Ava Medical Centre and Diagnostic Laboratory

Call

Ava Medical Centre and Diagnostic Laboratory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ava Medical Centre and Diagnostic Laboratory, Medical and health, SB-3, Aung Zeya Housing Complex, Kyimyindaing Kanner Road, Yangon.

🌸 ရင်သားကင်ဆာကို အစောပိုင်းကတည်းက ကြိုတင်စမ်းသပ်ပါ — 𝐏𝐢𝐧𝐤 𝐎𝐜𝐭𝐨𝐛𝐞𝐫!စက်တင်ဘာလအလွန် အောက်တိုဘာလတစ်လလုံးဟာ ကမ္ဘာတစ်ဝန်း ရင်သ...
03/10/2026

🌸 ရင်သားကင်ဆာကို အစောပိုင်းကတည်းက ကြိုတင်စမ်းသပ်ပါ — 𝐏𝐢𝐧𝐤 𝐎𝐜𝐭𝐨𝐛𝐞𝐫!
စက်တင်ဘာလအလွန် အောက်တိုဘာလတစ်လလုံးဟာ ကမ္ဘာတစ်ဝန်း ရင်သားကင်ဆာ အသိပညာပေးလ (𝐁𝐫𝐞𝐚𝐬𝐭 𝐂𝐚𝐧𝐜𝐞𝐫 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡 / 𝐏𝐢𝐧𝐤 𝐎𝐜𝐭𝐨𝐛𝐞𝐫) ဖြစ်ပါတယ်ရှင်။

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်မျိုးဖြစ်ပေမဲ့ အစောပိုင်းအဆင့်မှာ ကြိုတင်သိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ခြေ ၉၀% ထက်မက ရှိပါတယ်ရှင်။

မိမိကိုယ်ကို ပုံမှန်စမ်းသပ် စစ်ဆေးခြင်းနဲ့ ကျွမ်းကျင်သောအထူးကုဆရာဝန်ကြီးများဖြင့် ပြသစိစစ်ခြင်းဖြင့် မိသားစုတိုင်းရဲ့ ချစ်ရတဲ့ အမျိုးသမီးများကို စောင့်ရှောက်လိုက်ပါ👇

ဘယ်လို လက္ခဏာတွေ့ရင် ဆရာဝန်နှင့် ပြသင့်သလဲ?
🛑 နာကျင်မှု မရှိဘဲ စမ်းမိသော အကျိတ် သို့မဟုတ် အဖု
🛑 ရင်သား အရေပြား ရောင်ရမ်းခြင်း၊ သီးခွံကဲ့သို့ ထူထဲလာခြင်း
🛑 နို့သီးခေါင်းမှ သွေး သို့မဟုတ် ပုံမှန်မဟုတ်သော အရည်များ ထွက်ခြင်း
🛑 နို့သီးခေါင်း ပုံသဏ္ဌာန် ရုတ်တရက် အထဲသို့ ပြောင်းပြန်ဝင်သွားခြင်း

အသက် (၃၀) ကျော် အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကို စမ်းသပ်ရုံတင်မကဘဲ တစ်နှစ်လျှင် တစ်ကြိမ် 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ရိုက်ကူးခြင်း သို့မဟုတ် သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများနှင့် စိစစ် ပြသခြင်း ကို ပြုလုပ်သင့်ပါတယ်ရှင်။

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 တွင် အထူးကု ဆရာဝန်ကြီးများဖြင့် စိစစ် ပြသနိုင်သည့်အပြင် ရင်သား 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 စစ်ဆေးမှုများနှင့် လိုအပ်သော 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 စစ်ဆေးမှုများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်ရှင်။

သင့်မိသားစုကျန်းမာရေးအတွက်

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕

လိပ်စာ အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

❤️ "သင့်နှလုံးသားကို ဂရုစိုက်ပါ"စက်တင်ဘာလ (၂၉) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐭 𝐃𝐚𝐲 (ကမ္ဘာ့နှလုံးရောဂါနေ့) မှာ မိမိနဲ့ မ...
29/09/2026

❤️ "သင့်နှလုံးသားကို ဂရုစိုက်ပါ"

စက်တင်ဘာလ (၂၉) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐭 𝐃𝐚𝐲 (ကမ္ဘာ့နှလုံးရောဂါနေ့) မှာ မိမိနဲ့ မိသားစုဝင်တွေရဲ့ နှလုံးကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ကြဖို့ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်။

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အသက်ဆုံးရှုံးမှု အများဆုံး ရောဂါများထဲမှ တစ်ခုဖြစ်ပြီး သွေးတိုး၊ ဆီးချို၊ သွေးတွင်း အဆီများခြင်းနဲ့ မကျန်းမာသော လူနေမှု အလေ့အထများကြောင့် တိတ်တဆိတ် စတင် ဖြစ်ပွားလေ့ရှိပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့အတွက်
🥗 အာဟာရ မျှတစွာ စားသုံးပါ: အဆီအစိမ့်၊ အငန်နှင့် အချိုကဲသော အစားအစာများကို လျှော့ချပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို ပိုမို စားသုံးပါ။

🏃‍♂️ ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ: တစ်နေ့လျှင် မိနစ် (၃၀) မျှ လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

🚭 ဆေးလိပ်နှင့် အရက် ရှောင်ကြဉ်ပါ: နှလုံးနှင့် သွေးကြောများကို ပျက်စီးစေသည့် အဓိက အကြောင်းရင်းများကို ရှောင်ပါရှင်။

😌 စိတ်ဖိစီးမှု ထိန်းချုပ်ပါ: တာဝန်ဝတ္တရားများကြားမှ စိတ်လက်ပေါ့ပါးစေမည့် ဝါသနာများကို အချိန်ပေးပါ။

🩸 ပုံမှန် ကျန်းမာရေး စစ်ဆေးပါ: သွေးဖိအား၊ သွေးတွင်း သကြားဓာတ်နှင့် အဆီဓာတ်များကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးပါ။

သင့်မိသားစုကျန်းမာရေးအတွက်

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕

လိပ်စာ အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 တွင် အထွေထွေရောဂါအထူးကုသမားတော် 𝐃𝐫. 𝐊𝐇𝐈𝐍 𝐙𝐔𝐍 𝐏𝐇𝐘𝐔 နှင့် လာရောက် ပြသနိုင်ပါပြီ! 🩺✨အထွေထွေကျန်းမာရေး ဝေ...
25/09/2026

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 တွင် အထွေထွေရောဂါအထူးကုသမားတော် 𝐃𝐫. 𝐊𝐇𝐈𝐍 𝐙𝐔𝐍 𝐏𝐇𝐘𝐔 နှင့် လာရောက် ပြသနိုင်ပါပြီ! 🩺✨

အထွေထွေကျန်းမာရေး ဝေဒနာများအတွက် အထူးကုသမားတော်ကြီးနှင့် ရောဂါမဖြစ်မီကြိုတင်ကာကွယ်ခြင်းမှစ၍ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့ ညနေ ၄ နာရီမှ ၆ နာရီအတွင်း 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 တွင် စနစ်တကျ တိုင်ပင်ဆွေးနွေးကုသနိုင်ပါတယ်ရှင်။

ရက်ချိန်း ရယူရန် သို့မဟုတ် စုံစမ်းရန်:
📞 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕, 𝟎𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕
📍 လိပ်စာ: 𝐒𝐁-𝟑၊ အောင်ဇေယျအိမ်ရာ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

⚠️ ဆီးချိုရောဂါ မဖြစ်ခင် ခန္ဓာကိုယ်က ပြသတတ်တဲ့ သတိပေး လက္ခဏာများ!"ငါ့မှာ ဆီးချို မရှိပါဘူး" လို့ ထင်ထားပေမဲ့ သင့်ရဲ့ခန္ဓ...
22/09/2026

⚠️ ဆီးချိုရောဂါ မဖြစ်ခင် ခန္ဓာကိုယ်က ပြသတတ်တဲ့ သတိပေး လက္ခဏာများ!

"ငါ့မှာ ဆီးချို မရှိပါဘူး" လို့ ထင်ထားပေမဲ့ သင့်ရဲ့ခန္ဓာကိုယ်က သတိပေးချက်တွေ ပေးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်နော်။ ဆီးချိုရောဂါ အပြင်းအထန် မဖြစ်မီ 𝐏𝐫𝐞𝐝𝐢𝐚𝐛𝐞𝐭𝐞𝐬 (ဆီးချိုအကြိုအဆင့်) မှာ ခန္ဓာကိုယ်က လက္ခဏာအချို့ ပြသတတ်ပေမဲ့ လူအများစုက သာမန်ပဲဆိုပြီး ပေါ့ဆကျော်လွှားသွားတတ်ကြပါတယ်ရှင့်။ ဒါ့ကြောင့် အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင်တော့ သွေးတွင်း သကြားဓာတ်ကို စနစ်တကျ စစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီနော်👇

💧 ရေမကြာခဏ ငတ်ခြင်းနှင့် ဆီးခဏခဏ သွားခြင်း:

သွေးတွင်းမှာ သကြားဓာတ်မြင့်တက်နေတဲ့အခါ ကျောက်ကပ်က ပိုလျှံနေတဲ့သကြားတွေကို စွန့်ထုတ်ဖို့ ပိုပြီးအလုပ်လုပ်ရတာကြောင့် ခဏခဏဆီးသွားချင်ပြီး ရေဓာတ်ခန်းခြောက်ကာ အမြဲရေငတ်နေတတ်ပါတယ်။

🥱 မအီမသာ ဖြစ်ပြီး အမြဲ နွမ်းနယ်နေခြင်း:

အစားအစာထဲက ဂလူးကို့စ် (𝐆𝐥𝐮𝐜𝐨𝐬𝐞) တွေကို ခန္ဓာကိုယ်ဆဲလ်တွေက စွမ်းအင်အဖြစ် ထိရောက်စွာမပြောင်းလဲနိုင်တော့တဲ့အတွက် အိပ်ရေးဝနေရင်တောင် အမြဲမောပန်းနွမ်းနယ်နေတတ်ပါတယ်။

🩹 အနာကျက် နှေးခြင်း:

သွေးတွင်းသကြားဓာတ် ပိုများနေပါက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး ဆဲလ်များ ပြန်လည်ပြုပြင်ရေးကို နှေးကွေးစေတဲ့အတွက် သာမန်အနာသေးသေးလေးတွေပေမယ့် ပျောက်ကင်းဖို့ အချိန်အကြာကြီး ယူရတတ်ပါတယ်။

👁️ မျက်စိ အမြင်အာရုံ ခဏခဏ ဝေဝါးခြင်း:

သွေးတွင်း သကြားဓာတ် အပြောင်းအလဲကြောင့် မျက်လုံးအတွင်းမှာရှိတဲ့ မှန်ဘီလူးတင်းအား ထိခိုက်ပြီး အမြင်အာရုံက ရုတ်တရက်ဝေဝါးသွားခြင်းမျိုး ကြုံတွေ့ရနိုင်ပါတယ်။

ဆီးချိုရောဂါကို အစောပိုင်းကတည်းက ကြိုတင်သိရှိထားပါက အစားအသောက်နှင့် လူနေမှုဘဝ အလေ့အထများကို ပြောင်းလဲပြီးရောဂါမဖြစ်အောင် ကြိုတင်တားဆီးနိုင်တာမို့ ကိုယ့်မှာ ဒီလိုလက္ခဏာတွေရှိနေရင်တော့ သွေးတွင်း သကြားဓာတ် အခြေအနေကို သိရှိနိုင်ဖို့ 𝐈𝐒𝐎 လက်မှတ်ရ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐫𝐫𝐞 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 တွင် အထူးကုဆရာဝန်ကြီးများနှင့် ပြသတိုင်ပင်ဆွေးနွေးမှုများနဲ့ သွေးတွင်းသကြားဓာတ်အခြေအနေများကို သိရှိနိုင်ဖို့ သွေးစစ်ဆေးမှုများကို အမြန်ဆုံးလာရောက် ဆောင်ရွက်နိုင်ပါပြီရှင့်။

သင့်မိသားစုကျန်းမာရေးအတွက်

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕

လိပ်စာ အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

🌧️ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး ဖြစ်ပြီး မအီမသာ ခံစားနေရပါသလား?🩺 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 မှာ အထွေထွေ...
17/09/2026

🌧️ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး ဖြစ်ပြီး မအီမသာ ခံစားနေရပါသလား?
🩺 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 မှာ အထွေထွေရောဂါကု ဆရာဝန်ကြီးများနဲ့ ပြသနိုင်ပါပြီ!

အေးလိုက် ပူလိုက်နဲ့ တုပ်ကွေးဖြစ်ရုံတင် မဟုတ်ဘဲ လည်ချောင်းနာ၊ ချောင်းဆိုးပြီး ခန္ဓာကိုယ် ကိုက်ခဲတာတွေကြောင့် နေ့စဉ်ဘဝမှာ အဆင်မပြေ ဖြစ်ရတတ်ပါတယ်ရှင်။ ဒီလို ဝေဒနာတွေကို "ခဏပါပဲ၊ ဒီအတိုင်း ပျောက်သွားမှာပါ" ဆိုပြီး ပေါ့ဆမနေဘဲ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ အထွေထွေရောဂါကု ဆရာဝန်ကြီးများနှင့် အမြန်ဆုံး ပြသပြီး စနစ်တကျ ကုသမှု ရယူလိုက်ပါနော်။

အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအား နည်းတဲ့သူတွေမှာ သာမန် အအေးမိရာမှတစ်ဆင့် အဆုတ်ရောင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ဝေဒနာများအထိ ဖြစ်ပွားသွားနိုင်တာကြောင့် ကျွမ်းကျင်တဲ့အထွေထွေရောဂါကု ဆရာဝန်များ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐏𝐫𝐚𝐜𝐭𝐢𝐭𝐢𝐨𝐧𝐞𝐫 (𝐆𝐏) နဲ့ စနစ်တကျပြသပြီး ကုသမှုရယူဖို့ လိုအပ်ပါတယ်ရှင့်။

𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှာ ရောဂါလက္ခဏာများကို သေချာစွာ စမ်းသပ်စစ်ဆေးပြီး လိုအပ်သည့် ထိရောက်သော ဆေးဝါးများ ညွှန်ကြားပေးပါတယ်။ ဒါ့အပြင် 🔬 တိကျသော 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 စစ်ဆေးမှုများ: သာမန် တုပ်ကွေးရောဂါ မဟုတ်ဘဲ သွေးလွန်တုပ်ကွေး သို့မဟုတ် ဘက်တီးရီးယား ပိုးဝင်ခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် သွေးစစ်ဆေးမှုများကို တစ်နေရာတည်းမှာ လုပ်ဆောင်သွားနိုင်ပါတယ်။ ⏱️ ကြိုတင် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူထားမယ်ဆိုရင်တော့ လာရောက်တဲ့အခါ ဆေးခန်းမှာ အချိန်အကြာကြီး စောင့်ဆိုင်းရသည့် ပင်ပန်းမှုကို လျှော့ချပေးနိုင်သေးပါတယ်နော်။

သင့်မိသားစုကျန်းမာရေးအတွက်

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕

လိပ်စာ အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

🩺 ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ပါ — 𝐀𝐕𝐀 တွင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်လိုက်ပါ!"ကျန်းမာရေး အခြေအနေ ကောင်းနေသလိုပဲ...
14/09/2026

🩺 ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ပါ — 𝐀𝐕𝐀 တွင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်လိုက်ပါ!

"ကျန်းမာရေး အခြေအနေ ကောင်းနေသလိုပဲ၊ ဘာမှ မခံစားရဘူး..." ဆိုပြီး ကျန်းမာရေး စစ်ဆေးဖို့ ပေါ့ဆနေမိပါသလား?

စိုးရိမ်စရာ အချက်ကတော့ ဆီးချို၊ သွေးတိုး၊ သွေးတွင်း အဆီများခြင်း၊ အသည်းအဆီဖုံးခြင်းနဲ့ ကျောက်ကပ် ရောဂါအများစုဟာ ရောဂါ အစောပိုင်း ကာလတွေမှာ မသိသာတဲ့ လက္ခဏာ မပြဘဲ တိတ်တဆိတ် ငုပ်လျှိုးနေတတ်ကြတာပဲ ဖြစ်ပါတယ်နော်။

ရောဂါလက္ခဏာ ပြင်းထန်လာမှ သိရှိရတဲ့အခါ ကုသရတာ ပိုမို ခက်ခဲသွားနိုင်တာကြောင့် နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု (𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩) ပြုလုပ်ခြင်းက ရောဂါများကို အစောပိုင်းကတည်းက ကြိုတင် သိရှိ ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်ရှင်။

🌟 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 သည်🔬 𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 ဖြစ်သည့်အတွကါ စံနှုန်းတိကျ မှန်ကန်ပြီး ယုံကြည်စိတ်ချရသည့် သွေး/ဆီးနှင့် 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 ဓာတ်ခွဲအဖြေများကို အချိန်တိုအတွင်း ရရှိနိုင်ခြင်း။

🩺 ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်အတွက် လိုအပ်သည်များကို တိုင်ပင်ဆွေးနွေးခြင်းနှင့် သွေးစစ်ချက်အဖြေများအပေါ် မူတည်ပြီး တိုင်ပင်ဆွေးနွေးမှုများကို အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးများနှင့် စိစစ် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း။

⏱️ သွေးစစ်၊ ဆီးစစ်၊ 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐈𝐦𝐚𝐠𝐢𝐧𝐠 (𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝) ရိုက်ကူးခြင်းမှစ၍ ဆရာဝန် ပြသခြင်းအထိ တစ်နေရာတည်းတွင် အချိန်ကုန် သက်သာစွာ 𝐎𝐧𝐞-𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အပြီးအစီးဆောင်ရွက်နိုင်ခြင်း။

စသည့်အချက်များကြောင့် သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာရွေးချယ်နိုင်ပါပြီရှင့်။

သင့်မိသားစုကျန်းမာရေးအတွက်

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕

လိပ်စာ အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

🛡️ "အသည်းရောင် အသားဝါ ဘီပိုး" အန္တရာယ်မှ သင့်မိသားစုကို ကာကွယ်ထားပြီးပြီလား?အသည်းရောင် အသားဝါ ဘီပိုး (𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐁) ဟာ အသ...
07/09/2026

🛡️ "အသည်းရောင် အသားဝါ ဘီပိုး" အန္တရာယ်မှ သင့်မိသားစုကို ကာကွယ်ထားပြီးပြီလား?
အသည်းရောင် အသားဝါ ဘီပိုး (𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐁) ဟာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်ပြီး "အသည်း ပျက်စီးသည်အထိ ရောဂါလက္ခဏာ မပြဘဲ ငုပ်လျှိုးနေတတ်တဲ့ တိတ်တဆိတ်အန္တရာယ်" ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့ရှင်... ဘီပိုးဟာ ကာကွယ်ဆေး (𝐕𝐚𝐜𝐜𝐢𝐧𝐞) စနစ်တကျ ထိုးနှံထားမယ်ဆိုရင် ကာကွယ်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်!

📌 ဘီပိုး ကာကွယ်ဆေးကို ဘယ်လို ထိုးရမလဲ?
အပြည့်အဝ ကာကွယ်မှု ရရှိရန်အတွက် (၃) ကြိမ် အထိ အကြိမ်ရေ ပြည့်အောင် အောက်ပါ အချိန်ဇယားအတိုင်း ထိုးနှံရပါမယ်

💉 ပထမအကြိမ်: မိမိ စတင်ထိုးသည့်နေ့
💉 ဒုတိယအကြိမ်: ပထမအကြိမ် ထိုးပြီး (၁) လအကြာ
💉 တတိယအကြိမ်: ပထမအကြိမ် ထိုးပြီး (၆) လအကြာ

စသဖြင့် ထိုးနှံရပါမယ်နော်။

𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 မှာဆိုရင် -
🩺 ဆရာဝန်ကြီးများနှင့် စိစစ်တိုင်ပင်နိုင်ခြင်း: ဆေးမထိုးမီ လိုအပ်သည့် ကျန်းမာရေး စိစစ်မှုများကို အထူးကု ဆရာဝန်ကြီးများနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🔬 မထိုးမီ စနစ်တကျ သွေးစစ်ပေးခြင်း: ဘီပိုး ကာကွယ်ဆေး မထိုးမီ ခန္ဓာကိုယ်မှာ ဘီပိုး ရှိ/မရှိ (𝐇𝐁𝐬𝐀𝐠) နဲ့ ကာကွယ်ဓာတ် (𝐀𝐧𝐭𝐢-𝐇𝐁𝐬) ရှိ/မရှိကို 𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 တွင် အရင်ဆုံး တိကျစွာ စစ်ဆေးပေးပါတယ်ရှင့်။

သင့်မိသားစုကျန်းမာရေးအတွက်

𝐇𝐨𝐭𝐥𝐢𝐧𝐞 နံပါတ် +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟓𝟎 𝟕𝟕𝟕 နဲ့ +𝟗𝟓 𝟗 𝟗𝟒𝟒 𝟎𝟔𝟎 𝟕𝟕𝟕

လိပ်စာ အမှတ် 𝐒𝐁-𝟑၊ အောင်ဇေယျ အိမ်ရာ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

🚨 "တိတ်ဆိတ်သော အသက်အန္တရာယ်" — သွေးတိုးရောဂါကို ပေါ့ဆထားရင် ဘာတွေဖြစ်လာနိုင်လဲ?သွေးတိုးရောဂါ (𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧) ဟာ လက္ခဏာ မပ...
04/09/2026

🚨 "တိတ်ဆိတ်သော အသက်အန္တရာယ်" — သွေးတိုးရောဂါကို ပေါ့ဆထားရင် ဘာတွေဖြစ်လာနိုင်လဲ?
သွေးတိုးရောဂါ (𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧) ဟာ လက္ခဏာ မပြဘဲ တိတ်တဆိတ် စတင်တတ်တာကြောင့် "𝐒𝐢𝐥𝐞𝐧𝐭 𝐊𝐢𝐥𝐥𝐞𝐫" လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

သွေးပေါင်တက်နေတာကို ပုံမှန်မစစ်ဆေးဘဲ/ သေချာမထိန်းဘဲ ပစ်ထားမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရေရှည်မှာ ဆိုးရွားစွာပျက်စီးစေနိုင်ပါတယ်ရှင်။

⚠️ သွေးတိုးရောဂါကြောင့် ဖြစ်ပွားနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ -
🧠 ဦးနှောက်နှင့် အာရုံကြော ထိခိုက်ပျက်စီးခြင်း (𝐒𝐭𝐫𝐨𝐤𝐞 / လေဖြတ်ခြင်း):

သွေးကြောများ တင်းမာကျဉ်းမြောင်းသွားပြီး ဦးနှောက်သွေးကြော ပိတ်ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်းတို့ကြောင့် လေဖြတ်ခြင်း၊ သတိလစ်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းများ ဖြစ်ပွားနိုင်ပါတယ်။

🫀 နှလုံးရောဂါ ဖြစ်ပွားခြင်း (𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 & 𝐇𝐞𝐚𝐫𝐭 𝐅𝐚𝐢𝐥𝐮𝐫𝐞):

သွေးပေါင်ချိန်မြင့်မားမှုကြောင့် နှလုံးကြွက်သားများ ကြီးလာခြင်း၊ နှလုံးသွေးကြော ကျဉ်းပြီး ရုတ်တရက် နှလုံးရပ်တန့်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤) နှင့် နှလုံးပျက်စီးခြင်း (𝐇𝐞𝐚𝐫𝐭 𝐅𝐚𝐢𝐥𝐮𝐫𝐞) တို့ ဖြစ်လာနိုင်ပါတယ်။

🩺 ကျောက်ကပ် ပျက်စီးခြင်း (𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐢𝐬𝐞𝐚𝐬𝐞):

ကျောက်ကပ်အတွင်းရှိ သွေးကြောငယ်လေးများ ပျက်စီးသွားပြီး သွေးသန့်စင်မှု စနစ် မလုပ်ဆောင်နိုင်တော့ဘဲ ကျောက်ကပ် ပျက်စီးသည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။

👁️ မျက်စိ အမြင်အာရုံ ထိခိုက်ခြင်း (𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐑𝐞𝐭𝐢𝐧𝐨𝐩𝐚𝐭𝐡𝐲):

မျက်စိအတွင်းရှိ သွေးကြောငယ်များ ပေါက်ထွက်ခြင်း/ကျဉ်းမြောင်းခြင်းကြောင့် အမြင်အာရုံ ဝေဝါးလာပြီး အဆိုးဆုံးအဆင့်တွင် မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါသည်။

🩸 ခန္ဓာကိုယ် သွေးကြောမကြီးများ ကျဉ်းမြောင်းခြင်း:

ခြေလက်များသို့ သွေးအရောက်နည်းသွားပြီး ခြေထောက်ကိုက်ခဲခြင်း၊ အနာကျက်နှေးခြင်းနှင့် သွေးကြောပိတ်ခြင်းများ ကြုံတွေ့ရနိုင်ပါတယ်။

💡 သွေးတိုးရောဂါနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို ဘယ်လိုကာကွယ်မလဲ?

🩸 သွေးပေါင်ပုံမှန်တိုင်းပါ။
🧂 ဆားနဲ့ အငန်ဓာတ်ပါတဲ့ အစားအစာများကို လျှော့စားပါ။
🏃‍♂️ ခန္ဓာကိုယ် လှုပ်ရှားမှု ရှိပါ၊ လေ့ကျင့်ခန်းလုပ်ပါ။
❌ဆေးလိပ်နဲ့ အရက်ကိုဖြတ်ပါ။
💊 ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးပုံမှန်သောက်ပါ။

မိမိရဲ့ သွေးပေါင်အခြေအနေ၊ နှလုံးနှင့် ကျောက်ကပ် ကျန်းမာရေးများကို စနစ်တကျ စစ်ဆေးလိုတယ်ဆိုရင်တော့ 𝐀𝐕𝐀 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 မှာ အထူးကု ဆရာဝန်ကြီးများ နဲ့ ပြသနိုင်သလို လိုအပ်တဲ့ သွေး/ဆီး စစ်ဆေးမှုများကိုလည်း 𝐈𝐒𝐎 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 တွင် တိကျစွာ စစ်ဆေးပေးလျက် ရှိပါတယ်ရှင့်။

🎯 ဒီနေ့အတွက် သင့်ရဲ့ ကျန်းမာရေး အမှတ်စနစ် (𝐒𝐜𝐨𝐫𝐞) ကို တွက်ကြည့်ကြစို့!ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုဘဝဆိုတာ ကြီးမားတဲ့ ...
31/08/2026

🎯 ဒီနေ့အတွက် သင့်ရဲ့ ကျန်းမာရေး အမှတ်စနစ် (𝐒𝐜𝐨𝐫𝐞) ကို တွက်ကြည့်ကြစို့!

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုဘဝဆိုတာ ကြီးမားတဲ့ ပြောင်းလဲမှုတွေထက် နေ့စဉ်ပြုလုပ်တဲ့ အလေ့အထသေးသေးလေးတွေကနေ စတင်တာပါ။

ပုံလေးထဲမှာပါတဲ့ မေးခွန်း (၄) ခုကို ကြည့်ပြီး ဒီနေ့မှာ သင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အထိ ဂရုစိုက်ပေးနိုင်ခဲ့လဲဆိုတာ အမှတ် (၄၀) မှာ အမှတ်ဘယ်လောက်ရလဲ ချက်ချင်း တွက်ကြည့်လိုက်ရအောင်! 👇

✍️ သင့်ရဲ့ စုစုပေါင်း အမှတ်ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ရေးခဲ့ပါဦး!
( အမှတ် ၄၀ စလုံး ရထားတယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ၁၀၀ % စည်းကမ်းပြည့်ဝသူပါနော် 👏 )

🩺 ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနှင့် AVA တွင် ပြသနိုင်ပါပြီ!အမျိုးသမီးများတွင် ကြုံတွေ့ရ...
26/08/2026

🩺 ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနှင့် AVA တွင် ပြသနိုင်ပါပြီ!

အမျိုးသမီးများတွင် ကြုံတွေ့ရတတ်သည့် သားဖွားမီးယပ်ဆိုင်ရာ ကျန်းမာရေးပြဿနာများ၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများနှင့် ပတ်သက်၍ AVA Medical Centre တွင် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများနှင့် စိတ်ချစွာ ပြသနိုင်ပါပြီရှင်။

ဆရာဝန်ကြီးများ၏ ဆေးခန်းပြသနိုင်မည့် ရက်ရက်နှင့် အချိန်ဇယားများကို ပုံတွင် အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

📞 Hotline: 09 944 050 777, 09 944 060 777
📍 လိပ်စာ: အမှတ် (SB-3)၊ အောင်ဇေယျအိမ်ရာ၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

#𝐀𝐯𝐚𝐌𝐞𝐝𝐢𝐜𝐚𝐥𝐂𝐞𝐧𝐭𝐫𝐞

Address

SB-3, Aung Zeya Housing Complex, Kyimyindaing Kanner Road
Yangon
11121

Telephone

+959944050777

Website

Alerts

Be the first to know and let us send you an email when Ava Medical Centre and Diagnostic Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share