24/12/2025
ခွေးရူးရောဂါလျော့ပါးဖို့ Biocan R နဲ့ကာကွယ်စို့
ခွေးရူးရောဂါဟာ ခွေး၊ ကြောင်လေးတွေနဲ့ သာမကပဲ အခြားသော မြင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေနှင့် လူတွေကိုပါ သွားရည်မှတစ်ဆင့်ကူးစက်တာကြောင့် အသက်အန္တရာယ်ရှိပြီး နှစ်စဉ်အသက်ဆုံးရှုံးမူများလဲတွေ့ကြုံနေရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ခွေးရူးရောဂါကြောင့်နှစ်စဉ် သက်ဆုံးရှုံးမှု အများအပြားရှိတာကြောင့် မိမိတို့ မိသားစုတွေရဲ့ ဘဝနဲ့ တိလေးတွေရဲ့ဘဝကိုအချိန်မှီကယ်တင်နိုင်ဖို့ မပေါ့စသင့်တဲ့ ရောဂါမျိုးပါ။
ဒါကြောင့် တိမွေးမြူသူ၊တိချစ်ခင်သူများ အနေဖြင့် နှစ်စဉ် မိမိတို့ရဲ့ တိလေးများကို ခွေးရူးကာကွယ် ဆေးကိုမဖြစ်မနေ ထိုးပေးသင့်ပါတယ်။ Biocan R ရဲ့ထူးခြားချက်ကအခြား Bioveta ဆေးတွေနဲ့ တွဲထိုးလို့ရပါတယ်။
ခွေးရူးရောဂါကွာကွယ်ထားမှ တိလေးတွေနဲ့အတူ ကျန်းမာပျော်ရွှင်တဲ့မိသားစုပိုင်ဆိုင်ဖို့နဲ့ ပတ်ဝန်း ကျင်ကိုစိတ်ချရဖို့အတွက်ပါ အာဝုလေးတွေကို အထူးဂရုစိုက်ကာကွယ်ထားဖို့ Biocan R ကိုသာယုံကြည်စိတ်ချစွာရွေးချယ်လိုက်ပါ။
ဘာကြောင့်ယုံကြည်စိတ်ချစွာရွေးချယ်သင့်လဲဆိုရင် Biocan R Vaccine ဟာဆိုရင် EU (Czech Republic ) နိုင်ငံထုပ်ဖြစ်တာကြောင့် အရည်အသွေးကိုယုံကြည့်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
ဘယ်အရွယ်မှာ စပြီးထိုးသင့်တာလဲ?
အာဝုလေးတွေနဲ့ ကြောင်လေးတွေကို အသက် ၃ လ (၁၂ ပတ်) အရွယ်ကစပြီး စတင်ထိုးနှံနိုင်ပါတယ်။
ကာကွယ်မှု: နှစ်စဉ် တစ်ကြိမ် ပြန်လည်ထိုးနှံပေးပါ။
Biocan R ဆေးဟာ သင့်တိလေးတွေအတွက်သာမက ကာကွယ်မှုတစ်ခုဖြစ်ပြီး မိသားစုတွေရဲ့ဘဝကိုလဲခွေးရူးရောဂါရန်မှလုံခြုံစေမှာပါ။ မိသားစုနဲ့ပတ်ဝန်းကျင်အတွက် လွန်စွာအရေးကြီးပါတယ်...
သတိပြုရန် (2°C - 8°C) မှာ သိမ်းဆည်းသယ်ယူရပါမယ်။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့၍ မရပါ။
#ခွေးရူးကာကွယ်ဆေး