09/04/2026
Body, Mind, Soul ဆိုတာ ဘာလဲ? ဘယ်လို အလုပ်လုပ်သလဲ?
🧍♀️Body ဆိုတာ (ခန္ဓာကိုယ်)
🧠 Mind ဆိုတာ (စိတ်)
🕊 Soul ဆိုတာ( စိတ်ဝိညာဥ်/အတွင်းစိတ်)
တချို့က Soul ကို နှလုံးလို့ ခေါ်ပြီး ကိုယ်, စိတ်, နှလုံး 3ပါး ချိတ်ဆက် အလုပ် လုပ်တယ်လို့ ပြောကြပါတယ်
မေသဲကတော့ Soul ကို အတွင်းစိတ် လို့ သုံးရတာကို ပိုသဘောကျပါတယ်
"Body, Mind, Soul" ဆိုတာက လူ့ဘဝရဲ့ အဓိက အစိတ်အပိုင်း 3 ခုဖြစ်ပြီး သုံးခုစလုံးက တစ်ပြိုင်နက်တည်း ချိတ်ဆက်မှုရှိပါတယ် တစ်ခုခု ပျက်လိုက်ရင် အခြားနှစ်ခုမှာပါ သက်ရောက်မှု ဖြစ်လာတတ်တာမို့ တစ်ခုချင်းစီကို နားလည်ထားဖို့က အရေးကြီးပါတယ်
🧍♀️ Body (ကိုယ်ခန္ဓာ)
Body ဆိုတာက ကိုယ့်ရဲ့ ကိုယ်ရုပ်ဖြစ်တယ်
လက်, ခြေ, မျက်စိ, နှလုံးသား, အဆုတ်, အစာအိမ်… စတဲ့ ကိုယ်အတွင်း, ကိုယ်အပြင် အစိတ်အပိုင်းတွေ ပါဝင်ပြီး ကိုယ်အသက်ရှင်နေဖို့အတွက် ခန္ဓာကိုယ်ကို ကောင်းကောင်း စောင့်ရှောက်ဖို့လိုပါတယ်
ခန္ဓာကိုယ်မကျန်းမာရင် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းလာတဲ့အပြင် စိတ်ပင်ပန်းတာ, စိတ်ဓါတ်ကျတာ စသဖြင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာစေပါတယ်
ခန္ဓာကိုယ်ကို စောင့်ရှောက်ဖို့အတွက် .......
• သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာစားပါ
• ရေများများသောက်ပါ (အနည်းဆုံးတစ်နေ့ ၆-၈ ခွက်)
• နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ
• အိပ်ရေးဝဝအိပ်ပါ
🧠 Mind (စိတ်လို့ခေါ်တဲ့ အတွေးအခေါ်)
Mind က ကိုယ့်ရဲ့ အတွေးအခေါ်တွေ, သတိ, မှတ်ဉာဏ်, စိတ်ခံစားချက်တွေကို ကိုင်တွယ်ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းပါ
ဘယ်အရာကိုမှတ်မိတယ်, ဘယ်အချိန်မှာ စိတ်က မတည်မငြိမ်ဖြစ်နေတယ်, ဘယ်အရာကို သဘောကျသလဲဆိုတာ Mind ကနေ ဖြစ်ပါတယ်
ဒါကြောင့်မို့ စိတ်က ဖြစ်စဉ်တွေကို တွေးတော, သုံးသပ်, ဆုံးဖြတ်ပေးပါတယ်
ခန္ဓာကိုယ်မကျန်းမာလို့ စိတ်ပင်ပန်းတာ, စိတ်ဓါတ်ကျတာတွေဖြစ်လာပြီး စိတ်မကျန်းမာတဲ့အခါ Soul ဆိုတဲ့ "အတွင်း" ထဲက စစ်မှန်တဲ့အသံကို မကြားနိုင်ဖြစ်တတ်ပါတယ်
စိတ်လေး ကျန်းမာစေဖို့အတွက် .......
• Meditation လုပ်ပါ
• Relax ဖြစ်စေမဲ့ Frequency တွေ နားထောင်ပါ
• စိတ်အပန်းပြေစေဖို့ သဘာဝနဲ့ ထိတွေ့ပါ
• ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါ
🕊️ Soul (ဝိညာဉ်, အတွင်းစိတ်)
တခါတလေမှာ .......
“ဒီအလုပ်က ငါ့အတွက်မဟုတ်ဘူးလို့ စိတ်ထဲက ပြောနေတာမျိုး ခံစားရတယ်”
“ဒီလမ်းကို မသွားသင့်ဘူးလို့ ခံစားရတယ်”
"ဒီလူနဲ့ ဆက်သွားလို့ မဖြစ်တော့ဘူး ဆိုတာမျိုး ခံစားရတယ်"
“ဒါတွေက ကိုယ့်ရဲ့ Soul လို့ခေါ်တဲ့ (စိတ်ဝိညာဉ်, အတွင်းစိတ်) ရဲ့ အသံနဲ့ ခံစားချက်တွေ ဖြစ်ပါတယ်
Soul က သေဆုံးပြီးနောက်မှာ ဆက်လက် တည်ရှိနေပြီး (Cycle of Rebirth & Karma) ပြန်လည်မွေးဖွားခြင်းနဲ့ ကံရဲ့ သံသရာစက်ဝန်းလို့လဲ ယူဆကြပါတယ်
နောက်ပြီး အတိတ်ကပါလာတဲ့ ပါရမီတို့ အထုံတို့ဆိုတာဟာ Soul ကနေ လာတယ်လို့လဲ ယူဆကြပါတယ်
Soul ရဲ့အသံက တိုးတိုးလေးဖြစ်ပေမဲ့ ခိုင်မာပြီး လမ်းမှန်ကို ပြပေးပါတယ် ဒါကြောင့် ကိုယ်က Soul ရဲ့အသံကို နားထောင်ပါလို့ ပြောကြတာပါ
Soul ရဲ့ အသံကို နားထောင်နိုင်ဖို့ Meditation များများလုပ်ပါ
ခန္ဓာကိုယ်မကျန်းမာရင် စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှုတွေဖြစ်လာပြီး Soul ရဲ့ လမ်းညွှန်မှုတွေ ပျောက်ဆုံးကာ ဘဝဟာ ကမောက်ကမတွေ ဖြစ်နေတတ်ပါတယ်
ဒါကြောင့် Body, Mind, Soul ကို Balance ဖြစ်စေဖို့အတွက် . . .
🌸 ခန္ဓာကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ပါ
🌸 စိတ်ကို အေးချမ်းအောင်နေပါ
🌸 အတွင်းက လမ်းညွှန်မှုကို လိုက်နာပါ
ဒါဆိုရင် ဘဝကို ဟန်ချက်ညီညီနဲ့ လျှောက်လှမ်းနိုင်ပါလိမ့်မယ်
April 11 ကနေ April 20 ထိ Body, Mind, Soul Healing Online Retreat ရှိတာမို့ စိတ်ဝင်စားရင် Link ကို ဝင်ကြည့်လို့ရပါတယ်
https://www.facebook.com/share/p/18vjRmFPU1/
2.June.2025 (9:36Am)