12/10/2026
ရင်ကျပ်ရောဂါ (Asthma) အကြောင်း သိကောင်းစရာ
ရင်ကျပ်ရောဂါ (Asthma) သည် အသက်ရှူလမ်းကြောင်းများ ရောင်ရမ်းခြင်းနှင့် ကျဉ်းမြောင်းခြင်းကြောင့် အသက်ရှူရခက်ခဲစေသော နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါသည်။
အဖြစ်များသော လက္ခဏာများ
• အသက်ရှူမဝခြင်း
• ရင်ဘတ်တင်းကျပ်ခြင်း
• တရှူးရှူးမြည်သံဖြင့် အသက်ရှူခြင်း
• အထူးသဖြင့် ညဘက် သို့မဟုတ် မနက်စောစော ချောင်းဆိုးခြင်း
• လေ့ကျင့်ခန်းလုပ်ပြီးနောက် အသက်ရှူရခက်ခြင်း
ဖြစ်ပွားစေနိုင်သော အကြောင်းရင်းများ
• ဖုန်မှုန့်၊ မီးခိုး၊ အနံ့ပြင်းများ
• ပန်းဝတ်မှုန်နှင့် တိရစ္ဆာန်အမွေးများ
• အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
• ရာသီဥတုအပြောင်းအလဲ
• စိတ်ဖိစီးမှုနှင့် အားကစားပြင်းထန်စွာလုပ်ခြင်း
ဘယ်လိုကာကွယ်မလဲ
• ဖုန်မှုန့်နှင့် မီးခိုးများကို တတ်နိုင်သမျှ ရှောင်ရှားပါ။
• အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားရှိပါ။
• ဆရာဝန်ညွှန်ကြားထားသော ဆေးများကို မှန်မှန်အသုံးပြုပါ။
• ရင်ကျပ်မှုဖြစ်စေသော အကြောင်းရင်းများကို သိရှိပြီး ရှောင်ရှားပါ။
• ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။
ရင်ကျပ်ရောဂါကို စောစီးစွာ သိရှိကုသပြီး သေချာစွာ ထိန်းချုပ်နိုင်ပါက နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ကျန်းမာစွာ နေထိုင်နိုင်ပါသည်။
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑
📍လိပ်စာ - အမှတ် ၅၁၄၊ မာဃ ၁၃ လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
[8am 12pm] [5pm 8pm]