Haresol

Haresol Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Haresol, Medical and health, Room 1206, Crystal Tower, Kamaryut Township, Yangon.

ရေဓာတ်ခမ်းခြောက်မှု လက္ခဏာများ နွေရာသီမှာတင် မဟုတ်ဘဲ မိုးတွင်းမှာပါ ဖျားတာ၊ ဝမ်းသွားတာနဲ့ ချွေးထွက်လွန်တာတွေကြောင့် ရေဓာ...
27/09/2026

ရေဓာတ်ခမ်းခြောက်မှု လက္ခဏာများ
နွေရာသီမှာတင် မဟုတ်ဘဲ မိုးတွင်းမှာပါ ဖျားတာ၊ ဝမ်းသွားတာနဲ့ ချွေးထွက်လွန်တာတွေကြောင့် ရေဓာတ် ခမ်းခြောက်တတ်ပါတယ်!

ကဲ... မိမိကိုယ်ကိုယ် ဒါမှမဟုတ် ဘေးလူတွေမှာ ရေဓာတ် ခမ်းခြောက်နေပြီဆိုတာကို ဘယ်လက္ခဏာတွေကြည့်ပြီး သိနိုင်မလဲ?

အောက်ပါ အချက်တွေထဲက ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေကို ရွေးပေးခဲ့ပါဦး! 🤔👇

အဖြေမှန်ကိုတော့ comment ထဲမှာ ဝင်ကြည့်လိုက်ပါနော်။

❓ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာတွေက ဘာတွေလဲ❓

(A) နှုတ်ခမ်းနှင့် လျှာ ခြောက်သွေ့ခြင်း၊ မူးဝေနွမ်းနယ်ခြင်း

(B) ဆီးအရောင် ရင့်လာခြင်း သို့ မဟုတ် ဆီးသွားနည်းသွားခြင်း

(C) ကြွက်သားများ ညောင်းညာ ကိုက်ခဲခြင်း

(D) အထက်ပါ အချက်အားလုံး ပါဝင်သည်။

😩💧ရေဓာတ်ခမ်းခြောက်နေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို အထိရောက်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့ WHO ရဲ့ ဖော်မြူလာအတိုင်း ဖော်စပ်ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆားကို သောက်ဖို့ မမေ့ပါနဲ့နော်။💙

#ဓာတ်ဆား

ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးကြပါစေ… လက်ရှိအချိန်မှာ ရာသီဥတုနှင့် မသန့်ရှင်းသော ရေ၊ အစားအသောက်များကြောင့...
25/09/2026

ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးကြပါစေ…

လက်ရှိအချိန်မှာ ရာသီဥတုနှင့် မသန့်ရှင်းသော ရေ၊ အစားအသောက်များကြောင့် အူလမ်းကြောင်း ကူးစက်ရောဂါများနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုများ များပြားနေသည့်အတွက် မိသားစုတိုင်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း Haresol မိသားစုမှ အလေးအနက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်လွယ်သည့်အတွက် မိမိနှင့် မိသားစုအား ကာကွယ်နိုင်ရန် အောက်ပါ အချက်များကို အထူးသတိပြုလိုက်နာပေးကြပါ -

✨ ကျန်းမာရေး သတိပြုရန် အချက်များ -

✅ရေကို ကျိုချက်သောက်ပါ: သောက်ရေ၊ သုံးရေများကို ကျိုချက်ပြီးမှ သို့မဟုတ် စနစ်တကျ သန့်စင်ထားသည့် ရေသန့်ကိုသာ သောက်သုံးပါ။

✅လက်ကို မကြာခဏ ဆေးကြောပါ: အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောပါ။

✅အစားအသောက် သန့်ရှင်းမှု ဂရုစိုက်ပါ: ယင်မနားသော၊ သေချာစွာ ကျက်အောင် ချက်ပြုတ်ထားသော ပူပူနွေးနွေး အစားအသောက်များကိုသာ စားသုံးပါ။

✅ဓာတ်ဆားရည်: မိမိ သို့မဟုတ် မိသားစုဝင်များ ဝမ်းစသွားသည်နှင့် ခန္ဓာကိုယ် ရေဓာတ်မခမ်းခြောက်စေရန် WHO စံချိန်စံညွန်းအတိုင်း ထုတ်လုပ်ထားသော ဓာတ်ဆားရည်ကို စောစောစီးစီး တိုက်ကျွေးပါ။

မိဘပြည်သူများအားလုံး ရောဂါဘေးမှ ကင်းဝေးပြီး ကျန်းမာရေး သုခနှင့် ပြည့်စုံကြပါစေ။ 🙏✨

#ဓာတ်ဆား

“Haresol နဲ့အတူ ရေဓာတ်ဖြည့်ရင်း ရေဘူးလက်ဆောင်ယူ” “အားလုံးပဲ မင်္ဂလာပါ”“ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ၊ အန်တာ ဒါမှမဟုတ် ချွေ...
24/09/2026

“Haresol နဲ့အတူ ရေဓာတ်ဖြည့်ရင်း ရေဘူးလက်ဆောင်ယူ”

“အားလုံးပဲ မင်္ဂလာပါ”
“ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ၊ အန်တာ ဒါမှမဟုတ် ချွေးထွက်များတာတွေကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ Haresol ဓာတ်ဆားမှာ အထူးအစီအစဉ်လေး တစ်ခုရှိပါတယ်။”🥳🤩
အဲ့ဒါကတော့ “စက်တင်ဘာလ ၁၇ ရက်နေ့ မှ အောက်တိုဘာလ ၇ ရက်နေ့အထိ” “မည်သည့် City Care ဆေးဆိုင်မှာမဆို Haresol ဓာတ်ဆား (၁၀) ထုပ် ဝယ်ယူတိုင်း Haresol ရဲ့ ရေဘူးလှလှလေး တစ်ဘူး လက်ဆောင် ရရှိမှာပဲ ဖြစ်ပါတယ်။”💙
“တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ချွေးထွက်လွန်ချိန်တွေမှာ ရေဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်ပေးနိုင်တဲ့ WHO စံညွှန်းမီ Haresol ကို ဆောင်ထားရင်း ရေဘူးလှလှလေးပါ လက်ဆောင်ယူလိုက်ရအောင်!”

(လက်ဆောင်ရေဘူးလေးတွေက အကန့်အသတ်ရှိတာမို့ အခုပဲ မြန်မြန်လေး သွားဝယ်လိုက်တော့နော်! 🏃💨)
#ဓာတ်ဆား

ရေနဲ့ဓာတ်ဆားဖြည့်တင်းဖို့ Haresol ကိုဆောင်ကြစို့ တစ်ခါတလေ ခရီးသွားရင်း၊ အလုပ်ရှုပ်ရင်းဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အန်တာ၊ ချ...
23/09/2026

ရေနဲ့ဓာတ်ဆားဖြည့်တင်းဖို့ Haresol ကိုဆောင်ကြစို့

တစ်ခါတလေ ခရီးသွားရင်း၊ အလုပ်ရှုပ်ရင်း
ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အန်တာ၊ ချွေးထွက်များတာတွေကြောင့်
ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှုံးနိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ လိုအပ်ရင် အသုံးပြုနိုင်ဖို့ Haresol ဓာတ်ဆားလေးကို 🏠အိမ်မှာပဲဖြစ်ဖြစ်၊ 🧳ခရီးဆောင်အိတ်ထဲမှာပဲ ဖြစ်ဖြစ်၊ 👔အလုပ်မှာပဲ ဖြစ်ဖြစ် ဆောင်ထားလိုက်ပါနော်။💙

Haresol ဓာတ်ဆားဟာ WHO ရဲ့ ဖော်မြူလာအသစ်အတိုင်း ဖော်စပ်ထားလို့ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ချွေးထွက်လွန်ချိန်တွေမှာ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ပါတယ်။

“လိုအပ်ချိန်တိုင်း ရေနဲ့ဓာတ်ဆား ပြန်ဖြည့်ဖို့ Haresol ကို ဆောင်ကြစို့။” 💧⚡️

#ဓာတ်ဆား

Haresol သောက်ရင် သွေးတိုးသလား… "ဓာတ်ဆားရည်သောက်ရင် ဆားဓာတ်တွေ ပါလို့ သောက်လိုက်ရင် သွေးတိုးသွားမလား" ဆိုပြီး စိုးရိမ်လေ့...
21/09/2026

Haresol သောက်ရင် သွေးတိုးသလား…

"ဓာတ်ဆားရည်သောက်ရင် ဆားဓာတ်တွေ ပါလို့ သောက်လိုက်ရင် သွေးတိုးသွားမလား" ဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။

အဖြေမှန်ကတော့ "ပုံမှန် အညွှန်းအတိုင်း သောက်ရင် သွေးမတိုးပါဘူး" 💙

💡 ဘာကြောင့် သွေးမတိုးရတာလဲ?

၁။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားကိုပဲ ပြန်ဖြည့်ပေးခြင်း

ဝမ်းလျှောတာ၊ အော့အန်တာ ဒါမှမဟုတ် ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်တင်မကဘဲ ဓာတ်ဆား တွေပါ အများကြီး ဆုံးရှုံးသွားတာပါ။ Haresol က ခန္ဓာကိုယ်မှာ လျော့နည်းသွားတဲ့ ရေနဲ့ ဓာတ်ဆားအတိုင်းအတာကိုပဲ ကွက်တိ ပြန်ဖြည့်ပေးတာ ဖြစ်လို့ သွေးတိုးမှာ စိတ်ပူဖို့ မလိုပါဘူး။

၂။ WHO Low-Osmolarity Formula အတိုင်းထုတ်လုပ်ထားခြင်း

Haresol ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ Low-Osmolarity စံညွှန်းအတိုင်း ဖော်စပ်ထားပြီး Standard Formula ဓာတ်ဆားတွေထက် ဆားဓာတ်နဲ့ သကြား ပမာဏ ပါဝင်မှုနည်းတာကြောင့် သွေးမတိုးစေပါဘူး။

⚠️ သွေးတိုးရောဂါအခံ ရှိသူများ သတိပြုရန် အချက်များကတော့-

✅ဓာတ်ဆားကို အညွှန်းအတိုင်း အတိအကျဖျော်ပါ

👉ဓာတ်ဆားကို ရေနည်းနည်းလေးနဲ့ ပျစ်ပျစ်ဖျော်သောက်ရင် ဆားဓာတ်ပြင်းအား များသွားနိုင်လို့ အထုပ်ပေါ်ပါ အညွှန်းအတိုင်း ရေပမာဏ တိကျစွာ ဖျော်စပ်ရပါမည်။

✅လိုအပ်မှ သောက်ပါ

👉 ဓာတ်ဆားရည်ကို ဝမ်းသွား၊ အန် သို့မဟုတ် ချွေးထွက်လွန်ပြီး ရေဓာတ်ခမ်းခြောက်သည့် အခြေအနေများတွင်မှ သောက်သုံးပေးပါ။

ဒီလိုဆို ဝမ်းပျက်ဝမ်းလျှောနဲ့ ရေနှင့် ဓာတ်ဆားဆုံးရှုံးတဲ့အခါ သွေးတိုးမှာ စိတ်ပူစရာမလိုပဲ သွေးတိုးသမားတွေ စိတ်ချလက်ချ သောက်သုံးနိုင်တဲ့ Haresol ဓာတ်ဆားကို အခုပဲ ပြေးဝယ်ပြီး ဆောင်ထားလိုက်တော့နော်။

#ဓာတ်ဆား

တုပ်ကွေးဖြစ်ပြီးနောက် နုံးချည့်မှုကို အထိရောက်ဆုံးသက်သာစေမယ့် Haresol တုပ်ကွေးဖြစ်ပြီးတဲ့နောက် ဖျားနာမှုက သက်သာလာပေမယ့်အ...
19/09/2026

တုပ်ကွေးဖြစ်ပြီးနောက် နုံးချည့်မှုကို အထိရောက်ဆုံးသက်သာစေမယ့် Haresol

တုပ်ကွေးဖြစ်ပြီးတဲ့နောက် ဖျားနာမှုက သက်သာလာပေမယ့်
အားမရှိသလိုဖြစ်တာ၊ နုံးချည့်တာ၊ လန်းဆန်းမှုမရှိတာ တွေ ဆက်ပြီးခံစားရတတ်ပါတယ်။

ဒါတွေဖြစ်ရတာဟာ ဖျားနာနေချိန်မှာ ချွေးထွက်များခြင်း၊ ရေသောက်နည်းခြင်း စတာတွေကြောင့် ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆား တွေ ဆုံးရှုံးထားလို့ ဖြစ်ပါတယ်။

Haresol ဓာတ်ဆားဟာ WHO ရဲ့ Low-Osmolarity Formula နဲ့ ဖော်စပ်ထုတ်လုပ်ထားတာကြောင့် တုပ်ကွေးဖြစ်ပြီး ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို အထိရောက်ဆုံးနဲ့ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်လို့ နုံးချည်တာ၊ အားမရှိသလိုဖြစ်တာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

တုပ်ကွေးမိပြီးတိုင်း ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့ လက္ခဏာတွေကို အထိရောက်ဆုံး သက်သာစေမယ့် Haresol ဓာတ်ဆားကို အိမ်မှာအမြဲ ဆောင်ထားဖို့ မမေ့ပါနဲ့နော်။

#ဓာတ်ဆား

5. Haresol သောက်ရင် သွေးတိုးသလား… (Article)
"ဓာတ်ဆားရည်သောက်ရင် ဆားဓာတ်တွေ ပါလို့ သောက်လိုက်ရင် သွေးတိုးသွားမလား" ဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။

အဖြေမှန်ကတော့ "ပုံမှန် အညွှန်းအတိုင်း သောက်ရင် သွေးမတိုးပါဘူး" 💙

💡 ဘာကြောင့် သွေးမတိုးရတာလဲ?

၁။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားကိုပဲ ပြန်ဖြည့်ပေးခြင်း

ဝမ်းလျှောတာ၊ အော့အန်တာ ဒါမှမဟုတ် ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်တင်မကဘဲ ဓာတ်ဆား တွေပါ အများကြီး ဆုံးရှုံးသွားတာပါ။ Haresol က ခန္ဓာကိုယ်မှာ လျော့နည်းသွားတဲ့ ရေနဲ့ ဓာတ်ဆားအတိုင်းအတာကိုပဲ ကွက်တိ ပြန်ဖြည့်ပေးတာ ဖြစ်လို့ သွေးတိုးမှာ စိတ်ပူဖို့ မလိုပါဘူး။

၂။ WHO Low-Osmolarity Formula အတိုင်းထုတ်လုပ်ထားခြင်း

Haresol ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ Low-Osmolarity စံညွှန်းအတိုင်း ဖော်စပ်ထားပြီး Standard Formula ဓာတ်ဆားတွေထက် ဆားဓာတ်နဲ့ သကြား ပမာဏ ပါဝင်မှုနည်းတာကြောင့် သွေးမတိုးစေပါဘူး။

⚠️ သွေးတိုးရောဂါအခံ ရှိသူများ သတိပြုရန် အချက်များကတော့-

✅ဓာတ်ဆားကို အညွှန်းအတိုင်း အတိအကျဖျော်ပါ

👉ဓာတ်ဆားကို ရေနည်းနည်းလေးနဲ့ ပျစ်ပျစ်ဖျော်သောက်ရင် ဆားဓာတ်ပြင်းအား များသွားနိုင်လို့ အထုပ်ပေါ်ပါ အညွှန်းအတိုင်း ရေပမာဏ တိကျစွာ ဖျော်စပ်ရပါမည်။

✅လိုအပ်မှ သောက်ပါ

👉 ဓာတ်ဆားရည်ကို ဝမ်းသွား၊ အန် သို့မဟုတ် ချွေးထွက်လွန်ပြီး ရေဓာတ်ခမ်းခြောက်သည့် အခြေအနေများတွင်မှ သောက်သုံးပေးပါ။

ဒီလိုဆို ဝမ်းပျက်ဝမ်းလျှောနဲ့ ရေနှင့် ဓာတ်ဆားဆုံးရှုံးတဲ့အခါ သွေးတိုးမှာ စိတ်ပူစရာမလိုပဲ သွေးတိုးသမားတွေ စိတ်ချလက်ချ သောက်သုံးနိုင်တဲ့ Haresol ဓာတ်ဆားကို အခုပဲ ပြေးဝယ်ပြီး ဆောင်ထားလိုက်တော့နော်။

#ဓာတ်ဆား

Hangover ဖြစ်ရင် Energy Drink လား၊ Haresol လား… ညက အပြတ်ဆွဲလိုက်လို့ မနက်နိုးလာတဲ့အခါ အော့အန်၊ ခေါင်းကိုက်နေပြီး ခန္ဓာကိ...
17/09/2026

Hangover ဖြစ်ရင် Energy Drink လား၊ Haresol လား…

ညက အပြတ်ဆွဲလိုက်လို့ မနက်နိုးလာတဲ့အခါ အော့အန်၊ ခေါင်းကိုက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး နုံးချည့်နေပြီလား? 😵‍💫

ဒီလို Hangover ဖြစ်တဲ့အခါ လူတော်တော်များများက Energy Drink (အားဖြည့်အချိုရည်) သောက်ပြီး အမူးပြေအောင် လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ်ရော အဆင်ပြေရဲ့လား?

🥤 Energy Drink နဲ့ Hangover

● အချိုရည်ထဲမှာ သကြားဓာတ်နဲ့ ကဖိန်း (Caffeine) ဓာတ် အများအပြား ပါဝင်ပါတယ်။
● ကဖိန်းက ဆီးကို ပိုမိုသွားစေတာကြောင့် ခန္ဓာကိုယ်ကို ပိုပြီး ရေဓာတ် ခမ်းခြောက်သွားစေပါတယ်။
● များပြားတဲ့ သကြားဓာတ်က ဗိုက်ထဲ မအီမသာ ဖြစ်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
💧 Haresol ORS နဲ့ Hangover

● Hangover ဖြစ်ရခြင်းရဲ့ အဓိက တရားခံက "ပြင်းထန်စွာ ရေနှင့် ဓာတ်ဆား ခမ်းခြောက်ခြင်း" ဖြစ်ပါတယ်။
● Haresol က WHO စံညွှန်းမီ Formula ဖြစ်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ Electrolytes (ဓာတ်ဆား) တွေကို အူလမ်းကြောင်းက အမြန်ဆုံးနဲ့ အထိရောက်ဆုံး စုပ်ယူနိုင်ပြီး ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။
● ကဖိန်း မပါဝင်လို့ အစာအိမ်ကို မထိခိုက်ဘဲ ခေါင်းမူး၊ နုံးချည့်တာကို ချက်ချင်း သက်သာ လန်းဆန်းစေပါတယ်။
ဒါကြောင့် Hangover ရနေရင်တော့ မနက်နိုးနိုးချင်းမှာ Haresol ဓာတ်ဆား ကို ရေသန့် 200ml နဲ့ ဖျော်ပြီး သောက်ပေးပါ။ ဒါဆိုရင်တော့ Hangover ဒဏ်ကနေ အမြန်ဆုံး လွတ်မြောက်ပြီး အလုပ်ခွင်ထဲ လန်းဆန်းစွာ ပြန်ဝင်နိုင်ပါပြီ! 🔋✨

“Hangover မနက်ခင်းတိုင်းအတွက် Haresol ဓာတ်ဆားကို ဆောင်ထားလိုက်တော့နော်။”

#ဓာတ်ဆား

ခရီးဆောင်အိတ်ထဲမှာ Haresol ပါပြီးပြီလား… ခရီးထွက်တဲ့အခါ အဝတ်အစား၊ ဖုန်း Charger၊ မှတ်ပုံတင်တွေတော့ မမေ့အောင် ထည့်ကြပေမယ့...
16/09/2026

ခရီးဆောင်အိတ်ထဲမှာ Haresol ပါပြီးပြီလား…

ခရီးထွက်တဲ့အခါ အဝတ်အစား၊ ဖုန်း Charger၊ မှတ်ပုံတင်တွေတော့ မမေ့အောင် ထည့်ကြပေမယ့်…

💧 အစားအသောက်ကြောင့် ဝမ်းပျက်ဝမ်းလျှောတာ၊ အန်တာ နဲ့ ချွေးထွက်လွန်လို့ ရေနဲ့ Electrolytes တွေ ဆုံးရှုံးနိုင်တာကိုရော သတိထားမိရဲ့လား?

ရေနဲ့ ဓာတ်ဆား ဆုံးရှုံးလို့ ခရီးစဉ်ရဲ့ ပျော်ရွှင်စရာတွေ ရပ်တန့်မသွားစေဖို့ဆိုရင်တော့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်တဲ့ WHO ရဲ့ Low-Osmolarity Formula အတိုင်း ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆားထုပ်လေးတွေကို ခရီးဆောင်အိတ်ထဲ ဆောင်သွားဖို့ မမေ့ပါနဲ့နော်။

“ခရီးစဉ်ရဲ့ ပျော်ရွှင်မှုတွေ ရပ်တန့်မသွားစေဖို့ Haresol ဓာတ်ဆားကို ခရီးဆောင်အိတ်ထဲ ဆောင်ထားစို့။”

#ဓာတ်ဆား

ဝမ်းပျက်ဝမ်းလျှောအတွက် အရေးကြီးတဲ့ ဆားပါသောရေနဲ့ ဆားမပါသောရေ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ရေနဲ့အတူ  ဓာတ်ဆားဓာတ်များပါ ဆုံ...
15/09/2026

ဝမ်းပျက်ဝမ်းလျှောအတွက် အရေးကြီးတဲ့ ဆားပါသောရေနဲ့ ဆားမပါသောရေ

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ရေနဲ့အတူ ဓာတ်ဆားဓာတ်များပါ ဆုံးရှုံးနိုင်ပါတယ်။

ဒါကြောင့် ရေဓာတ်ပြန်ဖြည့်ဖို့ ရေသောက်လို့ရပေမယ့် ရေနဲ့အတူ ဆုံးရှုံးသွားတဲ့ ဓာတ်ဆား တွေကိုပါ ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။

ဒါဆို ဝမ်းပျက်ဝမ်းလျှောမှာ ရိုးရိုးရေနဲ့ ဆားပါတဲ့ရေ (သို့) ဓာတ်ဆားရည်က ဘယ်လို သက်ရောက်မှုရှိလဲ ကြည့်ရအောင်။

💦 ဆားမပါသောရေ (သို့) ရေသန့်

👉ဆုံးရှုံးသွားတဲ့ ဓာတ်ဆားကို ပြန်မဖြည့်ပေးနိုင်ပါဘူး။

👉 ရိုးရိုးရေပဲ သောက်နေရင် သွေးတွင်း ဓာတ်ဆားပမာဏ ပိုကျသွားပြီး လူက ပိုပြီး နွမ်းလျ၊ ခေါင်းမူး လာတတ်ပါတယ်။

⚡️ ဆားပါသောရေ (သို့) ဓာတ်ဆားရည်

👉ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆား တွေကို ပြန်လည်ဖြည့်တင်းနိုင်အောင် သင့်တော်တဲ့ အချိုးအစားနဲ့ ဖော်စပ်ထားတာဖြစ်ပါတယ်။

👉အူလမ်းကြောင်းထဲက ရေနဲ့ ဓာတ်ဆားမျှတအောင် ကူညီပေးတဲ့အတွက် ဝမ်းသွားတဲ့ ပမာဏကို လျော့နည်းစေဖို့ ကူညီပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုကို အထိရောက်ဆုံးပြန်လည်ဖြည့်ဆည်းဖို့ WHO ရဲ့ Low-Osmolarity Formula နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ Haresol ဓာတ်ဆားကို သောက်ဖို့ သတိရလိုက်ပါ။

#ဓာတ်ဆား

“ဓာတ်ဆားကိုရေဖျော်ပီးရင် ဘယ်လောက်ကြာအောင်ထိ ထားပီးသောက်လို့ရလဲ?” ကဲ... Haresol ရဲ့ ပရိသတ်ကြီးအတွက် ဒီနေ့တော့ ဉာဏ်စမ်း Qu...
30/08/2026

“ဓာတ်ဆားကိုရေဖျော်ပီးရင် ဘယ်လောက်ကြာအောင်ထိ ထားပီးသောက်လို့ရလဲ?”

ကဲ... Haresol ရဲ့ ပရိသတ်ကြီးအတွက် ဒီနေ့တော့ ဉာဏ်စမ်း Quiz လေးတစ်ခု မေးကြည့်ချင်ပါတယ်!
ဝမ်းသွားလို့ပဲဖြစ်ဖြစ်၊ ချွေးထွက်လွန်လို့ပဲဖြစ်ဖြစ် ဓာတ်ဆားတစ်ထုပ်ကို ရေနဲ့ ဖျော်လိုက်ပြီးပြီဆိုရင် ဒီဓာတ်ဆားရည်ကို ဘယ်လောက်ကြာတဲ့အထိ သောက်လို့ရတယ်လို့ ထင်ပါသလဲ?
ကဲ... မှန်မယ်ထင်တဲ့ အဖြေလေးကို Comment မှာ ရွေးပေးခဲ့ကြပါဦး! 👇
A. ၂ နာရီအတွင်း
B. ၁၂ နာရီအတွင်း
C. ၂၄ နာရီ (၁ ရက်) အတွင်း
D. ၄၈ နာရီ (၂ ရက်) အတွင်း


⚠️ သတိပြုရန် အချက်များ -
❗️၂၄ နာရီ ထက်ကျော်လွန်သွားပါက ဘက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားနိုင်ခြေ ရှိတာကြောင့် ကျန်ရှိနေတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ပြီး အသစ် ပြန်ဖျော်စပ်ရပါမည်။
❗️ဓာတ်ဆားဖျော်သည့်အခါ ရေသန့် (သို့မဟုတ်) ကျိုချက်ထားသည့် ရေကျက်အေးဖြင့်သာ ဖျော်စပ်ရပါမည်။

ခန္ဓာကိုယ်က ရေနှင့် ဓာတ်ဆားကို အမြန်ဆုံး စုပ်ယူနိုင်အောင် WHO ရဲ့ Low-Osmolarity Formula အတိုင်း စနစ်တကျ ဖော်စပ်ထားတဲ့ Haresol ဓာတ်ဆား ကို အိမ်မှာ ဆောင်ထားဖို့ မမေ့နဲ့နော်! 💙

Comment မှာအဖြေလေးတွေဖြေခဲ့ကြပါဦးနော်
အဖြေမှန်လေးကိုနောက်ရက်ကျတင်ပေးထားမယ်နော် 🥰
#ဓာတ်ဆား

Address

Room 1206, Crystal Tower, Kamaryut Township
Yangon

Website

Alerts

Be the first to know and let us send you an email when Haresol posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share