UniqueCare Pharmaceutical Co., Ltd.

Website

UniqueCare Pharmaceutical Co., Ltd. UCP is serving the people of Myanmar for a longer and healthier life. We've been supplying quality medical products all over Myanmar since 2005.

Our motto is "Your health is our world".

23/09/2026

💊 ORACIP ဆိုတာ ဘာဆေးလဲ...?

❓ ဘယ်လို ရောဂါတွေမှာ အသုံးပြုနိုင်သလဲ...? ဆိုတာကို အောက်ပါ ဗီဒီယိုလေးမှာ 🎥 ရှင်းပြပေးထားပါတယ် ခင်ဗျာ။

⚠️ အရေးကြီးသော သတိပေးချက် (Doctor's Note) 👨‍⚕️🩺

🚫 ဤဆေးအား ဆရာဝန် ညွှန်ကြားချက် အတိအကျ မရှိဘဲ မိမိ သဘောဖြင့် ဝယ်ယူသုံးစွဲခွင့် လုံးဝ (လုံးဝ) မရှိပါဘူး ခင်ဗျာ။

🌡️ သိုလှောင်ပုံ 📦

🌡️ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်အောက်၊ 💡 အလင်းရောင်နှင့် 💧 စိုထိုင်းဆဝေးရာ ခြောက်သွေ့သော နေရာတွင် ထားပါ။

👶🔒 ကလေးများ လက်လှမ်းမမီသော နေရာတွင် ထားပါ။

❤️ ကျန်းမာရေးအတွက် ဆေးဝါးတိုင်းကို မှန်ကန်စွာ အသုံးပြုကြပါစို့။ 💊🩺

UniqueCare Pharmaceutical Co., Ltd.

22/09/2026

💊 TRANCLOT 500 ဆိုတာ ဘာဆေးလဲ...?
❓ ဘယ်လိုရောဂါတွေမှာ အသုံးပြုနိုင်သလဲ...? ဆိုတာကို အောက်ပါဗီဒီယိုလေးမှာ 🎥 ရှင်းပြပေးထားပါတယ်ခင်ဗျာ။

-
-
-

⚠️ အရေးကြီးသော သတိပေးချက် (Doctor's Note) 👨‍⚕️🩺

🚫 ဤဆေးအား ဆရာဝန်ညွှန်ကြားချက် အတိအကျမရှိဘဲ မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခွင့် လုံးဝ (လုံးဝ) မရှိပါဘူး ခင်ဗျာ။

🌡️ သိုလှောင်ပုံ 📦

🌡️ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်၊ 💡 အလင်းရောင်နှင့် 💧 စိုထိုင်းဆဝေးရာ ခြောက်သွေ့သောနေရာတွင် ထားပါ။

👶🔒 ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။

❤️ ကျန်းမာရေးအတွက် ဆေးဝါးတိုင်းကို မှန်ကန်စွာ အသုံးပြုကြပါစို့။ 💊🩺

UniqueCare Pharmaceutical Co., Ltd.

19/09/2026

💊 METF 500 ဆိုတာ ဘာဆေးလဲ...?

🦠 ဘယ်လိုရောဂါတွေမှာ အသုံးပြုနိုင်သလဲ...? ဆိုတာကို အောက်ပါဗီဒီယိုလေးမှာ ရှင်းပြေပေးထားပါတယ်ခင်ဗျာ။

-
-
-

👨‍⚕️အရေးကြီးသော သတိပေးချက် (Doctor's Note):

ဤဆေးအား ဆရာဝန်ညွှန်ကြားချက် အတိအကျမရှိဘဲ လုံးဝ (လုံးဝ) မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခွင့်မရှိပါဘူးခင်ဗျာ။

​📦 သိုလှောင်ပုံ

🌡️ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်၊ အလင်းရောင်နှင့် စိုထိုင်းဆဝေးရာ ခြောက်သွေ့သောနေရာတွင် ထားပါ။

👶🚫 ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။

ကျန်းမာရေးအတွက် ဆေးဝါးတိုင်းကို မှန်ကန်စွာ အသုံးပြုကြပါစို့။ ❤️

UniqueCare Pharmaceutical Co., Ltd. 💚
. 🧡

18/09/2026

💊 LOSAVIN 50 ဆိုတာ ဘာဆေးလဲ...?

🦠 ဘယ်လိုရောဂါတွေမှာ အသုံးပြုနိုင်သလဲ...? ဆိုတာကို အောက်ပါဗီဒီယိုလေးမှာ ရှင်းပြေပေးထားပါတယ်ခင်ဗျာ။

-
-
-

👨‍⚕️အရေးကြီးသော သတိပေးချက် (Doctor's Note):

ဤဆေးအား ဆရာဝန်ညွှန်ကြားချက် အတိအကျမရှိဘဲ လုံးဝ (လုံးဝ) မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခွင့်မရှိပါဘူးခင်ဗျာ။

​📦 သိုလှောင်ပုံ

🌡️ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်၊ အလင်းရောင်နှင့် စိုထိုင်းဆဝေးရာ ခြောက်သွေ့သောနေရာတွင် ထားပါ။

👶🚫 ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။

ကျန်းမာရေးအတွက် ဆေးဝါးတိုင်းကို မှန်ကန်စွာ အသုံးပြုကြပါစို့။ ❤️

UniqueCare Pharmaceutical Co., Ltd. 💚
. 🧡

17/09/2026

💊 AMLOCARD 5 ဆိုတာ ဘာဆေးလဲ...?

🦠 ဘယ်လိုရောဂါတွေမှာ အသုံးပြုနိုင်သလဲ...? ဆိုတာကို အောက်ပါဗီဒီယိုလေးမှာ ရှင်းပြေပေးထားပါတယ်ခင်ဗျာ။

-
-
-

👨‍⚕️အရေးကြီးသော သတိပေးချက် (Doctor's Note):

ဤဆေးအား ဆရာဝန်ညွှန်ကြားချက် အတိအကျမရှိဘဲ လုံးဝ (လုံးဝ) မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခွင့်မရှိပါဘူးခင်ဗျာ။

​📦 သိုလှောင်ပုံ

🌡️ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်၊ အလင်းရောင်နှင့် စိုထိုင်းဆဝေးရာ ခြောက်သွေ့သောနေရာတွင် ထားပါ။

👶🚫 ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။

ကျန်းမာရေးအတွက် ဆေးဝါးတိုင်းကို မှန်ကန်စွာ အသုံးပြုကြပါစို့။ ❤️

UniqueCare Pharmaceutical Co., Ltd. 💚
. 🧡

လူတစ်ယောက်မှာ အသက်အရွယ် ကြီးလာပေမဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာသွင်ပြင်ကို မအိုမင်းဘဲ အမြဲနုပျိုလန်းဆန်းနေစေဖို့အတွက် -နေ့စဉ် ...
15/09/2026

လူတစ်ယောက်မှာ အသက်အရွယ် ကြီးလာပေမဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာသွင်ပြင်ကို မအိုမင်းဘဲ အမြဲနုပျိုလန်းဆန်းနေစေဖို့အတွက် -

နေ့စဉ် လူနေမှုဘဝ စနစ်တကျ ပြုမူနေထိုင်ရန် ဆောင်ရန် နှင့် ရှောင်ရန် များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ဆောင်ရန်များ -

• အာဟာရ ပြည့်ဝစွာ စားသုံးခြင်း
◦ ပရိုတင်း (Protein): ကြွက်သားထု မလျော့သွားစေရန်နှင့် အသားအရေ တင်းရင်းစေရန် ကြက်သား၊ ငါး၊ ဥအမျိုးမျိုးနှင့် ပဲအမျိုးမျိုးကို လုံလောက်စွာ စားသုံးပါ။

◦ Antioxidants (ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ): ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ရန် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်များနှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို ဦးစားပေး စားပါ။

◦ ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ -
အသားအရေ စိုပြေစေရန်နှင့် နှလုံးကျန်းမာရေးအတွက် Omega-3 ကြွယ်ဝသော အစားအစာများကို စားသုံးပေးပါ။

• ရေလုံလောက်စွာ သောက်သုံးခြင်း -
◦ ရေဓာတ်ပြည့်ဝခြင်းသည် အသားအရေ လန်းဆန်းစေပြီး နုပျိုမှုကို အထိရောက်ဆုံး ကူညီပေးသည့်အတွက် တစ်နေ့လျှင် ရေ ၂ လီတာမှ ၃ လီတာ (၈ ခွက်မှ ၁၀ ခွက်) အနည်းဆုံး သောက်ပေးပါ။

• ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း -
◦ Cardio & Strength Training: နှလုံးကျန်းမာရေး၊ သွေးလှည့်ပတ်မှုနှင့် ကြွက်သားထု မကျဘဲ တင်းရင်းနေစေရန် တစ်ပတ်လျှင် အနည်းဆုံး ၃ ရက်မှ ၅ ရက်အထိ ကိုယ်လက်လှုပ်ရှားမှုနှင့် အလေးမလေ့ကျင့်ခန်းများ ပြုလုပ်ပါ။

◦ သွေးလှည့်ပတ်မှု ကောင်းမွန်ခြင်းက ဆဲလ်များထံ အောက်ဆီဂျင်နှင့် အာဟာရဓာတ် ရောက်ရှိမှုကို မြှင့်တင်ပေးပါသည်။

• ပြည့်ဝသော အိပ်စက်ခြင်း -
◦ ညဘက်တွင် ၇ နာရီမှ ၈ နာရီ အပြည့်အဝ အိပ်စက်ပါ။ အိပ်စက်ချိန်၌ ခန္ဓာကိုယ်က Growth Hormone များကို ထုတ်လုပ်ပေးပြီး ဆဲလ်အသစ်များကို ပြန်လည် ပြုပြင်ပေးပါသည်။

• မရှိမဖြစ် စနစ်တကျ (Skin Care) ပြုလုပ်ခြင်း -
◦ နေလောင်ကာခရမ် (Sunscreen): ခရမ်းလွန်ရောင်ခြည် (UV) သည် အသားအရေ အိုမင်းရုံမက အရေးအကြောင်းဖြစ်စေသည့် အဓိကတရားခံ ဖြစ်သောကြောင့် နေ့စဉ် SPF 30 သို့မဟုတ် 50 ပါသော Sunscreen ကို ပုံမှန် လိမ်းပေးပါ။

◦ Moisturizer & Serums: အသားအရေ အမျိုးအစားပေါ် မူတည်ပြီး ရေဓာတ်ဖြည့်ပေးသော Moisturizer နှင့် အရေးအကြောင်း ကာကွယ်ပေးသည့် Anti-aging serum များကို အသုံးပြုပါ။

• စိတ်ဓာတ်နှင့် ဦးနှောက်ကို အမြဲ နုပျိုစေခြင်း -
◦ စိတ်ဖိစီးမှု လျှော့ချရန် တရားဘာဝနာ ပွားများခြင်း၊ ဝါသနာပါရာ ဝိသေသများကို ပြုလုပ်ခြင်းနှင့် အပြုသဘောဆောင်သော အတွေးအမြင်များကို မွေးမြူပါ။

ရှောင်ရန်များ (Don'ts) -
• သကြားနှင့် ဆီကြော် မုန့်များ လွန်ကဲစွာ စားသုံးခြင်း
◦ သကြားဓာတ် များပြားလွန်းခြင်းသည် ခန္ဓာကိုယ်ရှိ Collagen များကို ပျက်စီးစေသည့် Glycation ဖြစ်စဉ်ကို ဖြစ်ပေါ်စေပြီး အသားအရေ လျော့တွဲစေပါသည်။

• ဆေးလိပ်နှင့် အရက်သေစာ သောက်စားခြင်း -
◦ ဆေးလိပ်နှင့် အရက်သည် သွေးကြောများကို ကျဉ်းစေပြီး အသားအရေထံ အောက်ဆီဂျင် ရောက်ရှိမှုကို တားဆီးပေးသဖြင့် မျက်နှာကြော တင်းမာမှု လျော့ကျပြီး စောစီးစွာ အိုမင်းရင့်ရော်စေပါသည်။

• မကြာခဏ စိတ်ဖိစီးမှု (Stress) လွန်ကဲခြင်း
◦ စိတ်ဖိစီးမှု များပါက Cortisol ဟော်မုန်းများ ထွက်ရှိလာပြီး အသားအရေနှင့် ခန္ဓာကိုယ်ဆဲလ်များကို ပျက်စီး စေပါသည်။

• အိပ်ချိန် မမှန်ခြင်းနှင့် ညဉ့်နက်မှ အိပ်ခြင်း
◦ ညဉ့်နက်မှ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်၏ ပြန်လည်ပြုပြင်ရေး စနစ်များကို အနှောင့်အယှက်ဖြစ်စေပြီး မျက်ကွင်းညိုခြင်း၊ အသားအရေ အရောင်မှိန်ခြင်းများကို မြန်ဆန်စေပါသည်။

• လှုပ်ရှားမှု နည်းပါးလွန်းခြင်း (Sedentary Lifestyle)
◦ တစ်နေ့လုံး ထိုင်နေခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိခြင်းသည် ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို နှေးကွေးစေပြီး ကြွက်သားနှင့် အရိုးအဆစ်များကို စောစီးစွာ ယိုယွင်းစေပါသည်။

အဓိကအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ပုံ၊ ပုံမှန်လေ့ကျင့်ခန်း၊ အိပ်စက်ခြင်းနှင့် စိတ်အေးချမ်းမှု mတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်နေထိုင်သွားပါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အစဉ်အမြဲ နုပျိုလန်းဆန်းနေမှာ ဖြစ်ပါတယ်ခင်ဗျာ။

UniqueCare Pharmaceutical Co., Ltd.
.

08/09/2026

💊 ORACIP-250 ဆိုတာ ဘာဆေးလဲ ...?

🦠 ဘယ်လို ရောဂါတွေမှာ အသုံးပြုနိုင်သလဲ ...
ဆိုတာကို အောက်ပါ ဗီဒီယိုလေးမှာ ရှင်းပြပေးထားပါတယ် ခင်ဗျာ။

👨‍⚕️အရေးကြီးသော သတိပေးချက် (Doctor's Note):

ဤဆေးအား ဆရာဝန် ညွှန်ကြားချက် အတိအကျ မရှိဘဲ လုံးဝ (လုံးဝ) မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခွင့် မရှိပါဘူး ခင်ဗျာ။

​📦 သိုလှောင်ပုံ

🌡️ အပူချိန် (၃၀) ဒီဂရီ စင်တီဂရိတ်အောက်၊ အလင်းရောင်နှင့် စိုထိုင်းဆ ဝေးရာ ခြောက်သွေ့သော နေရာတွင် ထားပါ။

👶🚫 ကလေးများ လက်လှမ်း မမီသော နေရာတွင် ထားပါ။

ကျန်းမာရေးအတွက် ဆေးဝါးတိုင်းကို မှန်ကန်စွာ အသုံးပြုကြပါစို့။ ❤️

UniqueCare Pharmaceutical Co., Ltd. 💚

🧡

07/09/2026

🚨 ဝမ်းချုပ်နေလို့ စိတ်ညစ်နေပြီလား ...?

❌ အိမ်သာထဲမှာ အကြာကြီးထိုင်နေရတာ ...
❌ ဗိုက်တင်း၊ ဗိုက်ဖောင်းပြီး မသက်မသာဖြစ်နေတာ ...
❌ ဝမ်းသွားရခက်ပြီး နေ့စဉ်ဘဝ အဆင်မပြေတာ ...

ဒီလိုပြဿနာတွေကို လျစ်လျူမရှုပါနဲ့။

🌿 𝗔-𝗟𝗮𝗰 (Lactulose Solution USP) က ဝမ်းကို နူးညံ့ပျော့ပျောင်းစေပြီး သဘာဝကျကျ ဝမ်းသွားရ လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။

✅ ဝမ်းချုပ်သူများအတွက် အသုံးဝင်၊
✅ အူလမ်းကြောင်းကို နူးညံ့စွာ အားပေးကူညီပေးနိုင်၊
✅ သက်တောင့်သက်သာ ဝမ်းသွားနိုင်ဖို့ အထောက်အကူပြု။

🎥 အောက်က ဗီဒီယိုလေးကို ကြည့်ပြီး A-Lac အကြောင်း ပိုမိုလေ့လာလိုက်ပါ။

💚 𝗔-𝗟𝗮𝗰 (ဝမ်းပျော့ဆေး) 💚

📲 အသေးစိတ် သိရှိလိုပါက -
📞 𝟬𝟵𝟵𝟳𝟳𝟰𝟬𝟬𝟯𝟱𝟳
📞 𝟬𝟵𝟵𝟳𝟳𝟰𝟬𝟬𝟯𝟲𝟭 သို့ ဆက်သွယ်နိုင်ပါသည်။

💬 ကုမ္ပဏီနှင့် ပတ်သက်၍ အကြံပြုခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ကြားခြင်းများအတွက်
☎️ 𝟬𝟵𝟰𝟰𝟱𝟰𝟰𝟰𝟱𝟲𝟲

💚 👨‍👩‍👧‍👦
✨ သင့်မိသားစု၏ ကျန်းမာရေးသည် ကျွန်ုပ်တို့၏ ဦးစားပေးတာဝန်ဖြစ်ပါသည်။

#ဝမ်းချုပ် #ဝမ်းပျော့ဆေး

ကျန်းမာပျော်ရွှင်သောဘဝအတွက် “သန့် (၅) သန့်” -လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် အစားအသောက်ကောင်းကောင်း...
05/09/2026

ကျန်းမာပျော်ရွှင်သောဘဝအတွက် “သန့် (၅) သန့်” -

လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် အစားအသောက်ကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့သာ မလုံလောက်ပါ။ မိမိ၏နေ့စဉ်ဘဝတွင် သန့်ရှင်းရေးကို စနစ်တကျဂရုစိုက်ခြင်းသည်လည်း အလွန်အရေးကြီးပါသည်။

အထူးသဖြင့် “လက်သန့်၊ ပတ်ဝန်းကျင်သန့်၊ အစာသန့်၊ အိမ်သာသန့်၊ ရေသန့်” ဟူသော “သန့် (၅) သန့်” ကို လိုက်နာခြင်းဖြင့် ရောဂါပိုးများကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါသည်။

၁။ လက်သန့် -

လက်သည် နေ့စဉ်ဘဝတွင် အရာဝတ္ထုများနှင့် အမြဲထိတွေ့နေရသောကြောင့် ရောဂါပိုးများ အလွယ်တကူကပ်ငြိနိုင်သည့်နေရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အစားအစာမစားမီ၊ အစားအစာမချက်ပြုတ်မီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် စနစ်တကျဆေးကြောသင့်ပါသည်။

လက်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ခြင်းသည် ဝမ်းပျက်ဝမ်းလျှော၊ အစာအိမ်အူလမ်းကြောင်းရောဂါများနှင့် အခြားကူးစက်ရောဂါများကို ကာကွယ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

၂။ ပတ်ဝန်းကျင်သန့် -

မိမိနေထိုင်ရာ အိမ်၊ ရုံး၊ ကျောင်းနှင့် ပတ်ဝန်းကျင်သည် သန့်ရှင်းသပ်ရပ်နေမှသာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။

အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေဝပ်နေရာများ မရှိအောင်ရှင်းလင်းခြင်း၊ အိမ်နှင့်ပတ်ဝန်းကျင်ကို ပုံမှန်သန့်ရှင်းခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ သန့်ရှင်းသောပတ်ဝန်းကျင်သည် ရောဂါပိုးများ၊ ယင်ကောင်များ၊ ခြင်များနှင့် အခြားရောဂါသယ်ဆောင်နိုင်သော ပိုးမွှားများကို လျှော့ချပေးနိုင်ပါသည်။

၃။ အစာသန့်

“အစာသန့်” ဆိုသည်မှာ အစားအစာကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်၊ ချက်ပြုတ်၊ သိမ်းဆည်းပြီး စားသုံးခြင်းကို ဆိုလိုပါသည်။

အစားအစာများကို မချက်ပြုတ်မီ သန့်ရှင်းစွာဆေးကြောရန်၊ အစိမ်းနှင့်အကျက်ကို သီးခြားထားရန်၊ အစားအစာကို ကောင်းစွာချက်ပြုတ်ရန်နှင့် ချက်ပြီးသားအစားအစာများကို ဖုန်၊ ယင်နှင့် ပိုးမွှားများ မထိတွေ့စေရန် ဖုံးအုပ်ထားရန် လိုအပ်ပါသည်။

အစာသန့်ရှင်းမှုကို ဂရုစိုက်ခြင်းဖြင့် အစာအဆိပ်သင့်ခြင်းနှင့် အစားအစာမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်နိုင်ပါသည်။

၄။ အိမ်သာသန့်

အိမ်သာသည် လူတို့၏ကျန်းမာရေးနှင့် တိုက်ရိုက်သက်ဆိုင်သော နေရာဖြစ်ပါသည်။ အိမ်သာကို သန့်ရှင်းစွာထားရှိခြင်း၊ အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်းနှင့် အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်းတို့သည် အရေးကြီးပါသည်။

အိမ်သာမသန့်ရှင်းပါက ရောဂါပိုးများ ပျံ့နှံ့နိုင်ပြီး ရေ၊ အစားအစာနှင့် ပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းစေနိုင်ပါသည်။ ထို့ကြောင့် “အိမ်သာသန့်” သည် မိသားစုတစ်စု၏ ကျန်းမာရေးသာမက လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏ ကျန်းမာရေးအတွက်ပါ အရေးကြီးပါသည်။

၅။ ရေသန့်

ရေသည် လူသားတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။ သောက်သုံးရေသည် သန့်ရှင်းလုံခြုံပြီး ရောဂါပိုးကင်းစင်ရန် အထူးဂရုစိုက်ရပါမည်။

သောက်သုံးရေကို သန့်ရှင်းသောနေရာတွင် ဖုံးအုပ်သိမ်းဆည်းခြင်း၊ ရေအရင်းအမြစ်များကို မညစ်ညမ်းစေရန် ထိန်းသိမ်းခြင်းနှင့် လိုအပ်ပါက ရေကို ကျိုချက်ခြင်း သို့မဟုတ် သင့်လျော်သောနည်းလမ်းဖြင့် သန့်စင်ပြီးမှ သောက်သုံးခြင်းတို့ ပြုလုပ်သင့်ပါသည်။

“သန့် (၅) သန့်” မှသည် ကျန်းမာရေးကောင်းမွန်သော လူမှုအသိုင်းအဝိုင်းဆီသို့ -

“လက်သန့်၊ ပတ်ဝန်းကျင်သန့်၊ အစာသန့်၊ အိမ်သာသန့်၊ ရေသန့်” ဆိုသော သန့် (၅) သန့်သည် ရိုးရှင်းသော စကားလုံးများဖြစ်သော်လည်း လူတိုင်းနေ့စဉ်လိုက်နာသင့်သည့် အရေးကြီးသော ကျန်းမာရေးအလေ့အကျင့်များ ဖြစ်ပါသည်။

မိမိတစ်ဦးတည်း သန့်ရှင်းနေခြင်းထက် မိသားစု၊ လုပ်ငန်းခွင်၊ ရပ်ကွက်နှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ပူးပေါင်းလိုက်နာကြမည်ဆိုပါက ရောဂါကူးစက်မှုများကို လျှော့ချနိုင်ပြီး ပိုမိုကျန်းမာသန့်ရှင်းသော လူမှုဘဝကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

“သန့်ရှင်းခြင်းသည် ကျန်းမာခြင်း၏ အခြေခံ” ဖြစ်သကဲ့သို့ “သန့် (၅) သန့်ကို လိုက်နာခြင်းသည် မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ကာကွယ်ခြင်း” လည်း ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့မှစ၍—
လက်သန့်ထားကြပါစို့။
ပတ်ဝန်းကျင်သန့်ရှင်းကြပါစို့။
အစာသန့်ရှင်းစွာ စားသုံးကြပါစို့။
အိမ်သာသန့်ရှင်းစွာ အသုံးပြုကြပါစို့။
ရေသန့်ကိုသာ သောက်သုံးကြပါစို့။
“သန့် (၅) သန့် — ကျန်းမာရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြပါစို့။”

UniqueCare Pharmaceutical Co., Ltd.
.

🥑 ထောပတ်သီးဖျော်ရည်သောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ 🥤ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီကောင်းများ၊ အမျ...
29/08/2026

🥑 ထောပတ်သီးဖျော်ရည်သောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ 🥤

ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီကောင်းများ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပါဝင်တာကြောင့် အာဟာရပြည့်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ 🌿

🥑 ထောပတ်သီးဖျော်ရည်ကို သင့်တင့်မျှတစွာ သောက်သုံးခြင်းဖြင့်—

❤️ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း
ထောပတ်သီးမှာပါဝင်တဲ့ အဆီကောင်းတွေက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။

💪 စွမ်းအင်ရရှိစေခြင်း
ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီနဲ့ အာဟာရဓာတ်တွေကြောင့် ခန္ဓာကိုယ်အတွက် စွမ်းအင်ရရှိစေပါတယ်။

🌿 အစာခြေစနစ်ကောင်းမွန်စေခြင်း
အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ် ပုံမှန်ဖြစ်စေရန် ကူညီပေးနိုင်ပါတယ်။

✨ အသားအရေနဲ့ ဆံပင်အတွက် အထောက်အကူပြုခြင်း
Vitamin E စတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံပင်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

🧠 အာဟာရပြည့်ဝစွာ ရရှိစေခြင်း
Potassium၊ Folate၊ Vitamin K စတဲ့ အာဟာရဓာတ်များ ပါဝင်တာကြောင့် နေ့စဉ်အစားအစာထဲ ထည့်သွင်းစားသုံးရန် သင့်တော်ပါတယ်။

⚠️ သတိပြုရန်
ထောပတ်သီးကို ဖျော်ရာမှာ သကြား၊ နို့ဆီ၊ ခရင်မ် စတာတွေ အများကြီးထည့်မယ်ဆိုရင် ကယ်လိုရီနဲ့ သကြားဓာတ် မြင့်တက်နိုင်ပါတယ်။ ဒါကြောင့် သကြားမထည့်ဘဲ သို့မဟုတ် အနည်းငယ်သာထည့်ပြီး သောက်သုံးတာ ပိုကောင်းပါတယ်။ 🥤

💚 အာဟာရပြည့်ဝတဲ့ ထောပတ်သီးကို သင့်တင့်မျှတစွာ စားသုံးပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစို့။ 🌱

🏥 UniqueCare Pharmaceutical Co., Ltd.

💙

Address

No. 25, 63rd Street, Botataung Township
Yangon
11161

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Alerts

Be the first to know and let us send you an email when UniqueCare Pharmaceutical Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share