REGAN - HealthCare Services

REGAN - HealthCare Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from REGAN - HealthCare Services, Medical and health, No. 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon.

🏥 ဘန်ကောက်မှာ ဆေးသွားစစ်ချင်တယ်… ဒါပေမယ့် ထိုင်းစကားမတတ်လို့ စိတ်ပူနေသလား? 🇹🇭ဆရာဝန်နဲ့ ဘယ်လိုပြောရမလဲ? ကိုယ့်ရဲ့ ရောဂါလက...
19/10/2026

🏥 ဘန်ကောက်မှာ ဆေးသွားစစ်ချင်တယ်… ဒါပေမယ့် ထိုင်းစကားမတတ်လို့ စိတ်ပူနေသလား? 🇹🇭

ဆရာဝန်နဲ့ ဘယ်လိုပြောရမလဲ?
ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေကို ဘယ်လိုရှင်းပြရမလဲ?
ဆရာဝန်ပြောတဲ့ ဆေးစစ်ချက်oလုပ်မလဲ? 🥺
ဒီလိုစိုးရိမ်မှုတွေကြောင့် ဘန်ကောက်မှာ ဆေးသွားစစ်ဖို့၊ ဆေးကုသဖို့ တွန့်ဆုတ်မနေပါနဲ့နော်

✨ REGAN HealthCare Services ရှိရင် Language Barrier အတွက် စိတ်ပူစရာမလိုပါဘူး!

🏥💛 REGAN HealthCare Services နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ ဆေးရုံများမှာ မြန်မာစကားပြန် ဝန်ဆောင်မှုတွေကို စီစဉ်ပေးနိုင်တာကြောင့်—

✅ ဆရာဝန်နဲ့ ဆက်သွယ်ပြောဆိုရာမှာ ပိုမိုအဆင်ပြေစေဖို့
✅ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ လက္ခဏာတွေကို ရှင်းပြနိုင်ဖို့
✅ ဆေးစစ်မှုနဲ့ ကုသမှုဆိုင်ရာ အချက်အလက်တွေကို နားလည်နိုင်ဖို့
✅ ဆေးရုံသွားရောက်တဲ့အခါ တစ်ယောက်တည်း မသွားရဲတဲ့ စိုးရိမ်မှုတွေ လျော့နည်းစေဖို့

💛 REGAN HealthCare Services က သင့်ရဲ့ ဆေးရုံသွားရောက်မှု ပိုမိုအဆင်ပြေစေဖို့ ကူညီပေးနေပါတယ်🤝

နိုင်ငံခြားမှာ ဆေးသွားစစ်တာဟာ ဆေးရုံရွေးချယ်ရုံတင် မဟုတ်ပါဘူး

ကိုယ့်အခြေအနေကို နားလည်အောင် ပြောပြနိုင်ဖို့၊ ကုသမှုအကြောင်းကို သေချာနားလည်ဖို့လည်း အရေးကြီးပါတယ်

ဒါကြောင့် ဆေးရုံရွေးချယ်မှုကနေ Appointment စီစဉ်ခြင်း၊ မြန်မာစကားပြန် ဝန်ဆောင်မှုအကြောင်း စုံစမ်းခြင်းအထိ 💛 REGAN HealthCare Services နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်🩺

📩 ဘန်ကောက်မှာ ဆေးစစ်ဖို့၊ ဆေးကုသဖို့ စီစဉ်နေပြီဆိုရင် Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါ

ဘာသာစကားအခက်အခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လွတ်မခံပါနဲ့ 💛

REGAN HealthCare Services
Your Health, Our Priority.

REGAN HealthCare Services Your Health. Our Care. ❤️

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
#မနက်စာ #မမေ့ပါနဲ့

🩺 ဆေးစစ်မယ့်ညမှာ ဗိုက်ဆာနေလည်း သည်းခံရတာ ဘာကြောင့်လဲ? 🤔🎉 Super Sunday ရဲ့ Medical Knowledge Sharingဆေးစစ်မယ့်သူတိုင်း သိ...
18/10/2026

🩺 ဆေးစစ်မယ့်ညမှာ ဗိုက်ဆာနေလည်း သည်းခံရတာ ဘာကြောင့်လဲ? 🤔

🎉 Super Sunday ရဲ့ Medical Knowledge Sharing

ဆေးစစ်မယ့်သူတိုင်း သိထားသင့်တဲ့ အချက် (၃) ချက်ကို REGAN က မျှဝေပေးပါမယ် ❤️

🥗 ၁။ ဘာကြောင့် ရေကလွဲပြီး အစားအသောက် ရှောင်ရတာလဲ?
အစာစားထားရင် သွေးတွင်းသကြားဓာတ်၊ အဆီဓာတ်နဲ့ အခြားစစ်ဆေးမှုရလဒ်တွေ ပြောင်းလဲနိုင်လို့ပါ
📌 ဒါကြောင့် Fasting လိုအပ်တဲ့ Medical Checkup တွေအတွက် ဆေးရုံညွှန်ကြားချက်အတိုင်း အစာရှောင်ဖို့ လိုပါတယ်

💊 ၂။ ဘာကြောင့် သောက်နေကျဆေးတွေကို သတိထားရတာလဲ?
ဆေးအချို့က သွေးစစ်ရလဒ်ကို သက်ရောက်စေနိုင်သလို၊ အစာမစားဘဲ ဆေးသောက်ရင်လည်း အန္တရာယ်ရှိနိုင်ပါတယ်
⚠️ သွေးကျဆေးအပါအဝင် သောက်နေကျဆေးတွေကို ကိုယ့်သဘောနဲ့ ရပ်ခြင်း၊ ဆေးပမာဏပြောင်းခြင်း မလုပ်ပါနဲ့။ ဆီးချိုဆေး၊ သွေးတိုးဆေးနဲ့ အခြားဆေးတွေကို ဆေးစစ်မယ့်ဆေးရုံ သို့မဟုတ် ဆရာဝန်ဆီက ကြိုတင်ညွှန်ကြားချက် ရယူပါ

⏰ ၃။ ဘာကြောင့် မနက်စောစော ဆေးစစ်ဖို့ စီစဉ်ကြတာလဲ?
✅ ညအိပ်ချိန်အတွင်း အစာရှောင်ချိန် ပြည့်မီလွယ်လို့ပါ
✅ မနက်ပိုင်းမှာ သွေးစစ်ခြင်းနဲ့ အခြားစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နိုင်လို့ပါ
✅ အစာရှောင်ချိန်ကြာလွန်းခြင်းကိုလည်း ရှောင်ရှားနိုင်ပါတယ်

❤️ ဆေးစစ်တာက စစ်ဆေးရုံတင်မဟုတ်ပါဘူး

မှန်ကန်တဲ့ရလဒ်ရဖို့ ကြိုတင်ပြင်ဆင်ခြင်းကလည်း အရေးကြီးပါတယ်

📌 သတိပြုရန် — ဆေးစစ်မှုတိုင်း အစာရှောင်ဖို့ မလိုအပ်ပါဘူး
Fasting လိုအပ်တဲ့ Checkup ဆိုရင်လည်း ဆေးရုံက သတ်မှတ်ထားတဲ့ အချိန်အတိုင်းသာ အစာရှောင်ပါ
ရေသောက်ခွင့်ရှိ/မရှိကိုလည်း ကြိုတင်အတည်ပြုပါ

🏥 REGAN HealthCare Services ကတော့ ဆေးစစ်ဖို့ Appointment စီစဉ်ခြင်းကနေ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ သိရှိနိုင်ဖို့အထိ ကူညီပေးနေပါတယ်

💬 ဆေးစစ်ဖို့ စီစဉ်နေပြီဆိုရင် “CHECKUP” လို့ Messenger မှာ စာပို့မေးမြန်းလိုက်ပါ

REGAN HealthCare Services —
Your Health, Our Priority. ❤️

သင့်အတွက် သင့်တော်မယ့် Health Checkup Package နဲ့ ခရီးစဉ်ကို REGAN မှ စီစဉ်ပေးပါမယ်

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457
📲 Line: +66 92529 2283
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
MedicalAssistance ဲ့ဆေးစစ်မယ်

17/10/2026

✨ YOUR HEALTH DESERVES MORE THAN A CHECK-UP.
Bangkok ကို ဆေးစစ်ဖို့လာမယ်…
ဒါပေမဲ့ ဒီခရီးက ဆေးရုံသွားပြီး ပြန်လာရုံသက်သက်တော့ မဟုတ်ပါဘူး 💛

ကိုယ့်ကျန်းမာရေးကို အလေးထားမယ်
ကိုယ်ချစ်ရတဲ့သူနဲ့ အချိန်ကောင်းတွေ ဖန်တီးမယ် Bangkok ရဲ့ အလှအပနဲ့ Lifestyle ကိုလည်း ကိုယ်တိုင်ခံစားမယ်🇹🇭✨

👑 REGAN Travel Services × 💛 REGAN HealthCare Services တို့ရဲ့ Exclusive Medical Tourism Experience —

BANGKOK MEDICAL CHECK-UP & CITY TOUR
CHECK 🩺 • CHILL 🌿 • EXPLORE 🇹🇭

ကျန်းမာရေးအတွက် ခရီးတစ်ခေါက်ကို အမှတ်တရရှိတဲ့ Premium Experience တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ

💎 3 DAYS • 2 NIGHTS ALL-IN-ONE TRAVEL EXPERIENCE
တစ်ခရီးတည်းနဲ့ ကိုယ့်အတွက်လိုအပ်တဲ့ အတွေ့အကြုံတွေကို တစ်နေရာတည်းမှာ စီစဉ်လိုက်ပါ

🩺 MEDICAL CHECK-UP ကျန်းမာရေးစစ်ဆေးမှုအတွက် ကြိုတင်စီစဉ်ပေးခြင်း

✈️ FLIGHT TICKET လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း

🏨 HOTEL ACCOMMODATION ခရီးစဉ်အတွက် ဟိုတယ်တည်းခိုမှု

🚐 TRANSPORTATION ခရီးစဉ်အလိုက် သွားလာရေး စီစဉ်ပေးခြင်း

🏙️ BANGKOK CITY TOUR မြို့ပြအလှအပနဲ့ Lifestyle Experience

🛕 TRAVEL DESTINATIONS စိတ်ဝင်စားဖွယ် လည်ပတ်စရာနေရာများ

🛳️ RIVER CRUISE EXPERIENCE မြစ်ပြင်ပေါ်ကနေ Bangkok ရဲ့ အလှကို ခံစားဖို့ အခွင့်အရေး

💰 PACKAGE PRICE
THB 49,999
FOR 2 PAX • 3 DAYS / 2 NIGHTS
ကိုယ်ချစ်ရတဲ့သူနဲ့အတူ ကျန်းမာရေးကို ဂရုစိုက်ရင်း အမှတ်တရခရီးလေးတစ်ခု ဖန်တီးလိုက်ပါ 💛

Package ပါဝင်မှု၊ Medical Check-up အစီအစဉ်နဲ့ ခရီးစဉ်အသေးစိတ်ကို ကြိုတင်အတည်ပြုနိုင်ပါတယ်

🌿 A JOURNEY THAT CARES FOR YOU.
ဆေးစစ်ဖို့သွားတဲ့ခရီးဆိုတာ ပင်ပန်းမှုတွေနဲ့ပဲ ပြည့်နေရမယ်လို့ မဆိုလိုပါဘူး

ကျန်းမာရေးအတွက် အချိန်ပေးရင်း… စိတ်အပန်းဖြေဖို့လည်း အချိန်ပေးပါ

တစ်ခါလာတဲ့ခရီးမှာ —
🩺 ကျန်းမာရေးအတွက် စစ်ဆေးမယ်
🌿 ကိုယ့်ကိုယ်ကို အနားပေးမယ်
📸 အမှတ်တရကောင်းတွေ ဖန်တီးမယ်

Travel နဲ့ Healthcare ကို သီးခြားစီ လိုက်စီစဉ်နေစရာမလိုဘဲ REGAN နဲ့ တစ်နေရာတည်းမှာ ချိတ်ဆက်စီစဉ်လိုက်ပါ

👑 REGAN Travel Services
💛 REGAN HealthCare Services
Your Travel. Your Health. Our Care.

📩 သင့်ရဲ့ Bangkok Medical Tourism Experience ကို စတင်ဖို့ Messenger မှာ “BKK VISIT CHECKUP” လို့ ပို့လိုက်ပါ

သင့်ခရီးစဉ်နဲ့ ကိုက်ညီမယ့် Package အသေးစိတ်ကို လာရောက်မေးမြန်းနိုင်ပါတယ် ✨

ကျန်းမာရေးကိုလည်း ဂရုစိုက်မယ် 🩺
Bangkok ကိုလည်း အပြည့်အဝခံစားမယ် ✈️✨

👑 REGAN Travel Services ×
💛 REGAN HealthCare Services
Your Travel. Your Health. Our Care.

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

👑REGAN Travel - One Stop Travel Platform👑
🧳"REGAN နဲ့ ကမ္ဘာပတ်မယ်"🧳

REGAN Travel Services –
သင့်ရဲ့အကောင်းဆုံး ခရီးသွား မိတ်ဖက် 🗺🧳🕺

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457
📲 Line: +66 92529 2283
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

🌐Website: www.regantravel.com

ဲ့ဆေးစစ်မယ်
ဲ့ကမ္ဘာပတ်မယ် #ကျန်းမာရေး
#ဘယ်လိုပဲဖြစ်ဖြစ်သွားမယ် #ခရီးသွားမယ်

❤️ “နှလုံးက တိတ်တိတ်လေး သတိပေးနေတဲ့အခါ… ကိုယ်က သတိထားမိရဲ့လား?”အလုပ်ပင်ပန်းလို့ မောတာပဲလို့ ထင်နေသလား? အသက်ကြီးလာလို့ အာ...
16/10/2026

❤️ “နှလုံးက တိတ်တိတ်လေး သတိပေးနေတဲ့အခါ… ကိုယ်က သတိထားမိရဲ့လား?”

အလုပ်ပင်ပန်းလို့ မောတာပဲလို့ ထင်နေသလား? အသက်ကြီးလာလို့ အားနည်းတာပဲလို့ သတ်မှတ်ထားသလား?
ခြေထောက်ဖောလာတာ၊ ညဘက်အသက်ရှူမဝတာတွေကိုလည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူးနော်🫀

တစ်ခါတလေ ကျန်းမာရေးအတွက် အရေးကြီးဆုံးခြေလှမ်းက ခန္ဓာကိုယ်ရဲ့ သတိပေးလက္ခဏာတွေကို အချိန်မီ သတိထားမိခြင်း ပါပဲ

🩺 နှလုံးအားနည်းခြင်း (Heart Failure) ဆိုတာဘာလဲ?
နှလုံးက ခန္ဓာကိုယ်လိုအပ်သလောက် သွေးကို ထိရောက်စွာ မညှစ်ထုတ်နိုင်တော့တဲ့ အခြေအနေတစ်မျိုးပါ
နှလုံးရပ်သွားတာကို ဆိုလိုတာမဟုတ်ပါဘူး

🔎 သတိထားသင့်တဲ့ လက္ခဏာ ၅ ချက်
1️⃣ လှုပ်ရှားမှုနည်းနည်းလုပ်ရုံနဲ့ မောပန်းလွယ်ခြင်း 2️⃣ ညဘက် လှဲအိပ်တဲ့အခါ အသက်ရှူမဝခြင်း
3️⃣ ခြေထောက်၊ ခြေကျင်းဝတ်တို့ ဖောရောင်လာခြင်း
4️⃣ အကြောင်းမရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်တက်လာခြင်း
5️⃣ အမြဲလိုလို နုံးချည့်ခြင်း၊ အားနည်းခြင်း

ဒီလက္ခဏာတွေရှိတိုင်း နှလုံးရောဂါဖြစ်နေပြီလို့ မဆိုနိုင်ပေမယ့် ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်

💛 နှလုံးကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်

✅ သွေးပေါင်ချိန်၊ သွေးချိုနဲ့ ကိုလက်စထရောကို ပုံမှန်စစ်ဆေးပါ
✅ ဆားလျှော့စားပြီး အာဟာရမျှတစွာ စားသုံးပါ။ ✅ ကိုယ့်ကျန်းမာရေးနဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
✅ ဆေးလိပ်ရှောင်ပြီး အရက်ကို ရှောင်ကြဉ်ပါ
✅ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို စနစ်တကျ သောက်သုံးပါ

❌ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းနဲ့ ခြေထောက်ဖောခြင်းတွေကို လျစ်လျူမရှုပါနဲ့

🚨 ရင်ဘတ်ပြင်းထန်စွာအောင့်ခြင်း၊ ရုတ်တရက် အသက်ရှူအလွန်ခက်ခဲခြင်း သို့မဟုတ် မေ့လဲခြင်းဖြစ်ပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းရယူပါ

🏥 BANGKOK HOSPITAL မှာ နှလုံးကျန်းမာရေးကို စနစ်တကျ စစ်ဆေးလိုက်ပါ

📍 Bangkok Hospital (Bangkok & Chiang Mai) — Heart Failure Screening Package

ပါဝင်တဲ့ စစ်ဆေးမှုတွေကတော့—

🩺 Physical Examination by Cardiologist — နှလုံးအထူးကုဆရာဝန်နဲ့ စစ်ဆေးခြင်း

🧪 Creatinine — ကျောက်ကပ်လုပ်ဆောင်ချက်ကို စစ်ဆေးခြင်း

🩸 NT-Pro-BNP — နှလုံးအပေါ် ဖိအားသက်ရောက်မှုနဲ့ နှလုံးအားနည်းမှုကို အကဲဖြတ်ရာမှာ အထောက်အကူပြုတဲ့ သွေးစစ်ဆေးမှု

💓 EKG / ECG — နှလုံးလျှပ်စစ်လှုပ်ရှားမှုကို စစ်ဆေးခြင်း

🫀 Echocardiogram — အသံလှိုင်းအသုံးပြုပြီး နှလုံးဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်ကို စစ်ဆေးခြင်း

🎉 Promotion Price — 5,500 THB

စစ်ဆေးမှုရလဒ်တွေကို ဆရာဝန်က သုံးသပ်ပေးရမှာဖြစ်ပြီး ဒီ Package တစ်ခုတည်းနဲ့ ရောဂါရှိ/မရှိကို အပြီးသတ်ဆုံးဖြတ်လို့ မရနိုင်ပါဘူး
ဆေးဝါးနဲ့ အပိုကုသမှုကုန်ကျစရိတ်တွေ မပါဝင်နိုင်ပါ

📌 လက်ရှိဆေးရုံတရားဝင်အချက်အလက်အရ ဒီ Heart Failure Screening Package ကို Bangkok Hospital Chiang Mai မှာ ရရှိနိုင်ပြီး ၂၀၂၆ ဒီဇင်ဘာ ၁၅ ရက်အထိ Promotion သတ်မှတ်ထားပါတယ်

Bangkok မြို့ရှိ Bangkok Hospital မှာလည်း နှလုံးစစ်ဆေးမှုအတွက် သီးခြားဝန်ဆောင်မှုနဲ့ ဈေးနှုန်းကို အတည်ပြုမေးမြန်းနိုင်ပါတယ်

💛 REGAN HealthCare Services နဲ့အတူ စိတ်ချလက်ချ ကြိုတင်စီစဉ်လိုက်ပါ

လူနာတွေအတွက်သာမက မိဘ၊ အိမ်ထောင်ဖက်နဲ့ ကိုယ်ချစ်ရသူတွေရဲ့ ကျန်းမာရေးအတွက် စီစဉ်ပေးနေတဲ့ လူနာရှင်တွေအတွက်လည်း—

🤝 ဆေးစစ်ဆေးမှု Package နဲ့ ပတ်သက်ပြီး အခမဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

📋 သင့်တော်တဲ့ စစ်ဆေးမှုနဲ့ ရက်စွဲကို စုံစမ်းမေးမြန်းနိုင်ပါတယ်

📅 Bangkok Hospital ရဲ့ သက်ဆိုင်ရာဝန်ဆောင်မှုအတွက် ကြိုတင် Appointment တင်ပေးဖို့ ကူညီပေးနေပါတယ်

💬 ဆေးစစ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် REGAN ကို အောက်ပါအချက်လေးတွေနဲ့ ဆက်သွယ်လိုက်ပါ

• ဘယ်ဆေးရုံမှာ စစ်ဆေးချင်ပါသလဲ — Bangkok / Chiang Mai
• ဘယ်နေ့လောက် စစ်ဆေးချင်ပါသလဲ
• လူနာအတွက်လား၊ မိသားစုဝင်အတွက်လား

ကျန်းမာရေးကို ဂရုစိုက်ဖို့ နေမကောင်းဖြစ်တဲ့အထိ မစောင့်ပါနဲ့

ကိုယ်ချစ်ရသူတွေအတွက် အချိန်မီ ဂရုစိုက်ပေးခြင်းကလည်း ချစ်ခြင်းမေတ္တာတစ်မျိုးပါပဲ ❤️

📩💛 REGAN HealthCare Services မှာ အခမဲ့ ဆွေးနွေးတိုင်ပင်ပြီး Appointment စတင်စီစဉ်နိုင်ပါပြီ

REGAN HealthCare Services
🩺 Your Health, Our Priority ကျန်းမာရေးခရီးစဉ်တိုင်းမှာ သင့်အတွက် အတူရှိနေမယ့် မိတ်ဖက် 💛

REGAN HealthCare Services
Your Health. Our Care. ❤️

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457
📲 Line: +66 92529 2283
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
#မနက်စာ #မမေ့ပါနဲ့

💧 ရေသောက်ခြင်း အနုပညာ — ရေသောက်တတ်ဖို့လည်း အရေးကြီးတယ်! 💛ရေဆာမှ သောက်မယ်ဆိုတာထက်… ကိုယ့်ခန္ဓာကိုယ် ရေလိုအပ်နေချိန်ကို သ...
15/10/2026

💧 ရေသောက်ခြင်း အနုပညာ — ရေသောက်တတ်ဖို့လည်း အရေးကြီးတယ်! 💛

ရေဆာမှ သောက်မယ်ဆိုတာထက်…
ကိုယ့်ခန္ဓာကိုယ် ရေလိုအပ်နေချိန်ကို သိပြီး မှန်မှန်ကန်ကန် သောက်တတ်ဖို့က ပိုအရေးကြီးပါတယ်💧

တစ်နေ့တာလုံး အလုပ်များနေလို့ ရေမသောက်မိတာ၊ ကော်ဖီပဲ သောက်ဖြစ်တာ၊ ရေကို တစ်ခါတည်း အများကြီးသောက်တာတွေ လုပ်နေမိပြီလား? 🤔

ဒီနေ့တော့ 💛 REGAN HealthCare Services နဲ့အတူ “ရေသောက်ခြင်း အနုပညာ” ကို လေ့လာကြည့်ရအောင်👇

💧 ၁။ ရေဓာတ်က ဘာကြောင့် အရေးကြီးတာလဲ?
✅ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
✅ သွေးလည်ပတ်မှုနဲ့ အာဟာရပို့ဆောင်မှုတွေကို အထောက်အကူပြုတယ်
✅ ကျောက်ကပ်က စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားရာမှာ ကူညီပေးတယ်
✅ ဝမ်းချုပ်ခြင်းကို ကာကွယ်လျှော့ချရာမှာ အထောက်အကူပြုတယ်
✅ ရေဓာတ်လုံလောက်ခြင်းက ကိုယ်လက်လှုပ်ရှားမှုနဲ့ အာရုံစူးစိုက်မှုကို ထောက်ပံ့ပေးတယ်

🚨 ရေဓာတ်လျော့နည်းလာရင် ရေဆာခြင်း၊ ဆီးအရောင်ရင့်လာခြင်း၊ မောပန်းခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်ပါတယ်

💧 ၂။ တစ်နေ့ကို ရေဘယ်လောက် သောက်သင့်လဲ?
လူတိုင်းအတွက် ပမာဏတစ်ခုတည်း မရှိပါဘူး

📌 အရွယ်ရောက်သူအများစုအတွက် တစ်နေ့တာ စုစုပေါင်းရေဓာတ်လိုအပ်ချက်ကို အကြမ်းဖျင်း ၂–၃ လီတာဝန်းကျင်ကနေ စဉ်းစားနိုင်ပါတယ်

အစားအစာနဲ့ အခြားအဖျော်ယမကာတွေက ရရှိတဲ့ရေဓာတ်လည်း ပါဝင်ပါတယ်

☀️ ပူပြင်းတဲ့ရာသီဥတုမှာ နေထိုင်သူတွေ၊ ချွေးထွက်များသူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေက ပိုလိုအပ်နိုင်ပါတယ်

💡 မှတ်ထားပါ — ရေကို တစ်ခါတည်း အများကြီးသောက်မယ့်အစား တစ်နေ့တာလုံး ခွဲသောက်ပါ

🌿 ၃။ ရေသောက်ရာမှာ ဆောင်ရန်
✔️ မနက်နိုးတဲ့အခါ ရေတစ်ခွက် သောက်ပါ
✔️ အလုပ်စားပွဲမှာ ရေဘူးထားပြီး ပုံမှန်သောက်ဖို့ သတိပေးပါ
✔️ အပြင်ထွက်တဲ့အခါ ရေဘူးယူသွားပါ
✔️ လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ချွေးထွက်များချိန်မှာ ရေဓာတ်ဖြည့်ပါ
✔️ ဆီးအရောင်ကိုလည်း သတိထားကြည့်ပါ
အဝါဖျော့ရောင်ဖြစ်တာက ရေဓာတ်လုံလောက်မှုကို ခန့်မှန်းရာမှာ အသုံးဝင်တဲ့ လက္ခဏာတစ်ခုပါ

⚠️ ၄။ ရေသောက်ရာမှာ ရှောင်ရန်
❌ ရေဆာနေချိန်အထိ အချိန်ကြာကြာ မသောက်ဘဲမနေပါနဲ့
❌ ရေကို အချိန်တိုအတွင်း အလွန်အကျွံ အတင်းသောက်တာမျိုး မလုပ်ပါနဲ့
❌ ရေသောက်ရမယ့်အစား အချိုရည်နဲ့ သကြားများတဲ့ အဖျော်ယမကာတွေကို အမြဲအစားထိုးမသောက်ပါနဲ့
❌ ရေမသန့်ရှင်းတဲ့ အရင်းအမြစ်က ရေကို တိုက်ရိုက်မသောက်ပါနဲ့

🩺 ၅။ ဘယ်သူတွေ ပိုသတိထားဖို့လိုလဲ?
ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါရှိသူတွေ၊ ဆရာဝန်က ရေသောက်ပမာဏ ကန့်သတ်ထားသူတွေကတော့ အများသောက်သင့်တဲ့ ပမာဏကို အတင်းလိုက်နာမယ့်အစား ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ

💛 ရေသောက်ခြင်းက အလေ့အကျင့်ကောင်းတစ်ခုပါ
ကိုယ့်ခန္ဓာကိုယ်အတွက် မှန်ကန်စွာ သောက်တတ်ခြင်းက ပိုကောင်းတဲ့ ကျန်းမာရေးဆီ ဦးတည်တဲ့ ခြေလှမ်းတစ်ခုပါ

ကျန်းမာရေးဆိုတာ နေမကောင်းမှ ဂရုစိုက်ရတာ မဟုတ်ပါဘူး
နေ့စဉ်အလေ့အကျင့်ကောင်းလေးတွေကနေ စတင်နိုင်ပါတယ်

💬 သင်က တစ်နေ့ကို ရေဘယ်နှစ်ခွက်လောက် သောက်ဖြစ်လဲ? Comment မှာ မျှဝေပေးခဲ့ပါဦး

📌 ဒီ Post ကို ရေသောက်ဖို့ မေ့တတ်တဲ့ မိသားစုဝင်၊ သူငယ်ချင်းတွေဆီ Mention or Share ပေးလိုက်ပါဦး

REGAN HealthCare Services
🩺 Your Health, Our Priority ကျန်းမာရေးအသိပညာကို မျှဝေပြီး ကျန်းမာတဲ့ဘဝဆီ အတူလျှောက်လှမ်းကြမယ် 💛

REGAN HealthCare Services
Your Health. Our Care. ❤️

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
#မနက်စာ #မမေ့ပါနဲ့
#ရေသောက်ခြင်းအနုပညာ

🩺 “ဗိုက်အောင့်တိုင်း ဆေးသောက်နေရုံနဲ့ လုံလောက်ပြီလား?”အစာအိမ်မကောင်းဘူးလို့ ခံစားရတိုင်း ဆေးသောက်လိုက်၊ ခဏသက်သာသွားရင် မ...
13/10/2026

🩺 “ဗိုက်အောင့်တိုင်း ဆေးသောက်နေရုံနဲ့ လုံလောက်ပြီလား?”

အစာအိမ်မကောင်းဘူးလို့ ခံစားရတိုင်း ဆေးသောက်လိုက်၊ ခဏသက်သာသွားရင် မေ့ထားလိုက်နဲ့… 🤔

တချို့လက္ခဏာတွေက အကြောင်းရင်းကို သေချာစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်

ဒီနေ့ 💛 REGAN HealthCare Services ကနေ Endoscopy ဆိုတာ ဘာလဲ၊ ဘယ်သူတွေ စဉ်းစားသင့်လဲ ဆိုတာ နားလည်လွယ်အောင် ရှင်းပြပေးပါမယ်နော်

🔎 Endoscopy ဆိုတာ ဘာလဲ?
ရိုးရိုးရှင်းရှင်းပြောရရင် ခန္ဓာကိုယ်အတွင်းပိုင်းကို Camera ပါတဲ့ ပျော့ပြောင်းတဲ့ပြွန်လေးနဲ့ တိုက်ရိုက်ကြည့်ရှုစစ်ဆေးတဲ့ နည်းလမ်းတစ်ခုပါ

အစာအိမ်နဲ့ အစာခြေလမ်းကြောင်းအပေါ်ပိုင်းကို စစ်ဆေးတဲ့ Gastroscopy မှာတော့ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်အစပိုင်းတို့ကို ကြည့်ရှုနိုင်ပါတယ်

လိုအပ်ပါက အသားစနမူနာယူပြီး ထပ်မံစစ်ဆေးနိုင်ပါတယ်

👨‍⚕️ ဘယ်သူတွေ Endoscopy ကို စဉ်းစားသင့်လဲ?
အောက်ပါလက္ခဏာတွေ ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်

▪️ အစာမကြေခြင်း၊ ရင်ပူခြင်း မကြာခဏဖြစ်ခြင်း ▪️ ဗိုက်အပေါ်ပိုင်း နာကျင်မှု မကြာခဏဖြစ်ခြင်း ▪️ အစာမျိုချရခက်ခြင်း
▪️ အန်ခြင်း မကြာခဏဖြစ်ခြင်း
▪️ အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန်ကျခြင်း
▪️ ယခင်က အစာအိမ်ရောဂါရှိခဲ့ပြီး ဆရာဝန်က ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားထားခြင်း

သတိပြုရန် — ဒီလက္ခဏာတွေရှိတိုင်း Endoscopy မဖြစ်မနေလုပ်ရမယ်လို့ မဆိုလိုပါဘူး

လူနာရဲ့ အခြေအနေ၊ အသက်အရွယ်နဲ့ ဆေးမှတ်တမ်းပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ စစ်ဆေးမှုကို ဆုံးဖြတ်ပေးမှာပါ

💛 Endoscopy လုပ်ရမှာ ကြောက်နေတယ်ဆိုရင်လည်း… စိုးရိမ်တာတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးနိုင်ပါတယ်

စစ်ဆေးမှုအမျိုးအစား၊ ပြင်ဆင်ရမယ့်အချက်တွေနဲ့ မေ့ဆေး သို့မဟုတ် စိတ်သက်သာစေတဲ့ဆေး အသုံးပြုနိုင်မှုတို့ကိုလည်း ဆေးရုံအဖွဲ့နဲ့ တိုင်ပင်နိုင်ပါတယ်

🏥💛 REGAN HealthCare Services က ဘာတွေကူညီပေးနိုင်လဲ?

လူနာတွေအနေနဲ့ ဆေးရုံရွေးချယ်တာ၊ Appointment ယူတာနဲ့ ဘယ်လိုစတင်ရမလဲဆိုတာ မသေချာဖြစ်တတ်ကြပါတယ်

💛 REGAN HealthCare Services မှာတော့ လူနာတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆေးရုံမှာ Medical Appointment ကြိုတင်စီစဉ်နိုင်ဖို့ ကူညီပေးနေပါတယ်

📩 Endoscopy နဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးဖို့ စီစဉ်ချင်တယ်ဆိုရင်

💛 REGAN HealthCare Services ရဲ့ Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ရောဂါရှိမှ ကျန်းမာရေးကို ဂရုစိုက်တာမဟုတ်ဘဲ၊ မိမိခန္ဓာကိုယ်ရဲ့ သတိပေးချက်တွေကို အချိန်မီနားထောင်ပေးဖို့ အရေးကြီးပါတယ် 💛

REGAN နဲ့ ဆေးစစ်မယ်
🩺 Your Health, Our Priority

သင့်အတွက် သင့်တော်မယ့် Health Checkup Package နဲ့ ခရီးစဉ်ကို REGAN မှ စီစဉ်ပေးပါမယ်

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
MedicalAssistance ဲ့ဆေးစစ်မယ်

🎂 အသက် ၃၀ ကျော်လာလို့ စိတ်မညစ်နဲ့… ဒီတစ်ခါတော့ အသက် ၃၀ ပြည့်တာက Advantage ဖြစ်နေပြီ! 😎✨ဘာလို့လဲဆိုတော့… အသက် ၃၀ နဲ့အထက်သ...
12/10/2026

🎂 အသက် ၃၀ ကျော်လာလို့ စိတ်မညစ်နဲ့… ဒီတစ်ခါတော့ အသက် ၃၀ ပြည့်တာက Advantage ဖြစ်နေပြီ! 😎✨

ဘာလို့လဲဆိုတော့…
အသက် ၃၀ နဲ့အထက်သူတွေအတွက် 30% OFF ရမယ့် Special Promotion ရှိနေလို့ပါ 🎉

🏥 JIVAKA HOSPITAL × REGAN HealthCare Services

မန္တလေးမြို့ရှိ Jivaka Hospital (ဇီဝကဆေးရုံကြီး) မှာ Medical Checkup ဆေးစစ်မယ့် အသက် ၃၀ နှစ်နှင့်အထက်သူများအတွက် 30% Discount နဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ အခွင့်အရေးကောင်းလေး ရောက်ရှိလို့လာပါပြီ 💛

✨ အသက် ၃၀ ကျော်ပြီဆိုတာ အသက်အရွယ်တစ်ခုကို ရောက်လာတာထက် ပိုပါတယ်
ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ အချိန်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်

ဒီတော့ ကိုယ့်အတွက်ရော၊ ကိုယ်ချစ်ရတဲ့ မိသားစုအတွက်ပါ ကျန်းမာရေးကို အလေးထားလိုက်ရအောင်နော် 🩺

📍 Medical Checkup Special Promotion 🏥 Jivaka Hospital (ဇီဝကဆေးရုံကြီး) — မန္တလေး

🎁 အသက် ၃၀ နှစ်နှင့်အထက် — 30% OFF

📩 ဒီ Promotion နဲ့ ဆေးစစ်ဖို့ REGAN HealthCare Services မှာ အခုပဲ ကြိုတင် Appointment ယူထားနိုင်ပါပြီ

အသက် ၃၀ ကျော်တာကို စိတ်မညစ်နဲ့…
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အခွင့်အရေးကောင်းကို လက်မလွတ်နဲ့! ❤

REGAN HealthCare Services
Your Health, Our Priority.

📩 Medical Check-up / Treatment / Vaccination အတွက် အခမဲ့တိုင်ပင်ဆွေးနွေးလိုပါက REGAN HealthCare Services ကို Message ပို့လိုက်ပါ

REGAN HealthCare Services Your Health. Our Care. ❤️

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
MedicalAssistance
#ဇီဝကဆေးရုံကြီး #ဇဝကဆေးရုံကြီး #သီတင်းကျွတ် #သီတင်းကျွတ်အထူးအစီအစဉ် #30 #လူကြီးမိဘများအတွက် #ကျန်းမာရေးလက်ဆောင် #ဂါဝရတရား
#ဇဝကဆေးရုံ #သီတင်းကျွတ် #သီတင်းကျွတ်အထူးအစီအစဉ်

🥗 “အစားအသောက်ဂရုစိုက်တယ်ဆိုတာနဲ့… Medical Health Check-up မလိုတော့ဘူးလား?”MYTH ❌ “ကျန်းမာအောင်စားတယ်၊ အားကစားလုပ်တယ်၊ ဘ...
11/10/2026

🥗 “အစားအသောက်ဂရုစိုက်တယ်ဆိုတာနဲ့… Medical Health Check-up မလိုတော့ဘူးလား?”

MYTH ❌ “ကျန်းမာအောင်စားတယ်၊ အားကစားလုပ်တယ်၊ ဘာလက္ခဏာမှလည်းမရှိဘူး…
ဒါဆို ဆေးစစ်ဖို့ မလိုတော့ဘူးပေါ့!”

FACT ✅ ကျန်းမာအောင်စားတာက ရောဂါကို ကာကွယ်ဖို့အတွက်ပါ
Medical Health Check-up က ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေသလဲ သိဖို့အတွက်ပါ။ 🩺

ဒါကြောင့်—
🥗 Healthy Food
🏃 Regular Exercise
😴 Enough Sleep ရှိနေရင်တောင် ပုံမှန် Medical Health Check-up လုပ်ထားသင့်ပါတယ်

ဘာကြောင့်လဲဆိုတော့ သွေးပေါင်၊ သွေးချို၊ Cholesterol၊ အသည်း၊ ကျောက်ကပ် စတဲ့ ကျန်းမာရေးအခြေအနေတွေဟာ အစောပိုင်းမှာ သိသာတဲ့လက္ခဏာမပြဘဲ ရှိနေနိုင်တာကြောင့်ပါ

📌 မှတ်ထားရမယ့် စကားတစ်ခွန်း —
“ကျန်းမာအောင်စားတာက ကာကွယ်တာ၊ ဆေးစစ်တာက ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်သိထားတာ” ❤️

ဖျားနာမှ ဆေးစစ်မယ်ဆိုတာထက် မဖျားနာခင် ကိုယ့်ကျန်းမာရေးအခြေအနေကို သိထားတာ ပိုကောင်းပါတယ်

🩺💛 REGAN HealthCare Services ကိုယ့်အသက်အရွယ်နဲ့ လိုအပ်ချက်အလိုက် Health Check-up ပြုလုပ်နိုင်ဖို့ Package ရွေးချယ်ခြင်း၊ ဆေးရုံ Appointment စီစဉ်ခြင်းတို့ကို စီစဥ်ဆောင်ရွက် ပေးနေပါတယ်

သင့်အတွက် သင့်တော်မယ့် Health Checkup Package နဲ့ ခရီးစဉ်ကို REGAN မှ စီစဉ်ပေးပါမယ်

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
MedicalAssistance ဲ့ဆေးစစ်မယ်

🩺 “ဆေးစစ်ဖို့ ဘယ်အချိန်သွားသင့်လဲ?” ဒီမေးခွန်းတစ်ခုတည်းမဟုတ်ပါဘူး…ဆေးစစ်မယ်ဆိုမှ “မနက်ပိုင်းသွားရမလား?” “ဘာတွေမစားရဘူ...
10/10/2026

🩺 “ဆေးစစ်ဖို့ ဘယ်အချိန်သွားသင့်လဲ?” ဒီမေးခွန်းတစ်ခုတည်းမဟုတ်ပါဘူး…

ဆေးစစ်မယ်ဆိုမှ
“မနက်ပိုင်းသွားရမလား?”
“ဘာတွေမစားရဘူးလဲ?”
“ကြိုတင် Booking လုပ်ရမလား?”
“ဆေးစစ်ပြီးရင် ချက်ချင်းပြန်လို့ရလား?” ဆိုပြီး မေးခွန်းတွေက ဆက်တိုက်ပေါ်လာတတ်ပါတယ်

ဒါကြောင့် 👑 REGAN HealthCare Services က ဆေးစစ်မယ့်သူတွေအတွက် မေးလေ့ရှိတဲ့ FAQ 5 ခုကို တစ်နေရာတည်းမှာ ရှင်းပြပေးထားပါတယ် 👇

❶ ဆေးစစ်ဖို့ ဘယ်အချိန်သွားသင့်လဲ?
အဖြေ — မနက်ပိုင်း သွားတာပိုအဆင်ပြေပါတယ်။ 🌅
အထူးသဖြင့် Blood Test / Health Checkup တွေမှာ Fasting လုပ်ထားဖို့လိုတဲ့ စစ်ဆေးမှုတွေရှိနိုင်တာကြောင့် မနက်ပိုင်းသွားရင် အစာရှောင်ချိန်ကို ပိုလွယ်ကူစွာ ပြည့်မီစေနိုင်ပါတယ်

👉 ဒါပေမယ့် စစ်ဆေးမယ့် Package နဲ့ Hospital ပေါ်မူတည်ပြီး လိုအပ်ချက်တွေ ကွာနိုင်တာကြောင့် ကြိုတင်စစ်ဆေးထားဖို့ အရေးကြီးပါတယ်

❷ ဆေးမစစ်ခင် ဘာတွေမစားမသောက်ရလဲ?
အဖြေ — Fasting လိုအပ်တဲ့ Checkup ဆိုရင် ပုံမှန်အားဖြင့် 10–12 နာရီခန့် အစာရှောင်ရပါတယ်
💧 ရေကိုတော့ သောက်လို့ရပါတယ်
🚫 အစားအစာ 🚫 ကော်ဖီ / နို့ / အချိုရည် 🚫 Alcohol ပါဝင်တဲ့ ယမကာများ စတာတွေကို ရှောင်ဖို့လိုပါတယ်
“ကော်ဖီတစ်ခွက်ပဲ ဘာဖြစ်မှာလဲ?” ဆိုပြီး မနက်စာအစား ကော်ဖီသောက်ပြီးသွားတာမျိုးတော့ မလုပ်သင့်ပါဘူး 😅
📌 ကိုယ်စစ်မယ့် Package ရဲ့ Fasting Requirement ကို ကြိုတင်မေးထားပါ။

❸ ဆေးစစ်ဖို့ ကြိုတင် Booking လုပ်ဖို့လိုလား?
အဖြေ — လုပ်ထားတာ ပိုကောင်းပါတယ်
📅Hospital မှာ Appointment လိုအပ်တာ၊ Package အလိုက် စစ်ဆေးမယ့် Department မတူတာ၊ အချိန်ကြာမြင့်မှု မတူတာတွေရှိနိုင်ပါတယ်
ဒါကြောင့် “သွားမှ စီစဉ်မယ်” ထက် “မသွားခင် အားလုံးစီစဉ်ထားမယ်” ဆိုတာက ပိုအဆင်ပြေပါတယ်
👑 REGAN HealthCare Services မှာတော့ Consultation → Package ရွေးချယ်ခြင်း → Appointment စီစဉ်ခြင်း → ဆေးရုံသို့သွားရောက်ခြင်း အထိ ကူညီစီစဉ်ပေးနိုင်ပါတယ်

❹ ဆေးစစ်ဖို့သွားတဲ့နေ့ ဘာတွေယူသွားသင့်လဲ?
📌 Passport / ID
📌 ဆေးရုံ Appointment Information
📌 လက်ရှိသောက်နေတဲ့ ဆေးဝါးအချက်အလက် 📌 အရင်က ဆေးစစ်ထားတဲ့ Report ရှိရင် Report အဟောင်းများ
ပြီးတော့ မိမိမှာရှိတဲ့ ရောဂါအခြေအနေ၊ သောက်နေတဲ့ဆေး၊ Allergy ရှိ/မရှိ စတာတွေကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို မှန်မှန်ကန်ကန်ပြောပြပေးဖို့လည်း အရေးကြီးပါတယ်

❺ “ဆေးစစ်ပြီးရင် ဘာဆက်လုပ်ရမလဲ?”
အဖြေ — Report ရတာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး ❤️
Checkup ရဲ့ အရေးကြီးဆုံးအပိုင်းက ကိုယ့်ရဲ့ Health Result ကို နားလည်ပြီး နောက်တစ်ဆင့် ဘာလုပ်သင့်လဲ သိရှိဖို့ပါ
Result ထဲမှာ ပုံမှန်မဟုတ်တဲ့အချက်တစ်ခုခု တွေ့ရင် ဆရာဝန်ရဲ့ အကြံပြုချက်အတိုင်း Follow-up ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်

“ဘာမှမဖြစ်ဘူးထင်လို့ မစစ်ဘူး” ဆိုတာထက် “ဘာဖြစ်နေလဲ သိဖို့ စစ်ထားမယ်” ဆိုတာက ကိုယ့်ကျန်းမာရေးအတွက် ပိုကောင်းပါတယ် 🩺

💡 ဆေးစစ်မယ်ဆိုတာ ရောဂါရှာဖို့သက်သက် မဟုတ်ပါဘူး
ကိုယ့်ကျန်းမာရေးအခြေအနေကို ကြိုသိပြီး ကိုယ့်ကိုယ်ကို ပိုကောင်းကောင်းဂရုစိုက်နိုင်ဖို့ပါ

🇹🇭 Bangkok 🇲🇲 Yangon / Mandalay
ဘယ်နေရာမှာပဲ Medical Checkup လုပ်ချင်လုပ်ချင်

👑REGAN HealthCare Services က Appointment စီစဉ်ပေးခြင်း၊ Checkup Package ရွေးချယ်ရာမှာ အကြံပြုပေးခြင်း၊ သွားလာရေးစီစဉ်ပေးခြင်းတို့ကို ကူညီပေးနေပါတယ်

📩 ဆေးစစ်ဖို့ စိတ်ကူးရှိပေမယ့်
“ဘယ်ကစရမလဲ?” မသိသေးရင် REGAN ကို မေးနိုင်ပါတယ်

REGAN နဲ့ ဆေးစစ်မယ်
🩺 Your Health, Our Priority

သင့်အတွက် သင့်တော်မယ့် Health Checkup Package နဲ့ ခရီးစဉ်ကို REGAN မှ စီစဉ်ပေးပါမယ်

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
MedicalAssistance ဲ့ဆေးစစ်မယ်

🪔 🪔 သီတင်းကျွတ်မှာ…လူကြီးမိဘတွေကို  ကန်တော့ပန်းဆင်ဖို့ ပိုမိုကောင်းမွန်ပြီး တန်ဖိုးရှိတဲ့ လက်ဆောင်မွန် တစ်ခု❤️သီတင်းကျွတ...
09/10/2026

🪔 🪔 သီတင်းကျွတ်မှာ…လူကြီးမိဘတွေကို ကန်တော့ပန်းဆင်ဖို့ ပိုမိုကောင်းမွန်ပြီး တန်ဖိုးရှိတဲ့ လက်ဆောင်မွန် တစ်ခု❤️

သီတင်းကျွတ်ဆိုတာ မိဘဘိုးဘွား၊ ဆရာသမားနဲ့ ကိုယ့်ထက်အသက်ကြီးသူတွေကို ဂါဝရတရားရှေ့ထားပြီး ရိုသေကန်တော့ကြတဲ့ မြန်မာ့ရိုးရာ အစဉ်အလာကောင်းတစ်ခုပါ

သီတင်းကျွတ်ရောက်တိုင်း မိဘဘိုးဘွားတွေရဲ့ ရှေ့မှာ ဂါဝရတရားနဲ့ လက်အုပ်ချီ ကန်တော့ကြတယ်…

“ကျန်းမာပါစေ… အသက်ရှည်ပါစေ…” ဆိုတဲ့ ဆုတောင်းစကားတွေကိုလည်း ရင်ထဲကနေ အမြဲပြောဖြစ်ကြပါတယ် 🪔🙏

ဒါပေမယ့်…

ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို တကယ်ဂရုစိုက်ပေးနေတာကရော ဘယ်အချိန်ကစပြီးလဲ?

ဒီသီတင်းကျွတ်မှာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ “ကျန်းမာစေချင်တဲ့ မေတ္တာ” ကို လက်ဆောင်ပေးလိုက်ပါ

ဒီနှစ် သီတင်းကျွတ်မှာတော့ လက်ဆောင်တစ်ခု ပေးရုံထက် “ကျန်းမာနေစေချင်တယ်” ဆိုတဲ့ စိတ်ကို လက်တွေ့ပြသပြီး ကန်တော့ကြရအောင်

မန်းရွှေမြို့တော်ရဲ့ Jivaka Hospital – ဇီဝက ဆေးရုံကြီး မှာ သီတင်းကျွတ်အထူးအစီအစဉ်အဖြစ် Medical Checkup Package များကို 30% Discount နဲ့ အောက်တိုဘာလတစ်လလုံး ရရှိနိုင်ပါပြီ ❤️

👨‍🦳 အမျိုးသား အသက် 45 နှစ်အထက် – Senior Citizen Checkup
👩‍🦳 အမျိုးသမီး အသက် 45 နှစ်အထက် – Senior Citizen Checkup

အပြင်—

👨 အမျိုးသား အသက် 30–40 – Prime Health Assessment
👩 အမျိုးသမီး အသက် 30–40 – Prime Health Assessment

စတဲ့ Health Checkup Package တွေကိုလည်း 30% Discount နဲ့ စစ်ဆေးနိုင်ပါတယ်

ဒီသီတင်းကျွတ်မှာ မိဘတွေကို “ကန်တော့ပါတယ်” လို့ ပြောရုံမဟုတ်ဘဲ…

“အမေ… အဖေ… ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးချင်လို့ ဆေးစစ်ဖို့ ကြိုတင်စီစဉ်ပေးထားတယ်နော်…”လို့ ပြောနိုင်ခဲ့ရင် အဲဒီစကားလေးက မိဘတွေအတွက် သီတင်းကျွတ်လက်ဆောင်တွေထဲမှာ အမှတ်တရအဖြစ်ဆုံး လက်ဆောင်တစ်ခု ဖြစ်နေမှာပါ❤️

🪔 ဒီသီတင်းကျွတ်… ကန်တော့ပန်းတင်တဲ့ လက်တွေထဲမှာ မိဘတွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်ပေးတဲ့ မေတ္တာပါ ထည့်ပေးလိုက်ပါ

💛 REGAN HealthCare Services မှ ချစ်ခင်ရတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို သတိတရ ဂရုစိုက်ပေးနိုင်ဖို့ ဒီသီတင်းကျွတ်မှာ အခုလို လမ်းညွှန်မျှဝေပေးလိုက်ပါတယ် 🌕🪔

📞 Jivaka Hospital Checkup Appointment အတွက် 💛 REGAN HealthCare Services မှာ ကြိုတင် Appointment ယူနိုင်ပါပြီ

ဒီသီတင်းကျွတ်မှာ… ကန်တော့ပန်းနဲ့အတူ “ကျန်းမာခြင်း” ကိုပါ ကန်တော့ကြမယ်။ ❤️

📩 Medical Check-up / Treatment / Vaccination အတွက် အခမဲ့တိုင်ပင်ဆွေးနွေးလိုပါက REGAN HealthCare Services ကို Message ပို့လိုက်ပါ

REGAN HealthCare Services Your Health. Our Care. ❤️

💛 REGAN HealthCare Services –
“Your Health, Our Priority.”💛

🩺 သင့်ကျန်းမာရေးအတွက် REGAN HCS 🩺
💛 REGAN နဲ့ ဆေးစစ်မယ် 💛

🇲🇲 Yangon
📲 Hotline: +959 77981 9457, +959 76169 7050
🏢 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township, Yangon, Myanmar.

🇹🇭 Bangkok
📲 Hotline: +66 95483 5670, +66 91731 6088
🏢 Bangkok, Thailand.

📲 Viber:+959 77981 9457, +959 77981 9457
📲 Line: +66 92529 2283, +66 91731 6088
📲 WhatsApp: +95 97616 97050, +66 91731 6088

📧Email: [email protected]

ဲ့ဆေးစစ်မယ် #ကျန်းမာရေး
MedicalAssistance
#ဇီဝကဆေးရုံကြီး #ဇဝကဆေးရုံကြီး #သီတင်းကျွတ် #သီတင်းကျွတ်အထူးအစီအစဉ် #လူကြီးမိဘများအတွက် #ကျန်းမာရေးလက်ဆောင် #ဂါဝရတရား
#ဇဝကဆေးရုံ #သီတင်းကျွတ် #သီတင်းကျွတ်အထူးအစီအစဉ် #မိဘကိုကျန်းမာစေချင်တယ်

Address

No. 288, Thamain Bayern Street, Kyee Bwar Yae Quarter, Thingangyun Township
Yangon
11071

Website

Alerts

Be the first to know and let us send you an email when REGAN - HealthCare Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share