Pathlab Diagnostic Centre

Call Website Contact the business

Pathlab Diagnostic Centre Health Care, Medical and Laboratory Testing Excellence Healthcare since 1952. Helping to serve our community and reliable service for all

We're providing excellent medical service to assuring customer satisfaction with teamwork.

ရာသီလာရက်တွေ မမှန်တော့ဘူးလား❓အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် တက်လာတာ၊ ဝက်ခြံထွက်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နေပြီလား❓ဒီလို...
17/10/2026

ရာသီလာရက်တွေ မမှန်တော့ဘူးလား❓
အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် တက်လာတာ၊ ဝက်ခြံထွက်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နေပြီလား❓
ဒီလိုပြောင်းလဲမှုတွေက ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်တွေ မမျှတခြင်း ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဟော်မုန်းဆိုတာ ဘာလဲ
ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးနေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက် ရာသီစက်ဝန်း၊ ကိုယ်ဝန်ရရှိနိုင်မှု၊ အိပ်စက်ခြင်း၊ စိတ်ခံစားချက်နဲ့ ကိုယ်အလေးချိန် စတာတွေမှာ ဟော်မုန်းတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

🚨 ဟော်မုန်းမမျှတတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ
➡️ရာသီလာရက် မမှန်ခြင်း၊ ရာသီထိန်ခြင်း
➡️ဝက်ခြံတွေ ပိုထွက်လာခြင်း
➡️ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်း
➡️ကိုယ်အလေးချိန် အကြောင်းရင်းမရှင်းဘဲ တက်လာခြင်း (သို့) ကျသွားခြင်း
➡️အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း
➡️စိတ်ခံစားချက် အပြောင်းအလဲများခြင်း
➡️ကိုယ်ဝန်ရရှိဖို့ ခက်ခဲရှိခြင်း
ဒီလိုလက္ခဏာအများစုက ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

🔬 ဒါဆို ဟော်မုန်းအခြေအနေကို သိရှိဖို့ ဘယ်လိုသွေးစစ်ဆေးမှုတွေ ရှိလဲကြည့်လိုက်ရအောင်

♻️FSH (Follicle Stimulating Hormone)
သားဥအိမ်အတွင်း မျိုးဥတွေ ကြီးထွားဖွံ့ဖြိုးဖို့ ကူညီပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ သားဥအိမ်လုပ်ဆောင်ချက်နဲ့ ရာသီစက်ဝန်းဆိုင်ရာ အခြေအနေတွေကို စစ်ဆေးပေးတာဖြစ်ပါတယ်။
♻️LH (Luteinizing Hormone)
မျိုးဥကြွေခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ရာသီမမှန်ခြင်း၊ မျိုးဥကြွေမှုဆိုင်ရာ ပြဿနာတွေကို စစ်ဆေးပေးပါတယ်။
♻️Estradiol (E2)
အမျိုးသမီးတွေရဲ့ အဓိက Estrogen ဟော်မုန်းတစ်မျိုးဖြစ်ပြီး ရာသီစက်ဝန်း၊ သားအိမ်အတွင်းသားနဲ့ အရိုးကျန်းမာရေးတို့အတွက် ဖြစ်ပါတယ်။
♻️Progesterone
မျိုးဥကြွေပြီးနောက် ထွက်ရှိလာတဲ့ ဟော်မုန်းဖြစ်ပါတယ်။ သားအိမ်ကို ကိုယ်ဝန်အတွက် ပြင်ဆင်ပေးရာမှာ အရေးပါပြီး မျိုးဥကြွေမှု ရှိ၊ မရှိ စစ်ဆေးပေးပါတယ်။
♻️Prolactin
မိခင်နို့ရည်ထွက်ရှိမှုနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ကိုယ်ဝန်မရှိဘဲ၊ နို့တိုက်နေခြင်းမရှိဘဲ Prolactin မြင့်နေပါက ရာသီမမှန်ခြင်းနဲ့ မျိုးဥကြွေမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
♻️TSH (Thyroid Stimulating Hormone)
လည်ပင်းရှိ Thyroid ဂလင်းရဲ့ လုပ်ဆောင်ချက်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ Thyroid ပြဿနာတွေက ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ရာသီမမှန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
♻️Free T4 (Free Thyroxine)
Thyroid ဂလင်းက ထုတ်လုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးကို တိုင်းတာတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုမှုနဲ့ ဇီဝဖြစ်စဉ်တွေ ပုံမှန်လုပ်ဆောင်နေခြင်း ရှိ၊ မရှိ စစ်ဆေးပေးပါတယ်။

ခံစားနေရတဲ့ လက္ခဏာ၊ အသက်အရွယ်နဲ့ ရာသီစက်ဝန်းအခြေအနေအပေါ် မူတည်၍ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ Test တွေကို ရွေးချယ်စစ်ဆေးနိုင်ပါတယ်ရှင်။

အချို့ဟော်မုန်းတွေက ရာသီစက်ဝန်းရဲ့ နေ့ရက်အလိုက် ပြောင်းလဲတတ်တာကြောင့် စစ်ဆေးရမယ့်အချိန်ကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်ရှင်။

ဟော်မုန်းနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေအကြောင်း အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

16/10/2026

တိတ်တဆိတ် ပျံ့နှံ့နေတဲ့ HIV/AIDS ရောဂါက ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်သလဲဆိုတာ သိပြီးပြီလား? 🦠

ဒီ Video လေးထဲမှာတော့ လူတိုင်းသိထားသင့်တဲ့ HIV နဲ့ပတ်သက်တဲ့ မေးခွန်း (၆) ခု ကို ဖြေကြားပေးထားပါတယ်ရှင်

1️⃣ HIV ပိုးက ဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်ပါသလဲ?
A: အဓိကအားဖြင့် သွေး၊ လိင်ပိုင်းဆိုင်ရာအရည်နဲ့ မိခင်မှကလေးသို့ ကူးစက်နိုင်ပါတယ်။

2️⃣ အကာအကွယ်မရှိဘဲ လိင်ဆက်ဆံရင် HIV ကူးနိုင်ပါသလား?
A: ကူးနိုင်ပါတယ်။ ကာကွယ်ဖို့ Condom ကို မှန်ကန်စွာ အသုံးပြုပါ။

3️⃣ အခြားသူသုံးပြီးသား အပ်နဲ့ ဆေးထိုးကိရိယာကို မျှဝေသုံးရင်ရော?
A: ကူးနိုင်ပါတယ်။ သွေးကျန်ရှိနေနိုင်တဲ့အတွက် အပ်နဲ့ ဆေးထိုးကိရိယာတွေကို မမျှဝေပါနဲ့။

4️⃣ စစ်ဆေးမထားတဲ့ သွေးနဲ့ ထိတွေ့ရင် ကူးနိုင်ပါသလား?
A: ကူးစက်နိုင်ခြေ ရှိပါတယ်။ သွေးသွင်းခြင်းနဲ့ သွေးကိုင်တွယ်ခြင်းတွေကို စနစ်တကျ စစ်ဆေးထားတဲ့ ကျန်းမာရေးဌာနမှာသာ ပြုလုပ်ပါ။

5️⃣ မိခင်ကနေ ကလေးဆီကိုလည်း ကူးနိုင်ပါသလား?
A: ကူးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နဲ့ နို့တိုက်ချိန်မှာ ကူးနိုင်ခြေရှိပေမယ့် စောစောစစ်ဆေးပြီး ကုသမှုခံယူရင် ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

6️⃣ လက်ဆွဲတာ၊ ဖက်တာ၊ အတူစားတာနဲ့ HIV ကူးနိုင်ပါသလား?
A: မကူးပါဘူး။ HIV နဲ့အတူ နေထိုင်သူတွေကို ပုံမှန်အတိုင်း ဆက်ဆံပြီး ခွဲခြားဆက်ဆံခြင်း မပြုသင့်ပါဘူးရှင်။

🩺 သိရှိနားလည်ခြင်းက ကာကွယ်ခြင်းရဲ့ ပထမခြေလှမ်းပါနော် ...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

အယ်နီညို ဆိုတာ ဘာလဲ?အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုလျော့နည်းခြင်းနဲ့ ရေရှားပါးခြင်းတွေဟာ အယ်နီညိုရဲ့ သက်ရောက်မှုတ...
13/10/2026

အယ်နီညို ဆိုတာ ဘာလဲ?

အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုလျော့နည်းခြင်းနဲ့ ရေရှားပါးခြင်းတွေဟာ အယ်နီညိုရဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?

အယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ☀️အပူဒဏ်ဟာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် အယ်နီညိုအကြောင်း 📍သိထားသင့်တဲ့အချက်တွေနဲ့ ကျန်းမာရေးကာကွယ်နည်းတွေကို ပုံလေးထဲမှာ လေ့လာကြည့်ရအောင်နော်။
...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

12/10/2026

ရာသီဥတုပူပြင်းလာတဲ့အခါ 🏃🏻နေ့စဉ်သွားလာလှုပ်ရှားနေရသူတွေအတွက် အပူဒဏ်ဟာ သာမန်ပင်ပန်းနွမ်းနယ်မှုတစ်ခုထက် ပိုပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ☀️ပူပြင်းတဲ့ရာသီဥတုမှာ ကျန်းမာရေးထိခိုက်မှုမရှိစေဖို့ လိုက်နာသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။
...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

09/10/2026

အသည်းရောင် အသားဝါ B ပိုးလို့ လူသိများတဲ့ Hepatitis B က ကုသရင်ပျောက်ကင်းနိုင်လား မိသားစုကိုရော ကူးစက်နိုင်လား?

ဒီမေးခွန်းရဲ့ အဖြေကိုတော့ Dr. Wai Zin (Medical Doctor) ‌ဖြေကြားပေးထားတဲ့ Vd Part I လေးကို ကြည့်ပြီး အဖြေရှာလို့ရပါတယ်။
Pathlab Myanmar မှာ ဒီလိုကျန်းမာရေးဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားဥ◌ီးမှာဖြစ်တာမို့ စောင့်ကြည့်ပေးပါဦးနော်
...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

#ရောဂါရှာဖွေရေးစင်တာ

🩺 အစာအိမ်နှင့် အူလမ်းကြောင်းဆိုတာ...အစာအိမ်အူလမ်းကြောင်းရဲ့ အဓိကတာဝန်ဟာ စားသောက်လိုက်တဲ့ အစားအစာတွေကနေ ခန္ဓာကိုယ်အတွက် လ...
07/10/2026

🩺 အစာအိမ်နှင့် အူလမ်းကြောင်းဆိုတာ...

အစာအိမ်အူလမ်းကြောင်းရဲ့ အဓိကတာဝန်ဟာ စားသောက်လိုက်တဲ့ အစားအစာတွေကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပေးပြီး မလိုအပ်တဲ့ အညစ်အကြေးများကို ပြန်လည်စွန့်ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဟာ ရှည်လျားသလို ရောဂါမျိုးစုံလည်း ဖြစ်ပွားနိုင်ပါတယ်။ အတွေ့ရများတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကတော့...

အလွန်အမင်း ဝမ်းချုပ်ခြင်း
အစာနှင့် ဓာတ်မတဲ့ခြင်း
GERD (အစာအိမ်မှ အချဥ်ဓာတ်ပြန်ဆန်တက်ခြင်း)
အူလမ်းကြောင်းရောင်ရမ်းခြင်း

ဒီလို အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရဲ့ အကြောင်းရင်းကို ရှာဖွေအကဲဖြတ်ရာမှာ အထောက်အကူပြုတဲ့ Stool Tests (ဝမ်းစစ်ဆေးခြင်း) အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

🔹 H. Pylori Stool Antigen
အစာအိမ်အတွင်းမှာ နေထိုင်နိုင်တဲ့ H. pylori ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားနိုင်တဲ့ ပိုးဝင်ခြင်းကို စစ်ဆေးပေးနိုင်ပါတယ်။ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာတို့နဲ့ ဆက်စပ်နိုင်တဲ့ ပိုးရှိ၊ မရှိကို သိရှိနိုင်ပါတယ်။

🔹 Stool RE (Routine Examination)
ဝမ်းထဲမှာ ကပ်ပါးပိုး၊ ပိုးဥတွေနဲ့ အခြားပုံမှန်မဟုတ်တဲ့ အရာတွေ ရှိ၊ မရှိကို စစ်ဆေးပေးပါတယ်။ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းတို့ရဲ့ အကြောင်းအရင်းတွေကို သိရှိနိုင်ပါတယ်။

🔹 Occult Blood / FIT
သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဝမ်းထဲရှိ သွေးပါဝင်မှုကို ရှာဖွေစစ်ဆေးပေးပါတယ်။ အစာခြေလမ်းကြောင်းအတွင်း သွေးယိုစိမ့်မှု ရှိ၊ မရှိကို သိရှိနိုင်ပါတယ်။

🔹 Stool C & S (Culture & Sensitivity)
ဝမ်းထဲမှာ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ ရှိ၊ မရှိကို မွေးမြူစစ်ဆေးပေးတာဖြစ်ပါတယ်။ ပိုးတွေ့ရှိပါက သင့်တော်တဲ့ ပဋိဇီဝဆေးကို ရွေးချယ်နိုင်ပါတယ်။

မိမိမှာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မကြာခဏဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါတယ်။

PATHLAB ရောဂါရှာဖွေရေးစင်တာတွင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို အကဲဖြတ်ရာမှာ အထောက်အကူပြုနိုင်တဲ့ Stool Tests များကို စစ်ဆေးနိုင်ပါတယ်ရှင်။...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

အစာအိမ်ပိုးဆိုတာ...ဗိုက်အောင့်တာ၊ လေပွတာ၊ ပျို့အန်ချင်တာ၊ အစာစားပြီးနောက် မအီမသာဖြစ်တာမျိုးတွေကို မကြာခဏ ကြုံနေရတယ်ဆိုရင...
06/10/2026

အစာအိမ်ပိုးဆိုတာ...

ဗိုက်အောင့်တာ၊ လေပွတာ၊ ပျို့အန်ချင်တာ၊ အစာစားပြီးနောက် မအီမသာဖြစ်တာမျိုးတွေကို မကြာခဏ ကြုံနေရတယ်ဆိုရင် အကြောင်းရင်းတစ်ခုအနေနဲ့ H. pylori အစာအိမ်ပိုးကိုလည်း ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့နော်

H. pylori အစာအိမ်ပိုးဆိုတာဘာလဲ
H. pylori ပိုးဆိုတာ အစာအိမ်အတွင်းမှာ နေထိုင်တဲ့ 🦠ဘက်တီးရီးယားတစ်မျိုးဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်များမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အစာအိမ်အတွင်းသားနဲ့ အူသိမ်ရဲ့ရှေ့အပိုင်းမှာ အနာဖြစ်လာခြင်းဟာ ဒီပိုးကြောင့်ဖြစ်ပါတယ်။ အစာအိမ်နာဖြစ်တဲ့သူ တစ်ဝက်ကျော်လောက်က H. pylori ကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

H. pylori နဲ့ပတ်သက်ပြီး စစ်ဆေးတဲ့နည်းလမ်းများ
📍အသက်ရှူစစ်ဆေးခြင်း (Urea Breath Test)
ဘက်တီးရီးယား ရှိမရှိကို အသက်ရှူထုတ်လိုက်သည့် လေထဲမှ ယူရီးယားအဆင့်ကို တိုင်းတာခြင်းဖြစ်ပါတယ်။ လက်ရှိ ရောဂါပိုး ရှိနေသေးသည်ကို အတိကျဆုံး သိရှိနိုင်သော နည်းလမ်းဖြစ်ပါတယ်။
📍ဝမ်းစစ်ဆေးခြင်း (H. Pylori Stool Antigen)
ဝမ်းနမူနာထဲတွင် အစာအိမ်ပိုးနှင့် သက်ဆိုင်သော ပရိုတင်း (Antigen) ပါဝင်မှု ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ လက်ရှိ ပိုးဝင်ရောက်နေခြင်းကို အလွန်တိကျစွာ ဖော်ထုတ်နိုင်တဲ့ စစ်ဆေးမှုဖြစ်ပါတယ်။
📍သွေးစစ်ဆေးခြင်း (H. Pylori IgG (Qualitative))
H. pylori ပိုးနဲ့ ထိတွေ့ဖူးတဲ့အခါ ကိုယ်ခန္ဓာက ထုတ်လုပ်ထားတဲ့ IgG antibody ရှိ/မရှိကို သွေးမှတစ်ဆင့် စစ်ဆေးပေးတာဖြစ်ပါတယ်။ Antibody က ပိုးပျောက်သွားပြီးနောက်မှာတောင် အချိန်တစ်ခုအထိ ဆက်ရှိနေနိုင်ပါတယ်။

စစ်ဆေးမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို Chat Box မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။...................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.
ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760
တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178

02/10/2026

🎁လက်ဆောင်တစ်ခုထက် ပိုတန်ဖိုးရှိတဲ့ အရာ🎁

🏮 ဒီသီတင်းကျွတ်မှာ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့အသင့်တော်ဆုံးက ကျန်းမာခြင်းပါပဲ❤️ ဒီနှစ်မှာ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြရင်း PATHLAB ရဲ့ ကျန်းမာရေးစစ်ဆေးမှု Package လေးတွေနဲ့ ကန်တော့လိုက်ပါ။

Basic Package - 65,000 ကျပ်
Silver Package - 130,000 ကျပ်
Gold Package - 180,000 ကျပ်
Gold Plus Package - 240,000 ကျပ်

လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Package ကို ရွေးချယ်ပြီး မိဘတွေရဲ့ ကျန်းမာရေးကို အတူဂရုစိုက်ပေးကြမယ်နော်။ 👨‍👩‍👧‍👦
💬 စစ်ဆေးမှုအသေးစိတ်နဲ့ ရက်ချိန်းအတွက် PATHLAB Page Messenger မှာ အခုပဲ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
.........................................................................................
𝐒𝐚𝐦𝐩𝐥𝐞 များစစ်ဆေးခြင်းကို ဗိုလ်တထောင် ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။

ဗိုလ်တထောင်စင်တာ
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈ လမ်းထောင့်၊ ပါရဂူဆေးရုံမျက်စောင်းထိုး
09 750 778 026 / 09 882 881 750 / 09 882 881 760

တာမွေစင်တာ
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့်၊ အလုပ်သမားဆေးရုံအနီး
09 255 281 775 / 09 4200 10 789 / 09 420 100 178
Office Hour - မနက် 7 နာရီမှ ညနေ 5 နာရီ

#သီတင်းကျွတ် #ကျန်းမာခြင်းလက်ဆောင် #ရောဂါရှာဖွေရေးစင်တာ

ကန်တော့ခြင်းထက်ပိုတဲ့မေတ္တာဟာ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်းပါ🪔 သီတင်းကျွတ်ဆိုတာ မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေကို ရိုသေစွာ က...
01/10/2026

ကန်တော့ခြင်းထက်ပိုတဲ့မေတ္တာဟာ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်းပါ

🪔 သီတင်းကျွတ်ဆိုတာ မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေကို ရိုသေစွာ ကန်တော့ပြီး ကျေးဇူးတရားကို ပြန်လည်ဖော်ပြကြတဲ့ အချိန်အခါလေးပါ

အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးထားခြင်းက မိဘဘိုးဘွားတွေရဲ့ ကျန်းမာရေးကို ပိုမိုဂရုစိုက်ပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ဒီသီတင်းကျွတ်မှာ PATHLAB Myanmar ရဲ့ Health Check-Up Packages (၄) မျိုး ထဲက မိမိချစ်ရသူတွေနဲ့ သင့်တော်မယ့် Package ကို ရွေးချယ်ပြီး ကျန်းမာရေးစစ်ဆေးမှုလေးနဲ့ ကန်တော့လိုက်ပါရှင် 🥰

Basic Package - စစ်ဆေးမှု (၁၅) မျိုး 👉🏻 65,000 MMK
Silver Package - စစ်ဆေးမှု (၅၅) မျိုး 👉🏻 130,000 MMK
Gold Package - စစ်ဆေးမှု (၆၂) မျိုး 👉🏻 180,000 MMK
Gold Plus Package - စစ်ဆေးမှု (၆၅) မျိုး 👉🏻 240,000 MMK

တန်ဖိုးကြီးတဲ့ လက်ဆောင်တိုင်းက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနိုင်ပေမယ့် ချစ်ရသူတွေ ကျန်းကျန်းမာမာနဲ့ ကိုယ့်အနားမှာ အကြာကြီးရှိနေပေးနိုင်ခြင်းကတော့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါ။
Package အသေးစိတ်နဲ့ Booking ယူခြင်းအတွက် Chat Box မှာ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
..........................................................................................
𝐒𝐚𝐦𝐩𝐥𝐞 များစစ်ဆေးခြင်းကို ဗိုလ်တထောင် ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။
ဗိုလ်တထောင်စင်တာ
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈ လမ်းထောင့်၊ ပါရဂူဆေးရုံမျက်စောင်းထိုး
09 750 778 026 / 09 882 881 750 / 09 882 881 760

တာမွေစင်တာ
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့်၊ အလုပ်သမားဆေးရုံအနီး
တာမွေ — 09 255 281 775 / 09 4200 10 789 / 09 420 100 178
Office Hour — မနက် 7 နာရီမှ ညနေ 5 နာရီ

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ❤️ World Heart Day ❤️မှာ အားလုံးပဲ သန်စွမ်းကျန်းမာတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်နိုင်ကြပါစေ...
29/09/2026

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ❤️ World Heart Day ❤️မှာ အားလုံးပဲ သန်စွမ်းကျန်းမာတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း....

နှလုံးကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်လိုက်ရအောင်နော်
1. ဆား၊ အဆီ လျော့စားပါ
2. အသီးအရွက် ပုံမှန်စားပါ
3. နေ့စဉ် ကိုယ်လက်လှုပ်ရှား ပြုလုပ်ပါ
4. ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
5. ဆေးလိပ်ကို ရှောင်ကြဉ်ပါ
6. စိတ်ဖိဆီးမှု Stress ကို လျော့ချပါ
7. အိပ်ရေးဝအောင် အိပ်စက်အနားယူပါ
8. Blood Pressure, Blood Sugar, Cholesterol တို့ကို ပုံမှန်စစ်ဆေးပါ

❤️ Small Steps Today, Healthier Heart Tomorrow....................................................
𝐖𝐞 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡.

ဗိုလ်တထောင်မြို့နယ်
အမှတ် (၁၃၇)၊ အနော်ရထာလမ်းနှင့် ၄၈လမ်းထောင့် (ပါရဂူဆေးရုံမျက်စောင်းထိုး)
09 750 778 026 /09 882 881 750 / 09 882 881 760

တာမွေမြို့နယ်
အမှတ် (၁၆)၊ ကျိုက္ကဆံလမ်းနှင့် မအူကုန်းလမ်းကျယ်ထောင့် (အလုပ်သမားဆေးရုံအနီး)
09 255 281 775 / 09 4200 10 789 / 09 420 100 178
Office Hour — မနက် (7:00) နာရီမှ ညနေ (5:00) နာရီ

Address

No. 137, Anawyahtar Road And 48th Street, 9th Quarter, Botahtaung Township
Yangon
11161

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959420010788

Alerts

Be the first to know and let us send you an email when Pathlab Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pathlab Diagnostic Centre:

Shortcuts

Share