02/09/2026
Vacancy Alert 🚨🚨🚨
🏥 အလုပ်အကိုင်ခေါ်ယူခြင်း (Vacancy Announcement)
အသစ်ဖွင့်ထားတဲ့ အထွေထွေရောဂါကု ဆေးခန်းတွင် ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည့် တက်ကြွဖျတ်လတ်ပြီး သင်ယူလိုစိတ်ရှိသော ဝန်ထမ်းကောင်းများကို ဖိတ်ခေါ်အပ်ပါသည်။
📌 ရာထူး (Job Title)
Clinic Assistant (ဆေးခန်းအကူ)
📌 အလုပ်အမျိုးအစား (Job Type)
Part-time
အသစ်ဖွင့်ထားတဲ့ ဆေးခန်းဖြစ်သဖြင့် အလုပ်တာဝန်ပမာဏ (Workload) များပြားမည်မဟုတ်ပါ။
🛠️ လုပ်ငန်းတာဝန်များ (Job Responsibilities)
- ဆေးခန်းအတွင်း/အပြင် သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း
- ဆေးဝါးများနှင့် ဆေးဗီရိုများကို စနစ်တကျ စီစဉ်ထားရှိခြင်း
- POS Software အသုံးပြု၍ ငွေရှင်းခြင်း၊ ငွေလက်ခံခြင်းနှင့် အရောင်းစာရင်းများ မှတ်တမ်းတင်ခြင်း
- ဆေးခန်းသို့ လာရောက်သော လူနာများအား ဖော်ရွေစွာ ကြိုဆိုလက်ခံခြင်း
- လူနာကြည့်ရှုချိန်တွင် ဆရာဝန်လိုအပ်သည့် ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခြင်း
- ဆေးခန်းပိတ်ချိန်တွင် လူနာစာရင်းနှင့် နေ့စဉ်ဝင်ငွေ/ထွက်ငွေ စာရင်းများကို ဆရာဝန်နှင့်အတူ စိစစ်တင်ပြခြင်း
🎓 အရည်အချင်းသတ်မှတ်ချက် (Requirements)
- အနည်းဆုံး အထက်တန်းပညာအောင်မြင်ပြီးသူ ဖြစ်ရမည်။
- ဆေးအမည်များနှင့် စာရင်းဇယားများကို ဖတ်ရှုနိုင်ရန် အခြေခံ အင်္ဂလိပ်စာဖတ်စွမ်းရည် ရှိရမည်။
- ဆေးဝါးနှင့် ကျန်းမာရေးလုပ်ငန်းများအပေါ် စိတ်ဝင်စားမှုရှိပြီး ဆေးခန်း/ဆေးရုံလုပ်ငန်းခွင်တွင် လုပ်ကိုင်လိုစိတ်ရှိရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်၍ စိတ်ရှည်သီးခံနိုင်သူ၊ ဖော်ရွေပျူငှာသူ ဖြစ်ရမည်။
- Phone / Tablet များကို အခြေခံအသုံးပြုနိုင်သူ ဖြစ်ရမည်။
မှတ်ချက် – POS Software အသုံးမပြုဖူးသူများကို လုပ်ငန်းခွင်တွင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
🕒 အလုပ်ချိန် (Working Hours)
မနက် (၉:၀၀) နာရီ မှ ည (၇:၀၀) နာရီအထိ
- နေ့လယ် (၁၂:၀၀) နာရီ မှ (၃:၀၀) နာရီအထိ အနားယူချိန်နှင့် ထမင်းစားချိန် (၃) နာရီ ပေးမည်။
📍 လုပ်ငန်းခွင်တည်နေရာ (Location)
အမှတ် (၁၆) ရပ်ကွက်၊ ဦးပုညလမ်း၊ တံတားဖြူမှတ်တိုင်၊ လှိုင်သာယာမြို့နယ်။
💰 လစာနှင့် ခံစားခွင့်များ (Salary & Benefits)
- အခြေခံလစာ (Basic Salary)
- Bonus ခံစားခွင့် (လူနာအဝင်နှင့် ရောင်းအားအပေါ် မူတည်၍)
- procedure assist fee
📩 လျှောက်ထားရန်
စိတ်ပါဝင်စားပါက လူကိုယ်တိုင်ဖြစ်စေ၊ CV Form ကို အောက်ပါ Viber နံပါတ်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
📱 Viber: +959 421064548