Dr.Patho & Mrs.Dental

Dr.Patho & Mrs.Dental မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ

🦠 “ဟန်တာဗိုင်းရပ် (Hantavirus)” ဆိုတာ ဘာလဲ? မြန်မာနိုင်ငံမှာ ဖြစ်နေပီလား? ဘာတွေ သတိထားရမလဲ?       လတ်တလော လူအများ စိတ်ဝင...
16/05/2026

🦠 “ဟန်တာဗိုင်းရပ် (Hantavirus)” ဆိုတာ ဘာလဲ? မြန်မာနိုင်ငံမှာ ဖြစ်နေပီလား? ဘာတွေ သတိထားရမလဲ?

လတ်တလော လူအများ စိတ်ဝင်စားနေတဲ့ “Hantavirus” ဟန်တာဗိုင်းရပ်စ် အကြောင်းကို ဆေးပညာအမြင် ရှုထောင့်နဲ့ အတိုချုံးပြီး မှတ်မိလွယ်အောင် ရှင်းပြပါမယ်။

━━━━━━━━━━━

🐭 Hantavirus ဆိုတာ… “ကြွက်” တွေနဲ့ အဓိက ဆက်စပ်တဲ့ virus တစ်မျိုး ဖြစ်ပါတယ်။ 🐭🐭

❗️လူအချင်းချင်း သာမန် ထိတွေ့မှုရှိရုံ နဲ့ ကူးစက်တာ မဟုတ်ဘဲ ➡️ ရောဂါကူးစက်ခံထားရတဲ့ ကြွက်ရဲ့ • ဆီး • အညစ်အကြေး • တံတွေး တွေ ခြောက်သွားပြီး လေထဲပျံ့နှံ့လာတာကို ရှူရှိုက်မိတဲ့အခါ အဓိက ကူးစက်နိုင်ပါတယ်။

📌 အထူးသဖြင့် — 🏚️ ပိတ်ထားတဲ့ ဂိုဒေါင်တွေ 🏕️ စတိုခန်းအဟောင်းတွေ 🚜 လယ်ယာပစ္စည်းထားတဲ့အခန်းတွေ 🧹 ကြာကြာမသန့်ရှင်းပဲ ကြွက်တွေခိုအောင်းပေါက်ဖွားနေတဲ့ အခန်း တွေမှာ ကူးစက်နိုင်ချေ risk ပိုများပါတယ်။

━━━━━━━━━━━

⚠️ ရောဂါလက္ခဏာတွေ

အစပိုင်းမှာ သာမန်တုတ်ကွေးဖျားနာ flu လိုပဲ ဖြစ်တတ်ပါတယ် — 🤒 ဖျားမယ် 💢 ကိုယ်လက်ကိုက်ခဲမယ် 😵 ခေါင်းကိုက်မယ် 🤢 ပျို့ချင် အန်ချင်မယ် 😮‍💨 မောပန်းနုံးချိနေတာတွေလဲ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်… တချို့ case တွေမှာ 🫁 အဆုတ်ထဲရေဝင်တာမျိုး 💨 အသက်ရှူရခက်ခဲတာမျိုး 🩸 သွေးပေါင်ကျပြီး ရှော့ရတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။

❗️“သာမန်အအေးမိတာပါ” လို့ ထင်ပြီး ပေါ့ပေါ့ဆဆ နေလိုက်လို့ မရတဲ့ virus တစ်မျိုးဖြစ်ပါတယ် ။

━━━━━━━━━━━

🇲🇲 မြန်မာနိုင်ငံမှာ ရှိနိုင်သလား?

တရားဝင် ဒေတာတွေ အများကြီး မရှိသေးပေမယ့် —
🐭 ကြွက်များတဲ့ ပတ်ဝန်းကျင်နဲ့ 🌾 လယ်ယာဒေသတွေ 🏚️ စားရေရိက္ခာ သိုလှောင်ရုံတွေမှာ 🌧️ မိုးရာသီနောက်ပိုင်း ရာသီဥတုအခြေအနေတွေကြောင့် ဖြစ်ပွားနိုင်ချေ (theoretically risk) ရှိနိုင်ပါတယ်။

📌 “မရှိဘူး” လို့ အတည်မပြောနိုင်သလို 📌 “အများကြီးဖြစ်နေပြီ” လို့လည်း မပြောနိုင်သေးပါဘူး။

ဒါကြောင့် ကြိုတင် စောင့်ကြည့်ထားမှု (awareness) က အရေးကြီးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့သတင်းတွေကို မျက်ခြေမပြတ် သိရှိနေဖို့ လိုပါတယ်။

━━━━━━━━━━━

🚫 ဟန်တာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူအများ မှားယွင်းနားလည်တတ်တာတွေကတော့

❌ ကြွက်ကို မြင်ရုံနဲ့ ရောဂါပိုး ကူးစက်တာ မဟုတ်ပါ

❌ ရောဂါပိုး ကူးစက်ခံရတဲ့လူတိုင်းလဲ ရောဂါပြင်းထန်တာ severe ဖြစ်တာ မဟုတ်ပါ

❌ ကိုဗစ် လိုမျိုး လူအချင်းချင်း အလွယ်တကူ ကူးစက်တာမျိုးလဲ မဟုတ်ပါ

ဒါပေမယ့်… ⚠️ ပိတ်‌လှောင်နေတဲ့ အခန်းထဲက ကြွက်အညစ်အကြေး‌တွေကို mask မပါပဲ တန်းပြီး လှည်းကျင်းလိုက်တာက ကူးစက်နိုင်ချေ risk ရှိပါတယ်။

━━━━━━━━━━━

🧹 သန့်ရှင်းရေးလုပ်တဲ့အခါ အရေးကြီးဆုံးအချက်က

🚫 အခြောက်တိုက်ကြီး မလှည်းကျင်းပါနဲ့ ➡️ ဖုန်ထသွားပြီး အမှုန်အမွှား‌တွေနဲ့အတူ ဗိုင်းရပ်စ်ပိုး ပါလာနိုင်ပါတယ်

✅ ပိုးသတ်ဆေးရည်တစ်ခုခု bleach / disinfectant အရင် ဖြန်းထားပြီး ✅ ၅-၁၀ မိနစ်ကြာမှ ✅ နှာခေါင်းစီး mask တပ်မယ် ✅ လက်အိတ်တစ်ခုခု glove ဝတ်မယ် ✅ တစ်ရှူး သို့မဟုတ် အဝတ်စိုတစ်ခုခုနဲ့ သုတ်မယ် ၊ လှည်းကျင်းမယ်ဆိုရင် ဗိုင်းရပ်စ်ပိုး ရှိနေရင်တောင် ကူးစက်နိုင်ချေ နည်းသွားပါလိမ့်မယ် ။

📌 “ဖုန်မထအောင်” လုပ်တာက အဓိကအချက်ပါ။

━━━━━━━━━━━

🩺 ဘယ်အချိန်မှာ ဆေးရုံသွားသင့်လဲ?

ကြွက်ထူတဲ့နေရာ ကြွက်အညစ်အကြေးတွေနဲ့ ထိတွေ့မှု exposure ရှိပြီးနောက် _

🤒 ဖျားမယ် 😮‍💨 အသက်ရှူခက်မယ် 💢 ကိုယ်လက်နာကျင် ကိုက်ခဲမယ် 🤢 အန်တာတွေ ဖြစ်လာရင် ဆေးရုံမှာ evaluation လုပ်သင့် ပြသင့်ပါတယ်။

━━━━━━━━━━━

📖 မှတ်ထားရမယ့် စကားတစ်ခွန်းကတော့

🐭 “ကြွက်ကို ကြောက်တာထက်… ကြွက်ကစွန့်ပစ်ထားတဲ့ အညစ်အကြေး‌တွေကို ပေါ့ဆတာက ပိုအန္တရာယ်ရှိပါတယ်”

Awareness > Panic ❗️
အကြောက်မလွန်ပါနဲ့။
ဒါပေမယ့် မပေါ့ဆပါနဲ့။
ကြိုတင်သိရှိကာကွယ်မှုက ဘာမှမသိပဲကြောက်လန့်နေတာထက် အလုပ်ပိုဖြစ်ပါတယ်။ ✌️✌️✌️


#ဟန်တာဗိုင်းရပ်

🩸🩸သာမန်ပျော်ရွှင်စရာကိစ္စတစ်ခုလိုပဲ စတင်ခဲ့တဲ့ သမီးရီးစား စုံတွဲတစ်ခုရဲ့ မင်္ဂလာမဆောင်ခင် အချိန်တွေကနေ ဝမ်းနည်းစရာ အကြမ်...
07/05/2026

🩸🩸သာမန်ပျော်ရွှင်စရာကိစ္စတစ်ခုလိုပဲ စတင်ခဲ့တဲ့ သမီးရီးစား စုံတွဲတစ်ခုရဲ့ မင်္ဂလာမဆောင်ခင် အချိန်တွေကနေ ဝမ်းနည်းစရာ အကြမ်းဖက်မှုဖြစ်ရပ်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

👫👫အိန္ဒိယနိုင်ငံ၊ ဟိုင်ဒရာဘတ် ( Hyderabad ) မြို့မှာ မိန်းကလေး ရာမဏီ Ramani (အသက် ၂၂-၂၄) ဟာ မင်္ဂလာဖက်အဖြစ် သတ်မှတ်ထားသူ မနိုဟာ Manohar (ချစ်သူရီးစား) ကို 👉 HIV အိပ်ချ်အိုင်ဗွီ ရောဂါပိုး ရှိနေတယ်ဆိုတာ သိရတဲ့နောက် လက်မခံပဲ ငြင်းပယ်လိုက်ပါတယ်။

ဒီလိုဆုံးဖြတ်ချက်ဟာ သူမရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့် လွတ်လပ်ခွင့်ပါ… ဒါပေမယ့် အခြားဖက်မှာတော့ အဲ့ဒီအမျိုးသားက လက်မခံနိုင်ခဲ့ပါဘူး။

နောက်ဆုံးမှာ…
အမျိုးသားဟာ အမုန်းနဲ့ ပြန်လည်တုံ့ပြန်ပြီး လက်စားချေတဲ့အနေနဲ့ HIV ပိုး ပါဝင်တဲ့ 🩸သွေးကို 💉ဆေးထိုးအပ်တစ်ခုနဲ့ ကောင်မလေးကိုယ်ထဲ ထိုးသွင်းကာ ရက်ရက်စက်စက် ယုတ်မာတဲ့အထိ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်
မိန်းကလေးမှာ ရောဂါကူးမလားဆိုတဲ့ ကြောက်ရွံ့မှု၊ လူမှုပတ်ဝန်းကျင်ရဲ့ဖိအား၊ စိတ်ဒဏ်ရာဖိစီးမှုတွေကြောင့် သူ့ဘဝကိုအရှုံးပေး ကိုယ့်ကိုယ်ကို Su***de လုပ်ပြီး လူ့လောကထဲကနေ ထွက်ခွါသွားခဲ့ရပါတယ် ……. 😢😢

⸻

⚠️ ဒီနေရာမှာ သိထားသင့်တာ (ဆေးပညာအမြင်)

လူအများစု မသိသေးတာတစ်ခုက—

👉 HIV ပါတဲ့ သွေး ထိုးခံရတာ = ချက်ချင်း ရောဂါကူးစက်တာ မဟုတ်ပါဘူး

👉 အရေးပေါ် ကာကွယ်ဆေး (PEP) ကို အချိန်မီသောက်ရင်
ရောဂါကူးစက်နိုင်မှုကို ၉၀ ရာခိုင်နှုန်းကျော်အထိ အများကြီး လျှော့ချနိုင်ပါတယ်

⸻

💊 PEP ဆိုတာဘာလဲ?

PEP (Post-Exposure Prophylaxis) ဆိုတာက
HIV ကူးနိုင်မယ့် အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွါးပီးတဲ့နောက်
အချိန်မီ သောက်ရတဲ့ ကာကွယ်ဆေးပေါင်းစုံ ဖြစ်ပါတယ်။

🕒 အရေးကြီးဆုံးအချက်

👉 72 နာရီအတွင်း စတင်သောက်ရပါမယ် (ပိုမြန်လေ ပိုကောင်းလေပါပဲ)

📅 သောက်ရမယ့် အချိန်

👉 ၂၈ ရက် တိတိ ဆက်တိုက် သောက်ရပါမယ်

✅ ကာကွယ်နိုင်မှု

👉 90% ကျော်အထိ ကာကွယ်နိုင်ပါတယ် (အချိန်မီ သောက်ပြီး နေ့စဉ်ရက်ဆက် အချိန်မှန် သောက်ရမှာပါ)

⸻

🏥 မြန်မာနိုင်ငံမှာ ဘယ်မှာ ရနိုင်လဲ?

မြန်မာမှာလည်း ဒီဆေးတွေ ရနိုင်ပါတယ်—

🌐 NGO / INGO
• AIDS prevention NGO တွေ
• Community health clinics

👉 မြန်မာနိုင်ငံမှာ PEP အခမဲ့ ပေးတဲ့နေရာတွေရှိတယ်
(မင်္ဂလာဒုံကူးစက်ရောဂါဆေးရုံမှာဆိုရင် PEP ဆေးကို အလကားပေးပါတယ် )

🏥 အစိုးရဆေးရုံများ
• HIV clinic / STI clinic တွေမှာ
👉 PEP service ရနိုင်ပါတယ်

💊 ဆေးဆိုင်များ

👉 တချို့ဆိုင်တွေမှာ ဝယ်လို့ရပေမယ့် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်တာ အရေးကြီးပါတယ်

👉 အပြင်ကနေ ဝယ်ယူရတဲ့အတွက် ကုန်ကျမှုစရိတ် သိန်းကျော် ကုန်ကျပါမယ်

⸻

⚠️တကယ်လို့များ ရောဂါပိုးကို မကာကွယ်နိုင်ခဲ့ရင်?

ဒါကတော့ လူအများ အဓိက အရမ်းကြောက်ရတဲ့အပိုင်းပါ။

ကံဆိုးစွာနဲ့ပဲ ကိုယ့်မှာ HIV ပိုးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလိုပါပဲ …

ဒါပေမယ့်……အခုအချိန်မှာ ….
👉 HIV ပိုး ရှိနေတာ = ဘဝဆုံးသွားတာ မဟုတ်တော့ပါဘူး

💊 ART (Antiretroviral Therapy)
• နေ့တိုင်း အေအာတီ ဆေးသောက်နေရင်
👉 ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်ပါတယ်

မြန်မာနိုင်ငံမှာ အခမဲ့ပေးနေတဲ့ Common HIV ART Regimens တွေကတော့

• TLD = Tenofovir + Lamivudine + Dolutegravir
• TLE = Tenofovir + Lamivudine + Efavirenz
• AZT/3TC/NVP = Zidovudine + Lamivudine + Nevirapine
• AZT/3TC/EFV = Zidovudine + Lamivudine + Efavirenz
• ABC/3TC/DTG = Abacavir + Lamivudine + Dolutegravir စတာတွေ ဖြစ်ပါတယ်

❤️ U=U ဆိုတာကတော့ 👉 Undetectable = Untransmittable
(ဗိုင်းရပ်စ်ပိုး မတွေ့နိုင်အောင်ထိ ထိန်းထားနိုင်ရင် အခြားသူကို မကူးနိုင်တော့ပါဆိုတဲ့ အယူအဆပါ)

🧬 ဘဝရဲ့ အမှန်တရား

👉 HIV ရှိတဲ့သူနဲ့လည်း အေအာတီ သောက်နေမယ်ဆိုရင်

• လက်ထပ်နိုင်တယ်။
• မိသားစုတည်ဆောက်နိုင်တယ်။
• အလုပ်လုပ်နိုင်တယ်။
• အသက်ရှည်ရှည်နေနိုင်ပါတယ်။

⸻

🧠 စိတ်ပိုင်းဆိုင်ရာက အရေးကြီးဆုံး

အခုဖြစ်ရပ်မှာ တကယ်ဆုံးရှုံးသွားတာက ရောဂါကြောင့် ဆိုတာထက် ဖြေရှင်းပုံနည်းလမ်းမှာ အမြင်တွေပြောင်းဖို့ လိုအပ်နေတာပါ —

👉 ကြောက်ရွံ့မှု + လူမှုဖိအား + အပြစ်တင်ခြင်း စတာတွေဟာ သာမန်လူတစ်ယောက်ကို ခံယူချက်တွေ အမြင်တွေ ပြောင်းသွားစေပါတယ် တွေးခေါ်နိုင်စွမ်းတွေ ထုံထိုင်းသွားစေပါတယ် ။

🚫 မလုပ်သင့်တာက
• HIV ရှိသူကို နှိမ့်ချမဆက်ဆံပါနဲ့
• ကြောက်စရာ ရှောင်ဖယ်စရာ လူတစ်ယောက်အနေနဲ့ မဖန်တီးပါနဲ့

❤️ လိုအပ်တာက

👉 နားလည်မှု + ပံ့ပိုးမှု တွေနဲ့ လူသားချင်း နားလည်စာနာပေးမှုတွေပဲ ဖြစ်ပါတယ်

⸻

⚖️ အမျိုးသားရဲ့လုပ်ရပ်ကို ဥပဒေအရ သုံးသပ်ရရင်

ဒီလို လုပ်ရပ်တွေဟာ—

👉 ကြမ်းတမ်းမှု (Assault)
👉 လူသတ်ရန် ကြိုးပမ်းမှု (Attempted murder) ဖြစ်ပါတယ်

👉 လူတစ်ယောက်ကို ရောဂါနဲ့ အန္တရာယ်ပေးတာဟာ လုံးဝ ခွင့်မပြုနိုင်တဲ့ နားလည်ပေးလို့မရတဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။
အကျဉ်းခန်း ထောင်နံရံ သံတိုင်တွေနောက်မှာပဲ ဘဝကို ကုန်ဆုံးစေမှာပါ …

⸻

🧭 ဒီဖြစ်ရပ်ကနေ သင်ယူရမှာကတော့ လူသားဆန်မှုအတွက် သင်ခန်းစာ ဖြစ်ပါတယ်

🔴 အချစ်ဆိုတာ အတင်းလုပ်ယူဖို့ မဟုတ်သလို

👉 လက်မခံလို့လဲ ဒဏ်ခတ်ခွင့် မရှိပါဘူး

🔴 ရောဂါကို လက်နက်တစ်ခုအဖြစ် မသုံးရပါဘူး

👉 လူသားဆန်မှု မရှိသလို နောက်လူငယ်တွေ အတုယူ မှားနိုင်ပါတယ်

🔴 ကျန်းမာရေး ဗဟုသုတသိရှိမှုက အသက်ကယ်နိုင်တယ်

👉 PEP, အေအာတီ တို့ကို သိထားရင် သင့်ရဲ့ကျန်းမာရေးအသိက

👉 ဘဝတစ်ခုကို ကယ်တင်ပေးနိုင်ပါတယ်

⸻

🌅 နောက်ဆုံးမှာ…

ဘယ်လောက်ပဲ ဆိုးတဲ့ အခြေအနေ ဖြစ်လာပါစေ—

👉 ဘဝကို ဘယ်တော့မှ အရှုံးမပေးပါနဲ့

HIV ဖြစ်လာတယ်ဆိုရင်တောင်
👉 နောက်ဆုံး ဘဝဆုံး သွားတာမဟုတ်ပါဘူး
👉 ဘဝသစ်တစ်ခု အစသာဖြစ်ပါတယ်

💬 💬 💬
“ကြောက်ရွံ့မှုကြောင့် ဆုံးဖြတ်ချက်မချပါနဲ့
📖အသိပညာနဲ့ ရှေ့ဆက်ပါ
ဘဝဟာ တစ်ကြိမ်ပဲ ရတယ်… ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့”

#အကျိုးရှိတယ်ဆိုရင် & လုပ်ပေးခဲ့ပါအုံးနော် .. ☺️

❌❌. မုန့်ဟင်းခါးမုန့်ဖတ်နဲ့ ဘန်ဇိုင်း “Benzoyl Peroxide” အကြောင်း – လူတွေသိထားသင့်တဲ့အမှန်တရား   ❌❌    😇 မုန့်ဟင်းခါးဆို...
05/05/2026

❌❌. မုန့်ဟင်းခါးမုန့်ဖတ်နဲ့ ဘန်ဇိုင်း “Benzoyl Peroxide” အကြောင်း – လူတွေသိထားသင့်တဲ့အမှန်တရား ❌❌

😇 မုန့်ဟင်းခါးဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ နေ့စဉ်အစားအစာ ဖြစ်နေတာပါ ..
အဲဒီအထဲက အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုကတော့ “မုန့်ဖတ်” ပါပဲ။ …
ဒါပေမယ့် မုန့်ဖတ်တွေ အလွန်ဖြူဖွေးလှပနေတဲ့အခါ လူတချို့က “chemical သုံးထားလား?” ဆိုပြီး သံသယထွက်တတ်ကြပါတယ်။

ထပ်ပြီး မုန့်ဖတ်က လေးငါးရက်ထိ မသိုးပဲ အကောင်းအတိုင်းဖြစ်နေတဲ့အခါ ကြောက်စိတ်ကလေးပါ ဖြစ်မိကြပါတယ် …. 🙀🙀🙀

🌸 အဲဒီထဲမှာ အကြောင်းအရာတစ်ခုအနေနဲ့ မကြာခဏထွက်လာတာက Benzoyl peroxide ဆိုတဲ့ chemical ပါ။

⸻

🧪 Benzoyl peroxide ဆိုတာဘာလဲ?

Benzoyl peroxide က အဓိကအားဖြင့်—

• ဝက်ခြံပျောက်ဆေး (acne medication)

• စက်ရုံသုံး ချွတ်ဆေး (industrial bleaching agent)

• မုန့် မှုန့် ဖြူဆေး (flour whitening agent)

အဖြစ် သုံးနိုင်တဲ့ oxidizing chemical ဓာတုပစ္စည်း တစ်မျိုးပါ။ 🤫

👉 အစားအသောက်လုပ်ငန်းမှာတော့ “flour bleaching” လို့ခေါ်တဲ့အဆင့်မှာ သုံးနိုင်ပါတယ်။

👉👉ဒါပေမယ့် တိုက်ရိုက်မုန့်ဖတ်ထဲ ထည့်တာမဟုတ်ဘဲ မုန့်မှုန့် ပြင်ဆင်တဲ့အဆင့် (flour processing stage ) မှာပဲ သုံးနိုင်တာများပါတယ်။

⸻

🍞 ဘာကြောင့် သုံးကြလဲ?

လူတွေမေးတာအများဆုံးက မုန့်ဖတ်ကို “ဘာကြောင့် chemical သုံးပြီးဖြူအောင်လုပ်ရတာလဲ?” ဆိုတာပါ။

အကြောင်းရင်းတွေကတော့—

✔ 1. အရောင်လှအောင်လုပ်ဖို့

• စျေးကွက်မှာ “ဖြူဖွေးလှတယ်” ဆိုတာက quality အရည်အသွေးမြင့်တယ်လို့ မြင်ကြတယ်

• စားသုံးသူကို ဆွဲဆောင်ဖို့ အတွက် အမြင်လှဖို့ အရေးကြီးတယ်

⸻

✔ 2. မုန့်မှုန့်ကို အဆင့်မြင့်တဲ့ ပုံစံ ထင်ရအောင်လုပ်ဖို့

• သဘာဝဆန်မှုန့်က လုပ်တဲ့ ဖြူဆေးမပါတာတွေဟာ အရောင်မတူနိုင်ပါဘူး

• စက်ရုံကနေ ထုတ်လိုက်တဲ့အခါမှာ product တွေအကုန် အတူတူအရောင်ဖြစ်အောင်လုပ်တယ်

⸻

✔ 3. အချိန်တိုအတွင်း bleaching effect ရဖို့ ထုတ်လုပ်မှုမြန်ဆန်စေဖို့

• သဘာဝအတိုင်းပြုလုပ်ရာမှာ အချိန်ကြာမှ ဖြူလာတာကို

• chemical နဲ့ အမြန်တုပြီး ထုတ်လုပ်တယ်

⸻

⚙️ ဘန်ဇိုင်းက ဘယ်လိုအလုပ်လုပ်လဲ?

Benzoyl peroxide က—

• oxygen radicals ထုတ်တယ်

• pigment molecules တွေကို oxidize လုပ်တယ်

• အရောင်ဖျော့ → မုန့်မှုန့် flour ကို ပိုဖြူလာစေတယ်

👉 အဓိကက “oxidation bleaching process” ပါ။

⸻

⚠️ လူ့ခန္ဓာကိုယ်အပေါ် အန္တရာယ်ရှိလား?

အရေးကြီးတဲ့အပိုင်းက ဒီနေရာပါ။

✔ regulated use (သတ်မှတ်ပမာဏအတွင်း)

• international food standards (Codex/FDA type) အရ ခွင့်ပြုထားတဲ့ ပမာဏအတွင်း မုန့်မှုန့် ပြုလုပ်တဲ့အခါမှာ သုံးစွဲမယ်ဆိုရင်

👉 “generally safe” အန္တရာယ် မရှိနိုင်ပါဘူးလို့သတ်မှတ်ထားတယ်

⸻

⚠️ ဒါပေမယ့် အန္တရာယ်တွေရှိနိုင်တာက—

1. Oxidative stress

• ဘန်ဇိုင်လက်ကျန်များရင် အူလမ်းကြောင်းထဲမှာ oxidative effect ဖြစ်နိုင်

• cell-level stress ဆဲလ်တစ်လုံးချင်းဆီအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အလုပ်ပိုလုပ်ရ ပိုပင်ပန်းရတာမျိုး သက်ရောက်နိုင်ပါတယ်

⸻

2. အစာအိမ်ထိခိုက်ခြင်း

တချို့သူတွေမှာ တွေမှာ

• အစာအိမ်ဗိုက်အောင့်ခြင်း
• မအီမသာခြစ်ခြင်း
• ရင်ပြည့်ရင်ကယ်ခြင်း

⸻

3. အာဟာရဆုံးရှုံးမှု။

• မုန့်မှုန့် flour ထဲက ဗီတာမင် (B group) အချို့ကို ဖျက်ဆီးနိုင်ပါတယ်

⸻

4. အလွန်အကျွံသုံးမယ်ဆိုရင်တော့

• စက်ရုံအသေးလေးတွေမှာ သက်ဆိုင်ရာ ထိန်းချုပ်မှုအားနည်းမယ်ဆိုရင်တော့ မဆင်မခြင် အသုံးပြုတာမျိုး ဖြစ်နိုင်ပါတယ်
⸻

🧬 ကင်ဆာနဲ့ဆက်စပ်လား?

ဒီမေးခွန်းက လူတွေစိုးရိမ်ဆုံးအချက်ပါ။

👉 လက်ရှိ သုတေသနပြုလုပ်ချက် scientific consensus အရ—

• သတ်မှတ်ထားတဲ့ ပမာဏ (approved food-use level) အတွင်း Benzoyl peroxide ကို “direct carcinogen” ကင်ဆာတိုက်ရိုက်ဖြစ်စေသော ပစ္စည်းအဖြစ် သတ်မှတ် မထားပါ

• ဒါပေမယ့်
• oxidation byproducts
• long-term high exposure
• poor regulation use

တို့အခြေအနေတွေမှာ theoretical risk တွေကို သုတေသနလုပ်နေဆဲပါ။

👉 အဓိကပြောရရင်—

“normal regulated use = low risk”

“overuse / uncontrolled use = uncertain long-term risk”

👉👉👉❌❌❌ နားလည်လွယ်အောင်ပြောရရင်တော့ ဘန်ဇိုင်းဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းအနေနဲ့ သတ်မှတ်မထားပေမယ့် ကင်ဆာနဲ့မဆိုင်ဘူးလို့ ဘယ်သူမှ တာဝန် "မခံ”ရဲကြပါဘူး။ ❌❌❌

🌸 ဆဲလ်လေးတွေ ပျက်စီးတာ ရေရှည်ဖြစ်လာရင် ထပ်ခါထပ်ခါ ဒဏ်ရာရလိုက် ပြန်ပြင်ရလိုက်နဲ့ ခန္ဓာကိုယ်မှာ ကုစားနေရင်း…အရေးကြီးတဲ့ မျိုးဗီဇ Genetic sequence တစ်ခု ပြောင်းလဲသွားတဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းတွေ တိုးလာနိုင်တာကြောင့်ဖြစ်ပါတယ် 🌸

⸻

🍜 👉👉သဘာဝမုန့်ဖတ်နဲ့ ဓာတုပစ္စည်းပါသော မုန့်ဖတ် ခွဲနည်း

🌿 သဘာဝမုန့်ဖတ်

• အရမ်းမဖြူသော အရောင် cream-white

• ဆန်နံ့ အနည်းငယ်ရှိ

• ချက်ရင် ပျော့ပြောင်းပါတယ် အနည်းငယ် ဆွဲဆန့်လို့ရပါတယ်

• အထားမခံပါဘူး

⸻

⚠️ chemical suspect မုန့်ဖတ်

• အလွန်တောက်ပသော အဖြူရောင် (paper white)

• အနံ့မရှိ သို့မဟုတ် ဆေးနံ့နည်းနည်းရ

• ပလတ်စတစ်လိုဖြစ်နေပါတယ်

• ချက်ရင် ပျော့ပြောင်းတာ ပိုမြန်တယ်လို့ ပြောပါတယ်

⸻

🧠 အရေးကြီးဆုံးအမှန်တရား

လူတွေထင်တာတစ်ခုက—

👉 “ဖြူလွန်းရင် chemical ပါတယ်” ဆိုတာပါ

ဒါပေမယ့် တစ်ဖက်ကလဲ

• modern milling technology

• good rice variety

• processing method

🌸 အလွန်အရည်အသွေးမြင့်တဲ့ စက်ပစ္စည်းတွေ ကုန်ကြမ်းပစ္စည်းတွေ စက်ရုံတွေ ကျွမ်းကျင်လုပ်သားတွေက ထုတ်လုပ်ထားတဲ့ မုန့်ဖတ်တွေကလဲ အလွန်ဖြူနိုင်ပါတယ်။ စျေးနှုန်းတော့ ကြီးမြင့်မှာ အသေအချာပါ….

👉 မုန့်ဖတ်မှာ ဓာတုပစ္စည်း ပါ/မပါ ကို အရောင်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရပါဘူး။

______________

🔥 🔥 အကျဉ်းချုပ် 🔥 🔥

• Benzoyl peroxide က flour bleaching chemical တစ်မျိုးဖြစ်ပါတယ်

• industrial production မှာ အရောင်ဖြူစေဖို့ သုံးနိုင်တယ်

• regulated use ဆိုရင် အများအားဖြင့် safe ဖြစ်ပါတယ်

• overuse / poor control ဆိုရင် ကျန်းမာရေး ထိခိုက်မှုရှိနိုင်ပါတယ်

• ကင်ဆာအတွက် ကတော့ သက်ဆိုင်တယ်လို့ သုတေသနပြုထားတာမရှိပေမယ့် ရေရှည်အတွက်တော့ အာမခံမထားပါဘူး

• မုန့်ဖတ် အရည်အသွေး quality ကို အရောင်တစ်ခုတည်းနဲ့မဆုံးဖြတ်ဘဲ အနံ့+ မုန့်ဖတ်သား+ ချက်ရတဲ့ အနေအထား (smell + texture + cooking behavior ) ကိုပါကြည့်ပြီး ဆုံးဖြတ်ရပါမယ်

_________________

👉👉👉မုန့်ဖတ်ထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့

❌တာရှည်ခံ ဖော်မလင်တွေ ဟိုင်ဒရိုဂျင် ပါအောက်ဆိုဒ် တွေနဲ့

❌ချွတ်ဆေးထဲမှာ ကလိုရင်း နဲ့ ဘိုးရစ်ပါတဲ့ ဓာတုပစ္စည်းအကြောင်းတွေကို

နောက်တစ်ပုဒ်မှာ ဖော်ပြပေးမှာမလို့ လုပ်ပြီး ပေးထားဖို့ မမေ့ပါနဲ့နော်

☺️☺️☺️

🦷🦷 သွားများ၏ ပြောင်းလဲလာမှုနှင့် သွားရောဂါများ –🦷🦷      လူသားတို့ရဲ့ သွားတွေဟာ အချိန်ကြာမြင့်စွာအတွင်း အစားအစာပုံစံ၊ နေထ...
04/05/2026

🦷🦷 သွားများ၏ ပြောင်းလဲလာမှုနှင့် သွားရောဂါများ –🦷🦷

လူသားတို့ရဲ့ သွားတွေဟာ အချိန်ကြာမြင့်စွာအတွင်း အစားအစာပုံစံ၊ နေထိုင်မှုပုံစံ (lifestyle) နဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် အဆင့်ဆင့် ပြောင်းလဲလာခဲ့ပါတယ်။
ဒီပြောင်းလဲမှုတွေက သွားပုံစံ (tooth structure) သာမက သွားရောဂါများ (dental diseases) ဖြစ်ပေါ်လာပုံနဲ့လည်း အလွန်နီးစပ်စွာ ဆက်စပ်နေပါတယ်။

⸻

🌸ရှေးဟောင်းလူသားများ၏ သွားများ (Ancient Human Dentition)

ရှေးတုန်းက လူသားများ (hunter-gatherers) တွေဟာ သဘာဝအစားအစာတွေ—အသား၊ အသီးအနှံ၊ အရွက်တွေကို မကြာခဏ စားသုံးကြပါတယ်။ အဲ့ဒီအစားအစာတွေက ပျော့ပျောင်းမှုမရှိဘဲ အကြမ်းစား အမာ (fibrous foods) ဖြစ်တဲ့အတွက် သွားတွေကို သဘာဝအတိုင်း သန့်ရှင်းပေးနိုင်ပါတယ်။

• Plaque accumulation (သွားချေးလွှာကပ်ခြင်း) နည်းစေပါတယ်

• Dental caries (သွားပိုးပေါက်) အလွန်နည်းစေပါတယ်

• သွားတွေ ခိုင်မာပြီး တန်းတူစွာ အညီအညာရှိတတ်ပါတယ်

🌻ဒါပေမယ့်၊ သွားပျက်စီးမှု (tooth wear) ကတော့ အလွန်များပါတယ်။

🌻သဲမှုန့်ပါဝင်တဲ့ အစားအစာတွေကြောင့် enamel (သွားအပေါ်ယံကြွေလွှာ) ထိခိုက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

📌 ဥပမာ – အာဖရိကနှင့် အရှေ့တောင်အာရှမှ ရှေးဟောင်းအရိုးတွေကို လေ့လာရာမှာ သွားပိုးပေါက် နည်းပါးပြီး သွားကြွေလွှာပျက်စီးပြုန်းတီးမှု (attrition) များတာကို တွေ့ရပါတယ်။

⸻

🌸လယ်ယာလုပ်ငန်းစတင်သည့်ခေတ် (Agricultural Revolution)

လူသားများ လယ်ယာစိုက်ပျိုးရေးကို စတင်ပြီးနောက် အစားအစာပုံစံမှာ အဓိကပြောင်းလဲမှု ဖြစ်လာပါတယ်။ အထူးသဖြင့် ဂျုံ၊ ဆန် စတဲ့ carbohydrate-rich foods (အချိုဓာတ်များသောအစားအစာများ) ကို ပိုမိုစားသုံးလာကြပါတယ်။

ဒီပြောင်းလဲမှုကြောင့်—

• Plaque သွားချေးလွှာ ပိုမိုတက်လာခြင်း

• Dental caries သွားပိုးစားခြင်းများ တိုးလာခြင်း

• Gum disease သွားဖုံးရောဂါများ ပိုမိုတွေ့ရခြင်း

Carbohydrates တွေကို ပါးစပ်ထဲရှိ bacteria (ပိုးမွှားများ) က ချေဖျက်ပြီး acid (အက်ဆစ်) ထုတ်ပေးပါတယ်။ ဒီအက်ဆစ်တွေက သွားကြွေလွှာ ကို ပျက်စီးစေပြီး သွားပိုးပေါက် ဖြစ်လာပါတယ်။

⸻

🌸စက်မှုခေတ်နှင့် အချိုစားသုံးမှု (Industrial Era & Sugar Consumption)

စက်မှုတော်လှန်ရေး (Industrial Revolution) နောက်ပိုင်းမှာ သကြား (refined sugar) ကို လူအများစားသုံးလာနိုင်ခဲ့ပါတယ်။ ဒါက သွားကျန်းမာရေးအတွက် အကြီးမားဆုံးပြောင်းလဲမှုတစ်ခုပါ။

• သကြားစားသုံးမှုများခြင်းဟာ သွားပိုးစားခြင်းကို ပိုမိုများပြားစေပြီး အခြားသော သွားရောဂါတွေ ပိုမိုအဖြစ်များလာခဲ့ပါတယ် ။

⸻

🌸အစားအစာနှင့် ဘက်တီးရီးယားများ၏ အခန်းကဏ္ဍ

ပါးစပ်ထဲမှာ Oral microbiome (ပိုးမွှားအသိုင်းအဝိုင်း) ရှိပါတယ်။ ဒီပိုးမွှားတွေဟာ သင့်အစားအစာပေါ်မူတည်ပြီး ကောင်းလည်းဖြစ်နိုင်၊ မကောင်းလည်းဖြစ်နိုင်ပါတယ်။
• သကြားများများစားရင် → harmful bacteria တိုးစေပါတယ်

• အမျှင်ဓါတ်ကြွယ်ဝတာ စားပေးရင် → သဘာဝသန့်ရှင်းမှုကို အားပေးပါတယ်

ဒါကြောင့် diet (အစားအစာပုံစံ) က သွားကျန်းမာရေးကို တိုက်ရိုက်သက်ရောက်ပါတယ်။

⸻

🌸သင်ယူရမည့် သင်ခန်းစာများ

ရှေးဟောင်းလူသားများရဲ့ဘဝကနေ ကျွန်တော်တို့ သင်ယူနိုင်တာတွေ အများကြီး ရှိပါတယ်—

1. Natural diet (သဘာဝအစားအစာ) ဟာ သွားကျန်းမာရေးအတွက် ကောင်းစေပါတယ်

2. Sugar consumption (သကြားစားသုံးမှု) ကို လျော့ချရန်လိုအပ်ပ်ပါတယ်

3. Oral hygiene (သွားနှင့် ခံတွင်း သန့်ရှင်းမှု) မဖြစ်မနေ လိုအပ်ပါတယ်

⸻

🌸နိဂုံးချုပ်အနေနဲ့ကတော့

လူသားသွားများဟာ အစားအစာနဲ့နေထိုင်မှုပုံစံပြောင်းလဲမှုအလိုက် အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး၊ အဲ့ဒီပြောင်းလဲမှုတွေက သွားရောဂါများကို တိုက်ရိုက်သက်ရောက်စေခဲ့ပါတယ်။

ဒါကြောင့် “ခေတ်သစ်နည်းပညာ” တစ်ဖက်၊ “ရှေးဟောင်းအလေ့အထကောင်းများ” တစ်ဖက်ကို ပေါင်းစပ်ပြီး—

🌻• သကြားလျော့စားပါ

🌻• သွားမှန်မှန်တိုက်ပါ. 🪥🪥

🌻• သွားဆရာဝန်ကို ပုံမှန်တွေ့ပါ

ဆိုတဲ့ အလေ့အထများကို လိုက်နာမယ်ဆိုရင် သွားကျန်းမာရေးကို ရေရှည်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။🦷🦷🦷

#အကျိုးရှိတယ်ဆိုရင်likeနဲ့shareပေးခဲ့ပါအုံးနော်

03/05/2026

#သွား

😄 “သွားနာနဲ့ သွားပညာ”(ဟာသဆောင်းပါးတို)တစ်နေ့မှာ ဟာသဘုရင်လို့ခေါ်ကြတဲ့ Charlie Chaplin ကို လူတစ်ယောက်က မေးလိုက်တယ်—“မင်းရ...
03/05/2026

😄 “သွားနာနဲ့ သွားပညာ”

(ဟာသဆောင်းပါးတို)

တစ်နေ့မှာ ဟာသဘုရင်လို့ခေါ်ကြတဲ့ Charlie Chaplin ကို လူတစ်ယောက်က မေးလိုက်တယ်—

“မင်းရဲ့အပြုံးက အရမ်းလှတယ်၊ သွားတွေကလည်း တောက်ပနေတယ်၊ ဘယ်လိုထိန်းသိမ်းလဲ?”

Chaplin က နည်းနည်းစဉ်းစားပြီး ပြန်ဖြေတယ်—

“သွားတွေကိုထိန်းသိမ်းတာက မျက်နှာလှအောင်လုပ်တာထက် ပိုလွယ်ပါတယ်…
မစားသင့်တာ မစားဘူး၊ ဒါပေမယ့် အရသာရှိတာတွေကြုံလာတော့လဲ မရပ်နိုင်ဘူး!”

လူတော်တော်များများက ရယ်ကြပြီး နောက်တစ်ယောက်က ထပ်မေးတယ်—

“ဒါဆို သွားနာလာရင် ဘာလုပ်မလဲ?”

Chaplin က ချက်ချင်းဖြေတယ်—

“အရင်ဆုံးတော့ ရယ်လိုက်တယ် 😅😅… မနာဘူးထင်လို့။
မရယ်နိုင်လောက်အောင် နာပီဆိုရင်တော့ သွားဆရာဝန်ဆီကို ပြေးရတော့တာပဲ 😂😂😂”

⸻

🌸တကယ်တော့ လူတွေဟာ သွားနာတဲ့အချိန်မှာသာ သွားရဲ့တန်ဖိုးကို သိကြတယ်။ နေ့စဉ်မှာတော့ အရသာရှိတာတွေစားပြီး “နောက်မှကြည့်မယ်” ဆိုတဲ့စိတ်နဲ့ ဖြစ်သလိုနေတတ်ကြပါတယ်။🌸

⸻

😆 ဟာသတစ်ပုဒ်

မိတ်ဆွေတစ်ယောက်က သူ့သူငယ်ချင်းကို မေးတယ်—

“မင်း သွားတိုက်တယ်လား?”

သူငယ်ချင်းက ပြန်ဖြေတယ်—

“တစ်နေ့တစ်ကြိမ်တော့ တိုက်တယ်”

“အဲဒါက မနက်လား ညလား?”

“မနက်လည်းမဟုတ် ညလည်းမဟုတ်… နာလာတဲ့အချိန်တိုက်တယ်!”

⸻

💡 နောက်ဆုံးအတွေး

သွားဆိုတာက—
• မနာတဲ့အချိန်မှာ သတိမရဘူး

• နာတဲ့အချိန်မှာတော့ ဘာမှ မစဉ်းစားနိုင်တော့ဘူး

⸻

😂 “သွားနာနဲ့ သွားပညာ (အပိုင်း ၃ )”

တစ်နေ့မှာ Charlie Chaplin လိုမျိုး အပြုံးလှချင်တဲ့ ကိုမောင်မောင် တစ်ယောက် သွားဆရာဝန်ဆီ သွားတယ်။

ဆရာဝန်—
“ဘာဖြစ်လို့လာတာလဲ?”

ကိုမောင်မောင်—
“ဆရာ… သွားနာတယ်… ဒါပေမယ့် နာတာထက် ပိုကြောက်တာက ကုသခလို့ထင်တယ်…”

ဆရာဝန်က ရယ်ပြီး—
“အဲဒါဆို မနာခင်က ဘာလုပ်နေခဲ့လဲ?”

ကိုမောင်မောင်—
“အဲဒီတုန်းက အရသာရှိတာတွေ စားနေခဲ့တယ်…”

⸻

ဆရာဝန်က စစ်ပြီးပြောတယ်—
“ဒီသွားကို ထုတ်ရမယ်”

ကိုမောင်မောင်က လန့်သွားပြီး—
“ဆရာ… မထုတ်လို့ရမလား? ဆေးပေးပြီး ထားလို့မရဘူးလား?”

ဆရာဝန်—
“မရဘူး… မထုတ်ရင် ပိုးက ဘေးသွားတွေထိ ပျံ့သွားမယ်”

ကိုမောင်မောင်—
“ဒါဆို အဲဒီပိုးကိုပဲ ထုတ်လိုက်ပါလား… သွားကိုတော့ထားချင်တယ်!”😇😇

⸻

⸻

🌻🌻🌻Truth hurts 😆😆

“သွားနာတာထက် ပိုနာတာက…. Bill ထွက်လာတဲ့ အချိန်ပါပဲ”😅😅

🌸🌸🌸သွားကျန်းမာရေးကို ကာကွယ်ဖို့ သိထားသင့်တဲ့ အရေးကြီးအချက်များ (Basic Dental Care Guide)🌸🌸🌸🌻🌻သွားကျန်းမာရေးဆိုတာ မျက်နှာ...
03/05/2026

🌸🌸🌸သွားကျန်းမာရေးကို ကာကွယ်ဖို့ သိထားသင့်တဲ့ အရေးကြီးအချက်များ (Basic Dental Care Guide)🌸🌸🌸

🌻🌻သွားကျန်းမာရေးဆိုတာ မျက်နှာအလှအပတစ်ခုသာမက ကိုယ်ခန္ဓာကျန်းမာရေး (overall health) နဲ့ပါ တိုက်ရိုက်ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံမှာ လူအများစုက သွားနာမှ ဆေးခန်းသွားကြတဲ့အလေ့အထရှိပြီး၊ ကြိုတင်ကာကွယ်ခြင်း (prevention) ကို အလေးမထားတတ်ကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ နေ့စဉ်အသုံးပြုရတဲ့ ပစ္စည်းတွေကို မှန်ကန်စွာရွေးချယ်နည်း၊ အသုံးပြုနည်းနဲ့ အသက်အရွယ်အလိုက် သတိထားသင့်တဲ့အချက်တွေကို ရိုးရိုးရှင်းရှင်းလေးနဲ့ ရှင်းပြပါမယ်။

⸻

🌸🌸သွားတိုက်တံရွေးချယ်နည်း (Toothbrush Selection)🌸🌸

သွားတိုက်တံရွေးချယ်ရာမှာ အရေးကြီးဆုံးက “Soft bristles” (အမျှင်နုနု) ဖြစ်ပါတယ်။ Hard bristles (အမျှင်အမာ) သုံးလျှင် သွားအပေါ်ယံအလွှာဖြစ်တဲ့ ကြွေလွှာ (Enamel) ကို ပျက်စီးစေပြီး၊ သွားဖုံး (gum) ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

• Head size (ခေါင်းအရွယ်) သေးသေးဖြစ်ရမယ် – ပါးစပ်ထဲမှာ လွယ်ကူစွာ လှည့်သုံးနိုင်ရန်

• Handle (လက်ကိုင်) သက်တောင့်သက်သာရှိရမယ်

• Electric toothbrush (လျှပ်စစ်သွားတိုက်တံ) ကိုလည်း အသုံးပြုနိုင်ပေမယ့် manual toothbrush လည်း မှန်ကန်စွာသုံးလျှင် လုံလောက်ပါတယ်

⸻

🌸🌸သွားတိုက်တံ သက်တမ်း (Toothbrush Lifespan)🌸🌸

သွားတိုက်တံကို ၃ လမှ ၄ လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။ အမျှင်လေးတွေ (Bristles) တွေ ပြားသွားတဲ့အခါ သွားပေါ်တွင်ကပ်နေသော ပိုးမွှားအလွှာ (plaque) ကို မဖယ်ရှားနိုင်တော့ပါဘူး။

⸻

🌸🌸သွားကြားထိုးကြိုး (Dental Floss) နှင့် သွားကြားထိုးတံ (Interdental Brush)

သွားတိုက်တံတစ်ခုတည်းနဲ့ သွားတွေရဲ့ကြား အကြွင်းအကျန်တွေကို မသန့်ရှင်းနိုင်ပါဘူး။ ဒါကြောင့် Dental floss အသုံးပြုဖို့ အရေးကြီးပါတယ်။
• Floss သုံးခြင်းက plaque နဲ့ food debris (အစာကျန်) ကို ဖယ်ရှားနိုင်တယ်
• Gingivitis (သွားဖုံးရောင်ခြင်း) ကို ကာကွယ်ပေးတယ်

Interdental brush ကတော့ သွားကြားကျယ်သူတွေ၊ braces (သွားတန်းညှိစက်) တပ်ထားသူတွေ အတွက် သင့်တော်ပါတယ်။

⚠️ သွားကြားထိုးတံ (toothpick) ကို အားပြင်းပြင်းမသုံးပါနဲ့ – သွားဖုံးတွေမှာ အနာ ဖြစ်နိုင်ပါတယ်

⸻

🌸🌸သွားတိုက်ဆေးရွေးချယ်နည်း (Toothpaste Selection)🌸🌸

သွားတိုက်ဆေးရွေးချယ်ရာမှာ Fluoride ပါဝင်မှုက အရေးကြီးဆုံးပါ။ Fluoride က enamel ကို သန်မာစေပြီး dental caries (သွားတွေ ပိုးစားခြင်း) ကို ကာကွယ်ပေးပါတယ်။

သွားတိုက်ဆေးအမျိုးအစားများ

• 🌻Fluoride toothpaste – သွားပိုးစားခြင်း ကာကွယ်ပေးပါတယ်

• 🌻Desensitizing toothpaste – Tooth sensitivity (သွားယားနာ) လျော့ချပေးပါတယ်

• 🌻Whitening toothpaste – သွားများကို ဖြူဖွေးစေပါတယ်

• 🌻Gum care toothpaste – Gum disease သွားဖုံးရောဂါ ကာကွယ်ပေးပါတယ်

⚠️ Whitening toothpaste သွားဖြူဆေးပါဝင်မှုများသော သွားတိုက်ဆေးကို မကြာခဏသုံးလျှင် enamel wear သွားအပေါ်ယံအကြွေလွှာ ပျက်စီးစေနိုင်ပါတယ်

⸻

🌸🌸ကလေးများအတွက် (Children Dental Care)🌸🌸

ကလေးတွေမှာ Early childhood caries (ကလေးငယ်သွားပိုးစားခြင်းနဲ့ သွားအပေါက်တွေ ) အဖြစ်များပါတယ်။

• Soft, small-head toothbrush သုံးပါ

• Fluoride ပါသော်လည်း ပြင်းအားနည်းတဲ့ ကလေးသွားတိုက်ဆေးကို သုံးပါ

• မိဘများက supervision (ကြည့်ရှုထိန်းသိမ်းမှု) လုပ်ပါ

• သွားတိုက်ဆေးကို မမြိုမိအောင် သတိထားပါ

⸻

🌸🌸အသက်ကြီးသူများအတွက် (Elderly Care)🌸🌸

အသက်ကြီးလာလျှင် gum recession (သွားဖုံးကျဆင်းခြင်း) နဲ့ tooth loss (သွားကျွတ်ခြင်း) ဖြစ်နိုင်ပါတယ်။

• Soft brushing technique သုံးပါ

• Dry mouth (Xerostomia) ခံတွင်းခြောက်သွေ့ခြင်း ဖြစ်နိုင်သောကြောင့် ရေများများသောက်ပါ

• Denture (အံကပ်) အသုံးပြုသူများ အံကပ်ကို သန့်ရှင်းမှု အထူးဂရုစိုက်ပါ

⸻

🌸🌸ဆောင်ရန် / ရှောင်ရန် (Do’s & Don’ts)🌸🌸

ဆောင်ရန် (Do’s)

• 🌻နေ့စဉ် ၂ ကြိမ် သွားတိုက်ပါ (2 minutes brushing)

• 🌻Floss သွားကြားထိုးကြိုး အသုံးပြုပါ

• 🌻၆ လမှ ၁ နှစ်အတွင်း dental check-up လုပ်ပါ

• 🌻Balanced diet (အာဟာရညီမျှသောအစားအစာ) စားပါ

ရှောင်ရန် (Don’ts)

• 🌻အချိုစားပြီး သွားမတိုက်ခြင်း

• 🌻Hard toothbrush သွားတိုက်တံအမာ သုံးခြင်း

• 🌻အားပြင်းပြင်း သွားတိုက်ခြင်း

• 🌻Smoking (ဆေးလိပ်သောက်ခြင်း)

⸻

🌸ဖြစ်နိုင်သော ဆိုးကျိုးများ (Possible Complications)🌸🌸

မှန်ကန်စွာ မလုပ်ဆောင်ပါက
• Dental caries (သွားပိုးစားခြင်း)
• Gingivitis / Periodontitis (သွားဖုံးရောင်ရောဂါ)
• Halitosis (ပါးစပ် အနံဆိုးခြင်း)
• Tooth loss (သွားကျွတ်ခြင်း)

ပြင်းထန်လာလျှင် Tooth infection (သွား ပိုးဝင်ခြင်း) က အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ပါတယ်။

⸻

🌸နိဂုံးချုပ် – လိုက်နာသင့်သော အယူအဆများ🌸

🌻• “Prevention is better than cure”
( မဖြစ်ခင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ် )

🌻• နေ့စဉ် oral hygiene (ပါးစပ်သန့်ရှင်းမှု) ကို အလေးထားပါ

🌻• မှန်ကန်သော dental products ရွေးချယ်ပါ

🌻• သွားဆရာဝန်ကို မကြာခဏ တွေ့ဆုံပါ

🌸🌸သွားတွေက တစ်ကြိမ်ပျက်စီးသွားရင် ပြန်မရနိုင်တဲ့ အဖိုးတန်အရာဖြစ်ပါတယ်။ နေ့စဉ်အလေ့အထကောင်းတွေ နဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေက သင့်သွားကျန်းမာရေးကို အခေါက်အကူပြုပေးနေမှာပါ … 🌸🌸

#အကျိုးရှိတယ်ဆိုရင်likeနဲ့followလုပ်ပေးခဲ့ပါအုံးနော်

💐💐🌸🌸သွားကျန်းမာရေးအရေးကြီးမှု 🌻🌻 🥀🥀နေ့စဉ်အလေ့အထက သင့်ဘဝကိုပြောင်းလဲစေမယ်🥀🥀🌻🌻လူတစ်ယောက်အတွက် သွားကျန်းမာရေးဆိုတာ အစားအစာက...
03/05/2026

💐💐🌸🌸သွားကျန်းမာရေးအရေးကြီးမှု 🌻🌻

🥀🥀နေ့စဉ်အလေ့အထက သင့်ဘဝကိုပြောင်းလဲစေမယ်🥀🥀

🌻🌻လူတစ်ယောက်အတွက် သွားကျန်းမာရေးဆိုတာ အစားအစာကိုသာမက စကားပြောခြင်း၊ ကိုယ်ပိုင်ယုံကြည်မှု၊ လူမှုဆက်ဆံရေးတွေမှာပါ အရေးကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူအများစုက သွားကို နာမှပဲ သတိရကြတာများပြီး၊ နာလာမှ ဆေးခန်းသွားတဲ့အလေ့အထရှိကြပါတယ်။ ဒီလိုအပြုအမူတွေက နောက်ပိုင်းမှာ သွားပျက်စီးမှု၊ သွားကျိုးပဲ့မှု၊ ခံတွင်းအနံ့မကောင်းခြင်း စတဲ့ ပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။

🌻🌻သွားပျက်ရခြင်းရဲ့ အကြောင်းရင်းတွေ

အများဆုံးတွေ့ရတာက သကြားပါဝင်တဲ့အစားအစာများစားသုံးခြင်း၊ သွားမသန့်ရှင်းခြင်း၊ သွားတိုက်မမှန်ကန်ခြင်းတို့ဖြစ်ပါတယ်။ အချိုရည်တွေ၊ မုန့်အချိုတွေ စားပြီး သွားမတိုက်လျှင် ဘက်တီးရီးယားတွေက သကြားဓာတ်ကိုစားသုံးပြီး အက်ဆစ်ထုတ်ပေးပါတယ်။ ဒီအက်ဆစ်တွေက သွားအပေါ်ယံကို ဖြည်းဖြည်းချင်းစားသွားပြီး နောက်ဆုံးမှာ သွားပိုးပေါက် (cavity) ဖြစ်လာပါတယ်။

🌻🌻ထိတ်လန့်စရာအချက်များ🌻🌻

🌸သွားပေါက်တစ်ခုကို မကုသဘဲထားလျှင် နာကျင်မှုတိုးလာပြီး အာရုံကြောထိခိုက်နိုင်ပါတယ်

🌸သွားပိုးဝင်မှုကနေ ခေါင်းကိုက်ခြင်း မျက်နှာယောင်ယမ်းခြင်းနဲ့ မစားမသောက်နိုင်တာအထိ ဖြစ်နိုင်ပါတယ်

🌸သွားနာတာကြာလာရင် သွားနှုတ်ရနိုင်ပြီး အစားစားရာမှာ အခက်အခဲတွေကြုံရနိုင်ပါတယ်

🌸သွားနှင့်အူလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ ဆက်စပ်မှုရှိနိုင်ပါတယ်

🌻🌻ရှောင်ရှားသင့်သောအရာများ🌻🌻

• မကြာခဏ အချိုစားခြင်း၊ အချိုရည်သောက်ခြင်း

• သွားမတိုက်ပဲနေခြင်း သို့မဟုတ် မမှန်ကန်စွာတိုက်ခြင်း

• သွားကြားတွင် အစာကျန်နေခြင်း

• ဆေးလိပ်သောက်ခြင်း (သွားညိုစေပြီး သွားကျန်းမာရေးကို ထိခိုက်စေသည်)

🌻🌻လွယ်ကူသော ကာကွယ်နည်းများ🌻🌻

၁။ နေ့စဉ် မနက်နှင့် ည နှစ်ကြိမ် သွားတိုက်ပါ

၂။ သွားတိုက်ရာတွင် သွားကြားအထိ သန့်ရှင်းအောင်လုပ်ပါ

၃။ အချိုစားပြီးတိုင်း ရေနှင့် ခံတွင်းကျင်းပါ သို့မဟုတ် သွားတိုက်ပါ

၄။ သွားကြားကြိုး (floss) သုံးနိုင်လျှင် ပိုကောင်းပါသည်

၅။ တစ်နှစ်လျှင် အနည်းဆုံး ၁ ကြိမ် သွားဆရာဝန်ကို စစ်ဆေးပါ

🌻🌻နိဂုံးချုပ် – လိုက်နာသင့်သော အယူအဆများ🌻🌻

🌸 “သွားနာမှ ဆေးခန်းသွားမယ်” မဟုတ်ဘဲ “မနာခင်ကာကွယ်မယ်” ဆိုတဲ့ အတွေးထားပါ

🌸 နေ့စဉ် သွားသန့်ရှင်းမှုကို အလေးထားပါ

🌸 အစားအစာရွေးချယ်မှုကို သတိပြုပါ

🌸 သွားကျန်းမာရေးက ကိုယ်ခန္ဓာကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ သတိရပါ

🌻🌻🌻 သွားတွေက သင့်ဘဝတစ်လျှောက်လုံးအတွက် အသုံးဝင်တဲ့ အဖိုးတန်အရာတွေဖြစ်ပါတယ်။ နေ့စဉ်အလေ့အထကောင်းများဖြင့် သွားကျန်းမာရေးကို ထိန်းသိမ်းနိုင်မယ်ဆိုရင် နာကျင်မှုတွေကိုရှောင်ရှားပြီး ယုံကြည်မှုအပြည့်နဲ့ နေထိုင်
နိုင်ပါလိမ့်မယ် 🌻🌻🌻

#အကျိုးရှိတယ်ဆိုရင်likeနဲ့followလုပ်ပေးခဲ့ပါအုံးနော်

Address

"We Care" Dental Clinic ၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ သမိုင်းလမ်းဆုံအနီး
Yangon
09443162506(CLINICPH)

Website

Alerts

Be the first to know and let us send you an email when Dr.Patho & Mrs.Dental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share