Thi Say Chin

Thi Say Chin We care about you and your family's health!

မိသားစုတိုင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်နဲ့ ကလေးရှိတဲ့ မိသားစုတွေမှာ အသားဓာတ်ဟာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဖြစ...
21/10/2026

မိသားစုတိုင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်နဲ့ ကလေးရှိတဲ့ မိသားစုတွေမှာ အသားဓာတ်ဟာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။
ဒါပေမဲ့ အသားငါးမထည့်ဘဲ ထမင်းတစ်ဝိုင်းပြင်ရတဲ့ နေ့ရက်မျိုးတွေမှာ အသားဓာတ်ရစေဖို့ ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကို သိစေချင် (Thi Say Chin ) နဲ့ MyanCare ကနေ အကြံပြုမျှဝေသွားမှာမို့ ဒီအိမ်ရှင်‌မလေးပြောပြတာကို ပုံတစ်ပုံချင်းစီမှာ လေ့လာကြည့်ရအောင်နော်။

21/10/2026

သတိထားဖို့လိုအပ်တဲ့ အာဟာရချို့တဲ့မှု ပြဿနာအကြောင်းနဲ့ နေ့စဉ် စားသောက်မှုမှာ အရေးပါတဲ့ အားဖြည့်ဆန် (Fortified Rice) ရဲ့ အခန်းကဏ္ဍကို အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် က ယခုဗီဒီယိုလေးထဲမှာ အသေးစိတ် ဆွေးနွေးဝေမျှပေးထားပါတယ်။ 💡🌾

ဒီဗီဒီယိုလေးကနေတဆင့် အာဟာရချို့တဲ့တယ်ဆိုတာ ဘာလဲ၊ မြန်မာနိုင်ငံမှာ ဘယ်လို အာဟာရချို့တဲ့မှုတွေ ကြုံတွေ့နေရပြီး ဘယ်လိုလူတွေမှာ အများဆုံး ဖြစ်တတ်သလဲဆိုတာအပြင် အာဟာရချို့တဲ့မှုကို ကာကွယ်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အားဖြည့်ဆန်ကို ဘယ်လိုထုတ်လုပ်သလဲ၊ ဘာကြောင့် စားပေးသင့်သလဲဆိုတဲ့ မသိမဖြစ် အချက်များကိုပါ ဗဟုသုတအဖြစ် တပါတည်း လေ့လာရှုစားကြရမှာဖြစ်လို့ မိသားစု ကျန်းမာရေးအတွက် အစအဆုံး ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ✨

#အားဖြည့်ဆန် #အာဟာရဆိုင်ရာဗဟုသုတ #ကျန်းမာရေး

28/09/2026

ဒီနေ့မှာလည်း အခက်အခဲတွေကြားမှ ကြိုးစားရုန်းကန်နေဆဲလူငယ်တွေရဲ့ စကားသံတချိုကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်

ဒုတိယတစ်ယောက်အနေနဲ့ YBS မောင်းရင်း Fashion Designer ဖြစ်ဖို ကြိုးစားနေတဲ့ မဗန်းဗန် 🚌

လက်ရှိ YBS မောင်းနေရင်းကနေ အိပ်မက်ဆီကို ဆက်လက်လျှောက်လှမ်းနေတဲ့ သူမရဲ့ ဘဝအကြောင်းကို နားထောင်ကြည့်လိုက်ရအောင်နော်။👇🏻✨

25/09/2026

ဒီနေ့မှာတော့ အခက်အခဲတွေကြားမှ ကြိုးစားရုန်းကန်နေဆဲလူငယ်တွေရဲ့ စကားသံတချို့ကို ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ နယ်ကနေတက်လာပြီး IT Developer တစ်ယောက်ဖြစ်လာတဲ့ ကိုဝေယံ 💻

အိပ်မက်တစ်ခုနဲ့ စတင်ခဲ့တဲ့ Career Journey ကို ဘယ်လိုတည်ဆောက်လာခဲ့လဲဆိုတာ ကြည့်လိုက်ရအောင်နော်👇🏻✨

❝ အမှတ်တွက်ပြီးလက်ဆောင်ယူပါ ❞ အစီအစဉ်ရဲ့ ကံထူးရှင်များ ထွက်ပေါ်လာပါပြီ✨👏🏻International Youth Day အထိမ်းအမှတ်အဖြစ် MyanCa...
24/09/2026

❝ အမှတ်တွက်ပြီးလက်ဆောင်ယူပါ ❞ အစီအစဉ်ရဲ့ ကံထူးရှင်များ ထွက်ပေါ်လာပါပြီ✨👏🏻

International Youth Day အထိမ်းအမှတ်အဖြစ် MyanCare နဲ့ Thi Say Chin တို့ ပူးပေါင်းစီစဉ်ခဲ့တဲ့ အစီအစဉ်မှာ စိတ်အားထက်သန်စွာ ပါဝင်ဖြေဆိုပေးခဲ့ကြတဲ့ လူငယ်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🤝

စနစ်တကျဖြေဆိုထားတဲ့လူငယ်တွေထဲကနေ ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်စီ ကံထူးသွားတဲ့ ကံထူးရှင် (၁၀) ဦးကို ရွေးချယ်ကြေညာပေးလိုက်ပါတယ်။ ✨

🔸ကံထူးရှင်များအနေဖြင့် ဆုလက်ဆောင်ကို MyanCare Page Messenger သို့ သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ် ထုတ်ယူပေးရမှာ ဖြစ်ပါတယ်။ 🎁

🔸ထုတ်ယူရန်ဆက်သွယ်ရမည့် နောက်ဆုံးရက် - 27.9.2026

မှတ်ချက်
********
▪️ကံထူးရှင်များအနေဖြင့် ဆုငွေထုတ်ယူရန် MyanCare Page Messenger သို့သာ လာရောက်ဆက်သွယ်ရမည်ဖြစ်သည်။

▪️သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်း မရှိပါက ဆုလက်ဆောင်ကို တခြားတစ်ဦးအား ထပ်မံရွေးချယ်ပြီး လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။

▪️လက်ဆောင်ပေးအပ်သည့် ဖုန်းဘေလ်အား အခြား Mobile Money / Cash များဖြင့် လဲလှယ်ပေးမည်မဟုတ်ပါ။

▪️အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက MyanCare Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ 💚❤️

ယခုလာမဲ့ ၂၀၂၆၊ စက်တင်ဘာလ (၂၆)ရက်နေ့ကတော့ ကမ္ဘာသားဆက်ခြားနေ့ ( World Contraception Day ) ဖြစ်ပါတယ်။ 🌱 ကိုယ့်လက်တွဲဖော်နဲ့...
23/09/2026

ယခုလာမဲ့ ၂၀၂၆၊ စက်တင်ဘာလ (၂၆)ရက်နေ့ကတော့ ကမ္ဘာသားဆက်ခြားနေ့ ( World Contraception Day ) ဖြစ်ပါတယ်။ 🌱

ကိုယ့်လက်တွဲဖော်နဲ့ ကိုယ့်ဘဝအနာဂတ်ကို ကိုယ်တိုင်စီမံဆုံးဖြတ်ပြီး ကျန်းမာပျော်ရွှင်တဲ့မိသားစုတစ်စု ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အားလုံးရဲ့ အိပ်မက်ပါ။

2026 World Contraception Day Theme ကလည်း ❝ A choice for all - agency, intention, access ❞ ဆိုတဲ့အတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့အနာဂတ်မိသားစုဘဝကို
▪️ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်၊
▪️ကိုယ်လိုချင်တဲ့အတိုင်း စီစဉ်နိုင်ခွင့်နှင့်
▪️လိုအပ်တဲ့ကျန်းမာရေးအချက်အလက်တွေ ရရှိနိုင်ဖို့အတွက် အဓိကအလေးပေးထားတာဖြစ်ပါတယ်။

အနာဂတ်မိသားစုဘဝလှပဖို့အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပြီး ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်၊ လေးစားမှုရှိတဲ့ အကြံပေးမှုတွေနဲ့ ပွင့်လင်းတဲ့စိတ်ထား ရှိဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့သားဆက်ခြားနေ့အထိမ်းအမှတ်အဖြစ် ❝ သိစေချင် ( Thi Say Chin )❞ နှင့် ❝ MyanCare ❞ တို့မှ ပူးပေါင်းပြီး လူငယ်တွေအတွက် နားလည်လွယ်ပြီး အသုံးဝင်မဲ့ မိသားစုစီမံကိန်းနှင့် သက်ဆိုင်တဲ့ ကျန်းမာရေးအကြောင်းအရာများကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။🤝❤️

#သိစေချင်

သင်က ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်တဲ့ လူငယ်တစ်ယောက်လား 💬⁉️လူငယ်တိုင်းဟာ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်မှသာ မိသားစုနဲ့ ပတ်ဝန်းက...
09/09/2026

သင်က ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်တဲ့ လူငယ်တစ်ယောက်လား 💬⁉️

လူငယ်တိုင်းဟာ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်မှသာ မိသားစုနဲ့ ပတ်ဝန်းကျင်အတွက် အားကိုးရတဲ့ ကျန်းမာသောလူငယ်ဖြစ်လာမှာပါ။

ဒီနေ့မှာတော့ MyanCare နဲ့ Thi Say Chin ကနေ လူငယ်တို့အတွက်မေးခွန်းလေးမေးပြီး လက်ဆောင်ပေးဖို့စီစဉ်ထားပါတယ်။

ဖော်ပြထားတဲ့ ‌မေးခွန်းလေးတွေကို သေချာစဉ်းစားပြီး ကိုယ်ဘယ်နှမှတ်ရလဲဆိုတာ ပြန်လည်ဆန်းစစ်နိုင်ဖို့ရည်ရွယ်ပါတယ်နော်။

ဖြေဆိုသူတွေထဲက စည်းကမ်းချက်နဲ့ကိုက်ညီတဲ့ (၁၀) ‌ယောက်ကို ရွေးချယ်ပြီး ဖုန်းဘေလ် (၁၀၀၀၀) ကျပ်ကို လက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ်က ကျန်းမာရေးကြယ်ပွင့်ရရှိမဲ့လူငယ်လား၊ ဂရုစိုက်ဖို့ လိုအပ်နေသေးလားဆိုတာကို အခုပဲ ဖြေဆိုကြည့်လိုက်ရအောင်နော်။ ❤️

မှတ်ချက်။ ။လက်ဆောင်ပေးအပ်မည့် ဖုန်းဘေလ် (၁၀၀၀၀) ကျပ်အား အခြား mobile money များဖြင့် လဲလှယ်ခွင့်မရှိပါ။ အငြင်းပွားဖွယ်ရာ တစုံတရာဖြစ်ပေါ်ခဲ့ပါက MyanCare Team ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။







08/09/2026

တစ်နေ့နည်းနည်းဆီလျှောက်လှမ်းနေရုံနဲ့ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်မလား . . .

မတူညီတဲ့အခက်အခဲတွေ၊ မတူညီတဲ့အိပ်မက်တွေကြားမှာ လူငယ်တွေအနေနဲ့ ကျန်းမာရေးကိုလည်းမမေ့ထားဘဲ ဖြေးဖြေးနဲ့မှန်မှန် တစ်လှမ်းချင်း ကြိုးစားလျှောက်လှမ်းကြမယ်ဆိုရင် တစ်ချိန်မှာ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်တဲ့ဆိုတဲ့အကြောင်း Thi Say Chin (သိစေချင်)နဲ့ MyanCare မှ မျှဝေပြောပြပေးလိုက်ပါတယ်။






ဒီကောင် ကြာကြာနေရင် ဂျပွေးတို့ သစ်လုံးအိမ်လေး ပြိုလိမ့်မယ် 🤧     #ဂျပွေး            #ကာကွယ်ဆေး  #မျိုးဆက်တိုင်းကိုကာကွယ်...
30/04/2026

ဒီကောင် ကြာကြာနေရင် ဂျပွေးတို့ သစ်လုံးအိမ်လေး ပြိုလိမ့်မယ် 🤧


#ဂျပွေး

#ကာကွယ်ဆေး #မျိုးဆက်တိုင်းကိုကာကွယ်ထားကာကွယ်ဆေး၏စွမ်းပကား
#သိစေချင်

ရွာပြင်ဇရပ်ကြီးက လေးဖိုးထွေး         #ဂျပွေး   ,           #သိစေချင်
25/04/2026

ရွာပြင်ဇရပ်ကြီးက လေးဖိုးထွေး


#ဂျပွေး
,
#သိစေချင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thi Say Chin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share