24/05/2026
💉 Insulin အခြေခံဗဟုသုတ
🔹 Insulin ဆိုတာဘာလဲ?
Insulin ဟာ
👉 ပန်ကရိယား (Pancreas) မှ ထုတ်လုပ်သော ဟော်မုန်းတစ်မျိုးဖြစ်ပြီး
👉 သွေးထဲရှိ သကြားဓာတ် (Glucose) ကို ကိုယ်ခန္ဓာဆဲလ်များထဲ ဝင်ရောက် အသုံးချနိုင်ရန် ကူညီပေးပါတယ်။
Insulin မလုံလောက်ပါက သို့မဟုတ် မအလုပ်လုပ်နိုင်ပါက
ဆီးချိုရောဂါ (Diabetes Mellitus) ဖြစ်ပေါ်လာပါတယ်။
🔹 Insulin ကို ဘယ်သူတွေ သုံးရမလဲ?
အောက်ပါအခြေအနေများတွင် Insulin လိုအပ်နိုင်ပါသည်
✔️ Type 1 Diabetes (အမြဲတမ်း Insulin လိုအပ်)
✔️ Type 2 Diabetes (ဆေးမထိန်းနိုင်တော့တဲ့အခါ)
✔️ ကိုယ်ဝန်ဆောင်စဉ် ဆီးချို (Gestational Diabetes)
✔️ သွေးချိုအလွန်မြင့်နေသော လူနာများ
📌 မှတ်ချက် – Insulin ကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အသုံးမပြုပါရန်။
🔹 Insulin အမျိုးအစားများ
1️⃣ Rapid-Acting Insulin
2️⃣ Short-Acting Insulin (Regular)
3️⃣ Intermediate-Acting Insulin
4️⃣ Long-Acting Insulin
🔹 Insulin ထိုးပုံ (Basic Injection Sites)
✔️ ဗိုက် (Abdomen) – အမြန်ဆုံး စုပ်ယူ
✔️ ပေါင်
✔️ လက်မောင်း
✔️ တင်ပါး
‼️Lipodystrophy ကို ကာကွယ်ရန် Injection Site ကို မကြာခဏ လဲပေးရပါမယ်။ Lipodystrophy သည် အရေပြားအောက်ရှိ အဆီအလွှာ (Subcutaneous fat) ပြောင်းလဲသွားသော အခြေအနေ ဖြစ်ပါသည်။
🔹 Insulin သုံးစွဲရာတွင် အရေးကြီးသော အန္တရာယ်များ
⚠️ Hypoglycemia (သွေးချိုနည်းခြင်း)
🔻 လက္ခဏာများ –
• ချွေးထွက်များ
• လက်တုန်
• မူးဝေ
• ဆာလောင်မှု ပြင်း
• စိတ်ရှုပ်ထွေးခြင်း
🆘 ကူညီနည်း –
👉 ချိုသောအရည် (သကြားရည်၊ ဖျော်ရည်) ချက်ချင်းသောက်ပေးပါ။
👉 မသက်သာပါက ဆရာဝန်ထံ ချက်ချင်းပို့ပါ။
🔹 Insulin သိမ်းဆည်းနည်း (Storage)
✔️ မဖွင့်ရသေးသော Insulin – အအေးခန်း (2–8°C)
✔️ ဖွင့်ပြီးသား Insulin – အခန်းအပူချိန်တွင် 28–30 ရက် (အမျိုးအစားပေါ်မူတည်)
🚫 နေရောင်တိုက်ရိုက် မထိစေရပါ။
🚫 မခဲအောင် သတိပြုရပါမယ်။