Carried out လုပ်ပြီး Nursing care (ပြုစုစောင့်ရှောက်မှု) အပိုင်းကို သွားပါမယ်။
ဆရာဝန်ပေးလိုက်တဲ့ Treatment ကို Carried out လုပ်လိုက်ယုံနဲ့ Nursing Care က ပြီးမသွားပါဘူး။
လူနာတိုင်းအတွက် Nursing Care Plan ဆိုတာရှိပါတယ်။ NCP ကို Five Steps of Nursing Process (ADPIE) နဲ့သွားပါတယ်။
ကဲ ကျမတို့ ADPIE ကို အသုံးပြုပြီး Acute Diarrhoea နဲ့ လာတဲ့ လူနာကို ဘယ်လိုပြုစုစောင့်ရှောက်မှုပေးမလဲ?
ADPIE ရဲ့ ပထမဆုံးအရေးကြီးတဲ့
Assessment (Nursing Assessment) နဲ့ စပါမယ်။
လတ်တလော ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတဲ့အချိန်မှာ Acute Watery Diarrhoea ဖြစ်လာတဲ့ လူနာတစ်ယောက်ကို ပြုစုရာမှာ ဝမ်းသွားတာတစ်ခုတည်းကိုပဲ အာရုံစိုက်မနေသင့်ပါဘူး။
အရေးအကြီးဆုံးက…
“How dehydrated is this patient?”
“လူနာက ရေဓာတ်ဘယ်လောက်ဆုံးရှုံးနေပြီလဲ?”
ဆိုတာကို အရင်ဆုံး Assess လုပ်ဖို့ပါ။
ဝမ်းပျက်ဝမ်းလျှောကြောင့် ခန္ဓာကိုယ်က
Water + Electrolytes (Na⁺, K⁺, Cl⁻, HCO₃⁻) တွေ ဆုံးရှုံးနိုင်ပြီး မကုသဘဲထားရင် Hypovolaemia → Shock → Organ dysfunction အထိ ဖြစ်လာနိုင်ပါတယ်။
ဝမ်းလျှောစဖြစ်တဲ့အချိန်၊ တစ်နေ့ဘယ်နှကြိမ်သွားသလဲ၊ ရေလိုဝမ်းလား၊ သွေး/ချွဲပါသလား၊ အန်ခြင်း၊ ဗိုက်နာ/ဗိုက်ရစ်ခြင်း၊ ဖျားခြင်း၊ မကြာသေးခင်က စားခဲ့တဲ့အစားအစာ/သောက်ရေ၊ အိမ်သားတွေမှာ အလားတူဖြစ်ခြင်း ရှိ/မရှိ မေးမြန်းပါ။
BP, pulse, RR, temperature, consciousness, ရေဆာခြင်း၊ ပါးစပ်ခြောက်ခြင်း၊ မျက်လုံးချိုင့်ခြင်း၊ skin turgor/capillary refill နှင့် ဆီးထွက်နှုန်းကို အထူးစောင့်ကြည့်သင့်ပါတယ်။
WHO guidelines တွေအရ severe dehydration ကို lethargy/unconsciousness, sunken eyes, unable/drinking poorly, skin pinch returning very slowly စတဲ့ findings တွေကနေ ခွဲခြားနိုင်ပါတယ်။
Assessment ပြီးသွားတဲ့အခါ ADPIE မှာ D - Diagnosis (Nursing Diagnosis) လုပ်ရပါမယ်။
Nursing Diagnosis မှာ Prioritise လုပ်ရပါတယ်။ အရေးကြီးတာကို အရင်ဆုံး Implement လုပ်ပေးနိုင်ဖို့ အတွက်ပါ။

Priority Nursing Diagnosis 1 အနေနဲ့ Deficient Fluid Volume ကို အရင်စပြီး Care plan ဆွဲပါမယ်။
Deficient Fluid Volume related to excessive gastrointestinal fluid loss secondary to acute diarrhoea and/or vomiting, as evidenced by frequent watery stools, thirst, dry mucous membranes, decreased urine output, tachycardia, hypotension and/or other signs of dehydration.

အပေါ်က Nursing Diagnosis မှာ ပါသွားတဲ့အတိုင်း Evidence-based အရ
• Frequent watery stools
• Vomiting
• Excessive thirst
• Dry mouth/mucous membranes
• Sunken eyes
• Tachycardia
• Hypotension
• Decreased urine output
• Weakness / lethargy
• Poor peripheral perfusion
စတဲ့ Signs and Symptoms တွေကို Monitoring လုပ်သင့်ပါတယ်။

Nursing Priority ကတော့ REHYDRATION ပါပဲ။

လူနာသောက်နိုင်ပြီး severe dehydration မရှိသေးရင် သတ်မှတ်ထားတဲ့ protocol အတိုင်း ORS ဖြည့်ပေးရပါမယ်။
Severe dehydration/shock ဖြစ်လာရင်တော့ urgent medical assessment + IV fluid resuscitation လိုအပ်ပါတယ်။
WHO cholera management guidance အရ severe dehydration မှာ Ringer's Lactate ကို preferred IV fluid အဖြစ် အသုံးပြုထားပါတယ်။ ဒါကလည်း ကိုယ်က သိထားသင့်တာပါ၊ ဆရာဝန်ရဲ့ treatment ကိုတော့ carried out လုပ်ရပါမယ်။

Priority Nursing Diagnosis 2 ကတော့ Diarrhoea ပါ။
Diarrhea related to gastrointestinal infection associated with suspected contaminated food/water exposure, as evidenced by frequent loose or watery stools, urgency, abdominal cramping and increased bowel activity.

သူနာပြုတယောက်အနေနဲ့ လူနာရဲ့
• Frequency ဝမ်းသွားတဲ့အကြိမ်ရေ
• Amount ဝမ်းပမာဏ
• Appearance… Watery/mucus/blood ရှိမရှိ
• Vomiting
• Abdominal cramps
• Fever
• Food/water exposure
တို့ကို Assess & Document လုပ်ရပါမယ်။

လိုအပ်ရင် stool specimen ကို မှန်ကန်စွာယူပြီး investigation အတွက် ပို့ပေးရပါမယ်။
WHO recommends continued nutrient-rich feeding during diarrhoeal illness rather than unnecessary prolonged fasting.

Nursing Diagnosis 3 ကတော့ Risk for Electrolyte Imbalance ပါ။
Risk for Electrolyte Imbalance related to excessive loss of gastrointestinal fluids secondary to diarrhoea and vomiting.
ဝမ်းသွားခြင်းနဲ့အန်ခြင်းကနေ Sodium, Potassium, Chloride, Bicarbonate တွေ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်
• Fluid balance
• Intake & Output
• Urine output
• Mental status
• Muscle weakness
• Ordered serum electrolytes
• Renal function
တို့ကို စောင့်ကြည့်ဖို့လိုပါတယ်။

Nursing Diagnosis 4 ကတော့ Risk for Shock
Risk for Shock related to severe fluid and electrolyte loss secondary to profuse acute watery diarrhoea.
အောက်ပါလက္ခဏာတွေတွေ့ရင် RED FLAGS 🚨 အဖြစ် သတ်မှတ်ပြီး ချက်ချင်း escalate လုပ်သင့်ပါတယ်။
⚠️ BP ကျလာခြင်း
⚠️ Pulse မြန်ပြီး weak ဖြစ်ခြင်း
⚠️ မူးဝေ၊ မှိန်းခြင်း၊ သတိအခြေအနေပြောင်းလဲခြင်း
⚠️ အလွန်အမင်း ရေဆာခြင်း
⚠️ ရေမသောက်နိုင်ခြင်း
⚠️ ဆီးအလွန်နည်းခြင်း/မထွက်ခြင်း
⚠️ Poor peripheral perfusion
⚠️ Severe dehydration
⚠️ အခြေအနေ လျင်မြန်စွာဆိုးလာခြင်း
ဒီအခြေအနေမှာ routine observation လုပ်နေရုံမဟုတ်ဘဲ urgent assessment and resuscitation လိုပါတယ်။

Nursing Diagnosis 5 ကတော့ Risk for Transmission of Infection ပါ။
Risk for Transmission of Infection related to faecal contamination, unsafe water/food and inadequate hand hygiene.
ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ contaminated water/food နဲ့ faecal contamination ကနေ ကူးစက်နိုင်တဲ့အတွက် Infection Prevention က အရမ်းအရေးကြီးပါတယ်။
Nursing care မှာ
✅ Hand hygiene
✅ Appropriate PPE
✅ Safe handling of stool & vomitus
✅ Safe disposal of contaminated waste
✅ Proper handling of soiled linen
✅ Environmental cleaning & disinfection
✅ Safe drinking water
✅ Food hygiene
တို့ကို စနစ်တကျ လုပ်ဆောင်ရပါမယ်။

Nursing Diagnosis ပြီးသွားရင်တော့ ADPIE မှာ Planning စပါပြီ။ Planning ဆိုတာ Goals တွေပါပဲ ပြုစုစောင့်ရှောက်မှု ရည်မှန်းချက်သတ်မှတ်ခြင်းလို့ ပြောလို့ရပါတယ်။

Planning should be patient-centred and measurable.
ကျမကတော့ Planning ကို Overall ဆွဲလိုက်ပါမယ်။

Overall Goals
The patient will achieve and maintain adequate hydration and electrolyte balance, demonstrate reduced gastrointestinal fluid losses, remain haemodynamically stable, remain free from complications such as hypovolaemic shock and demonstrate behaviours that reduce transmission of infection.
လူနာတွင် ရေဓာတ်နှင့် electrolyte မျှတမှု ပြန်လည်ကောင်းမွန်လာစေရန်၊ ဝမ်း/အန်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှု လျော့နည်းစေရန်၊ သွေးလည်ပတ်မှုတည်ငြိမ်စေရန်၊ Hypovolaemic Shock ကဲ့သို့ နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်စေရန် ရည်ရွယ်ပါသည်။

Expected Outcomes တွေ အနေနဲ့ကတော့…
Within the appropriate clinical timeframe, the patient will:
• Maintain/improve BP, pulse and peripheral perfusion.
• Demonstrate improving hydration status.
• Maintain adequate urine output appropriate to clinical condition.
• Demonstrate improved thirst and mucous membrane hydration.
• Tolerate ORS/oral fluids where appropriate.
• Show decreasing stool/vomiting losses.
• Maintain or improve electrolyte and renal-function results when monitored.
• Remain free from hypovolaemic shock.
• Patient/family will demonstrate correct hand hygiene, safe-water practices and understanding of warning signs requiring medical attention.

Planning ပြီးရင် ADPIE မှာ Implementation (သူနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း) စပါမယ်။ Nursing intervention ဝင်မယ်လို့လည်း သုံးကြပါတယ်။
I would organize the interventions into (မှတ်ထားသင့်တဲ့ Nursing Approach)
ASSESS → REHYDRATE → MONITOR → PREVENT → EDUCATE.

1️⃣ ASSESS
လူနာမှာ dehydration ဘယ်လောက်ရှိနေပြီလဲ စစ်ဆေးပါ။

2️⃣ REHYDRATE
လိုအပ်သလို ORS/prescribed IV fluid ဖြင့် ရေနှင့် electrolyte ပြန်ဖြည့်ပါ။ (ဆရာဝန်ညွှန်ကြားမှု လိုအပ်ပါတယ်။)

3️⃣ MONITOR
Vital signs, consciousness, stool/vomiting losses, intake/output, urine output နဲ့ hydration status ကို ဆက်လက်စောင့်ကြည့်ပါ။

4️⃣ PREVENT
Hand hygiene, safe water, food hygiene, appropriate PPE, environmental cleaning နဲ့ safe waste disposal ကို လိုက်နာပါ။

5️⃣ EDUCATE
ကျန်းမာရေးအသိပညာပေးပါ
လူနာနှင့် မိသားစုအား ORS မှန်ကန်စွာဖျော်သောက်နည်း၊ သန့်ရှင်းသောရေသုံးစွဲခြင်း၊ လက်ဆေးခြင်း၊ အစားအသောက်သန့်ရှင်းရေး၊ ဆေးဝါးများကို မိမိသဘောဖြင့် မသောက်သုံးရန်နှင့် အရေးပေါ်ဆေးရုံပြသင့်သော Red Flag လက္ခဏာများ ကို ရှင်းလင်းပညာပေးပါ။

အပေါ်ကထုတ်ခဲ့တဲ့ Nusring Diagnosis ကို Implement (Intervention) လုပ်တော့မှာပါ။ Intervention ဝင်တဲ့အခါ အပေါ်မှာ ပြောထားတဲ့ Nursing approach တွေနဲ့ ဝင်ရင် လွယ်ကူမြန်ဆန်ပြီး လူနာအတွက်အကျိုးရှိပါတယ်။

ဘယ်လို Intervention ဝင်ကြမလဲ အောက်မှာ ဆက်ကြည့်ကြမယ်…

1. Assess and reassess dehydration

• Monitor BP, pulse, respiratory rate, temperature and mental status according to severity.
• Assess thirst, dry mucous membranes, sunken eyes and peripheral perfusion.
• Monitor for deterioration or signs of shock.
• Assess stool frequency, amount and appearance.
• Monitor vomiting and ability to tolerate oral fluids.
လူနာရဲ့ dehydration severity ကို တစ်ကြိမ်စစ်ပြီး ရပ်မထားဘဲ အခြေအနေအလိုက် ပြန်လည် reassess လုပ်ရပါမယ်။

2. Restore fluid and electrolyte losses

For patients who can drink and do not require immediate IV resuscitation:
• Administer ORS according to the prescribed/local protocol.
• Encourage frequent appropriate oral fluid intake.
• If vomiting occurs, ORS may be restarted/given more slowly in small frequent amounts as clinically appropriate.
For severe dehydration or shock:
• Escalate urgently to the medical/resuscitation team.
• Establish/assist with IV access.
• Administer prescribed IV fluids according to protocol.
• WHO guidance for severe dehydration in suspected cholera/acute watery diarrhoea generally prefers Ringer's lactate, when appropriate and available.
• Reassess the response to fluid therapy frequently.
WHO identifies ORS as a key treatment for dehydration caused by diarrhoea.

3. Maintain strict fluid balance

Document:
Intake
• Oral fluids
• ORS
• IV fluids
Output
• Urine
• Stool frequency/estimated losses
• Vomiting
Monitor urine output closely because decreasing urine output can indicate worsening dehydration and impaired renal perfusion.

4. Monitor electrolyte and renal status

As ordered/clinically indicated:
• Na⁺
• K⁺
• Cl⁻
• HCO₃⁻
• Urea/BUN
• Creatinine
Observe clinically for weakness, altered mental status, cardiac rhythm changes and other evidence of electrolyte disturbance.

Red Flags to Monitor 🚨
Escalate immediately if the patient exhibits any of the following:
• Signs of shock (e.g., severe hypotension, tachycardia, confusion).
• Bloody or mucoid stools (dysentery).
• High fever or worsening severe abdominal pain.
• Anuria (absence of urine output) over several hours.

5. Provide appropriate gastrointestinal and nutritional care

• Monitor stool characteristics, including blood or mucus.
• Collect stool specimens when ordered.
• Provide perineal care after diarrhoeal episodes.
• Protect skin from moisture-associated skin damage.
• Encourage/continue appropriate nutrition as tolerated rather than unnecessary prolonged fasting.
• Administer prescribed medications and monitor therapeutic/adverse effects.

6. Prevent infection transmission

• Perform strict hand hygiene.
• Use appropriate PPE according to exposure risk and facility precautions.
• Safely handle stool and vomitus.
• Properly manage contaminated linen and waste.
• Clean and disinfect contaminated surfaces.
• Maintain safe toilet/commode practices.
• Follow contact/enteric precautions according to institutional/outbreak policy.
Safe water, sanitation and hygiene are central measures for preventing diarrhoeal disease.

7. Patient and family education

လူနာနဲ့ မိသားစုကိုလည်း Patient Family Education (PFE) ပေးရပါမယ်။
• Safe Water: သန့်ရှင်းစိတ်ချရတဲ့ရေကိုသာ သောက်ပါ၊ ORS ဖျော်ရာမှာလည်း safe water ကိုသာ အသုံးပြုပါ။
• Hand Hygiene: အစားအစာပြင်ဆင်ခြင်း/စားသောက်ခြင်းမပြုမီ လက်ဆေးပါ။အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့သေချာဆေးပါ။
• Food Safety: ကောင်းစွာချက်ပြုတ်ထားတဲ့အစားအစာကို စားပါ။ သန့်ရှင်းမှုမသေချာတဲ့ ရေ၊ ရေခဲနဲ့ အစားအစာတွေကို ရှောင်ပါ။
• Medication Safety: ဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်၏ အကြံပြုချက်မရှိဘဲ ပဋိဇီဝဆေး (Antibiotics) သို့မဟုတ် ဝမ်းပိတ်ဆေး (Antidiarrhoeal medicines) များကို မိမိသဘောဖြင့် စတင်သောက်သုံးခြင်း မပြုပါနှင့်။
• Red Flags: ရေမသောက်နိုင်ခြင်း၊ အန်တာမရပ်ခြင်း၊ အလွန်အမင်းရေလိုဝမ်းသွားခြင်း၊ ဆီးနည်းလာခြင်း၊ မူးဝေ/မှိန်းလာခြင်း၊ သွေးပေါင်ကျခြင်း၊ ဝမ်းထဲသွေးပါခြင်း စတာတွေဖြစ်လာရင် ဆေးရုံ/ကျန်းမာရေးဌာနကို အမြန်ဆုံးသွားပါ။

Antibiotics ကရော?
ဝမ်းလျှောတဲ့လူနာတိုင်းကို Antibiotics ပေးရမယ်လို့ မဆိုလိုပါဘူး။
Antibiotics ကို clinical indication, suspected/confirmed organism, severity နဲ့ သက်ဆိုင်ရာ treatment protocol/prescription အတိုင်းသာ အသုံးပြုသင့်ပါတယ်။

Nurse ရဲ့ အဓိကတာဝန်ကတော့ early recognition of dehydration, appropriate rehydration, close monitoring, infection prevention and timely escalation ဖြစ်ပါတယ်။

Implementation ပြီးရင်တော့ ADPIE ရဲ့ နောက်ဆုံးက E - Evaluation ပါပဲ၊ ပြုစုမှုရလဒ် ပြန်လည်အကဲဖြတ်ခြင်း လို့လည်း သုံးကြပါတယ်။

Evaluation answers one important question:
“Did our nursing interventions achieve the expected outcomes?”
After interventions, reassess and compare the patient's condition with the baseline assessment.

Desired Evaluation Findings

Hydration improved
• Thirst decreased.
• Oral mucosa becoming moist.
• Eyes/appearance improving where dehydration signs were present.
• Patient tolerating oral fluids/ORS.

Circulation stable
• BP stable/improving.
• Pulse improving toward expected range.
• Peripheral perfusion adequate.
• No evidence of hypovolaemic shock.

Renal perfusion adequate
• Urine output improving/adequate for the patient's clinical context.
• Renal function stable/improving when laboratory monitoring is indicated.

Gastrointestinal losses improving
• Frequency/volume of diarrhoea decreasing.
• Vomiting decreasing or resolved.
• Oral intake improving.

Electrolytes stable
• No clinical evidence of significant electrolyte disturbance.
• Laboratory values stable/improving when measured.

Infection prevention understood
• Patient/family demonstrate appropriate hand hygiene.
• Patient/family verbalize safe-water and food practices.
• Patient/family can identify important red flags.

If outcomes are NOT achieved
This is an important part of ADPIE.
Do not simply continue the same care plan.

ပြောချင်တာကတော့ မျှော်မှန်းထားသော ရလဒ်မရရှိပါက လူနာ၏အခြေအနေကို ပြန်လည်အကဲဖြတ်ပြီး ပြဿနာကိုရှာဖွေကာ လိုအပ်သလို အထက်သို့တင်ပြ၍ ပြုစုစောင့်ရှောက်မှုအစီအစဉ်ကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။

REASSESS → IDENTIFY THE PROBLEM → ESCALATE → REVISE THE CARE PLAN

နားလည်ထားရမှာက ADPIE is actually a continuous cycle, not a one-time checklist:
🔄 ASSESS → DIAGNOSE → PLAN → IMPLEMENT → EVALUATE → REASSESS
ပါပဲ။

ခြုံပြောရရင်တော့ Nurse တွေအနေနဲ့ လူနာကို Nursing Care ပေးတဲ့အခါ Treatment ကို Carried out လုပ်ရုံနဲ့ မပြီးပါဘူး။ Nursing ရဲ့ အနှစ်သာရဖြစ်တဲ့ Nursing Roles and Responsibilities နဲ့ Assignment ချလို့ ကျရာနေရာမှာ ယူရမယ့် Accountability ကိုသေချာစွာ လုပ်ဆောင်နိုင်ရပါမယ်။
လူနာရဲ့ ရောဂါအခြေအနေအပေါ်မူတည်ပြီး Nursing Care Plan အတွက် Nursing Process ADPIE ကို အသုံးပြုပြီး လိုအပ်သလို Care ပေးနိုင်ရပါမယ်။
ဒါလေးကတော့ Short to the point ပါပဲ။

A — ASSESS: How dehydrated is the patient?
D — DIAGNOSE: What nursing problems/risks are present?
P — PLAN: What measurable outcomes do we want to achieve?
I — IMPLEMENT: Rehydrate, monitor, prevent complications and educate.
E — EVALUATE: Is hydration improving? Is the patient stable? If not—reassess, escalate and revise the plan.

Take-Home Message အနေနဲ့ …
“In acute diarrhoea, replacing lost fluid and electrolytes early can save a life.”
ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့လူနာကို ပြုစုရာမှာ ဝမ်းရပ်သွားဖို့တစ်ခုတည်းကို မကြည့်ပါနဲ့။
ရေဓာတ်ဆုံးရှုံးမှုကို စောစောသိပါ။
ရေနဲ့ electrolyte ကို အချိန်မီပြန်ဖြည့်ပါ။
Shock မဖြစ်ခင် စောစောသိပြီး escalate လုပ်ပါ။
ကူးစက်ပြန့်ပွားမှုကို တားဆီးပါ။

ဒါတွေက Nursing Care ရဲ့ အဓိကအချက်တွေပါပဲ။ မပါမဖြစ်တွေနဲ့ စာတွေတော့များသွားပါတယ်။ Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။
ပုံလေးကတော့ Nursing notes56 ကနေ reference ယူထားပါတယ်။ ကျေးဇူးတင်ပါတယ်။

Evidence-based References တွေအနေနဲ့ ကျမ ဒီ source တွေနေ ယူထားပါတယ်။

References:

1. World Health Organization. Diarrhoeal disease. Geneva: WHO; 2024.
2. World Health Organization. Cholera. Geneva: WHO.
3. World Health Organization Regional Office for Africa. Cholera management guidelines. 2025.
4. Hinkle JL, Cheever KH, Overbaugh KJ. Brunner & Suddarth’s textbook of medical-surgical nursing. 15th ed. Philadelphia: Wolters Kluwer; 2022.
5. Associated Press. Myanmar faces rise in diarrhea as monsoon flooding continue to worsen in many parts of the country. 14 Aug 2026.
6. Eleven Media Group. Diarrhea cases rise in Latha and Lanmadaw; Yangon General Hospital stockpile medicines. 15 Aug 2026.


Send message

ဖြည့်စွက်စာ စကျွေးရင် ပထမဦးဆုံး...✅ စိတ်ရှည်ပါ။✅ အချိန်ယူပါ။ အလောတကြီးမကျွေးပါနဲ့။✅ လောဘ မကြီးပါနဲ့။ အစုံစားတတ်စေချင်လို...
30/08/2026

ဖြည့်စွက်စာ စကျွေးရင် ပထမဦးဆုံး...

✅ စိတ်ရှည်ပါ။
✅ အချိန်ယူပါ။ အလောတကြီးမကျွေးပါနဲ့။
✅ လောဘ မကြီးပါနဲ့။ အစုံစားတတ်စေချင်လို့ ပေါင်းစုံ တစ်ခါတည်း လုပ်ကျွေးတာတွေ မလုပ်ပါနဲ့။ တစ်ဆင့်ချင်း သွားပါနော်။
✅တခါတည်း အများကြီး မကျွေးပါနဲ့နော်။သတ်မှန်ထားတဲ့ အတိုင်း ကျွေးပေးတာ အကောင်းဆုံးပါရှင်။
✅ ၆-လသားအရွယ်ကစပြီး ဖြည့်စွက်စာစကျွေးလို့ရပါပြီ။ တချို့ကလေးတွေကို တော့ (၄) လပြည့်ရင် စကျွေးလို့ရတတ်ပါတယ်။
✅ မိခင်နို့ (သို့) ဖော်မြူလာ တိုက်နေကျကိုတော့ ဆက်တိုက်သွားရပါမယ်။
✅ ဂျပန်မှာတော့ အစာကို ကြိတ်ပြီး ကျွေးတာထက် ချေပြီးကျွေးတာကို အားပေးပါတယ်။

ပထမဦးဆုံး အသီးအနွံ ၊ ဟင်းသီးဟင်းရွက် တစ်မျိုးချင်းစီကို allergy ဖြတ်ခြင်း၊ ဓါတ်မတည့်တာတွေ သိနိုင်ဖို့တစ်မျိုးကို (၄) ရက်လောက် စမ်းကျွေးသင့်ပါတယ်။

ကလေးဟာ အစာမကျေတာ၊ ဓါတ်မတည့်တာ၊ ဝမ်းသွားတာ၊ ဗိုက်နာတာမျိုးဖြစ်တဲ့ အစားအစာကို မှတ်သားထားပါနော်။

အစာအိမ် သေးသေးလေး အစာကို ချေနိုင်စေဖို့ အတွက် (၆) လမှာ အရည်ကျဲကျဲဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။

နို့စို့လာရာမှ အစာမာကို မိတ်ဆက်တာဖြစ်လို့ အစားအစာကို သေချာချေထားဖို့ လိုအပ်ပါတယ်။ ကလေးမြိုချရ မခက်အောင် ရေကျက်အေးလေးရောပြီးဖြစ်စေ နို့ရည်နီးပါး အရည်ကျဲကျဲက စဖို့လိုအပ်ပါတယ်။

❌ ကဖင်းဓါတ်ပါတဲ့ ကော်ဖီ၊ လက္ဖက်ရည်၊ ကိုကာကိုလာ၊ အချိုရည်ဘူးများ၊ သီးစုံဖျော်ရည်များနှင့် ချိုလွန်း၊ စပ်လွန်း၊ ချဉ်လွန်းသောအစာများ လုံးဝ မကျွေးရ၊ မတိုက်ရပါဘူး။

❌ နွားနို့၊ ဆား၊ သကြား၊ ဆီ၊ ဟင်းခတ်မှုန့်၊ အရသာမှုန့် များကို (၁)နှစ်တိုင်တိုင် ထည့်မကျွေးရပါဘူး။

✅ အသက် (၅)လ မှ (၆)လ အထိ - တစ်နေ့ (၁) ကြိမ်။
နူးနပ်ပျော့အိနေတဲ့ ဆန်ပြုတ် + ဟင်းရွက် တစ်မျိုးထည့်၍ အရည်ကျဲကျဲ ပြုတ်ပြီး ချေကျွေးပါ။
ဒီတစ်မျိုးကိုဘဲ (၄) ရက်ကျွေးပါ။
‼️ ဟင်းသီးဟင်းရွက်ကို တစ်မျိုးစီသာ ထည့်ပါ။ (ဥပမာ- ဆန်ပြုတ် + မုန်ညှင်းရွက်၊ ဆန်ပြုတ် + ကန်ဇွန်းရွက်၊ ဆန်ပြုတ် + မုန်လာဥနီ၊ ဆန်ပြုတ် + တိုဟူးဖြူ၊ ဆန်ပြုတ် + ငါးကြင်းဖြူ ၊ ကြက်ဥပြုတ် အနှစ် ( အကာမကျွေးရဘူး) *** ဂျပန်လူမျိုးတွေကတော့ အသားမှာဆို ငါးအဓိကထားပြီး ကျွေးပါတယ်။***❤️

လောဘကြီးပြီး ဟင်းသီးဟင်းရွက် ၃/၄ မျိုး တစ်ခါတည်း ရောမကျွေးရဘူးနော်။

အာလူး၊ ကြက်ဥ အနှစ်၊ ကန်ဇွန်းဥ၊ ရွှေဖရုံသီး စတဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးနိုင်ပါတယ်။

‼️ ပထမတစ်ပတ်တွင် ကလေးဇွန်း (၃)ဇွန်းစကျွေးပါ။
ဒုတိယပတ် (၆) ဇွန်း
တတိယပတ် (၉) ဇွန်း ကျွေးသွားပါ။
အချိန်နဲ့ အမျှပမာဏတိုးလာနိုင်ပါတယ်။
‼️ မိခင်နို့(သို့) ဖော်မြူလာ တိုက်နေကျကို ဆက်တိုက်သွားပါနော်။

✅ အသက် (၇)လ မှ (၈)လ အထိ - တစ်နေ့ (၂) ကြိမ်။

ပမာဏ- ဆန်ပြုတ် ၅၀- ၈၀အများဆုံး ကျွေးနိုင်ပြီး မှ ၂၀-၃၀ အနည်းဆုံး ( ml )
ငါး ၁၀-၁၅ ဂရမ်
အသား ၁၀-၁၅ ဂရမ်
တိုဟူးဖြူ ၃၀-၄၀ ဂရမ်
ကြက်ဥ ၁/၁လုံးခွဲ

နူးနပ်ပျော့အိနေသော ဆန်ပြုတ် နဲ့ ဟင်းသီးဟင်းရွက် စုံလင်စွာ ကျွေးနိုင်ပါပြီ။ အသား၊ငါး နူးနပ်စွာ ပြုတ် ကျွေးနိုင်ပါပြီ။

အဆင်ေျပတဲ့ အစာမ်ားကိုတော့ နွစ္မိုးနဲ့ အထက် ရောပြီး စတင် မိတ္ဆက်ေြက်းကြည့်နိုင္ပါပြီ။
ဥပမာ - သင်္ဘောသီးနဲ့ ပန်းသီး၊ မုန္လာဥဖြူနဲ့ အာလူး၊ မုန္လာဥနီနဲ့ ဆန္မှုန့်။

❤️*** မိခင်နို့(သို့) ဖော်မြူလာ တိုက်နေကျကို ဆက်တိုက်သွားပါနော်။***

✅ အသက် (၉)လ မှ (၁၁)လ အထိ - တစ်နေ့ (၃)ကြိမ်။

ပမာဏ- အများဆုံး ၉၀-၈၀ အများဆုံး မှ ၃၀-၄၀ အနည်းဆုံး( ml )

ငါး (၁၅ ) ဂရမ်
အသား (၁၅) ဂရမ်
တိုဟူးဖြူ (၄၅) ဂရမ်
ကြက်ဥ ၁ လုံးခွဲထိ

❤️***မိခင်နို့(သို့) ဖော်မြူလာ တိုက်နေကျကို ဆက်တိုက်သွားပါနော်။***

✅ အသက် (၁၂)လ မှ (၁၈)လ အထိ - တစ်နေ့ (၃)ကြိမ်။
လူကြီးများစားသလို ကျွေးနိုင်ပါပြီ။
ကြိတ်စရာမလို၊ ချေစရာမလိုပါနော်။

ပမာဏ- ထမင်း ၈၀ ဂရမ် အများဆုံး၊ ၄၀-၅၀ ဂရမ် အနည်းဆုံး

ငါး (၁၅- ၂၀) ဂရမ်
အသား ( ၁၅-၂၀) ဂရမ်
တိုဟူးဖြူ (၅၀- ၅၅) ဂရမ်
ကြက်ဥ ၁လုံးခွဲ မှ ၂ လုံးခွဲထိ ကျွေးနိုင်တယ်။

ဖေဖေမေမေတို့ အားလုံး ဖြည့်စွက်စာ ကျွေးရင်း ပျော်ရွှင်ကြပါစေ။

Crd✅

တောင်ဥက္ကလာတွင်ဘေဘီ ၁နှစ် ၈လ ကြည့်ရန်Day Only -3****/-Nurse Aid 12လ သုံးမည်Cb/vb1-9-26 စဝင်နိုင်သူ   #ပြည်တွင်းပြည်ပ
29/08/2026

တောင်ဥက္ကလာတွင်

ဘေဘီ ၁နှစ် ၈လ ကြည့်ရန်
Day Only -3****/-

Nurse Aid 1
2လ သုံးမည်

Cb/vb
1-9-26 စဝင်နိုင်သူ


#ပြည်တွင်းပြည်ပ

မင်္ဂလာတောင်ညွန့်တွင်Baby 1y ကြည့်ရန်Nurse Aid 1 24hrs  = 6****/-တရက်ဆင်း တရက်နားအသက် 25 မှ 35 ထိအတွေ့အကြုံ 3နှစ်အထက်စိတ...
29/08/2026

မင်္ဂလာတောင်ညွန့်တွင်

Baby 1y ကြည့်ရန်

Nurse Aid 1

24hrs = 6****/-
တရက်ဆင်း တရက်နား

အသက် 25 မှ 35 ထိ

အတွေ့အကြုံ 3နှစ်အထက်

စိတ်ရှည်သူ /ကစားပြော ယဉ်ကျေးသူ

သန့်ရှင်းသပ်ရပ်သူ /သွပ်လပ်သူ

ယူနီဖောင်းရှိသူ

စကားမရှုတ်သူ

30-8-26 စဝင်အလုပ်ဝင်နိုင်သူ

Chatbox or Viber Phone Number 09950926264
#မန်ဘာဝင်ထားသူများ


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Smile Caregiver Services 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share