10/11/2026
✈️ ပိတ်ရက်ရှည်မှာ ခရီးသွားမယ့်သူများ ဒီကျန်းမာရေးပြဿနာ သတိထား
🏖️ ခရီးသွားရာသီရောက်ပြီဆိုတော့ ခရီးသွားဖို့ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီလား။
ခရီးသွားရတာ ပျော်စရာကောင်းပေမယ့် သူ့နောက်ကွယ်က မမြင်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း သတိပြုသင့်ပါတယ်။ ခရီးသွားတဲ့အခါ သတိထားရမယ့် ကျန်းမာရေးပြဿနာတွေကတော့
🔹 ဝမ်းပျက်ဝမ်းလျှော
မရောက်ဖူးတဲ့ဒေသက မစားဖူးတာတွေ စားတဲ့အခါ အခန့်မသင့်ရင် အစာအဆိပ်သင့်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ ဒါကြောင့် ရောက်လေရာနေရာမှာ အစာသန့်၊ ရေသန့်ကို သတိပြုပါ။
🔹 တိုက်ဖွိုက်ရောဂါ
တိုက်ဖွိုက်ကလည်း သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေ၊ သေချာကျက်အောင် မချက်ထားတဲ့ အစားအစာတွေကို စားမိတဲ့အခါ ဖြစ်တတ်ပါတယ်။
🔹 ငှက်ဖျား
တောထဲတောင်ထဲကို Trekking သွားတဲ့အခါ ငှက်ဖျားပိုးသယ်ထားတဲ့ ခြင်ကိုက်ခံရရင် ငှက်ဖျားပါလာတတ်ပါတယ်။
🔹 အင်းဆက်ကိုက်ခံရခြင်း
ငှက်ဖျားလိုမျိုးပဲ ခြုံထူတဲ့နေရာ၊ သစ်ပင်များတဲ့နေရာကို သွားတဲ့အခါ အမျိုးအမည်မသိတဲ့ အင်းဆက်တွေ ကိုက်ခံရတတ်ပါတယ်။
🔹 နေလောင်ခြင်း
ကမ်းခြေသွားတဲ့အခါ၊ တောင်ပေါ်သွားတဲ့အခါ နေလောင်ကာခရင်မ်ကို သေချာမလိမ်းရင် နေလောင်တာ၊ နှင်းခူနဲ့ အရေပြားပြဿနာတွေ ပိုဆိုးလာတာတွေ ဖြစ်တတ်ပါတယ်။
⚠️ ဒါတွေကတော့ ခရီးသွားတဲ့အခါ မတော်တဆ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေပဲ ဖြစ်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်စေဖို့
✅ ရောက်လေရာမှာ အစားအစာသန့်ရှင်းရေးကို ဂရုစိုက်ပါ။
✅ ရေသန့်ပဲ သောက်ပါ။
✅ မကြာခဏ လက်ဆေးပါ။
✅ ခြင်မကိုက်ဆေးဖျန်းပါ။
✅ အင်းဆက်ကိုက်မခံရစေဖို့ လုံလုံခြုံခြုံဝတ်ပါ။
✅ နေလောင်ကာခရင်မ် သေချာလိမ်းပါ။
🌿 ဒါဆိုရင်တော့ ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးမှာ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။
🏥 ခရီးက ပြန်လာလို့ နေထိုင်မကောင်းဖြစ်လာပြီဆိုရင်လည်း မေတ္တာနန်းအထူးကုဆေးခန်းကို လာခဲ့လိုက်ပါ။ မေတ္တာနန်းအထူးကုဆေးခန်းက ဆရာဝန်များက မေတ္တာအပြည့်နဲ့ သေသေချာချာကုသပေးဖို့ အဆင်သင့်ရှိနေပါတယ်။
🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်
📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ ⏰
📲 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗
🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်
📲𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏
#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜