mental heal with you

mental heal with you Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from mental heal with you, Health & Wellness Website, Yangon.

A safe home that provides mental health support to everyone equally and makes sure everyone can achieve emotional well-being through inclusive and comprehensive services.

ဒီည Meetupလေးရှိတာမို့လို့အခုပဲ Zoom Linkလေးရယူလိုက်ပါနော် 🤍
26/10/2026

ဒီည Meetupလေးရှိတာမို့လို့အခုပဲ Zoom Linkလေးရယူလိုက်ပါနော် 🤍

ဒီနေ့ညMeetupလေးရှိတယ်နော် 👀🤍

ဒီသီတင်းကျွတ်မှာအိမ်နဲ့ဝေးနေတဲ့သူတွေအတွက် The Humanityကနေ Away From Home (Thadinhyut Edition) Sepcial Meetupလေးကိုဒီညမှာကျင်းပသွားမှာပါ 🥳🤍

သီတင်းကျွတ်ရောက်လာပြီဆိုရင် မီးထွန်းထားတဲ့ ညလေးတွေ၊ မိသားစုနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ အချိန်လေးတွေကို ပိုပြီး သတိရမိတတ်ကြတယ်နော်။အိမ်နဲ့ဝေးတဲ့နေရာမှာ နေနေရသူတွေအတွက်တော့ ကိုယ်ချစ်ရတဲ့သူတွေဆီ ဖုန်းဆက်ပြီး ကန်တော့ရင်း အတူရှိမနေနိုင်တဲ့အတွက် လွမ်းဆွတ်မိတဲ့အချိန်တွေလည်း ရှိနိုင်ပါတယ်ရှင်🌿

ဒီနှစ် သီတင်းကျွတ်မှာလည်း အိမ်နဲ့ဝေးနေရပေမယ့် ကိုယ်တစ်ယောက်တည်းပဲ ဒီလိုခံစားနေရတာ မဟုတ်ပါဘူးနော်။ ကိုယ့်လိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေနဲ့အတူ အိမ်အကြောင်း အမှတ်တရလေးတွေ မျှဝေကြမယ်၊ ဖယောင်းတိုင်လေးတွေ အတူထွန်းကြမယ်၊ ကိုယ်ကျေးဇူးတင်နေတဲ့သူတစ်ယောက်အတွက် ကျေးဇူးတင်စကားလေးတစ်ကြောင်း ရေးကြမယ်။ 🕯️🤍

Away from Home (သီတင်းကျွတ် Edition) မှာတော့ အိမ်နဲ့ဝေးနေပေမယ့် နွေးထွေးမှုလေးတွေ အတူမျှဝေခံစားနိုင်မယ့် အခမဲ့ Online Meetup လေးကို စီစဉ်ထားပါတယ်နော် 🤍
ဒီညလေးမှာ ဝမ်းနည်းမှုတွေကိုပဲ ပြောနေဖို့မဟုတ်ဘဲ ကိုယ့်ဘဝထဲက ကျေးဇူးတင်စရာလေးတွေကို ပြန်သတိရပြီး နွေးထွေးတဲ့ အမှတ်တရလေးတစ်ခု ဖန်တီးကြရအောင်နော်။ 🏮

အိမ်နဲ့ဝေးနေပေမယ့် ကိုယ့်အတွက် နွေးထွေးတဲ့နေရာလေးတစ်ခု ရှိနေဖို့လည်း အရေးကြီးတယ်မဟုတ်လား။
🏮 Away from Home (သီတင်းကျွတ် Edition)🤍
အိမ်နဲ့ဝေးနေတဲ့သူတွေအတွက် နွေးထွေးမှုလေးတွေ အတူမျှဝေကြမယ့် ညလေးတစ်ည။
🕯️ အိမ်အကြောင်း အမှတ်တရတွေ မျှဝေမယ်
💌 ကျေးဇူးတင်စကားလေးတွေ ရေးကြမယ်
🤍 အတူတူ အချိန်လေးဖြတ်သန်းကြမယ်

📅 Date: 26.10.2026 (Monday)

⏰ Time: 7:00 pm (Myanmar Time)

💻 Online Meetup — Free

💌 ပါဝင်ချင်တယ်ဆိုရင် Chat Box မှာ “Home” လို့ ပို့ပေးပါနော်။
Meetup Group နဲ့ Zoom Link လေးကို ပို့ပေးပါမယ်။ ဒီသီတင်းကျွတ်မှာ အတူတူ နွေးထွေးကြရအောင်။ 🤍

ဒီနှစ်သီတင်းကျွတ်မှာသတိတရရှိနေမိတဲ့သူတစ်ယောက်ကိုMentionသွားပါဦးနော် 🤍
24/10/2026

ဒီနှစ်သီတင်းကျွတ်မှာသတိတရရှိနေမိတဲ့သူတစ်ယောက်ကိုMentionသွားပါဦးနော် 🤍

ဒီနှစ် ကန်တော့ချင်တဲ့ လူတစ်ယောက်ဆီ စာတစ်ကြောင်း ဒီမှာ ရေးခဲ့ပါနော် 🏮🤍

သီတင်းကျွတ်ရောက်လာတဲ့အခါ ကိုယ်ကျေးဇူးတင်နေတဲ့သူတွေ၊ ကိုယ့်ဘဝထဲမှာ အရေးပါခဲ့တဲ့သူတွေကို ပိုပြီး သတိရမိတတ်ကြပါတယ်။

တချို့အတွက်တော့ မိဘကို ကျေးဇူးတင်စကား ပြောချင်တာ ဖြစ်နိုင်သလို၊ ကိုယ့်ကို သင်ပေးခဲ့တဲ့ ဆရာတစ်ယောက်၊ ကိုယ့်ဘေးမှာ ရှိပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်၊ ဒါမှမဟုတ် ခက်ခဲတဲ့အချိန်တွေကြားကနေ ဒီတစ်နှစ်လုံး လက်မလျှော့ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဖြစ်နိုင်ပါတယ်ရှင် 🌿

လူတိုင်းမှာတော့ သတိရလိုက်တိုင်း နွေးထွေးစေမယ့် မိသားစုအမှတ်တရတွေ ရှိချင်မှရှိမှာပါ။ တချို့အတွက် ဒီအချိန်ဟာ ပျော်ရွှင်စရာဖြစ်နိုင်သလို၊ တချို့အတွက်တော့ မလွယ်ကူတဲ့ ခံစားချက်တွေလည်း ရှိနေနိုင်ပါတယ်။

ဒါကြောင့် ဒီနေရာလေးမှာ ကိုယ်ကန်တော့ချင်တဲ့သူ၊ ကျေးဇူးတင်ချင်တဲ့သူ၊ အသိအမှတ်ပြုပေးချင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ရေးလို့ရပါတယ်နော်။ အဲဒီသူက ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့သူတစ်ယောက်ကို ရွေးချယ်ဖို့ပါပဲ။ 🤍

တစ်ခါတလေ ရင်ထဲမှာရှိနေတဲ့ စကားတွေကို စာတစ်ကြောင်းလောက် ရေးချလိုက်တာကတောင် ကိုယ့်ခံစားချက်ကို ပိုပြီး နားလည်လာစေနိုင်ပါတယ်။

💌 ဒီနှစ် ကန်တော့ချင်တဲ့သူဆီ ပြောချင်တဲ့စကားလေး တစ်ကြောင်းကို Comment မှာ ရေးခဲ့ပါနော်။

အမည်ကိုဖော်ပြချင်မှ ဖော်ပြလို့ရပါတယ်။ ကိုယ့်ရင်ထဲက စကားလေးတစ်ကြောင်းကိုပဲ မျှဝေပေးလို့ရပါတယ်နော်။
ဒီနေရာလေးမှာ လူတိုင်းရဲ့ ခံစားချက်နဲ့ ရွေးချယ်မှုတွေကို လေးစားပေးကြရအောင် 🕯️🤍

ဒီသီတင်းကျွတ်မှာအိမ်လွမ်းနေတဲ့သူလေးတွေအချင်းချင်းစကားပြောပြီးအတူတူအချိန်ကုန်ဆုံးနိုင်ဖို့အတွက် Meetupလေးစီစဥ်ထားတာမို့လိ...
21/10/2026

ဒီသီတင်းကျွတ်မှာအိမ်လွမ်းနေတဲ့သူလေးတွေအချင်းချင်းစကားပြောပြီးအတူတူအချိန်ကုန်ဆုံးနိုင်ဖို့အတွက် Meetupလေးစီစဥ်ထားတာမို့လို့ ပါဝင်ချင်တယ်ဆိုရင် Commentမှာ "Home"လို့ရေးပြီး Zoom linkလေးရယူလိုက်ပါနော် 🤍

ဒီသီတင်းကျွတ်မှာအိမ်နဲ့ဝေးနေတဲ့သူတွေအတွက် The Humanityကနေ Away From Home (Thadinhyut Edition) Sepcial Meetupလေးကိုစီစဥ်ထားပါတယ် 🥳🤍

သီတင်းကျွတ်ရောက်လာပြီဆိုရင် မီးထွန်းထားတဲ့ ညလေးတွေ၊ မိသားစုနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ အချိန်လေးတွေကို ပိုပြီး သတိရမိတတ်ကြတယ်နော်။အိမ်နဲ့ဝေးတဲ့နေရာမှာ နေနေရသူတွေအတွက်တော့ ကိုယ်ချစ်ရတဲ့သူတွေဆီ ဖုန်းဆက်ပြီး ကန်တော့ရင်း အတူရှိမနေနိုင်တဲ့အတွက် လွမ်းဆွတ်မိတဲ့အချိန်တွေလည်း ရှိနိုင်ပါတယ်ရှင်🌿

ဒီနှစ် သီတင်းကျွတ်မှာလည်း အိမ်နဲ့ဝေးနေရပေမယ့် ကိုယ်တစ်ယောက်တည်းပဲ ဒီလိုခံစားနေရတာ မဟုတ်ပါဘူးနော်။ ကိုယ့်လိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေနဲ့အတူ အိမ်အကြောင်း အမှတ်တရလေးတွေ မျှဝေကြမယ်၊ ဖယောင်းတိုင်လေးတွေ အတူထွန်းကြမယ်၊ ကိုယ်ကျေးဇူးတင်နေတဲ့သူတစ်ယောက်အတွက် ကျေးဇူးတင်စကားလေးတစ်ကြောင်း ရေးကြမယ်။ 🕯️🤍

Away from Home (သီတင်းကျွတ် Edition) မှာတော့ အိမ်နဲ့ဝေးနေပေမယ့် နွေးထွေးမှုလေးတွေ အတူမျှဝေခံစားနိုင်မယ့် အခမဲ့ Online Meetup လေးကို စီစဉ်ထားပါတယ်နော် 🤍
ဒီညလေးမှာ ဝမ်းနည်းမှုတွေကိုပဲ ပြောနေဖို့မဟုတ်ဘဲ ကိုယ့်ဘဝထဲက ကျေးဇူးတင်စရာလေးတွေကို ပြန်သတိရပြီး နွေးထွေးတဲ့ အမှတ်တရလေးတစ်ခု ဖန်တီးကြရအောင်နော်။ 🏮

အိမ်နဲ့ဝေးနေပေမယ့် ကိုယ့်အတွက် နွေးထွေးတဲ့နေရာလေးတစ်ခု ရှိနေဖို့လည်း အရေးကြီးတယ်မဟုတ်လား။
🏮 Away from Home (သီတင်းကျွတ် Edition)🤍
အိမ်နဲ့ဝေးနေတဲ့သူတွေအတွက် နွေးထွေးမှုလေးတွေ အတူမျှဝေကြမယ့် ညလေးတစ်ည။
🕯️ အိမ်အကြောင်း အမှတ်တရတွေ မျှဝေမယ်
💌 ကျေးဇူးတင်စကားလေးတွေ ရေးကြမယ်
🤍 အတူတူ အချိန်လေးဖြတ်သန်းကြမယ်

📅 Date: 26.10.2026 (Monday)

⏰ Time: 7:00 pm (Myanmar Time)

💻 Online Meetup — Free

💌 ပါဝင်ချင်တယ်ဆိုရင် Chat Box မှာ “Home” လို့ ပို့ပေးပါနော်။
Meetup Group နဲ့ Zoom Link လေးကို ပို့ပေးပါမယ်။ ဒီသီတင်းကျွတ်မှာ အတူတူ နွေးထွေးကြရအောင်။ 🤍

ဖုန်းဆက်တိုင်းအမေ့ရဲ့ "စားပြီးပြီလား"ဆိုတဲ့စကားလေးရဲ့နောက်ကွယ်မှာအဓိပ္ပါယ်တွေအများကြီးရှိပါတယ် 🤍
20/10/2026

ဖုန်းဆက်တိုင်းအမေ့ရဲ့ "စားပြီးပြီလား"ဆိုတဲ့စကားလေးရဲ့နောက်ကွယ်မှာအဓိပ္ပါယ်တွေအများကြီးရှိပါတယ် 🤍

အမေက ဖုန်းဆက်တိုင်း “စားပြီးပြီလား” လို့ပဲ မေးတတ်တယ်… 🤍

နိုင်ငံခြားရောက်ပြီး ၃ နှစ်ရှိလာပြီ။ အိမ်နဲ့ဝေးတဲ့နေရာမှာ ကိုယ့်ဘဝကိုယ် တည်ဆောက်ရင်း အလုပ်တွေလုပ်၊ အဆင်မပြေတာတွေကို ကိုယ်တိုင်ဖြေရှင်းရင်း နေသားကျလာခဲ့တယ်။

ဒါပေမယ့် အမေဖုန်းဆက်လာတိုင်းတော့ မေးခွန်းက အမြဲတမ်း အတူတူပါပဲ။

“စားပြီးပြီလား”
“အလုပ်အဆင်ပြေရဲ့လား”

တစ်ခါတလေ အလုပ်ပင်ပန်းနေလို့၊ စိတ်ရှုပ်နေလို့ အမေမေးတဲ့မေးခွန်းကိုတောင် စိတ်မရှည်ဘဲ “စားပြီးပြီလို့ ပြောပြီးပြီလေ” ဆိုပြီး ပြန်ဖြေမိခဲ့တယ်။

ကိုယ့်အတွက်တော့ နေ့တိုင်းကြားနေရတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒါပေမယ့် အမေ့အတွက်တော့ အဝေးမှာရှိနေတဲ့ ကိုယ့်ကလေး အဆင်ပြေရဲ့လား၊ ထမင်းမှန်မှန်စားရဲ့လား၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ရဲ့လားဆိုတာ သိချင်နေတာ ဖြစ်နိုင်ပါတယ်။ 🌿

အမေက ကိုယ့်ဘေးမှာ အမြဲရှိမပေးနိုင်တော့ “ပင်ပန်းနေရင် နားနော်”၊ “အဆင်မပြေရင် အမေ့ကို ပြောနော်” ဆိုတဲ့စကားတွေကို အမြဲပြောမနေတတ်ပေမယ့် “စားပြီးပြီလား” ဆိုတဲ့ မေးခွန်းလေးထဲမှာ အဲဒီဂရုစိုက်မှုတွေ ပါနေနိုင်ပါတယ်။

တစ်ခါတလေ ကိုယ်လိုချင်တဲ့ပုံစံနဲ့ မဟုတ်ဘဲ ကိုယ်နားမလည်သေးတဲ့ ပုံစံလေးတွေနဲ့ ချစ်ခြင်းမေတ္တာကို ပေးနေကြသူတွေ ရှိတတ်ပါတယ်။ ကိုယ်က အချစ်ကို စကားလုံးတွေနဲ့ ကြားချင်ပေမယ့် သူတို့ကတော့ ကိုယ်စားပြီးပြီလား၊ အိမ်ပြန်ရောက်ပြီလား၊ ပင်ပန်းနေပြီလားလို့ မေးရင်း ချစ်ခြင်းမေတ္တာကို ဖော်ပြနေတတ်ကြတာပါ။ 🤍

ဒါကြောင့် ဒီနေ့ ကိုယ့်ကို ဂရုစိုက်ပေးနေတဲ့သူတစ်ယောက်ရဲ့ စကားလေးတွေကို ခဏလောက် ပြန်သတိထားကြည့်ပါနော်။ ကိုယ်အရင်က သာမန်လို့ပဲ ထင်ခဲ့တဲ့ မေးခွန်းလေးတစ်ခုက တကယ်တော့ “မင်းက ငါ့အတွက် အရေးကြီးတယ်” ဆိုတဲ့ အဓိပ္ပာယ်လေး ဖြစ်နေနိုင်ပါတယ်။

💌 ဒီ Post လေးကို မြင်လိုက်လို့ ဖုန်းဆက်ချင်သွားတဲ့သူတစ်ယောက် ရှိရင် Share ပေးလိုက်ပါနော်။

တစ်ခါတလေ “စားပြီးပြီလား” ဆိုတဲ့ မေးခွန်းလေးကို ဖြေပြီးတဲ့နောက် “အမေကော စားပြီးပြီလား” လို့ ပြန်မေးပေးတာ၊ “အမေ့ကို လွမ်းတယ်နော်” လို့ ပြောပေးတာလေးကလည်း နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို ပိုနွေးထွေးစေနိုင်ပါတယ်ရှင်🌿🤍

ဘယ်သူမှမသိအောင် ကိုယ်ကြိုးစားခဲ့တဲ့အရာလေးတစ်ခုကို Commentမှာရေးပေးခဲ့ပါဦးနော် 💚
06/10/2026

ဘယ်သူမှမသိအောင် ကိုယ်ကြိုးစားခဲ့တဲ့အရာလေးတစ်ခုကို Commentမှာရေးပေးခဲ့ပါဦးနော် 💚

ဒီအပတ် ဘယ်သူမှ မသိလိုက်ပေမယ့် ကိုယ်ကြိုးစားခဲ့တဲ့ အရာတစ်ခုကို ပြောပြပါ။ 🌿🤍

တစ်ခါတလေ ကိုယ်ကြိုးစားခဲ့ရတဲ့ အရာတွေက တခြားသူတွေအတွက် သာမန်လေးတွေ ဖြစ်နေနိုင်ပေမယ့် ကိုယ့်အတွက်တော့ မလွယ်ကူခဲ့တာတွေ ရှိတတ်ပါတယ်။

မနက်တိုင်း ပင်ပန်းနေပေမယ့် အိပ်ရာထပြီး တစ်နေ့တာကို စတင်နိုင်ခဲ့တာ၊ စိတ်ဆိုးနေတဲ့အချိန်မှာ ချက်ချင်း မတုံ့ပြန်ဘဲ ခဏငြိမ်နေနိုင်ခဲ့တာ၊ အဆင်မပြေမှုတွေကြားထဲကနေ ကိုယ့်တာဝန်တွေကို ဆက်လုပ်ခဲ့တာမျိုးပေါ့။

တစ်ခါတလေ ကိုယ်ဘယ်လောက် ပင်ပန်းခဲ့ရလဲ၊ ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာကို တခြားသူတွေ မသိနိုင်သလို ကိုယ်တိုင်လည်း အလွယ်တကူ မေ့သွားတတ်ပါတယ်။

ဒါပေမယ့် ကြီးကြီးမားမား အောင်မြင်မှုတွေ ဖြစ်နေဖို့ မလိုပါဘူး။ ကိုယ်လက်လျှော့ချင်နေတဲ့အချိန်မှာ နည်းနည်းလေးပဲဖြစ်ဖြစ် ဆက်ကြိုးစားနိုင်ခဲ့တာ၊ ကိုယ့်စိတ်ခံစားချက်တွေကို သတိထားမိလာတာ၊ ကိုယ့်အတွက် ခဏလောက် အနားယူပေးနိုင်ခဲ့တာတွေကလည်း အသိအမှတ်ပြုထိုက်တဲ့ ကြိုးစားမှုလေးတွေပါပဲ။ 🌱

ကိုယ့်ကြိုးစားမှုကို တခြားသူတွေ သတိမထားမိခဲ့ရင်တောင် ကိုယ်တိုင်တော့ ပြန်မြင်ပေးဖို့ မမေ့ပါနဲ့နော်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ကိုယ်သိတယ်။ အဲဒီအခက်အခဲတွေကြားထဲကနေ ဆက်လျှောက်နိုင်ခဲ့တာကလည်း တန်ဖိုးရှိပါတယ်။

💬 ဒီအပတ် ဘယ်သူမှ မသိလိုက်ပေမယ့် ကိုယ်ကြိုးစားခဲ့တဲ့ အရာတစ်ခုကို Comment မှာ မျှဝေပေးပါနော်။

မနက်စောစော ထနိုင်ခဲ့တာပဲဖြစ်ဖြစ်၊ ပင်ပန်းနေရက်နဲ့ အလုပ်ဆက်လုပ်ခဲ့တာပဲဖြစ်ဖြစ်၊ စိတ်ဆိုးနေချိန်မှာ ခဏငြိမ်နေနိုင်ခဲ့တာပဲဖြစ်ဖြစ် ရေးခဲ့လို့ရပါတယ်။

ဒီနေရာလေးမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကြိုးစားမှုတွေကို အတူတူ အသိအမှတ်ပြုပေးကြရအောင်နော်။ ကိုယ်မျှဝေပေးတဲ့ ကြိုးစားမှုလေးက တခြားတစ်ယောက်အတွက်လည်း ကိုယ့်ကိုယ်ကို ပြန်လည်တန်ဖိုးထားဖို့ အားဖြစ်စေနိုင်ပါတယ်။ 🌿🤍

ဒီလိုခံစားချက်တွေကိုခံစားနေရရင် Commentမှာ "Tired"လို့ရေးပြီးပြောပြလို့ရပါတယ်ရှင် 💚
05/10/2026

ဒီလိုခံစားချက်တွေကိုခံစားနေရရင် Commentမှာ "Tired"လို့ရေးပြီးပြောပြလို့ရပါတယ်ရှင် 💚

တစ်နေ့လုံး လူတိုင်းအတွက်ကြိုးစားပေးပြီး ညကျတော့ဘယ်သူမှ မမြင်ခဲ့သလို ခံစားရလား… 🌙

အလုပ်မှာလည်း ကြိုးစားတယ်၊
အိမ်အတွက်လည်း ပို့ပေးတယ်၊
သူငယ်ချင်းတွေကိုလည်း နားထောင်ပေးတယ်။

ဒါပေမယ့် “ကျေးဇူးပဲ” ဆိုတဲ့စကားတစ်ခွန်းကို နောက်ဆုံးဘယ်တုန်းက ကြားခဲ့ရလဲ။ 🤍

တစ်နေ့လုံး ကိုယ့်တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ကိုယ်တိုင် ပင်ပန်းနေရင်တောင် တခြားသူတွေအတွက် အချိန်ပေးခဲ့တယ်။ ဒါပေမယ့် ညရောက်လာတဲ့အခါ ကိုယ်လုပ်ပေးခဲ့တာတွေကို ဘယ်သူမှ သတိမထားမိသလို ခံစားလာရတယ်။

☐ ကိုယ်က လူတိုင်းကို ဂရုစိုက်ပေးပေမယ့် ကိုယ့်ကိုတော့ ဘယ်သူမှ ပြန်မမေးကြဘူးလို့ ခံစားရတယ်။

☐ ကိုယ်ပင်ပန်းနေတဲ့အချိန်မှာ “အဆင်ပြေရဲ့လား” လို့ မေးပေးမယ့်သူ လိုချင်လာတယ်။

☐ ကိုယ်လုပ်ပေးခဲ့တာတွေအတွက် အသိအမှတ်ပြုမှုလေးတစ်ခုကို မျှော်လင့်မိလာတယ်။

တစ်ခါတလေ ကိုယ်လိုချင်တာက ကြီးကြီးမားမား မဟုတ်ပါဘူး။ ကိုယ်လုပ်ပေးခဲ့တာလေးတွေကို သတိထားမိပေးတာ၊ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ 🍂

ကိုယ်ပေးဆပ်ခဲ့တာတွေကို ဘယ်သူမှ သတိမထားမိတဲ့အခါ ပင်ပန်းတာထက် ကိုယ့်ကို ဘယ်သူမှ မမြင်ပေးကြဘူးလို့ ခံစားရတာက ပိုနာကျင်စေတတ်ပါတယ်။

ဒါပေမယ့် ကိုယ့်တန်ဖိုးကို တခြားသူတွေရဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းနဲ့ တိုင်းတာဖို့ မလိုပါဘူး။ ကိုယ်ဘယ်လောက် ကြိုးစားခဲ့ရလဲ၊ ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ ကိုယ်တိုင်လည်း အသိအမှတ်ပြုပေးဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲဆိုတာက တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာရော၊ အလုပ်ခွင်မှာ ကိုယ့်ရဲ့ကြိုးစားမှုကို ဘယ်လိုတန်ဖိုးထားသလဲဆိုတာမှာပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတာနဲ့ ကိုယ့်လိုအပ်ချက်တွေကို ပိုနားလည်လာပြီး ကိုယ်နဲ့ တခြားသူတွေအကြားမှာလည်း ပိုကျန်းမာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်လာနိုင်ပါတယ်ရှင်🌿

ဒီလ The Humanity မှာတော့ ကိုယ့်ရဲ့ကြိုးစားမှုလေးတွေကို ကိုယ်တိုင် အသိအမှတ်ပြုတတ်ဖို့၊ တခြားသူတွေရဲ့ ကြိုးစားမှုတွေကိုလည်း ပိုသတိထားမိလာဖို့ အတူတူ လေ့လာသွားကြပါမယ်နော်။ Appreciation Practice လေးတွေနဲ့ Meetup အစီအစဉ်တွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ဘေးနားကလူတွေကိုပါ ပိုနားလည်ပေးနိုင်ဖို့ ကြိုးစားကြည့်ကြရအောင်နော်🤍

💬 ဒီနေ့ ကိုယ်လုပ်ခဲ့တဲ့ အသေးအဖွဲလေးတစ်ခုကို Comment မှာ ရေးခဲ့ပေးပါဦးနော်

သင်ကကိုယ်တိုင် ကိုယ့်ကြိုးစားမှုကို ပြန်မြင်ပေးဖို့လည်း ထိုက်တန်ပါတယ်ရှင်။ 🌷

လူတစ်ယောက်က“မနေချင်တော့ဘူး” လို့ ပြောလာတဲ့အခါ…💔မနေချင်တော့ဘူး...လို့ပြောလာတဲ့သူတစ်ယောက်ကို “အဲ့လိုမပြောပါနဲ့” “ဘာမှမဖြစ...
27/09/2026

လူတစ်ယောက်က“မနေချင်တော့ဘူး” လို့ ပြောလာတဲ့အခါ…💔

မနေချင်တော့ဘူး...လို့ပြောလာတဲ့သူတစ်ယောက်ကို “အဲ့လိုမပြောပါနဲ့” “ဘာမှမဖြစ်ပါဘူး” “စိတ်လျှော့လိုက်ပါ”လို့ သူ့ကိုအမြန်ဆုံး ပြန်ပြောပြီး ဖြတ်မချလိုက်ပါနဲ့နော်။

တစ်ခါတလေ “မနေချင်တော့ဘူး” ဆိုတဲ့စကားနောက်မှာ ကိုယ်တိုင်တောင် ဘယ်လိုပြောရမှန်းမသိတဲ့ နာကျင်မှုတွေ၊ တစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိနေနိုင်ပါတယ် 💔
အဲ့ဒီအချိန်မှာ အရေးကြီးဆုံးက
သူ့ကို တစ်ယောက်တည်း မထားဖို့ပါ။
အေးအေးဆေးဆေး နားထောင်ပေးပါ။
အပြစ်မတင်ပါနဲ့။
“ဘာလို့အဲ့လိုတွေးတာလဲ” “မင်းမှာ အဲ့လောက်ပြဿနာမရှိပါဘူး” ဆိုပြီး သူ့ခံစားချက်ကို လျှော့မတွက်လိုက်ပါနဲ့ရှင်။ အဲ့ဒီ့အစား “မင်းအခု ဘယ်လိုခံစားနေရလဲ၊ ငါနားထောင်ပေးမယ်” “မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ငါနဲ့အတူရှိတယ်” လို့ ပြောပေးနိုင်ပါတယ် 🤍

သူ့မှာ ကိုယ့်ကိုယ်ကို ထိခိုက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ ထင်ရင် တစ်ယောက်တည်း မထားဘဲ ယုံကြည်ရတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ mental-health professional သို့မဟုတ် အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်း ဆက်သွယ်ပေးပါရှင် 🤍နားထောင်ပေးတာက ပြဿနာအားလုံးကို ချက်ချင်းဖြေရှင်းပေးနိုင်တာ မဟုတ်ပေမယ့် အခက်အခဲတွေကြားမှာ တစ်ယောက်တည်းမဖြစ်အောင် အတူရှိပေးနိုင်ပါတယ်။ 🤍

တစ်ခါတလေ လူတစ်ယောက်လိုအပ်တာက အဖြေတစ်ခုထက် သူ့စကားကို အလေးအနက်ထားပြီး နားထောင်ပေးမယ့်သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ 🌿
ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
ကိုယ့်စိတ်ကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကို ပိုကြင်နာဖို့နဲ့ပိုကျန်းမာတဲ့ ချစ်ခြင်းမေတ္တာဆီ လျှောက်လှမ်းဖို့…mental healနဲ့အတူတူ လျှောက်ကြရအောင်။ 🤍🌿

25/09/2026

ကိုယ့်စိတ်ကိုနားမလည်နိုင်တော့တဲ့အခါဒီ Videoလေးကိုကြည့်ကြည့်ပါနော် 🤍 The Humanity Page Messenger မှာသင်တန်းလေးအ​ကြောင်းအချိန်မရွေးဆက်သွယ်မေး​မြန်းနိုင်ပါတယ်ရှင် 🤍

ကိုယ်တိုင်ကသူများရဲ့အရိပ်အခြေကိုလိုက်ကြည့်နေမိပြီဆိုရင် ဒီ Postလေးကိုဖတ်ကြည့်ပါနော် 🤍 The Humanityရဲ့ Page Messenger မှာ...
23/09/2026

ကိုယ်တိုင်ကသူများရဲ့အရိပ်အခြေကိုလိုက်ကြည့်နေမိပြီဆိုရင် ဒီ Postလေးကိုဖတ်ကြည့်ပါနော် 🤍 The Humanityရဲ့ Page Messenger မှာလဲ Courseအသေးစိတ်လေးကိုစုံစမ်းနိုင်ပါတယ်ရှင်

တစ်ယောက်ယောက်ရဲ့ Tone ပြောင်းသွားတာနဲ့
“ငါဘာလုပ်မိလို့လဲ?” လို့ စတွေးမိဖူးလား?

မနေ့ကထိ ပုံမှန်ပြောနေတဲ့သူကဒီနေ့ စကားသံနည်းနည်းအေးသွားတာ၊ Reply ပြန်တာ တိုသွားတာ၊
အရင်လို မပြုံးတော့တာ၊ ကိုယ့်ကို ပြောပုံဆိုပုံလေး ပြောင်းသွားတာနဲ့ရုတ်တရက် ကိုယ့်စိတ်ထဲမှာ
“ငါတစ်ခုခုမှားပြောမိလား?”
“သူ ငါ့ကို စိတ်ဆိုးနေတာလား?”
“ငါ့ကြောင့်များလား?”
“မနေ့က ငါပြောလိုက်တဲ့စကားကြောင့်လား?”
“သူ ငါ့ကို မကြိုက်တော့တာလား?”
တစ်ခါတလေ သူက ဘာမှတောင် မပြောလိုက်ရသေးဘူး။ ကိုယ်က သူ့မျက်နှာအမူအရာကို ပြန်စဉ်းစား၊ သူပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစား၊
Chat ထဲက Reply တွေကို ပြန်ဖတ်ပြီး
ဘယ်နေရာမှာများ ကိုယ်မှားခဲ့လဲဆိုတာ ရှာနေမိတတ်တယ် 💭💔

အဲဒီအတွေးတွေက ခဏလေးနဲ့ ရပ်မသွားဘူး။
အလုပ်လုပ်နေရင်းလည်း တွေးမိတယ်။
အိပ်ရာဝင်တဲ့အချိန်လည်း တွေးမိတယ်။
ဖုန်းကို ထပ်ခါထပ်ခါကြည့်ပြီး
“ငါ့ကို ဘာဖြစ်လို့ ဒီလိုပြောတာလဲ…”
ဆိုပြီး အဓိပ္ပါယ်တွေ လိုက်ရှာနေမိတတ်တယ်။ သူ့ဆီက “ဘာမှမဖြစ်ပါဘူး” ဆိုတဲ့
စကားလေးတစ်ခွန်းရရင်တောင် ကိုယ့်စိတ်က ပြန်ငြိမ်သွားမယ်လို့ထင်မိတာတွေရှိလာတယ်။

ဒါပေမယ့် သူ့ဘက်က မပြောလာတဲ့အခါ
ကိုယ်က ကိုယ့်စိတ်ထဲမှာပဲ အဖြေတွေကို ဖန်တီးနေမိတယ်။

သူက ပင်ပန်းနေလို့ ဖြစ်နိုင်တယ် 🍂
သူ့မှာ ကိုယ်မသိတဲ့ ပြဿနာတစ်ခုခုရှိနေနိုင်တယ်🍂
သူ့ရဲ့နေ့တစ်နေ့ မကောင်းခဲ့တာလည်း ဖြစ်နိုင်တယ် 🍂လို့တောင်မတွေးမိပဲ
“ငါ့အမှားများလား…” ဆိုတာကိုပဲ
အရင်ဆုံးရွေးပြီး ယုံကြည်တတ်လာကြပါတယ်။

တကယ်တော့…
တစ်ယောက်ယောက်ရဲ့ Mood ပြောင်းသွားတိုင်း
အကြောင်းရင်းက ကိုယ်ဖြစ်နေဖို့ မလိုပါဘူးရှင်🌿

သူ့ရဲ့ Tone ပြောင်းသွားတာက
ကိုယ့်တန်ဖိုး ပြောင်းသွားတာမဟုတ်ပါဘူး။
သူ Reply တိုသွားတာက
ကိုယ်ကမလုံလောက်တော့တာ မဟုတ်ဘူး။
သူနဲ့အနေဝေးနေတယ်ဆိုတာကလည်း
ကိုယ်က ချစ်ဖို့မကောင်းတော့တာ၊
နားလည်ပေးဖို့မထိုက်တန်တော့တာ
လုံးဝမဟုတ်ပါဘူး 🤍

တစ်ခါတလေကိုယ်က သူများရဲ့ခံစားချက်တွေကို
အရမ်းဂရုစိုက်တတ်လွန်းလို့သူများရဲ့ Mood ကိုတောင် ကိုယ့်တာဝန်လို ခံယူမိတာ ဖြစ်နိုင်ပါတယ် 💭💚

သူစိတ်မကောင်းရင် “ငါဘာလုပ်ပေးရမလဲ?” လို့ တွေးတယ်။ သူတိတ်သွားရင် “ငါဘာမှားလို့လဲ?” လို့ တွေးတယ်။ သူစိတ်ဆိုးနေရင် “ငါဘယ်လိုပြန်ပြင်ပေးရမလဲ?” လို့ တွေးတယ်။ နောက်ဆုံးမှာတော့
သူ့ခံစားချက်တွေကို နားလည်ပေးရင်းကိုယ့်ခံစားချက်တွေကိုပဲ မေ့သွားတတ်ကြပါတယ်။

ကိုယ့်စိတ်က ဘာကြောင့် အမြဲတမ်း သူများရဲ့မျက်နှာ၊ အသံ၊ စကားလုံးတွေကို အရမ်းသတိထားနေရတာလဲဆိုတာတစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ လိုပါတယ်။

ကိုယ်ဘာကြောင့် ဒီလိုခံစားနေရတာလဲဆိုတာ
နားလည်လာဖို့၊ ခံစားချက်ပြင်းလာတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို မထိခိုက်အောင် ပြန်ကိုင်တွယ်တတ်ဖို့၊ သူများရဲ့အပြုအမူတိုင်းကို ကိုယ့်တန်ဖိုးနဲ့ မချိတ်ဆက်တော့ဖို့တဖြည်းဖြည်း လေ့လာလို့ရပါတယ်။

ကိုယ့်စိတ်ကို နားလည်တတ်လာတာက
ခံစားချက်တွေ မရှိတော့တာမဟုတ်ပါဘူး။
ခံစားချက်တွေရှိနေတဲ့အချိန်မှာတောင်
ကိုယ့်ကိုယ်ကို မပျောက်သွားအောင်
ကိုင်တွယ်တတ်လာတာပါ 🤍

🌿 Emotional Regulation Course
ကိုယ့်ခံစားချက်တွေကို ပိုနားလည်ချင်တယ်💚
စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို ပိုနူးညံ့စွာ ကိုင်တွယ်တတ်ချင်တယ်ဆိုရင် Emotional Regulation Course မှာ
အဲဒီအရာတွေကို တဖြည်းဖြည်း လေ့လာနိုင်ပါတယ်။
အသေးစိတ်သိချင်ရင် Page Messenger မှာ
“ER Course” လို့ ပို့ထားပေးပါနော်။ 🤍
Wellness is how you live 🍀💚






20/09/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when mental heal with you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share