Yangon Medical Center

Yangon Medical Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Medical Center, Medical and health, Tower 3A, Lann Thit Yate Thar Condo, Phone Gyi Street, Lanmadaw Township, Yangon.

“ဝိတ်ချတော့မှာဆိုတော့ ဒီနေ့ကနေစပြီး ထမင်းမစားတော့ဘူး…”“ဒီရက်တွေထဲ ဝ လာလို့ ညစာဖြတ်လိုက်မယ်…”“အချိုလုံးဝမစားတော့ဘူး…”ဝိတ်...
07/10/2026

“ဝိတ်ချတော့မှာဆိုတော့ ဒီနေ့ကနေစပြီး ထမင်းမစားတော့ဘူး…”
“ဒီရက်တွေထဲ ဝ လာလို့ ညစာဖြတ်လိုက်မယ်…”
“အချိုလုံးဝမစားတော့ဘူး…”

ဝိတ်ချဖို့ စဉ်းစားတဲ့အခါ အရင်ဆုံး စိတ်ထဲပေါ်လာတာက “ဘာတွေကို ရှောင်ရမလဲ?” ဆိုတဲ့မေးခွန်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျန်းမာစွာ ကိုယ်အလေးချိန်လျော့ချဖို့ဆိုတာ အစားအစာတွေကို တစ်ခုချင်းစီ ဖြတ်ပစ်ရမယ့်အရာ မဟုတ်ပါဘူး။ အရေးကြီးတာက ကိုယ်စားနေတဲ့ အစားအစာတွေကို ဘယ်လိုရွေးမလဲ၊ ဘယ်လောက်စားမလဲ၊ ဘယ်လိုပုံစံနဲ့ ရေရှည်လိုက်နာနိုင်မလဲ ဆိုတာပါ။

ကျန်းမာပြီး မှန်ကန်တဲ့ အစားအသောက်ပုံစံတစ်ခုမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပရိုတင်းပါဝင်တဲ့အစားအစာ၊ ဂျုံများ၊ အစေ့အဆံနဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆီအမျိုးအစားတွေကို မျှတစွာ ထည့်သွင်း စားသောက်ရပါတယ်။ အချိုဓာတ်၊ ဆားနဲ့ Saturated Fat (ပြည့်ဝဆီ) များလွန်းတာတွေကိုတော့ သင့်တော်အောင် လျှော့ချဖို့ အရေးကြီးပါတယ်။ ဒါကြောင့် “ထမင်းစားလို့ ဝိတ်တက်တာလား?” ဆိုတာထက် “တစ်နေ့တာမှာ ကိုယ်စားသောက်နေတဲ့ အစားအသောက်ပုံစံက ဘယ်လိုလဲ?” ဆိုတာကို ပြန်ကြည့်ဖို့လိုပါတယ်။
ဥပမာ—
မနက်စာ မစားဘဲ နေ့လယ်မှာ အရမ်းဗိုက်ဆာလာလို့ အများကြီးစားမိတာ၊
တစ်နေ့လုံး ရေသောက်တာနည်းပြီး အချိုပါဝင်တဲ့ အဖျော်ယမကာတွေ မကြာခဏ သောက်တာ၊
အလုပ်များလို့ လှုပ်ရှားမှုနည်းပြီး ညဘက်မှာ အိပ်ရာဝင်ခါနီးမှ အများကြီးစားတာ—
ဒီလို နေ့စဉ်စားသောက်ပုံနဲ့ Lifestyle Pattern တွေက ကိုယ်အလေးချိန်စီမံခန့်ခွဲမှုမှာ အရေးပါပါတယ်။ ဒါကြောင့် Weight Management ကို စတင်တဲ့အခါ “ဒီအစားအစာကို လုံးဝမစားတော့ဘူး” ဆိုတာထက် “ငါ့ရဲ့စားသောက်ပုံထဲမှာ ဘာတွေကို ပြောင်းလဲနိုင်မလဲ?”လို့ စဉ်းစားကြည့်ပါ။

ဝိတ်ချတာဟာ ကိုယ့်ကိုယ်ကို အစာငတ်အောင်ထားတာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်လိုအပ်တဲ့ အာဟာရတွေ ရရှိနေအောင် ထိန်းညှိပြီး တစ်ချိန်တည်းမှာ ကိုယ်အလေးချိန်ကိုလည်း ကျန်းမာစွာ စီမံခန့်ခွဲတာပါ။

ပြီးတော့ “အစားအသောက်ကို ထိန်းရင်ပဲ ဝိတ်ကျမှာလား?” လို့ မေးစရာရှိလာပါတယ်။ အစားအသောက်တစ်ခုတည်းနဲ့ မပြီးပါဘူး။ ကျန်းမာစွာ ကိုယ်အလေးချိန်စီမံခန့်ခွဲဖို့မှာ “စားသောက်ပုံ၊ ကိုယ်လက်လှုပ်ရှားမှု၊ အိပ်စက်မှု၊ Stress Management” စတဲ့ အရာတွေ အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။

ဒါကြောင့် နောက်တစ်ခါ “ဝိတ်ချမယ်” လို့ စဉ်းစားမိရင် အစားအစာတစ်မျိုးကို အရင်ဆုံး ရန်သူမလုပ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ နေ့စဉ် Lifestyle တစ်ခုလုံးကို ပြန်ကြည့်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Healthy Weight Management ဆိုတာ တစ်ခုခုကို ဖြတ်ပစ်ခြင်းထက် နေ့စဉ်ဘဝကို ပိုကောင်းအောင် ပြန်တည်ဆောက်ခြင်းနဲ့ ပိုနီးစပ်လို့ပါ။

အနှစ်ချုပ်ပြောရရင်တော့ ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ဆိုရင် အစားလျှော့စားခြင်းက ပြသနာကိုဖြေရှင်းတဲ့နည်းလမ်းမဟုတ်ပဲ “မျှတတဲ့ အစားအသောက်နဲ့ မှန်ကန်တဲ့ နေထိုင်မှု ပုံစံ” ကသာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း ဖြစ်ပါတယ်။

🏥 Yangon Medical Center
ကျန်းမာစွာ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့ သိရှိနားလည်ခြင်းက ပထမဆုံးခြေလှမ်းပါ။
*♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်

**“ဝန်ထမ်းအသစ်တစ်ယောက် အလုပ်ဝင်လာပြီဆို…HR အနေနဲ့ ဘာတွေ စီစဉ်ပေးရမလဲ?”**Appointment Letter ပြင်ရမယ်။Onboarding လုပ်ရမယ်။...
04/10/2026

**“ဝန်ထမ်းအသစ်တစ်ယောက် အလုပ်ဝင်လာပြီဆို…
HR အနေနဲ့ ဘာတွေ စီစဉ်ပေးရမလဲ?”**

Appointment Letter ပြင်ရမယ်။
Onboarding လုပ်ရမယ်။
Employee Documents တွေ စစ်ရမယ်။
Department နဲ့ ချိတ်ဆက်ပေးရမယ်။

ပြီးတော့—

**Pre-employment Medical Checkup ကရော?**

Company တစ်ခုမှာ ဝန်ထမ်းတွေများလာတာနဲ့အမျှ
HR အတွက် Health Checkup စီစဉ်ပေးရတာက
တစ်ယောက်ချင်းစီအလိုက် လိုက်လုပ်ရင် အချိန်ယူနိုင်ပါတယ်။

ဒါကြောင့်
**Company တစ်ခုချင်းစီရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ Checkup System တစ်ခုရှိထားတာက ပိုအဆင်ပြေပါတယ်။**

🏥 **Yangon Medical Center (YMC)** မှာတော့
Corporate HR တွေအတွက်—

# # # 🩺 Pre-employment Checkup

ဝန်ထမ်းအသစ်တွေ အလုပ်မဝင်ခင်
Company ရဲ့ လိုအပ်ချက်အလိုက် သင့်တော်တဲ့ Medical Checkup တွေကို စီစဉ်ပေးနိုင်ပါတယ်။

# # # ❤️ Employee Health Checkup

လက်ရှိဝန်ထမ်းတွေအတွက်လည်း
ပုံမှန် Health Checkup / Employee Wellness Program တွေအဖြစ်
လိုအပ်တဲ့ စစ်ဆေးမှုတွေကို စီစဉ်နိုင်ပါတယ်။

အရေးကြီးတာက—

**Company တိုင်းမှာ လိုအပ်ချက်က မတူပါဘူး။**

Office Staff ဖြစ်နိုင်သလို
Field Staff ဖြစ်နိုင်တယ်။
လုပ်ငန်းခွင်အလိုက် Health Risk တွေလည်း မတူနိုင်ပါတယ်။

ဒါကြောင့် YMC မှာ
**“Package တစ်ခုတည်းကို Company တိုင်းအတွက်”** ဆိုတဲ့ပုံစံမဟုတ်ဘဲ
HR / Company ရဲ့ လိုအပ်ချက်ကို အရင်ဆွေးနွေးပြီး
သင့်တော်တဲ့ **Checkup Package ကို ညှိနှိုင်းစီစဉ်ပေးနိုင်ပါတယ်။**

✔️ Pre-employment Checkup
✔️ Employee Health Checkup
✔️ Corporate Health Screening
✔️ Laboratory Tests
✔️ Doctor Consultation
✔️ Company လိုအပ်ချက်အလိုက် Package ညှိနှိုင်းပေးခြင်း

**HR အတွက် လွယ်ကူစေဖို့—
Employee တွေအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းစေဖို့။**

Corporate Employee Health Checkup ကို
**YMC နဲ့ ချိတ်ဆက်ပြီး စနစ်တကျ စီစဉ်ထားလိုက်ပါ။**

📩 **Corporate Checkup Package / Partnership အတွက်
Yangon Medical Center ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။**

🏥 **Yangon Medical Center**
**Your Employees. Your Responsibility. Our Healthcare Support.***
♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်

🏥 Yangon Medical Center (ရန်ကုန်အထူးကုဆေးခန်း)📢 ဝန်ထမ်းခေါ်ယူခြင်းYangon Medical Center တွင် အောက်ပါရာထူးအတွက် အရည်အချင်...
03/10/2026

🏥 Yangon Medical Center (ရန်ကုန်အထူးကုဆေးခန်း)
📢 ဝန်ထမ်းခေါ်ယူခြင်း
Yangon Medical Center တွင် အောက်ပါရာထူးအတွက် အရည်အချင်းပြည့်မီသူများကို ခေါ်ယူနေပါသည်။

👩‍⚕️ သူနာပြု အကူ — ၃ ဦး
• Nurse Aid သင်တန်းဆင်းလက်မှတ်ရရှိထားသူဖြစ်ရမည်။
• သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၁ နှစ်နှင့်အထက် ရှိရမည်။
• OPD နှင့်သက်ဆိုင်သော လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည်။
• သူနာပြုများအား လိုအပ်သည့်အတိုင်း ထိရောက်စွာ ကူညီပေးနိုင်ရမည်။
• ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။
•ကွန်ပျူတာ ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
•လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်ရမည်။

🚨 အထက်ပါရာထူးအတွက် ဝန်ထမ်းများကို အမြန်ဆုံး ခေါ်ယူနေပါသဖြင့် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
📞 ၀၉-၇၇၇၇ ၀၅ ၄၈၀၊ ၀၉ ၇၇၇၇ ၀၅ ၉၈၀

Facebook Messanger, Viber (09777705480) များမှလည်း လျှောက်ထားနိုင်ပါသည်။

Yangon Medical Center
Tower 3A, 1st Floor, Lan Thit Avenue, Phone Gyi St., Lanmadaw Tsp., Yangon, Myanmar

**“ဒီသွေးတွေ စစ်ရမှာဆိုရင်လေ…ဆရာ့ဆေးခန်းမှာပဲ ပြလက်စနဲ့ စစ်သွားလို့ မရဘူးလား?”****“ကျွန်မတို့က ဒီနားမှာပဲ နေတာဆိုတော့ဘယ်...
02/10/2026

**“ဒီသွေးတွေ စစ်ရမှာဆိုရင်လေ…
ဆရာ့ဆေးခန်းမှာပဲ ပြလက်စနဲ့ စစ်သွားလို့ မရဘူးလား?”**

**“ကျွန်မတို့က ဒီနားမှာပဲ နေတာဆိုတော့
ဘယ်နားမှာ သွားစစ်ရင် စိတ်ချရမလဲဆိုတာ
ဆရာ ညွှန်ပေးပါဦး…”**

ဒီလိုစကားတွေကို
ဆေးခန်းထိုင်တဲ့ ဆရာ/ဆရာမတွေ မကြာခဏ ကြားရတတ်မှာပါ။

လူနာအတွက်တော့
**လိုအပ်တဲ့ Test ကို စိတ်ချလက်ချ စစ်ဆေးချင်တာပါ။**

ဆရာ/ဆရာမတွေအတွက်တော့
**ကိုယ့်လူနာကို လိုအပ်တဲ့ Investigation ပြီးမြောက်အောင်
အဆင်ပြေပြေ လမ်းညွှန်ပေးချင်တာပါ။**

ဒါပေမယ့် ကိုယ့်ဆေးခန်းမှာ
**In-house Laboratory မရှိတဲ့အခါ—**
လူနာကို Lab တစ်ခုရှာဖို့ ပြန်လွှတ်ရတာ၊
Sample ပို့ဖို့ အခက်အခဲရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

**ဒီလိုအခြေအနေမျိုးမှာ
Yangon Medical Center (YMC) က ဆရာ/ဆရာမတို့ရဲ့ Laboratory Partner တစ်ခုအနေနဲ့ ကူညီပေးနိုင်ပါတယ်။**

# # # 🧪 Patient ကို လွှဲပေးမလား?

**ရပါတယ်။**

လိုအပ်တဲ့ Laboratory Test တွေအတွက်
လူနာကို **YMC သို့ Referral** လုပ်ပေးနိုင်ပါတယ်။

# # # 🧪 Sample ကိုပဲ ပို့ချင်လား?

**ဒါလည်း ရပါတယ်။**

ဆရာ/ဆရာမတို့ Clinic မှာ
Sample Collection ပြုလုပ်ပြီး
လိုအပ်တဲ့ Test တွေအတွက် **YMC Laboratory သို့ Send-Out** လုပ်နိုင်ပါတယ်။

ပြီးတော့ ပိုအဆင်ပြေအောင်—

**“Sample လာယူပေးလို့ရမလား?”**

ဆိုရင်လည်း ရပါတယ်။

လိုအပ်တဲ့အခါ **YMC ရဲ့ Runner Service** နဲ့ ချိတ်ဆက်နိုင်တဲ့အတွက်
ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့
Sample လာရောက်ယူဆောင်ပေးနိုင်ပါတယ်။

ဒီလိုနဲ့—

**ဆရာ/ဆရာမတို့က လူနာကို ဆက်ပြီး ဂရုစိုက်ပါ။
Laboratory Service ပိုင်းကိုတော့ YMC နဲ့ ချိတ်ဆက်ထားလိုက်ပါ။**

ကိုယ့် Clinic မှာ Lab မရှိတာက
**လူနာကို ပေးနိုင်တဲ့ Service ကို ကန့်သတ်ထားဖို့ အကြောင်းပြချက်တစ်ခု မဖြစ်သင့်ပါဘူး။**

အနီးအနား Clinic တွေအတွက်
လိုအပ်တဲ့အချိန်မှာ ချိတ်ဆက်နိုင်တဲ့
**ယုံကြည်စိတ်ချရတဲ့ Laboratory Partner တစ်ခုရှိနေဖို့က ပိုအရေးကြီးပါတယ်။**

🧪 **YMC Laboratory Referral & Send-Out Service**

✔️ Patient Referral to YMC
✔️ Clinic-based Sample Collection
✔️ Sample Send-Out to YMC Laboratory
✔️ Runner Service for Sample Collection
✔️ Clinic / Doctor လိုအပ်ချက်အလိုက် ညှိနှိုင်းပေးခြင်း

**ဆရာ/ဆရာမတို့ရဲ့ Clinic မှာ In-house Laboratory မရှိဘူးဆိုရင်—**

လူနာကို “ဘယ် Lab သွားစစ်ရမလဲ” လို့ စဉ်းစားစရာမလိုအောင်၊
**YMC နဲ့ ချိတ်ဆက်ထားလိုက်ပါ။**

📩 **Clinic Partnership / Laboratory Referral & Send-Out Service အတွက်
Yangon Medical Center ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။**

🏥 **Yangon Medical Center**
**Your Clinic's Laboratory Partner.***
♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်

🌸 အသက် ၄၀ နောက်ပိုင်း အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာရေးအချက်များ 🌸အသက် ၄၀ ကျော်လာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ ခန္ဓာ...
01/10/2026

🌸 အသက် ၄၀ နောက်ပိုင်း အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာရေးအချက်များ 🌸

အသက် ၄၀ ကျော်လာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ Estrogen ဟော်မုန်းအပါအဝင် ဟော်မုန်းအပြောင်းအလဲများ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီအချိန်ကာလကို Perimenopause (သွေးဆုံးခါနီးကာလ) လို့ ခေါ်ပြီး နောက်ပိုင်းမှာ Menopause (သွေးဆုံးခြင်း) ဖြစ်လာနိုင်ပါတယ်။

✨ သွေးဆုံးခါနီးမှာ တွေ့ရနိုင်တဲ့ လက္ခဏာများ
• ရာသီမမှန်ခြင်း
• ရာသီလာရက်များခြင်း/နည်းခြင်း
• ရာသီသွေးပမာဏ ပြောင်းလဲခြင်း
• ရုတ်တရက် ခန္ဓာကိုယ်ပူလာခြင်း (Hot flashes)
• အိပ်မပျော်ခြင်း
• စိတ်တိုလွယ်ခြင်း၊ စိတ်အပြောင်းအလဲများခြင်း
• အာရုံစူးစိုက်ရခက်ခြင်း
• ပင်ပန်းလွယ်ခြင်း
• ကိုယ်အလေးချိန်တက်လာခြင်း
• အရေပြားခြောက်ခြင်း
• မိန်းမကိုယ်ခြောက်သွေ့ခြင်း
• လိင်စိတ်ပြောင်းလဲခြင်း

🌷 Menopause ဆိုတာဘာလဲ?
ရာသီမလာတာ ၁၂ လဆက်တိုက် ဖြစ်လာတဲ့အခါ Menopause (သွေးဆုံးခြင်း) လို့ သတ်မှတ်ပါတယ်။
သွေးဆုံးခြင်းဟာ ရောဂါတစ်ခုမဟုတ်ပေမယ့် ဟော်မုန်းပြောင်းလဲမှုကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုအမျိုးမျိုး ရှိနိုင်ပါတယ်။

🩺 အသက် ၄၀ နောက်ပိုင်းမှာ ဘာတွေကို ဂရုစိုက်သင့်လဲ?
✅ ပုံမှန် မီးယပ်စစ်ဆေးမှု ပြုလုပ်ပါ
✅ ပုံမှနမဟုတ်သော လက္ခဏာများ ခံစားရပါက သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ပါ။
✅ ရင်သားကျန်းမာရေး စစ်ဆေးပါ
✅ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုများကို ဂရုတစိုက် ပြုလုပ်ပါ
✅ သွေးပေါင်၊ သွေးချိုနှင့် Cholesterol စစ်ဆေးပါ
✅ အရိုးကျန်းမာရေးကို ဂရုစိုက်ပါ
✅ Calcium နှင့် Vitamin D လုံလောက်စွာ ရရှိအောင် ဂရုစိုက်ပါ
✅ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
✅ အိပ်ရေးဝအောင် အိပ်ပါ
✅ အသီးအရွက်၊ ပရိုတင်းနှင့် အာဟာရမျှတတဲ့ အစားအစာများ စားပါ
🚨 အောက်ပါအခြေအနေများရှိပါက မီးယပ်ဆရာဝန်နှင့် ပြသပါ
🔸 ရာသီသွေး အလွန်များခြင်း
🔸 ရာသီကြားတွင် သွေးဆင်းခြင်း
🔸 လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
🔸 ဝမ်းဗိုက်အောက်ပိုင်း မကြာခဏနာခြင်း
🔸 ရာသီပျောက်ပြီးနောက် ပြန်လည်သွေးဆင်းခြင်း
💗 အသက် ၄၀ ကျော်လာတာဟာ ကျန်းမာရေးကို ပိုဂရုစိုက်ရမယ့်အချိန်ဖြစ်ပြီး အသက်အရွယ်ကြောင့် ဖြစ်တတ်တာပဲဆိုပြီး လက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။
ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ခြင်းက အကောင်းဆုံးသော ကြိုတင်ကာကွယ်မှုတစ်ခုပါ။ 🌷*♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်
#အသက်၄၀နောက်ပိုင်းကျန်းမာရေး

❤️ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐭 𝐃𝐚𝐲 𝟐𝟎𝟐𝟔“𝐃𝐨𝐧’𝐭 𝐦𝐢𝐬𝐬 𝐚 𝐛𝐞𝐚𝐭 — နှလုံးရဲ့ အချက်ပြမှုတွေကို မလွတ်လိုက်ပါနဲ့”📅 September 29 | ကမ္ဘာ့နှလုံးကျန်...
29/09/2026

❤️ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐭 𝐃𝐚𝐲 𝟐𝟎𝟐𝟔

“𝐃𝐨𝐧’𝐭 𝐦𝐢𝐬𝐬 𝐚 𝐛𝐞𝐚𝐭 — နှလုံးရဲ့ အချက်ပြမှုတွေကို မလွတ်လိုက်ပါနဲ့”

📅 September 29 | ကမ္ဘာ့နှလုံးကျန်းမာရေးနေ့

နေ့စဉ်ဘဝမှာ အလုပ်များနေတဲ့အခါ ကိုယ့်နှလုံးကျန်းမာရေးကို မေ့လျော့သွားတတ်ပါတယ်။
ဒါပေမယ့် နှလုံးရဲ့ အချက်ပြမှုလေးတွေကို အချိန်မီသိရှိပြီး ဂရုစိုက်ခြင်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။ ❤️

🫀 နှလုံးရောဂါကို ဘာကြောင့် သတိထားသင့်သလဲ?

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ကမ္ဘာတစ်ဝှမ်းမှာ လူအများအပြားကို ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် သွေးတိုးခြင်း၊ ဆီးချို၊ Cholesterol မြင့်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ က နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

⚠️ နှလုံးရောဂါဆိုတာ ရင်ဘတ်နာခြင်း​ အောင့်ခြင်း​ဝေဒနာခံစားရမှ နှလုံး​ရောဂါလို့ သတ်မှတ်ရတာ
မဟုတ်ပါဘူး။

အချို့သောသူများမှာ ရင်ဘတ်နာကျင်မှု မသိသာဘဲ—

• အသက်ရှူမဝခြင်း
• ပုံမှန်ထက် ပင်ပန်းနွမ်းနယ်လွယ်ခြင်း
• မူးဝေခြင်း
• ပျို့အန်ခြင်း
• အစာမကြေသလို ခံစားရခြင်း
• ချွေးအလွန်ထွက်ခြင်း
• နာကျင်မှုက လက်၊ ပခုံး၊ မေးရိုး သို့မဟုတ် နောက်ကျောသို့ ပြန့်ခြင်း

စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

👩 အမျိုးသမီးများမှာလည်း နှလုံးရောဂါလက္ခဏာတွေက လူတိုင်းနဲ့ တူညီနေမယ်လို့ မဆိုနိုင်တာကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

👶 ကလေးများမှာလည်း မွေးရာပါနှလုံးရောဂါအချို့က မွေးစမှာ သိသာတဲ့လက္ခဏာ မပြနိုင်တာကြောင့် ဆရာဝန်ညွှန်ကြားချက်အရ စောစီးစွာ စစ်ဆေးခြင်းက အရေးကြီးပါတယ်။

💚 ဒီနေ့ကစပြီး နှလုံးအတွက် ဘာလုပ်ပေးနိုင်မလဲ?

🥗 အစားအသောက်ကို ဂရုစိုက်ပါ။
🍉🍎🍅🍓သစ်သီး၊ 🥦🌽🫑🌶ဟင်းသီးဟင်းရွက်နှင့် အာဟာရမျှတသော အစားအစာများကို ရွေးချယ်ပြီး အငန်၊ အဆီနှင့် သကြားများလွန်းခြင်းကို လျှော့ချပါ။

🚶‍♀️ ကိုယ်လက်လှုပ်ရှားခြင်းပိုမိုပြုလုပ်​ပေးပါ။
နေ့စဉ် လမ်းလျှောက်ခြင်း၊ လှေကားအသုံးပြုခြင်းကဲ့သို့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ပါ။

🩺 သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ Cholesterol စတဲ့ အချက်တွေကို ပုံမှန်စစ်ဆေး​ပေးပါ။

🚭 ဆေးလိပ်​သောက်ခြင်းကို ရှောင်ပါ။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများက နှလုံးနှင့် သွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

😴 အနားယူဖို့ မမေ့ပါနဲ့
အလုပ်များ​နေ​ပေမဲ့လဲ အနားယူချိန်ပေးပြီး စိတ်ဖိစီးမှုကို တတ်နိုင်သမျှ​လျှော့ချဖို့ကြိုးစားပါ။

👨‍⚕️ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို မပျက်မကွက်လုပ်ပါ။
ရောဂါအန္တရာယ်တွေကို စောစီးစွာ သိရှိနိုင်ခြင်းက ကြိုတင်ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် အရေးကြီးပါတယ်။

❤️ နှလုံးရဲ့ အချက်ပြမှုကို နားထောင်ပါ

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း သို့မဟုတ် အခြားပြင်းထန်သော လက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်လာပါက အရေးပေါ်ဆေးကုသမှုကို ချက်ချင်းခံယူပါ။

နှလုံးရောဂါကို ကြောက်ဖို့ထက်
ကြိုတင်သိရှိပြီး ကြိုတင်ကာကွယ်ဖို့ ပိုအရေးကြီးပါတယ်။

🌍 ဒီ World Heart Day မှာ ကိုယ့်နှလုံးကျန်းမာ​ရေးကိုသာမက ကိုယ်ချစ်ရတဲ့သူတွေရဲ့ နှလုံးကျန်းမာရေးကိုပါ ဂရုစိုက်ကြရအောင်။ ❤️

“Love Your Heart. Live Your Life.” 🫀
*♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်







🐾🐶 စက်တင်ဘာ ၂၈ ရက် ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ (World Rabies Day)🐶 🐾“ခွေးရူးပြန်ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ပါတ...
28/09/2026

🐾🐶 စက်တင်ဘာ ၂၈ ရက် ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ (World Rabies Day)🐶 🐾
“ခွေးရူးပြန်ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ပါတယ်” 💙
ခွေးရူးပြန်ရောဂါ (Rabies) ဟာ ခွေး၊ ကြောင်နှင့် အခြားတိရစ္ဆာန်များမှတစ်ဆင့် လူသို့ ကူးစက်နိုင်တဲ့ အလွန်အန္တရာယ်ရှိသော ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။
🐶 ​​ခွေးကိုက်ခံရခြင်း
🐱 ​ကြောင်ကုတ်ခံရခြင်းများ ရှိပါက
• ဒဏ်ရာကို ဆပ်ပြာနှင့်ညင်သာစွာတိုက်၍ ရေဖြင့် အနည်းဆုံး ၁၅ မိနစ်ခန့် သေချာစွာ ဆေးကြောပါ။
• အိမ်တွင်းနည်းလမ်းများကြားဖူးနားဝ​ဆေးမီးတိုများဖြင့်စမ်းတဝါးဝါးကုသခြင်းမျိုးမပြုလုပ်ဘဲ နီးစပ်ရာကျန်းမာရေး​ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသပါ။
• လိုအပ်ပါက Rabies Vaccine နှင့် Rabies Immunoglobulin (RIG) တို့ကို ကျန်းမာရေးဝန်ထမ်းများ၏ အကြံပြုချက်အတိုင်း ကုသမှုခံယူပါ။
• အိမ်မွေးတိ​လေးများ ကိုလဲ Rabies ကာကွယ်ဆေး ပုံမှန်ထိုးပေးခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။ 💉
⚠️ “ကိုက်လိုက်တာက​တော့သေးသေးလေးပဲ" ဆိုပြီး မပေါ့ဆပါနဲ့။
ခွေးရူးပြန်ရောဂါသည် လက္ခဏာများပေါ်လာပြီးနောက် အလွန်ပြင်းထန်သော ရောဂါဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ခြင်းက အရေးကြီးဆုံးဖြစ်ပါတယ်။
💙 တိ​​​လေးများကိုချစ်ပါ သို့​သော် ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ပါ။
*♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်



#ခွေးရူးပြန်ရောဂါ
#ကျန်းမာရေးအသိပညာ

သားအိမ်မှာ အလုံးတည်ခြင်း (Uterine Fibroids) အကြောင်း သိကောင်းစရာ​သားအိမ်အလုံးတည်ခြင်းဆိုတာ အမျိုးသမီးအများစုမှာ ဖြစ်လေ့ရ...
28/09/2026

သားအိမ်မှာ အလုံးတည်ခြင်း (Uterine Fibroids) အကြောင်း သိကောင်းစရာ
​သားအိမ်အလုံးတည်ခြင်းဆိုတာ အမျိုးသမီးအများစုမှာ ဖြစ်လေ့ရှိတဲ့ သားအိမ်ကြွက်သားမျှင်တွေ ပုံမှန်မဟုတ်ဘဲ လွန်ကဲစွာ ကြီးထွားလာတဲ့ သားအိမ်ကြွက်သားကျိတ် (Fibroids) ကို ခေါ်တာဖြစ်ပါတယ်။ အများအားဖြင့် ကင်ဆာမဟုတ်တဲ့ အကျိတ်မျိုး ဖြစ်တာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ မီးယပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုတော့ ခံစားရစေနိုင်ပါတယ်။
​သတိပြုသင့်သည့် လက္ခဏာများ
​အချို့အမျိုးသမီးများတွင် မည်သည့်လက္ခဏာမျှ မပြတတ်သော်လည်း အောက်ပါလက္ခဏာများ ရှိပါက သတိပြုသင့်ပါသည်။
🩸​ရာသီသွေး လွန်ကဲစွာဆင်းခြင်း🩸
ရာသီလာစဉ် သွေးခဲကြီးများ ဆင်းခြင်း သို့မဟုတ် ရက်ရှည်လာခြင်း။
​ဗိုက်အောက်ပိုင်း ဆီးခုံ ကိုက်ခဲခြင်း သို့မဟုတ် တင်းကျပ်နေခြင်း။
🥲​ဆီးနှင့် ဝမ်းပြဿနာများ🥲
အလုံးက ဆီးအိမ်ကို သွားဖိထားပါက ဆီးခဏခဏသွားခြင်း၊
🥺ဝမ်းချုပ်ခြင်း🥺
​နာကျင်မှု ခံစားရခြင်း အမျိုးသားနှင့် အတူနေစဉ် နာကျင်ခြင်း သို့မဟုတ် ခါးနှင့် ပေါင်အတွင်းပိုင်းအထိ နာကျင်ကိုက်ခဲခြင်း။
🩸​သွေးအားနည်းခြင်း🩸
ရာသီသွေး အလွန်အမင်း ဆင်းသည့်အတွက် ခေါင်းမူးခြင်း၊ မောပန်းလွယ်ခြင်း။
​ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများ
​ဟော်မုန်း အပြောင်းအလဲ
အီစထရိုဂျင် (Estrogen) နှင့် ပရိုဂျက်စထရုန်း (Progesterone) ဟော်မုန်း ပမာဏ မြင့်မားချိန်တွင် ပိုမိုကြီးထွားလေ့ရှိသည်။
​မျိုးရိုးဗီဇ
မိသားစု သို့မဟုတ် ဆွေမျိုးအတွင်း သားအိမ်အလုံးတည်ဖူးသည့် မီးယပ်​ရောဂါရာဇဝင်ရှိခြင်း။
​ကိုယ်အလေးချိန် လွန်ကဲခြင်းအဝလွန်ခြင်းက ဟော်မုန်းပမာဏကို ပြောင်းလဲစေသဖြင့် ပိုမိုဖြစ်ပွားနိုင်သည်။
​ဆင်ခြင်နေထိုင်ရန်နှင့် ကာကွယ်ရန် နည်းလမ်းများမှာ
​ပုံမှန် ကျန်းမာရေး စစ်ဆေးသင့်ပါတယ် အထက်​ဖော်ပြပါ လက္ခဏာများ ခံစားရပါကလဲ မီးယပ်အထူးကုဆရာဝန်နှင့် ပုံမှန် အာထရာဆောင်း (Ultrasound) ရိုက်ပြီး စစ်ဆေးပါ။
​ကိုယ်အလေးချိန် ထိန်းသိမ်းပါ
ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးခြင်းဖြင့် ဟော်မုန်းပမာဏကို ထိန်းညှိပါ။
​အာဟာရ ပြည့်ဝစွာ စားသုံးပါအစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို ပိုမိုစားသုံးပြီး ပြုပြင်ဖန်တီးထားသော အစားအစာများနှင့် အနီရောင်အသားများကို လျှော့စားပါ။
​သားအိမ်အလုံးတည်ခြင်းသည် အစောပိုင်းအဆင့်တွင် သိရှိပါက ဆေးဝါးဖြင့်သော်လည်းကောင်း၊ ခွဲစိတ်စရာမလိုသည့် နည်းလမ်းများဖြင့်သော်လည်းကောင်း ထိရောက်စွာ ကုသနိုင်သဖြင့် စောစီးစွာ စစ်ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။
*♡ သင့်ကျန်းမာ​ရေး ပြည့်စုံဖို့
YMC ကိုလှမ်းလာစို့ ♡*
💛Yangon Medical Center💛

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်

“ကျန်းမာရေး ပြသနာတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ချင်တယ်…ဒါပေမယ့် နေတာက အဝေးကြီးမှာ။လာရတာ ခက်ခဲလိုက်တာဘယ်လိုလုပ်ရပါ့မလဲ”“ကိုယ...
26/09/2026

“ကျန်းမာရေး ပြသနာတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ချင်တယ်…
ဒါပေမယ့် နေတာက အဝေးကြီးမှာ။
လာရတာ ခက်ခဲလိုက်တာ
ဘယ်လိုလုပ်ရပါ့မလဲ”

“ကိုယ်တိုင် ဆေးခန်းလာဖို့ အဆင်မပြေဘူး။ အထူးကုဆရာဝန်နဲ့ တိုင်ပင်ချင်ပေမယ့် ဘယ်သူ့ကို ဆက်သွယ်ရမလဲ မသိဘူး။”

တစ်ခါတလေတော့ ကိုယ်ရှိနေတဲ့နေရာနဲ့ ဆရာဝန်ရှိတဲ့နေရာကြားက အကွာအဝေးက ကုသမှုအတွက် အတားအဆီးတစ်ခုလို ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့်
ဒီနေ့ခေတ်မှာ ဆေးဘက်ဆိုင်ရာအကြံပြုချက်ရဖို့ အကွာအဝေးက အတားအဆီးတစ်ခုဖြစ်နေဖို့ မလိုတော့ပါဘူး။

YMC ရဲ့ Teleconsultation Service
Yangon Medical Center ကနေ ပြည်တွင်းနဲ့ ပြည်ပက အထူးကုဆရာဝန်ကြီးများနှင့် သင့်ကျန်းမာရေးအခြေအနေကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

အိမ်ကနေဖြစ်ဖြစ်
နိုင်ငံခြားကနေဖြစ်ဖြစ်
မြို့အဝေးတစ်နေရာကနေဖြစ်ဖြစ်—

လိုအပ်တဲ့အချိန်မှာ
သင့်အတွက် သင့်တော်တဲ့ အထူးကုဆရာဝန်ကြီးများ နဲ့ ချိတ်ဆက်နိုင်ဖို့
YMC က ကူညီပေးနေပါတယ်။

ကျန်းမာရေးအတွက် မေးချင်တာရှိရင်
“နောက်မှပဲ…” လို့ မရွှေ့ဆိုင်းလိုက်ပါနဲ့။

တိုင်ပင်ဖို့ လိုအပ်တဲ့အချိန်မှာ
YMC ကို သတိရပါ။

🏥 Yangon Medical Center
Teleconsultation — Connecting You to the Right Specialist.

Yangon Medical Center
Tower 3A, 1st Floor, Lan Thit Avenue, Phone Gyi St., Lanmadaw Tsp., Yangon, Myanmar
09 7777 05 480, 09 7777 05 980

ပွဲတစ်ပွဲ စီစဉ်တဲ့အခါ လူတိုင်းက ပွဲအောင်မြင်ဖို့အတွက်ပဲ စဉ်းစားကြပါတယ်။ပွဲတစ်ပွဲကို စီစဉ်ကြတိုင်းမှာ“နေရာထိုင်ခင်း ကောင်...
25/09/2026

ပွဲတစ်ပွဲ စီစဉ်တဲ့အခါ လူတိုင်းက ပွဲအောင်မြင်ဖို့အတွက်ပဲ စဉ်းစားကြပါတယ်။

ပွဲတစ်ပွဲကို စီစဉ်ကြတိုင်းမှာ
“နေရာထိုင်ခင်း ကောင်းရဲ့လား?
အခမ်းအနား အစီအစဉ်က အဆင်ပြေရဲ့လား?
တက်ရောက်ကြမယ့် ဧည့်သည်တွေ အဆင်ပြေရဲ့လား?
Sound System ကောင်းရဲ့လား?”
စသည်ဖြင့် ဒါတွေကို ကြိုတင်စီစဉ်ကြပါတယ်။

ဒါပေမယ့်…
“ပွဲမှာ တစ်စုံတစ်ယောက်အတွက် အရေးပေါ်ကျန်းမာရေး အခြေအနေကို ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အခါ ဘယ်သူက ကူညီပေးမလဲ?”
ဒါကိုတော့ တစ်ခါတလေမှာ မေ့လျော့နေတတ်ကြပါတယ်။

လူတွေများတဲ့နေရာမှာ မူးဝေခြင်း၊ အားနည်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း စတဲ့ ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေက ကြိုတင်အသိပေးပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် Event တစ်ခုကို ပျော်ရွှင်စရာကောင်းအောင် စီစဉ်ရုံသာမက လုံခြုံစိတ်ချရအောင်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

**Medical Cover for Every Event**

Corporate Event ဖြစ်ဖြစ်၊
School Event ဖြစ်ဖြစ်၊
Sports Event ဖြစ်ဖြစ်၊
Conference, Exhibition, Community Event ဖြစ်ဖြစ်—
Event တစ်ခုရဲ့ မမြင်ရတဲ့ Safety Plan ထဲမှာ Medical Cover တစ်ခုလည်း ပါဝင်သင့်ပါတယ်။

ပွဲမစခင်ကတည်းက
ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ထားပါ။

"Medical Cover လိုအပ်တဲ့အခါ
Yangon Medical Center ကို သတိရလိုက်ပါ။"

**Yangon Medical Center**
*Medical Cover for Every Event*

Yangon Medical Center
Tower 3/A, 1st Floor, Lan Thit Avenue, Phone Gyi St., Lanmadaw Tsp., Yangon, Myanmar
09 7777 05 480, 09 7777 05 980

Address

Tower 3A, Lann Thit Yate Thar Condo, Phone Gyi Street, Lanmadaw Township
Yangon
11131

Website

Alerts

Be the first to know and let us send you an email when Yangon Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share