Dr. May - For Your Health

Call Contact the business

Dr. May - For Your Health Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. May - For Your Health, 19/23 Zayawaddy Street/Baho Street, Sanchaung, Yangon.

✨ မျှော်လင့်ခဲ့ရတဲ့ ပန်းတိုင်တစ်ခု…ရင်ခုန်ခဲ့ရတဲ့ ညတစ်ည…မြန်မာနိုင်ငံအတွက် ပထမဆုံးသော မှတ်တိုင်တစ်ခု… 🇲🇲🤍GLOBAL HEALTH A...
25/09/2026

✨ မျှော်လင့်ခဲ့ရတဲ့ ပန်းတိုင်တစ်ခု…
ရင်ခုန်ခဲ့ရတဲ့ ညတစ်ည…

မြန်မာနိုင်ငံအတွက် ပထမဆုံးသော မှတ်တိုင်တစ်ခု… 🇲🇲🤍

GLOBAL HEALTH ASIA PACIFIC 2026 AWARDS မှာ
🏆 Leading Medical Tourism Excellence & International Patient-Centric Service Award ကို ရရှိခဲ့တဲ့ ဒီညဟာ ကျွန်မဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် ညတစ်ည ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ Aesthetics, Wellness and Longevity Conference 2026 ကို တက်ရောက်ရင်း ဆုပေးပွဲအချိန်ကို ရင်ခုန်စွာ စောင့်မျှော်ခဲ့ရပါတယ်။

စက်တင်ဘာ ၂၅ ရက်၊ ည ၇ နာရီ…

ဆုရရှိသူတွေကို ကြေညာမယ့်အချိန် နီးလာလေလေ
ရင်ခုန်မှုကလည်း ပိုတိုးလာလေပါပဲ..

နာမည်တွေ တစ်ခုချင်းစီ ကြေညာသွားတိုင်း
“ဒီတစ်ခါများ ပါမလား…” ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စောင့်နေမိခဲ့ပါတယ်။

ပြီးတော့…

“Leading Medical Tourism Excellence & International Patient-Centric Service Award…”

ဆိုတဲ့ ဆုအမည်ကို ကြားလိုက်ရတဲ့အချိန်မှာတော့
ခဏလေး ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

ဝမ်းသာတယ်…
ရင်ခုန်တယ်…
ဝမ်းနည်းဝမ်းသာဖြစ်လာတယ်…

ပြီးတော့ အရင်ဆုံး သတိရမိတာက ကျွန်မရဲ့ Team ပါ။ 🤍

ဒီဆုဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးသော အသိအမှတ်ပြုမှုတစ်ခု ဖြစ်လာခဲ့တာကြောင့် ကျွန်မအတွက် ဂုဏ်ယူရတာထက်တောင် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။

ဒီစင်မြင့်ပေါ်မှာ ကျွန်မတစ်ယောက်တည်း ဆုယူခဲ့ပေမယ့်
တကယ်တော့ ကျွန်မတစ်ယောက်တည်း လာယူခဲ့တာ မဟုတ်ပါဘူး။

Medic Journey မိသားစုတစ်ခုလုံးကို ကိုယ်စားပြုပြီးကျွန်မတို့အားလုံးရဲ့ ကြိုးစားမှုတွေအတွက်
ဒီဆုကို လာယူပေးခဲ့တာပါ။

လူနာတစ်ယောက်အတွက် ညနက်တဲ့အထိ ဖုန်းပြောခဲ့ရတဲ့ညတွေ၊
အခက်အခဲတွေကြားမှာ အဖြေရှာခဲ့ရတဲ့အချိန်တွေ၊
ပင်ပန်းနေပေမယ့် တာဝန်မပျက် ဆက်ကြိုးစားခဲ့ကြတဲ့နေ့တွေ၊
လူနာတစ်ယောက် အဆင်ပြေသွားတဲ့အခါ အားလုံးအတူတူ ပျော်ခဲ့ကြတဲ့အခိုက်အတန့်တွေ…

ဒီဆုလေးထဲမှာ အဲ့ဒီအမှတ်တရတွေအားလုံး ရှိနေတယ်လို့ ခံစားရပါတယ်။

ဆုကို လက်ထဲမှာ ကိုင်ထားတဲ့အချိန်မှာ
ကျွန်မစိတ်ထဲမှာ တစ်ခုပဲ တွေးမိခဲ့တယ်—

“ဒီဆုက ငါတို့အားလုံးအတွက်ပါ…” 🤍

မြန်မာနိုင်ငံက Healthcare & Medical Tourism ကဏ္ဍအတွက် ဒီလိုနိုင်ငံတကာအသိအမှတ်ပြုမှုတစ်ခု ရရှိလာခဲ့တာကို အလွန်ဂုဏ်ယူမိပါတယ်။

ဒီအခိုက်အတန့်ကို ကျွန်မနဲ့အတူ ရင်ခုန်ပေးခဲ့ကြတဲ့ Team ကိုလည်း နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။

ဒီဆုဟာ ကျွန်မတစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။
ကျွန်မတို့အားလုံးရဲ့ ခရီးလမ်းတစ်လျှောက်က ကြိုးစားမှုတွေကို ကိုယ်စားပြုတဲ့ ဆုတစ်ဆုပါ။

🇲🇲 For Myanmar.
For my team.
For every patient who trusted us.

ဒီညကိုတော့ ကျွန်မ တစ်သက်လုံး မမေ့နိုင်တော့ပါဘူး။ 🤍🏆

Team တစ်ခုက တကယ်အောင်မြင်နေသလားဆိုတာMeeting Room ထဲမှာ လူဘယ်လောက်ရှိလဲဆိုတာနဲ့ မတိုင်းတာသင့်ပါဘူး။အဖွဲ့သားတွေ အလုပ်လုပ်ပ...
18/09/2026

Team တစ်ခုက တကယ်အောင်မြင်နေသလားဆိုတာ
Meeting Room ထဲမှာ လူဘယ်လောက်ရှိလဲဆိုတာနဲ့ မတိုင်းတာသင့်ပါဘူး။
အဖွဲ့သားတွေ အလုပ်လုပ်ပြီးတဲ့နောက် ဘယ်လိုအခြေအနေရှိနေကြလဲဆိုတာလည်း ကြည့်ဖို့လိုပါတယ်။
တစ်ချို့အလုပ်ခွင်တွေမှာ
“အမြဲ Online ဖြစ်နေရမယ်”
“Message ပို့ရင် ချက်ချင်းပြန်ရမယ်”
“ညနက်တဲ့အထိ အလုပ်လုပ်မှ တာဝန်ကျေတယ်”
ဆိုတဲ့ အတွေးတွေက တဖြည်းဖြည်းနဲ့ ပုံမှန်လို ဖြစ်လာတတ်ပါတယ်။
ဒါပေမယ့် အလုပ်လုပ်တဲ့အချိန်များတာနဲ့ အလုပ်ဖြစ်ထွန်းမှုက တူတာမဟုတ်ပါဘူး။
ကျွန်မအနေနဲ့ Team ကို ဦးဆောင်တဲ့အခါ
“ဘယ်လောက်ကြာကြာ အလုပ်လုပ်ခဲ့လဲ” ထက်
“ကိုယ့်တာဝန်ကို ဘယ်လောက်ထိ အကျိုးရှိအောင် ပြီးမြောက်အောင်လုပ်နိုင်ခဲ့လဲ” ဆိုတာကို ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။
ပြီးတော့ Leader တစ်ယောက်အနေနဲ့
ကိုယ်ပေးလိုက်တဲ့ Signal တစ်ခုချင်းစီက Team Culture ဖြစ်လာနိုင်တယ်ဆိုတာလည်း သတိထားရပါတယ်။
ည ၁၁ နာရီမှာ အလုပ် Message ပို့ပြီး
“အခုမပြန်လည်းရတယ်” လို့ ပြောထားရုံနဲ့ မလုံလောက်ပါဘူး။
ဝန်ထမ်းဘက်ကတော့
“Boss က ပို့ပြီဆိုတော့ မနက်ဖြန်မှ ပြန်ရင် မကောင်းဘူးလား”
ဆိုပြီး တွေးနိုင်ပါတယ်။
ဒါကြောင့် တစ်ခါတလေ Leader ကောင်းတစ်ယောက်လုပ်ရမယ့်အရာက
ပိုပြီး အလုပ်ခိုင်းဖို့ မဟုတ်ဘဲ
မလိုအပ်တဲ့ ဖိအားတွေကို ကိုယ်တိုင်လျှော့ချပေးဖို့ ဖြစ်ပါတယ်။
အလုပ်ပြီးသွားတဲ့အချိန်မှာ
ဖုန်းကို ခဏချထားနိုင်တာ၊
မိသားစုနဲ့ အချိန်ပေးနိုင်တာ၊
ကိုယ့်အတွက် အနားယူနိုင်တာတွေဟာ
အလုပ်ကို မလေးစားတာ မဟုတ်ပါဘူး။
ရေရှည်အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေပါ။
Healthcare လုပ်ငန်းလို လူတွေရဲ့ဘဝနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ လုပ်ငန်းမှာဆိုရင်
Team ရဲ့ စိတ်အားနဲ့ အလုပ်လုပ်နိုင်စွမ်းက ပိုပြီးအရေးကြီးပါတယ်။
လူတွေကို မပင်ပန်းအောင် အလုပ်မခိုင်းတာထက်
ပင်ပန်းသွားတဲ့အခါ ပြန်လည်အားဖြည့်နိုင်တဲ့ Culture တစ်ခု ဖန်တီးပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။
Leader တစ်ယောက်ရဲ့ အောင်မြင်မှုကို
Team က သူ့ကို ဘယ်လောက်ကြောက်လဲနဲ့ မတိုင်းသင့်ပါဘူး။
Team က ကိုယ့်အနားမှာ ဘယ်လောက်အထိ စိတ်အေးလက်အေးနဲ့
တာဝန်ယူပြီး အကောင်းဆုံးလုပ်နိုင်ကြလဲဆိုတာနဲ့လည်း တိုင်းတာသင့်ပါတယ်။ 🤍

လူတွေကို အထင်ကြီးအောင် ကြိုးစားနေမယ့်အစားကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ငယ်ငယ်တုန်းကတော့ကိုယ...
14/09/2026

လူတွေကို အထင်ကြီးအောင် ကြိုးစားနေမယ့်အစား
ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

ငယ်ငယ်တုန်းကတော့
ကိုယ်သိတာတွေကို ပြချင်တယ်။
ကိုယ်တတ်တာတွေကို လူသိစေချင်တယ်။
ကိုယ့်ကို အထင်ကြီးစေချင်တယ်။

ဒါက လူငယ်တွေအတွက် သဘာဝပါပဲ။

ဒါပေမယ့် ဘဝမှာ အတွေ့အကြုံတွေ များလာတဲ့အခါ
တစ်ခုကို ပိုနားလည်လာတယ်…

ကိုယ့်တန်ဖိုးကို စကားနဲ့ သက်သေပြဖို့ မလိုဘူးဆိုတာပါ။

တကယ်တတ်တဲ့သူက
သူတတ်ကြောင်း အမြဲပြောနေစရာမလိုဘူး။

တကယ်အောင်မြင်တဲ့သူက
အောင်မြင်နေကြောင်း နေ့တိုင်းပြောနေစရာမလိုဘူး။

သူ့အလုပ်က ပြောပေးတယ်။
သူ့ရလဒ်က သက်သေပြတယ်။
အချိန်က သူ့တန်ဖိုးကို ဖော်ပြပေးတယ်။

တစ်ခါတလေ
တိတ်တိတ်နေနိုင်တာဟာ အားနည်းတာမဟုတ်ဘူး။
ဘယ်အချိန်မှာ ပြောသင့်တယ်၊ ဘယ်အချိန်မှာ နားထောင်သင့်တယ်ဆိုတာ သိတာပါ။

အလုပ်ခွင်မှာလည်း ဒီလိုပါပဲ။

ကိုယ်သိတာကို ပြချင်လို့
မလိုအပ်ဘဲ ဝင်ပြောမိတာရှိတယ်။

ကိုယ်တော်ကြောင်း ပြချင်လို့
သူများရဲ့အမြင်ကို လျှော့ချမိတာရှိတယ်။

ကိုယ့်ထက်အတွေ့အကြုံများတဲ့သူရှေ့မှာ
ကိုယ်လည်း သိတယ်ဆိုတာ ပြချင်စိတ်နဲ့
စကားတစ်ခွန်းပိုပြောမိတာရှိတယ်။

အဲဒီအချိန်မှာတော့
ကိုယ်ပြောလိုက်တဲ့စကားက ကိုယ့်အရည်အချင်းကို ပြသလိုက်တယ်လို့ ထင်ရပေမယ့်…

တစ်ခါတလေ ကိုယ့်ရဲ့အရွယ်မရောက်သေးတဲ့ အတ္တကိုပဲ ပြသလိုက်တာ ဖြစ်နိုင်တယ်။

ဒါကြောင့် အခုအချိန်မှာတော့
ကိုယ်မသိတာကို “မသိသေးဘူး” လို့ ပြောနိုင်တာ၊
ကိုယ်မတတ်တာကို “သင်ယူနေတုန်းပါ” လို့ ဝန်ခံနိုင်တာ၊
သူများတတ်တာကို အသိအမှတ်ပြုနိုင်တာတွေကို
ပိုတန်ဖိုးထားလာတယ်။

သိတာထက် နားထောင်တတ်ဖို့လိုတယ်။
တတ်တာထက် သင်ယူတတ်ဖို့လိုတယ်။
ပြောတတ်တာထက် အချိန်နဲ့နေရာကို နားလည်တတ်ဖို့လိုတယ်။

ကိုယ့်မှာ အိပ်မက်ကြီးတစ်ခုရှိရင်
မဖြစ်သေးခင် လူတိုင်းကို လိုက်ပြောနေစရာမလိုဘူး။

ကိုယ့်မှာ Skill တစ်ခုရှိရင်
“ငါက ဒီလောက်တော်တယ်” လို့ ပြနေစရာမလိုဘူး။

တိတ်တိတ်လေး လုပ်ပါ။

တစ်နေ့မှာ
ကိုယ်ပြောစရာမလိုတော့ဘဲ
ကိုယ့်လုပ်ရပ်တွေက ကိုယ့်အစား ပြောပေးပါလိမ့်မယ်။

ဘဝမှာ လူတွေကို ခဏတာ အထင်ကြီးစေဖို့ထက်
ရေရှည် ယုံကြည်အားကိုးရတဲ့လူတစ်ယောက် ဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။

စကားနည်းနည်း။
နားထောင်တာများများ။
အလုပ်ကို တကယ်လုပ်။
ရလဒ်နဲ့ သက်သေပြ။

လေပေါပြီး လူပေါဖြစ်ဖို့ထက်
တိတ်တိတ်လေး တန်ဖိုးရှိလာတဲ့လူတစ်ယောက် ဖြစ်အောင် ကြိုးစားကြရအောင်။ 🤍

— Dr. May

🇲🇲🇮🇳 ဂုဏ်ယူစွာဖြင့် မြန်မာနိုင်ငံကိုယ်စားပြုခဲ့သည့် SANJEEVANI 2026အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီ...
08/09/2026

🇲🇲🇮🇳 ဂုဏ်ယူစွာဖြင့် မြန်မာနိုင်ငံကိုယ်စားပြုခဲ့သည့် SANJEEVANI 2026

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Commerce & Industry, Government of India) လက်အောက်ရှိ Services Export Promotion Council (SEPC) မှ စီစဉ်ကျင်းပသည့် SANJEEVANI 2026 တွင် မြန်မာနိုင်ငံကိုယ်စားပြု Delegate အဖြစ် ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ 🇲🇲

Medic Journey Healthcare ၏ Founder & CEO အဖြစ် နိုင်ငံတကာ Healthcare Industry မှ ခေါင်းဆောင်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ပြီး အတွေ့အကြုံများနှင့် အမြင်များ ဖလှယ်နိုင်ခဲ့သလို မြန်မာနိုင်ငံအတွက် အဓိပ္ပါယ်ရှိမည့် Healthcare Partnerships အသစ်များကိုလည်း လေ့လာရှာဖွေခွင့်ရရှိခဲ့ပါတယ်။

ဒီလို နိုင်ငံတကာအဆင့် Platform တစ်ခုမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ခွင့်ရရှိခြင်းဟာ ကိုယ်တိုင်အတွက်သာမက Medic Journey Healthcare အတွက်လည်း နိုင်ငံတကာ Healthcare Network များနဲ့ ပိုမိုချိတ်ဆက်နိုင်မယ့် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ လူနာများအတွက် မှန်ကန်သော ဆေးကုသမှု၊ မှန်ကန်သောနေရာ၊ မှန်ကန်သောကျွမ်းကျင်သူများ ထံ ရောက်ရှိနိုင်စေရန် Healthcare Bridge တစ်ခုအဖြစ် ဆက်လက်တည်ဆောက်သွားဖို့ ဒီလိုအတွေ့အကြုံတွေက ပိုမိုခွန်အားဖြစ်စေပါတယ်။

SEPC အဖွဲ့မှ ယခုလိုတန်ဖိုးရှိတဲ့ International Platform မှာ ပါဝင်ခွင့်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

Proud to represent Myanmar. 🇲🇲
Proud to build bridges for better healthcare. 🌏

✨ A New Milestone in Children’s Healthcareမလေးရှားနိုင်ငံ၊ Kuala Lumpur ရှိ Sunway Medical Centre, Sunway City ၏ New Chi...
29/08/2026

✨ A New Milestone in Children’s Healthcare

မလေးရှားနိုင်ငံ၊ Kuala Lumpur ရှိ Sunway Medical Centre, Sunway City ၏ New Children’s Tower Opening Ceremony သို့ တက်ရောက်ခွင့်ရရှိခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ဒီလို အရေးကြီးတဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာ မှတ်တိုင်တစ်ခုကို ကိုယ်တိုင်ပါဝင်တွေ့မြင်ခွင့်ရခဲ့ခြင်းဟာ ကျွန်မအတွက် အမှတ်တရဖြစ်စရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။

ကလေးငယ်များအတွက် ပိုမိုခေတ်မီပြီး အရည်အသွေးမြင့် Healthcare Services တွေကို ပိုမိုကောင်းမွန်စွာ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ New Children’s Tower ဟာ Children’s Healthcare ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုလို့ ယုံကြည်ပါတယ်။

Healthcare ကဏ္ဍဟာ နည်းပညာတိုးတက်လာတာနဲ့အမျှ အမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တာကြောင့် နိုင်ငံတကာအဆင့်မီ Medical Care တွေကို လေ့လာပြီး မြန်မာနိုင်ငံမှ လူနာများအတွက် ပိုမိုကောင်းမွန်တဲ့ Healthcare Access တွေ ဖန်တီးပေးနိုင်ဖို့ကလည်း ကျွန်မတို့ Medic Journey ရဲ့ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။

ဒီထူးခြားတဲ့ အောင်မြင်မှုအတွက် Sunway Healthcare Group Management Team နှင့် အဖွဲ့သားများအားလုံးကို Many Congratulations! 🎉

ကလေးငယ်တိုင်းအတွက် ပိုမိုကျန်းမာပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုဆီသို့… 💙








29/08/2026

🧠 ဦးနှောက်ရောဂါကုသမှုမှာ နည်းပညာတိုးတက်လာတာနဲ့အမျှ ရွေးချယ်စရာတွေ ပိုများလာပါတယ်။

ဒီတစ်ခေါက်မှာတော့ KIMS Hospitals မှာ လေ့လာခဲ့ရတဲ့ Gamma Knife Radiosurgery နည်းပညာအကြောင်းကို ကျွန်မကိုယ်တိုင် လေ့လာတွေ့ရှိခဲ့တာတွေထဲက လူနာတွေအတွက် အရေးကြီးတဲ့အချက်လေးတွေကို မျှဝေပေးထားပါတယ်။

Gamma Knife ဆိုတာ နာမည်မှာ “Knife” ပါပေမယ့် တကယ့်ဓားနဲ့ ဦးနှောက်ကို ခွဲစိတ်တာမဟုတ်ပါဘူး။
Radiation ရောင်ခြည်တွေကို အလွန်တိကျစွာ Target နေရာမှာ စုစည်းပေးပြီး ဦးနှောက်အတွင်းရှိ သင့်လျော်တဲ့အကျိတ်နဲ့ အချို့သောရောဂါတွေကို ကုသနိုင်တဲ့ Stereotactic Radiosurgery နည်းပညာ ဖြစ်ပါတယ်။

အထူးသဖြင့် Brain Tumor၊ Brain Metastases၊ Meningioma၊ Vestibular Schwannoma၊ AVM နဲ့ အချို့သော Trigeminal Neuralgia လူနာတွေအတွက် ကုသမှုရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါတယ်။

✨ Gamma Knife ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အားသာချက်တွေထဲမှာ
ခွဲစိတ်အနာကြီး မရှိခြင်း၊ Target ကို တိကျစွာ ကုသနိုင်ခြင်းနဲ့ လူနာအခြေအနေသင့်တော်ပါက ကုသမှုနှင့် Recovery ကာလ တိုတောင်းနိုင်ခြင်း တို့ ပါဝင်ပါတယ်။

ဒါပေမယ့် လူနာတိုင်း Gamma Knife နဲ့ ကုသလို့ရတာ မဟုတ်ပါဘူး။
Tumor ရဲ့ အမျိုးအစား၊ အရွယ်အစား၊ တည်နေရာ၊ အရေအတွက်နဲ့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို သေချာစွာစစ်ဆေးပြီးမှ သင့်တော်တဲ့ကုသမှုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ Medical Tourism နယ်ပယ်မှာ အလုပ်လုပ်ရင်း နိုင်ငံတကာမှာ အသုံးပြုနေတဲ့ နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာ နည်းပညာတွေနဲ့ ကုသမှုရွေးချယ်စရာတွေကို ကိုယ်တိုင်လေ့လာပြီး မြန်မာလူနာတွေအတွက် မှန်ကန်တဲ့ Medical Information တွေ ပြန်လည်မျှဝေပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။

ဒီ Video လေးမှာ KIMS Hospitals မှာ Gamma Knife အကြောင်း လေ့လာခဲ့ရတဲ့ အတွေ့အကြုံနဲ့ လူနာတွေအနေနဲ့ သိထားသင့်တဲ့ အချက်တွေ ကို ကျွန်မကိုယ်တိုင် မျှဝေပေးထားပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ရင် သိရှိထားခြင်းကလည်း ကုသမှုရွေးချယ်ရာမှာ အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခုပါ။ 🤍

ခုတလော Facebook ပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ Personal Point of View လေးကို မျှဝေချင်...
22/08/2026

ခုတလော Facebook ပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ Personal Point of View လေးကို မျှဝေချင်ပါတယ်။ ကျွန်မကိုယ်တိုင် နိုင်ငံခြားဆေးရုံတွေနဲ့ ချိတ်ဆက်ပြီး မြန်မာလူနာတွေ နိုင်ငံခြားမှာ ဆေးကုသမှုခံယူနိုင်အောင် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကို ၁၆ နှစ်ကျော် လုပ်ကိုင်လာခဲ့ပါတယ်။ နိုင်ငံခြားဆေးရုံကြီးတွေ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတဲ့အချိန်ကတည်းက သူတို့ရဲ့ နိုင်ငံတွေ၊ ဆေးရုံကြီးတွေကို ကိုယ်တိုင်သွားရောက်လေ့လာပြီး ဘယ်လို Healthcare System တွေ၊ Advanced Technology တွေ၊ Treatment Pathways တွေရှိလဲဆိုတာ လေ့လာသင်ယူခဲ့ပါတယ်။

နိုင်ငံခြားမှာ ဆေးသွားကုကြတယ်ဆိုတာ မြန်မာနိုင်ငံက ဆရာဝန်တွေ မတော်လို့၊ မကုတတ်လို့၊ မြန်မာပြည်ရဲ့ဆေးလောက အရည်အချင်းနိမ့်ပါးလို့ မဟုတ်ပါဘူး။

မြန်မာနိုင်ငံက ဆရာဝန်အများစုဟာ ကန့်သတ်ချက်တွေများလွန်းတဲ့ အခြေအနေတွေကြားထဲကနေ လူနာတွေအတွက် အကောင်းဆုံး ကုသပေးနေကြရတယ်ဆိုတာ ကျွန်မတို့ အသိဆုံးပါ။ သူများတွေ စက်ရုပ်တွေ၊ နည်းပညာအသစ်တွေသုံးပြီး ခွဲစိတ်ကုသနေကြတဲ့အခါ ကျမတို့ဆီက ဆရာဝန်တွေက ရှိတာလေးနဲ့ အဆင်ပြေအောင် အကောင်းဆုံး ကြိုးစားကုသပေးနေကြပါတယ်။ ခေတ်မီနည်းပညာသုံးကုသနည်းတွေကို ပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့် သင်ကြားတတ်မြောက်လာကြပေမယ့်၊ ကိုယ့်တိုင်းပြည်မှာ စက်ပစ္စည်းတွေ မရှိသေးတာရယ်၊ အချို့ လက်လှမ်းမမီနိုင်သေးတဲ့ ကုသနည်းတွေအတွက်သာ နိုင်ငံရပ်ခြားအထိ သွားရောက်ကုသကြရဆဲ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ဆေးသွားကုဖို့ လိုအပ်လာရတဲ့ အကြောင်းရင်းတွေထဲမှာ—

🔹 Advanced Medical Technology & Infrastructure
🔹 Specialized Treatment & Surgery
🔹 Advanced Diagnostic Facilities
🔹 Patient & Family Preference
🔹 Second Opinion & Complex Case Management

စတဲ့အချက်တွေ အဓိက ပါဝင်ပါတယ်

ဒါပေမယ့် တစ်ဖက်မှာလည်း—

⚠️ “နိုင်ငံခြားဆေးရုံဆိုတိုင်း၊ နိုင်ငံခြားကဆရာဝန်ဆိုတိုင်း လူနာကို အကောင်းဆုံးကုသပေးကြတာ မဟုတ်ပါဘူး။”

ဒီနေရာမှာ အရေးကြီးတဲ့ Disclaimer တစ်ခုကို ရှင်းပြချင်ပါတယ်။

ကျွန်မရဲ့ လုပ်သက် ၁၆ နှစ်ကျော်အတွင်း Medical Travel Coordination လုပ်ငန်းနယ်ပယ်မှာ ကြားသိ၊ မြင်တွေ့ခဲ့ရတဲ့ အခြား Patient Coordination Channels မျိုးစုံ ကနေ ရောက်ရှိလာခဲ့တဲ့ Case Experiences တွေ တွေ့မြင်ခဲ့ရတဲ့ အခြေအနေတချို့ လူနာတွေအနေနဲ့ သတိထားသင့်တဲ့ အချက်တွေကို မျှဝေဖို့အတွက်သာ ရေးသားထားခြင်း ဖြစ်ပါတယ်။

ဒီ Post ရဲ့ ရည်ရွယ်ချက်က ဘယ်ဆေးရုံ၊ ဘယ်ဆရာဝန်ကိုမှ Negative Review ပေးဖို့ မဟုတ်ပါဘူး။

ရည်ရွယ်ချက်ကတော့

“နိုင်ငံခြားဆေးရုံမှာ သွားကုတယ်ဆိုတိုင်း အဆင်ပြေအောင်မြင်နေကြတာမဟုတ်ပါဘူး နိုင်ငံခြားဆေးရုံဆိုတိုင်း မျက်စိမှိတ်ယုံကြည်မနေဘဲ၊ လူနာအတွက် သင့်တော်တဲ့ Treatment Pathway ကို သေချာရွေးချယ်ဖို့လိုပါတယ်” ဆိုတာကိုသာ မျှဝေချင်တာပါ။ လူနာတစ်ဦးချင်းစီရဲ့ Privacy နဲ့ Confidentiality ကို လေးစားတဲ့အတွက် Patient Name၊ Hospital Name၊ Doctor Name နဲ့ Identifying Details များကို မဖော်ပြထားပါဘူး။

🫀 Case 1: နှလုံးခွဲစိတ်မှုတစ်ခုမှာ မလိုအပ်ဘဲ Device ထည့်သွင်းခဲ့ပြီး နောက်ပိုင်း Wire ပြဿနာကြောင့် ပြန်ခွဲရ၊ Device အလုပ်မလုပ်လို့ ပြန်ခွဲရ၊ Infection ဝင်လို့ ထပ်မံခွဲစိတ်ရနဲ့ လူနာဟာ အကြိမ်ကြိမ် ခွဲစိတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ကုန်ကျစရိတ်တွေ အလွန်များပြားလာပြီး နောက်ဆုံးမှာ ဆေးရုံဘက်က ဆက်လက်ကုသပေးနိုင်ခြင်းမရှိတော့တဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။
တစ်ခါတလေ လူနာကို စောင့်ရှောက်နေတဲ့ Caregiver ကိုတောင် သူ့ကိုယ်ပိုင်ကျန်းမာရေးပြဿနာအတွက် OPD သွားပြရင်း မလိုအပ်တဲ့ Procedure အတွက် Consent ထိုးခိုင်း ဆေးရုံတက် ခုခွဲမယ်ဆိုတာမျိုးတွေ

🧬 Case 2: Portal Vein Thrombosis ရှိနေပြီး၊ အကျိတ်ဆဲလ်အရွယ်အစား (Tumor size) ကလည်း ကြီးမားနေသလို metastasis လည်းပျံ့ Transplant Criteria ထဲမှာ လုံးဝမဝင်တဲ့ လူနာကို ဆေးရုံဘက်က ခွဲစိတ်ကုသနိုင်ပါတယ်ဆိုပြီး အစားထိုးခွဲစိတ်ပေးခဲ့တဲ့ပြီး လူနာဟာ မြန်မာနိုင်ငံကိုတောင် မပြန်နိုင်တော့ဘဲ ခွဲစိတ်နေစဥ်ပဲ အသက်ဆုံးရှုံးခဲ့ရတဲ့အထိ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ

👶 Case 3: ကလေးငယ်တွေကို အကြိမ်ကြိမ် ခွဲစိတ်ကုသပြီးနောက် Complication တွေ ဖြစ်လာတဲ့အခါ ဆက်လက်ကိုင်တွယ်နိုင်ခြင်းမရှိတော့ဘဲ အခြားဆေးရုံတွေကို ပြန်လည်လွှဲပြောင်းပေးရတဲ့ ဖြစ်ရပ်တွေ

🧠 Case 4: Specialized Neurosurgery Centre / Team အပြည့်အစုံ မရှိတဲ့အခြေအနေမှာ Surgery လုပ်နိုင်တယ်ဆိုပြီး လူနာကို လက်ခံကုသခဲ့ပြီး Complication ဝင်လာတော့မှ တာဝန်ရှိဆရာဝန်က ခရီးရှည်သွားနေပါတယ်ဆိုပြီး ရှောင်နေတဲ့ Case Experiences တွေ

🏥 Case 5: လူနာ Complication ဝင်ပြီဆိုရင် ပိုဂရုစိုက်ပေးရမယ့်အစား Neglect လုပ် မလိုအပ်ဘဲ ပိုက်ဆံတွေသိန်းနဲ့ချီ သဲ့ယူသွားတဲ့ ဖြစ်ရပ်တွေ

📸 Case 6: ကင်ဆာကုသမှုတောင် မပြီးသေးခင် ““Successful Treatment” ဆိုပြီး လူနာရဲ့ အခြေအနေကို Marketing Content အဖြစ် အသုံးပြု၊ International Digital Platforms တွေပေါ်မှာ လူနာရဲ့ ပုံရိပ်ကို သုံးပြီး Marketing လုပ်ကြတဲ့ ဖြစ်ရပ်တွေ (မရိုက်ရင် ဆက်မကုပေးမှာကို ကြောက်လို့ လူနာဘက်က အကြောက်တရားနဲ့ ရိုက်ကူးပေးခဲ့ရတာတွေလည်း ရှိပါတယ်။)
🏥 Case 7: တချို့နိုင်ငံခြားဆေးရုံတွေဟာ Social Media နဲ့ ကြော်ငြာထဲမှာတော့ တွေမှာတော့ အလွန်ခေတ်မီပြီး အရာအားလုံးပြည့်စုံတဲ့ International Hospital တစ်ခုလို အရမ်းကောင်းသယောင်ပြထားပေမယ့် တကယ်တမ်းကျတော့ ကိုယ့်နိုင်ငံသားတွေတောင် မကုကြတဲ့၊ စက်ပစ္စည်းနဲ့ ဆရာဝန် အပြည့်အစုံမရှိဘဲ မြန်မာပြည်အတွက် သီးသန့်ပစ်မှတ်ထားထားတဲ့ အရည်အသွေးနိမ့် ဆေးရုံတွေ

အဓိကကတော့ ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည်မှာပဲ ဆေးကုသသည်ဖြစ်စေ၊ လူနာတစ်ဦးချင်းစီအတွက် အမှန်တကယ်လိုအပ်တဲ့ ကုသမှုလမ်းကြောင်းကို ရွေးချယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
လူနာတိုင်းအတွက်—
Right Treatment
Right Doctor
Right Hospital
Right Care
Right Price ရရှိနိုင်ဖို့ပဲဖြစ်ပါတယ်။

ဆရာကောင်း သမားကောင်းတို့၏ သွန်သင်လမ်းပြမှုများနှင့်အညီ Hippocratic Oath ကို ခါးဝတ်ပုဆိုးကဲ့သို့ တန်ဖိုးထား၍ လက်ကိုင်ထားကျင့်သုံးလျက်၊ ကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် လူနာအကျိုးကို အစဉ်ဦးစားပေးကာ မိမိတတ်စွမ်းသမျှ လူနာများ၏ အကျိုးကို အကောင်းဆုံးထမ်းရွက်သွားမည်ဟု ကတိပြုလျက်🙏🙏 🙏

ပင်ပန်းရတဲ့ Working Environment က ကိုယ့်ကြောင့် မဖြစ်ပါစေနဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ Team ကို ရှေ့ဆက်မောင်းနှင်တဲ့အခါ “...
21/08/2026

ပင်ပန်းရတဲ့ Working Environment က ကိုယ့်ကြောင့် မဖြစ်ပါစေနဲ့

ခေါင်းဆောင်တစ်ယောက်အနေနဲ့ Team ကို ရှေ့ဆက်မောင်းနှင်တဲ့အခါ “စေတနာ” တစ်ခုတည်းနဲ့ မလုံလောက်တဲ့အချိန်တွေ ရှိပါတယ်။

အလုပ်ခွင်မှာ အချင်းချင်း ချစ်ခင်နွေးထွေးစွာ ဆက်ဆံပြီး၊ ပြင်ဆင်စရာရှိရင်လည်း ကရုဏာရှေ့ထားပြီး သားသမီး၊ တပည့်တွေလို ဆုံးမပေးတာဟာ လှပတဲ့ Working Culture တစ်ခုပါ။

ဒါပေမယ့် Working Culture က Family ဆန်လွန်းလာတဲ့အခါ စည်းကမ်းနဲ့ တာဝန်ယူမှုတွေ ပျောက်သွားနိုင်သလို၊ အကြီးတွေရဲ့ စေတနာကိုလည်း Negative Mindset နဲ့ မှားယွင်းမြင်မိတတ်ပါတယ်။

ကိုယ့်ကို ပိုကောင်းစေချင်လို့ ထောက်ပြတာ၊
ကိုယ့်အနာဂတ် ပိုမြင့်မားစေချင်လို့ ပုခုံးထမ်းတင်ပေးတာတွေကိုစေတနာလို့ မမြင်ဘဲ အငြိုးအတေးလို့ မြင်မိရင် နစ်နာမှာက ကိုယ်ကိုယ်တိုင်ပါ။

တကယ်တော့ နာခံတတ်ခြင်းနဲ့ သင်ယူတတ်ခြင်းဆိုတာ ခေါင်းငုံ့ခြင်း မဟုတ်ပါဘူး။
ကိုယ်မသိသေးတာကို သိလာဖို့၊ ကိုယ်မမြင်သေးတာကို မြင်လာဖို့၊ ကိုယ့်အတွေးအခေါ်နဲ့ အမြင်တွေ ပိုမြင့်လာဖို့ အခွင့်အရေးတစ်ခုပါ။

တစ်ဖက်မှာလည်း Leader တွေအနေနဲ့ သတိထားရမှာက—

Team ကို ကိုယ်ကြောင့် ပင်ပန်းစရာ မဖြစ်စေဖို့ပါ။
ဆူရင်လည်း ဖြစ်စေချင်လို့ ဆူတာဖြစ်ပါစေ။
တင်းကျပ်ရင်လည်း တိုးတက်စေချင်လို့ တင်းကျပ်တာဖြစ်ပါစေ။

ဆုံးမတဲ့အခါ လူကိုမနှိမ်ဘဲ အမှားကိုပဲ ပြင်ပေးပါ။
Leader က ကိုယ့် Team ကို ကြောက်အောင်လုပ်တာထက်ကိုယ့်ကြောင့် ပိုကောင်းလာအောင် လမ်းပြပေးနိုင်ရပါမယ်။
နောက်ဆုံးမှာ Leader တစ်ယောက်တည်း တိုးတက်တာမဟုတ်ဘဲအကြီးကလည်း သင်ယူ၊ အငယ်ကလည်း သင်ယူ၊ တစ်ယောက်ကိုတစ်ယောက် လေးစားပြီး အတူတူတိုးတက်နိုင်တဲ့ Team Culture တစ်ခု ဖြစ်လာဖို့က အရေးကြီးဆုံးပါ။

တစ်နေ့မှာ ကျွန်မတို့ မရှိတော့တဲ့အချိန်တောင်—
“သူတို့ဆီကနေ သင်ခဲ့ရတာတွေကြောင့် ငါ့ဘဝပိုကောင်းလာတယ်”လို့ ပြောနိုင်ရင်
Leader တစ်ယောက်အနေနဲ့ အဲဒါထက် ပိုဂုဏ်ယူစရာကောင်းတာ မရှိပါဘူး။ 🤍
— Dr. May

Tourism

18/08/2026

သောကြာနေ့တိုင်း တင်ပေးနေကျ Friday Video လေးကို ဒီတစ်ပတ်တော့ အလုပ်တွေများနေတာနဲ့ ပျက်ကွက်မိသွားလို့ 😅 အခုမှ တင်ပေးလိုက်ပါတယ်ရှင့် 🤍

ဒီ Video လေးကတော့ India နိုင်ငံ၊ နယူးဒေလီမြို့မှာ ရှိတဲ့ Fortis Memorial Research Institute (FMRI) ကို သွားရောက်လေ့လာခဲ့တုန်းက Gamma Knife Technology အကြောင်း လေ့လာထားတဲ့ အမှတ်တရ Video လေးပါ။ 🧠

Healthcare Field ထဲမှာ အမြဲတမ်းအသစ်တွေကို လေ့လာနေဖို့လိုတာကြောင့် အခွင့်အရေးရတိုင်း ဆေးရုံကြီးတွေ၊ နည်းပညာအသစ်တွေနဲ့ Treatment Options တွေကို လေ့လာဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ Event တွေ၊ Meeting တွေ၊ Hospital Partnership ကိစ္စတွေနဲ့ အလုပ်တွေများနေတာကြောင့် Friday Video လေး နည်းနည်းနောက်ကျသွားတာကို နားလည်ပေးကြပါဦးနော်ရှင့်။ 🤍

Learning today, bringing better healthcare opportunities tomorrow. 🩺
— Dr May | For Your Health

#နိုင်ငံခြားဆးကု

Address

19/23 Zayawaddy Street/Baho Street, Sanchaung
Yangon

Telephone

+959957777068

Website

Alerts

Be the first to know and let us send you an email when Dr. May - For Your Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. May - For Your Health:

Shortcuts

Share