Alliance Myanmar

Website

Alliance Myanmar လူငယ်မျိုးဆက်ပွားကျန်းမာရေး နှင့် HIV/AIDS ဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။

06/10/2026

ဖြစ်တည်မှုက လူတစ်ယောက်ရဲ့ အရည်အချင်းကို သတ်မှတ်နိုင်ပါသလား ?

ဒီနေ့ခေတ်ရဲ့ လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်တချို့မှာ လူတစ်ယောက်ကို အကဲဖြတ်တဲ့အခါ သူတို့ရဲ့ "လုပ်ဆောင်နိုင်စွမ်း" ထက် သူတို့ရဲ့ "အသွင်အပြင်" ကို အရင်ကြည့်မိတတ်တဲ့ အလေ့အထတစ်ခု ရှိနေဆဲပါ…

အထူးသဖြင့် Transgender (TG) အမျိုးသမီးတွေဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ ဝတ်စားနေထိုင်တဲ့အခါ -
🔸လုပ်ငန်းခွင်ထဲက တိတ်တဆိတ် ကန့်သတ်ခံရမှုတွေ
🔸ရာထူးတိုးနဲ့ အခွင့်အလမ်းတွေမှာ မမြင်နိုင်တဲ့ နံရံ (Glass Ceiling) တွေ
🔸နေ့စဉ် လူမှုဆက်ဆံရေးမှာ ကြုံရတဲ့ ဘက်လိုက်အကြည့်တွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ် ....

ဒါတွေအတွက် အကောင်းဆုံးအဖြေကတော့ -

✅စွမ်းဆောင်ရည်နှင့် လူသားအချင်းချင်း အပြန်အလှန်လေးစားမှု တို့ကိုသာ အဓိကစံနှုန်းအဖြစ် သတ်မှတ်တာဖြစ်နိုင်ပါတယ် ....

ဒါမှသာ လူသားတိုင်းဟာ မိမိရဲ့ဖြစ်တည်မှုနဲ့အပေါ် ဂုဏ်သိက္ခာရှိရှိ ရှင်သန်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးတွေရရှိပြီး ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခွဲခြားဆက်ဆံမှုတွေတွေကို ချက်ချင်းရပ်တန့်ပြီး အမြင်သစ်တစ်ခုနဲ့ လောကြီးကိုစတင်ကြည့်ရှုဖို့ အခုဘဲစတင်လိုက်ပါ။

Your Best Mate - Maharmate
09 778005668

မေးခွန်းတွေဖြေပြီး လက်ဆောင်တွေယူကြဖို့ အခုဘဲ သင့်အဖြေကို Comment မှာချန်ထားခဲ့ပေးနော် အရင်ဆုံးမှန်တဲ့လူ (၁၀)ဦးကိုသာ ပေးအ...
02/10/2026

မေးခွန်းတွေဖြေပြီး လက်ဆောင်တွေယူကြဖို့ အခုဘဲ သင့်အဖြေကို Comment မှာချန်ထားခဲ့ပေးနော် အရင်ဆုံးမှန်တဲ့လူ (၁၀)ဦးကိုသာ ပေးအပ်သွားမှာဖြစ်လို့ အမြန်ဆုံးဖြေဖို့ကိုလည်း မမေ့နဲ့ဦးဗျ။

အဖြေမှန်တဲ့သူတွေဟာ Alliance Myanmar Page ကို Like and Follow လုပ်ထားမှသာ ဖုန်းဘေလ် လက်ဆောင်ရရှိနိုင်မှာဖြစ်ပါတယ်။
ဆုလက်ဆောင်တွေကတော့ တစ်ဦးလျှင်ဖုန်းဘေလ် (၁)သောင်းကျပ်စီ ဖြစ်ပါတယ်။
မေးခွန်းတွေကတော့
No. 1 HIV Self-Test (HIVST) ဆိုတာဘာလဲ?
A. Healthcare worker ကပဲ စစ်ပေးတဲ့ HIV test
B. ကိုယ်တိုင် sample ယူပြီး ကိုယ်တိုင် test လုပ်တဲ့ HIV test
C. HIV ရှိ/မရှိ 100% အတည်ပြုပေးတဲ့ test
D. AIDS stage ကို စစ်တဲ့ test

No. 2 HIV Self-Test “Non-reactive” ထွက်တာနဲ့ HIV မရှိဘူးလို့ အမြဲပြောနိုင်သလား?
A. ပြောလို့ရပါတယ်
B. ပြောလို့မရနိုင်ပါဘူး
C. Result ထွက်တဲ့အချိန်ပေါ်မူတည်တယ်
D. A နဲ့ C

No.3 HIVST ဆိုတာ ကိုယ်တိုင် HIV diagnosis အပြီးသတ်လုပ်တာ
A True
B False
Like & Follow လုပ်ထားတဲ့ လူတွေကိုသာ လက်ဆောင်ပေးမှာဖြစ်လို့ ဂရုစိုက်ပြီး လိုက်လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်

Your Best Mate – Maharmate
09 778005668

A True
B False
Like & Follow လုပ်ထားတဲ့ လူတွေကိုသာ လက်ဆောင်ပေးမှာဖြစ်လို့ ဂရုစိုက်ပြီး လိုက်လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်

Your Best Mate – Maharmate
09 778005668

 #သွေးအဖြေမှာ_HIV_ပိုးမရှိဘူးဆိုရင်_ဘာဆက်လုပ်သင့်လဲ=================================👉 HIV Negative ဆိုတဲ့အဖြေထွက်ပြီးနော...
01/10/2026

#သွေးအဖြေမှာ_HIV_ပိုးမရှိဘူးဆိုရင်_ဘာဆက်လုပ်သင့်လဲ
=================================

👉 HIV Negative ဆိုတဲ့အဖြေထွက်ပြီးနောက်ပိုင်း ကိုယ့်ဆီကို HIV ပိုးမကူးစက်နိုင်အောင် လုံခြုံစိတ်ချရတဲ့ အပြုအမူတွေနဲ့ အမြဲတမ်းနေထိုင်သွားဖို လိုအပ်ပါတယ်။

👉 ကြားကာလ (Window Period) အတွင်း ကျရောက်နိုင်ချေရှိသူတွေကတော့ နောက်ထပ်ကူးစက်စရာနည်းလမ်းတွေ မရှိအောင် ဂရုစိုက်နေထိုင်ပြီး နောက်ထပ် (၃) လကြာရင် ထပ်မံစစ်ဆေးသင့်ပါတယ်။ ထပ်မံစစ်ဆေးတဲ့အဖြေမှာ ပိုးမရှိဘူးလိုအဖြေထွက်ရင်တော့ စိတ်ချရပါပြီ။

👉 ပိုမိုလုံခြုံစိတ်ချနိုင်ဖိုအတွက် PrEP ‌ဆေးကိုလည်း အန္တရာယ်ရှိအပြုအမူတွေ လုပ်ဆောင်နေသ၍ သောက်သုံးသင့်ပါတယ်ခင်ဗျာ။

Your Best Mate – Maharmate
09 778005668

#မဟာမိတ်မြန်မာ

29/09/2026

ဒီနေ့တော့ "TB" ရောဂါလက္ခဏာတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာလေး အနဲငယ်လောက်ကို အားလုံးသိနိုင်ဖို့ မျှ‌ဝေပေးသွားချင်ပါတယ်။

တီဘီဖြစ်နိုင်တယ်လို့ယူဆလို့ရတဲ့ သံသယလက္ခဏာတွေကတော့

♦️တာရှည်ချောင်းဆိုးခြင်း
၂ ပတ် သို့မဟုတ် အဲ့ဒီထက်ပိုပြီး ချောင်းဆိုးနေခြင်း

♦️ဖျားခြင်း
အထူးသဖြင့် ညနေပိုင်းများတွင် အကြောင်းအရင်းမရှိဘဲ တငွေ့ငွေ့ဖျားနေခြင်း

♦️ညဘက် ချွေးစေးများပြန်ခြင်း
ညဘက်မှာ ပုံမှန်ထက်ပိုပြီး ချွေးထွက်ခြင်း

♦️အကြောင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
အစားအသောက်ပျက်ခြင်းနဲ့အတူ ကိုယ်အလေးချိန် ကျလာခြင်း

♦️မောပန်းနွမ်းနယ်ခြင်း
အားအင်မရှိသလို အလွယ်တကူ မောပန်းလာခြင်း

♦️ရင်ဘတ်အောင့်ခြင်း
အသက်ရှူတဲ့အခါ သို့မဟုတ် ချောင်းဆိုးတဲ့အခါ ရင်ဘတ်အောင့်ခြင်း

♦️သလိပ်ထဲ သွေးပါခြင်း
ချောင်းဆိုးတဲ့အခါ သလိပ်ထဲမှာ သွေးပါလာခြင်း စတဲ့ရောဂါလက္ခဏာတွေဘဲ ဖြစ်ပါတယ်ခင်ဗျာ။

အထက်ပါလက္ခဏာတွေထဲက တစ်ခုခုရှိနေတယ်ဆိုရင် လျစ်လျူမရှုပါနဲ့။ နီးစပ်ရာ ဆေးရုံ/ဆေးခန်းတွေမှာ သွားရောက်ပြီး တီဘီရောဂါ စစ်ဆေးမှုတွေကို အမြန်ဆုံး ပြုလုပ်သင့်ပါတယ်ခင်ဗျာ ...

Your Best Mate – Maharmate
☎️ 09 – 778005668

#မဟာမိတ်

28/09/2026

#မေးခွန်းလေးတွေဖြေပြီး လက်ဆောင်ယူဖို့ စိတ်ဝင်စားကြလား ခင်ဗျာ
မင်္ဂလာပါခင်ဗျာ...

ကျွန်တော်တို့ Alliance Myanmar ကို အစဉ်တစိုက် အားပေးဝန်းရံပြီး ကျန်းမာရေးဗဟုသုတတွေကို စောင့်ကြည့်လေ့လာနေကြတဲ့ မိတ်ဆွေတို့အတွက် ပျော်စရာကောင်းတဲ့ QUIZ Program လေးတစ်ခု စီစဉ်ထားပါတယ်
ပါဝင်ယှဉ်ပြိုင်ဖို့ စည်းမျဉ်းလေးတွေကတော့ -

🥇Alliance Myanmar ရဲ့ page (သို့မဟုတ်) TikTok Channel ကို Like & Follow လုပ်ထားရပါမယ်
🥈 မေးခွန်းရဲ့ အဖြေမှန်ကို Comment မှာ ရေးပေးရပါမယ်

Facebook နဲ့ TikTok Comment တွေထဲကနေ ပထမဆုံး အဖြေမှန်သူ (၁၀) ဦးကို ရွေးချယ်ပြီး အမှတ်တရလက်ဆောင် ပေးသွားမှာပါခင်ဗျာ 👌

မှတ်ချက် - ကံထူးရှင် (၁၀) ဦးအား ရွေးချယ်ရာတွင် Alliance Virtual KPSC Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

ဒီအစီအစဉ်လေးမှာ ပါဝင်ဖြေဆိုဖို့လည်း အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။

#မဟာမိတ်မြန်မာ

 #ညီလေးအတွက်_မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်ပါခရီးသွားတိုင်း ညီလေးကို ဦးထုပ်ဆောင်းပေးဖြစ်ပေမယ့် ဦးထုပ်နဲ့ ပက်သက်ပီး ဒါလေးတွ...
26/09/2026

#ညီလေးအတွက်_မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်ပါ

ခရီးသွားတိုင်း ညီလေးကို ဦးထုပ်ဆောင်းပေးဖြစ်ပေမယ့် ဦးထုပ်နဲ့ ပက်သက်ပီး ဒါလေးတွေတော့မှတ်ထားအုန်းနော်....

🔸Condom သက်တမ်းကုန်မကုန် (အရင်ဆုံး) စစ်ဆေးပါ
🔸Condom လေလုံ/ပေါက်ပြဲခြင်း (ရှိ/မရှိ) စစ်ဆေးပါ
🔸ထို့နောက် Condom ကို ခွေးသွားစိတ်မှ ဖွင့်ဖောက်ပါ
🔸Condom အသုံးပြုရမည့်ဘက်ကို မှန်ကန်စွာရွေးချယ်ပါ
🔸လေမဝင်စေရန်ကွန်ဒုံးထိပ်ဖျားကို လက်ဖြင့်ဖိ၍ အဆုံးထိဆွဲချပါ

အနောက်အရပ်ကို ခရီးသွားမယ်ဆိုရင်တော့ ချောဆီလေးနဲ့သွားမှ ပန်းတိုင်ကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်မှာမို့ ဆောင်ထားဖို့လည်း မမေ့နဲ့အုန်းနော်...

Your Best Mate – Maharmate
09 - 778005668

#မဟာမိတ်မြန်မာ

“သင့်ရဲ့ နောက်ဆုံး STI စစ်ဆေးမှုက ဘယ်တုန်းကလဲ?” STIs ဆိုတာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးများ ဖြစ်ပါတယ်STI တွေဟာ...
25/09/2026

“သင့်ရဲ့ နောက်ဆုံး STI စစ်ဆေးမှုက ဘယ်တုန်းကလဲ?”

STIs ဆိုတာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးများ ဖြစ်ပါတယ်

STI တွေဟာ ကျွန်တော်တို့ ထင်ထားသလို အမြဲတမ်း ရောဂါလက္ခဏာတွေ ပြနေတတ်တာမျိုးမဟုတ်ဘဲ 80% ခန့်ဟာလက္ခဏာမပြဘဲ ရှိနေနိုင်တာကြောင့် ကိုယ့်မှာ ကူးစက်ခံထားရမှန်း မသိနိုင်ပါဘူး

ဥပမာ -
🔹 ဆီးပူညောင်းကျရောဂါ (Gonorrhea)
🔹 ကလာမိုင်ဒီးယား‌ရောဂါ (Chlamydia)
🔹 လိင်အင်္ဂါကြွက်နို့ (HPV)
🔹 လိင်အင်္ဂါရေယုန် (Ge***al Herpes)
စတဲ့ STI တွေဟာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်

ဒါကြောင့် လက္ခဏာမရှိတာနဲ့ STI မရှိဘူးလို့ မဆိုလိုပါဘူး...
STI စစ်ဆေးခြင်းက ကိုယ့်ရဲ့ ရောဂါအခြေအနေကို သိရှိနိုင်ဖို့၊ လိုအပ်ပါက အချိန်မီ ကုသမှုခံယူနိုင်ဖို့နဲ့ Partner တွေဆီ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့လည်း ဦးတည်နေပါတယ်။
STI စစ်ဆေးခြင်းဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ခြင်းနဲ့ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့် Partner တွေအပေါ် တာဝန်ယူခြင်းတစ်ခု ဖြစ်ပါတယ်။
ဒါဆို...
သင့်ရဲ့ နောက်ဆုံး STI စစ်ဆေးမှုက ဘယ်တုန်းကလဲ?

Your Best Mate – Maharmate
09 778005668

#မဟာမိတ်မြန်မာ

ART စွဲမြဲမှန်ကန်မှုက ဘာကြောင့်အ‌ရေးကြီးတာလဲ? HIV ရောဂါပိုး ကူးစက်ခံရတဲ့အခါ ART ဆေးကို ပုံမှန်သောက်သုံးပြီး HIV ပိုးကို ...
22/09/2026

ART စွဲမြဲမှန်ကန်မှုက ဘာကြောင့်အ‌ရေးကြီးတာလဲ?

HIV ရောဂါပိုး ကူးစက်ခံရတဲ့အခါ ART ဆေးကို ပုံမှန်သောက်သုံးပြီး HIV ပိုးကို ထိန်းချုပ်နိုင်ဖို့လုပ်ဆောင်ကြပါတယ်။
ART ဆေးကို နေ့စဉ်ပုံမှန်သောက်သုံးဖို့ အရေးကြီးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတလေ ဆေးသောက်ဖို့ မေ့သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ART ကိုစွဲမြဲမှန်ကန်စွာ သောက်သုံးမှသာ HIV ကိုတားဆီးနိုင်မှာဖြစ်ပြီး ဆေးကို မကြာခဏ မေ့သောက်ခြင်း သို့မဟုတ် ရပ်နားခြင်းတွေဟာ HIV ပိုးကို ပြန်လည်များပြားလာစေနိုင်ပြီး ဆေးယဉ်ပါးမှု ဖြစ်နိုင်ခြေလည်း တိုးလာစေနိုင်ပါတယ်။

ဒါကြောင့် ART ဆေးသောက်တဲ့အခါ—
🔹 မှန်ကန်သော ဆေးပမာဏ
🔹 မှန်ကန်သော ဆေးအမျိုးအစား
🔹 မှန်ကန်သော သောက်သုံးနည်း
🔹 မှန်ကန်သော အချိန်

ဒီလို “မှန် ၄ မှန်” နဲ့အညီ ဆရာဝန်/ကျန်းမာရေးဝန်ထမ်း ညွှန်ကြားချက်အတိုင်း နေ့စဉ်ပုံမှန်သောက်သုံးဖို့ အရေးကြီးပါတယ်။

ART ကို ပုံမှန်သောက်ပါ — HIV ကို ထိန်းချုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

Your Best Mate – Maharmate
Hotline – 09 778005668

#မဟာမိတ်

21/09/2026

အင်းစိန်က မဟာမိတ် TG – Corner ကို ဘယ်လိုလာရမလဲ သိကြလား
မသိသေးရင် ဒီ Video လေးကို အဆုံးထိ ကြည့်သွားပေးနော်
လိပ်စာလေးကတော့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ နံသာကုန်းရပ်ကွက်၊ နိဗ္ဗိန္ဒလမ်း၊ အိမ်အမှတ် ၆၄၈ မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်နော်

Your Best Mate – Maharmate
စုံစမ်းချင်တယ်ဆိုရင်တော့

“ခြင်ကိုက်ခံရရင် HIV ပိုးကူးစက်မှာလား?”ခြင်ကိုက်ခံရလို့ HIV ပိုး ကူးစက်နိုင်တယ်ဆိုတာ အယူအဆမှားတစ်ခုသာ ဖြစ်ပါတယ်။HIV ဟာ လ...
21/09/2026

“ခြင်ကိုက်ခံရရင် HIV ပိုးကူးစက်မှာလား?”

ခြင်ကိုက်ခံရလို့ HIV ပိုး ကူးစက်နိုင်တယ်ဆိုတာ အယူအဆမှားတစ်ခုသာ ဖြစ်ပါတယ်။

HIV ဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ဖို့ဆိုရင် အခြေခံအားဖြင့်—

🔹 ထွက် – HIV ပါဝင်နိုင်တဲ့ ခန္ဓာကိုယ်အရည် ထွက်ရှိခြင်း
🔹 ရှင် – HIV ပိုး ရှင်သန်နိုင်ခြင်း
🔹 လုံ – ကူးစက်နိုင်တဲ့ ပမာဏ လုံလောက်ခြင်း
🔹 ဝင် – အခြားသူရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်း
စတဲ့ အခြေအနေတွေ ကိုက်ညီဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ခြင်ကိုက်ခြင်းဟာ HIV ကူးစက်စေတဲ့ နည်းလမ်းတစ်ခု မဟုတ်သလို ခြင်များက HIV ပိုးကို လူတစ်ဦးထံမှ အခြားတစ်ဦးထံ ကူးစက်ပေးနိုင်ခြင်း မရှိပါ။

မှန်ကန်တဲ့ အသိပညာတွေမျှဝေဖို့ သူငယ်ချင်းတို့ကြားဖူးတဲ့ အယူအဆမှားတွေကိုလည်း Comment မှာ ပြောပြခဲ့လိုရပါတယ်နော်...

Your Best Mate – Maharmate
Hotline – 09 778005668

#မဟာမိတ်

Address

No 24, 2nd Street, Hlaing Yandanamon Housing, Hlaing Township
Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Alliance Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share