16/10/2026
မျက်စိ နဲ့ မမြင်ရတဲ့ "ကင်ဆာအကျိတ်"ကို ဘယ်လို ဖယ်ရှားမလဲ?
ရင်သားကင်ဆာ/ အူမကြီးကင်ဆာတွေကို ခွဲစိတ်ဖယ်ရှားတဲ့အခါ မျက်စိနဲ့ မြင်ရတဲ့အကျိတ်ကို ဖယ်ရှားရုံနဲ့ မပြီးပါဘူး။
ခွဲစိတ်နေစဉ်အတွင်း ကင်ဆာဆဲလ်တွေ ကျန်ရှိနေနိုင်တဲ့ နေရာတွေ၊ ဖယ်ရှားသင့်တဲ့ အကျိတ်နေရာတွေကို ပိုမိုတိကျစွာ ခွဲခြားနိုင်ဖို့ နည်းပညာအကူအညီက အရေးကြီးပါတယ်။
Indocyanine Green (ICG) နဲ့ Fluorescence Imaging က အဲဒီနေရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။
💉 ICG ဆိုတာဘာလဲ?
ICG ဟာ ခန္ဓာကိုယ်အတွင်း ထည့်သွင်းပြီးနောက် Fluorescence ကင်မရာ နဲ့ ကြည့်ရှုတဲ့အခါ တချို့သော တစ်ရှူး/သွေးကြော/အကျိတ်ဆိုင်ရာ အချက်အလက်တွေကို ပိုမိုမြင်သာစေဖို့ အသုံးပြုနိုင်တဲ့ ဆိုးဆေးတစ်မျိုးပါ။
ကင်ဆာခွဲစိတ်မှုမှာ ဘာအကျိုးရှိလဲ?
1. ခွဲစိတ်နေစဉ်အတွင်း ဖယ်ရှားရမယ့် အကျိတ်တွေကို ရှာဖွေရာမှာ အထောက်အကူပြုခြင်း
2. မျက်စိနဲ့ ပုံမှန်ကြည့်ရုံနဲ့ ခွဲခြားရခက်တဲ့ နေရာတွေကို ပိုမိုရှင်းလင်းစွာ ကြည့်ရှုနိုင်ခြင်း
3.ခွဲစိတ်ပြီး ကင်ဆာအကျိတ် ကျန်ခဲ့တာမျိုး မဖြစ်တော့ခြင်း
👉 ရည်ရွယ်ချက်ကတော့ ကင်ဆာအကျိတ်ကို တတ်နိုင်သမျှ တိကျစွာ ဖယ်ရှားနိုင်ဖို့ပါ။
ကင်ဆာကုသမှုမှာ တိကျမှုက အရေးကြီးပါတယ်။ နည်းပညာက တိကျတဲ့ခွဲစိတ်မှုအတွက် အားဖြည့်ပေးပါတယ်။
အခုလို တိကျမှန်ကန်တဲ့ ကင်ဆာခွဲစိတ်မှုမျိုးအတွက် ဘန်ကောက်မြို့ ထိုင်းနက္ကရင်ဆေးရုံကြီးက အကောင်းဆုံး ရွေးချယ်စရာတစ်ခုပါပဲ..
ထိုင်းနက္ကရင်ဆေးရုံကြီးမှာ ကင်ဆာကုသမှုများကို ပြုလုပ်လိုပါက 09 407 8888 65/64 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်.