Seint - Your Pharmacist

Seint - Your Pharmacist Your Health,Our Priority

20/09/2026

ဒူးနာတာကို အကိုက်အခဲပျောက်ဆေးတစ်မျိုးတည်းနဲ့ အမြဲမကုတတ်ပါဘူး။

“အားဆေး” လို့ ထင်နေတဲ့ ဆေးတွေမှာလည်း ရည်ရွယ်ချက်တစ်ခုစီ ရှိနိုင်ပါတယ်။ 😊

18/09/2026

C ပိုးနဲ့ ပတ်သက်ပြီး လူအများဆုံး နားလည်မှုလွဲနေတဲ့ အချက်တစ်ခုကတော့…

“C ပိုးရှိဖူးရင် အိမ်ထောင်မပြုသင့်ဘူး” ဆိုတာပါ။

တကယ်တော့ ကုသမှုအောင်မြင်ပြီး သွေးထဲမှာ ပိုးမတွေ့တော့ရင် အိမ်ထောင်ဖက်ကို မကူးစက်တော့ပါဘူး။

သိထားသင့်တဲ့ အချက်တစ်ခုတော့ ရှိပါတယ် 👇
C ပိုးပျောက်သွားတာက တစ်သက်လုံး ကာကွယ်ခံရသွားတာ မဟုတ်တာကြောင့် နောက်ထပ် ပြန်ကူးစက်ခံရနိုင်သေးပါတယ်။

ဒီအကြောင်းကို Reel ထဲမှာ ရှင်းပြထားပါတယ် ❤️

17/09/2026

“အပူကန်တာ” လို့ပဲ ထင်ထားတဲ့ ပါးစပ်အနာလေးတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနိုင်လဲ? 👄💊

16/09/2026

Enervon C သောက်ပြီး ဆီးဝါသွားတာက အများစုမှာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ 💛

Disclaimer

ဒီ video သည် ကျန်းမာရေးဗဟုသုတမျှဝေရန်သာ ဖြစ်ပြီး ဆေးဝါးစတင်သောက်ရန်၊ ရပ်ရန် သို့မဟုတ် ပြောင်းလဲသောက်ရန် အကြံပြုခြင်း မဟုတ်ပါ။ ဆေးဝါးအသုံးပြုမှုများအတွက် ဆရာဝန် သို့မဟုတ် Pharmacist နှင့် တိုင်ပင်ပါ။

#ဆီးဝါတာဘာလို့လဲ #ကျန်းမာရေးဗဟုသုတ

14/09/2026

ဆီးချိုမရှိတဲ့ လူနာတချို့ကိုတောင် Empagliflozin ပေးနေတာ ဘာလို့လဲ? 🤔

ဒီဆေးက သွေးချိုကျစေရုံမက ❤️ နှလုံးနဲ့ 🫘 ကျောက်ကပ်ကိုပါ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။



📌 ဒီ Video သည် ကျန်းမာရေးဗဟုသုတ မျှဝေရန်သာ ဖြစ်ပြီး ဆေးစတင်သောက်ရန်၊ ရပ်ရန် သို့မဟုတ် ပြောင်းလဲသောက်ရန် အကြံပြုခြင်း မဟုတ်ပါ။ ဆေးဝါးအသုံးပြုမှုများကို မိမိ၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ပါသည်။

13/09/2026

ရာသီတုပ်ကွေး = Virus 🦠

Antibiotic လူတိုင်း မလိုပါဘူး။

ကိုယ်ခံအားစနစ်ကလည်း Virus ကို တိုက်ထုတ်နိုင်တာမို့ အနားယူခြင်းနဲ့ လက္ခဏာသက်သာအောင် ကုသခြင်းက အရေးကြီးပါတယ်။

12/09/2026

တချို့ဆေးတွေကို နာမည်ကြည့်ပြီး ဘာအတွက်သုံးလဲ ဆုံးဖြတ်လို့မရပါဘူး 💊

လူနာတစ်ယောက်ရဲ့ ရောဂါအခြေအနေ၊ ရည်ရွယ်ချက်နဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဆရာဝန်တွေက အသုံးပြုတတ်ကြပါတယ်။

ဆေးတစ်မျိုးတည်းကို ရောဂါအမျိုးမျိုးမှာ သုံးနိုင်တဲ့ ဥပမာတွေ အများကြီးရှိပါတယ်။

သောက်နေတဲ့ဆေးအကြောင်း နားမလည်တာရှိရင် ကိုယ့်ဆရာဝန် ဒါမှမဟုတ် Pharmacist ကို မေးမြန်းနိုင်ပါတယ် 😊



📚 Reference: 2023 International Evidence-based Guideline for PCOS

Vitamin တွေကို supplement ကနေတင်မဟုတ်ဘဲ နေ့စဉ်စားနေတဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ 🥦🍊🥚🐟Vitamin A, B, C, D, E, K တို့ရ...
11/09/2026

Vitamin တွေကို supplement ကနေတင်မဟုတ်ဘဲ နေ့စဉ်စားနေတဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ 🥦🍊🥚🐟

Vitamin A, B, C, D, E, K တို့ရဲ့ အဓိက source တွေကို သိထားခြင်းက အာဟာရညီမျှတဲ့ စားသောက်မှုပုံစံတစ်ခု တည်ဆောက်နိုင်ဖို့ အထောက်အကူပြုပါတယ်။ 💚

10/09/2026

Flu ဖြစ်တာနဲ့ Antibiotic သောက်ဖို့ လိုတယ်လို့ ထင်နေကြသလား? 🤔

Azithromycin က လူတိုင်းအတွက် မလိုအပ်ပါဘူး။ သင့်တော်တဲ့အခြေအနေမှာပဲ အသုံးပြုသင့်ပါတယ်။

💬 Flu ဖြစ်တုန်း Antibiotic သောက်ဖူးလား? Comment မှာ ပြောခဲ့ပါဦး။



သတိပေးချက်
ဒီ Page မှ ကျန်းမာရေးပညာပေးအချက်အလက်များသာ မျှဝေခြင်းဖြစ်ပြီး ဆေးဝါးညွှန်းခြင်း မဟုတ်ပါ။ ဆေးဝါးအသုံးပြုမှုများကို ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

09/09/2026

Kremil-S ပန်းရောင်နဲ့ အဖြူက အရောင်ပဲကွာတာ မဟုတ်ပါဘူး 💊

🌸 ပန်းရောင် → လေပွ၊ ရင်ပူ၊ အက်စစ်များ

⚪ အဖြူ → အပေါ်ကအချက်တွေအပြင် ဗိုက်ရစ်ရစ်နာနာ၊ ဗိုက်ဆွဲအောင့်တာတွေမှာပါ သုံးနိုင်ပါတယ်။

“Kremil-S ပဲဟာကို ဘာလို့ ၂ မျိုးထုတ်ထားလဲ?” ဆိုတာ ဒီ Video မှာ ရှင်းပြထားပါတယ် 👩‍⚕️

⚠️ ဒီဗီဒီယိုသည် ကျန်းမာရေးအသိပညာမျှဝေရန်သာ ဖြစ်ပြီး ဆေးညွှန်းမဟုတ်ပါ။ လက္ခဏာများဆက်ရှိနေပါက ဆရာဝန်/ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Seint - Your Pharmacist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share