Dr Ko Ko Aung

Call Directions Contact the business

Dr Ko Ko Aung Dental and medical knowledges
(သွားနှင့်ခံတွင်းနှင့်ဆေးပညာဆိုင်ရာ ဗဟုသုတမျှဝေခြင်း)

⚠️ကလေးငယ်တွေ ပါးစပ်ကနေ အသက်ရှူနေတယ်ဆိုရင် သတိထားဖို့ လိုပါပြီIs Mouth Breathing Just a Habit, or a Sign of an Underlying...
04/11/2026

⚠️ကလေးငယ်တွေ ပါးစပ်ကနေ အသက်ရှူနေတယ်ဆိုရင် သတိထားဖို့ လိုပါပြီ

Is Mouth Breathing Just a Habit, or a Sign of an Underlying Problem?

စာရေးသူ~~ဒေါက်တာကိုကိုအောင်

မိဘတွေအနေနဲ့ ကိုယ့်ကလေးလေး အိပ်နေတဲ့အချိန် ပါးစပ်လေးဟပြီး အသက်ရှူနေတာကို သတိထားမိဖူးကြပါသလား။
တချို့ကလေးတွေဆို နေ့ခင်းဘက်မှာလည်း ပါးစပ်ဟပြီး အသက်ရှူတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘတွေက ပါးစပ်ပိတ်ထားဖို့ သတိပေးတတ်ကြသလို တချို့ကလည်း ကြီးလာရင် အလိုလိုပျောက်သွားမှာပါလို့ ယူဆတတ်ကြပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ စဉ်းစားရမယ့် အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။
ကလေးက ပါးစပ်ကို ဘာကြောင့်ဖွင့်ပြီး အသက်ရှူနေရတာလဲ။
တကယ်တော့ Mouth Breathing ကို အလေ့အကျင့်တစ်ခုအဖြစ်သာ မမြင်သင့်ပါဘူး။ တစ်ခါတစ်ရံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၁။ ❇️ပထမဆုံး နှာခေါင်းအသက်ရှူလမ်းကြောင်းကို စစ်ဆေးပါ
ပုံမှန်အားဖြင့် နှာခေါင်းဟာ အသက်ရှူရာမှာ အဓိကလမ်းကြောင်းဖြစ်ပါတယ်။
နှာခေါင်းက ဝင်လာတဲ့လေကို စစ်ထုတ်ပေးတယ်၊ နွေးထွေးစေတယ်၊ စိုထိုင်းဆကိုလည်း ထိန်းညှိပေးပါတယ်။
ဒါပေမဲ့ ကလေးတစ်ယောက်မှာ
Allergic rhinitis
Chronic nasal congestion
Adenoid hypertrophy
Enlarged tonsils
စတဲ့ အခြေအနေတွေရှိနေမယ်ဆိုရင် နှာခေါင်းကနေ အသက်ရှူရခက်လာနိုင်ပါတယ်။
အထူးသဖြင့် Adenoid ကြီးနေတဲ့ကလေးတွေမှာ ညဘက်ဟောက်ခြင်း၊ ပါးစပ်ဟအိပ်ခြင်း၊ အိပ်စက်စဉ် အသက်ရှူရပ်တန့်ခြင်းတွေပါ တွေ့ရနိုင်ပါတယ်။
ဒါကြောင့် Mouth Breathing တွေ့တာနဲ့ ပါးစပ်ပိတ်ဖို့ထက် Nasal Airway ကို အရင်စစ်ဆေးဖို့ လိုပါတယ်။

၂။❇️ပတ်ဝန်းကျင်နဲ့ ဓာတ်မတည့်မှုတွေကိုလည်း မမေ့ပါနဲ့
အိမ်တွင်းပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့်၊ Dust mites၊ Mold နဲ့ အခြား Allergens တွေက ကလေးတွေရဲ့ နှာခေါင်းအတွင်း ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။
တချို့မိဘတွေက နို့သောက်လို့ ချွဲထွက်တာများပြီး နှာခေါင်းပိတ်တယ်လို့ ယူဆတတ်ကြပါတယ်။
ဒါပေမဲ့ နို့ထွက်ပစ္စည်းတွေက ကလေးတိုင်းမှာ ချွဲထွက်မှုကို တိုးစေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိပါဘူး။ Milk allergy ရှိသူတွေမှာတော့ သီးခြားလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
အရေးကြီးတာက အစားအသောက်တွေကို ကိုယ့်သဘောနဲ့ ဖြတ်တောက်တာမျိုး မလုပ်ဘဲ အကြောင်းရင်းကို စနစ်တကျ ရှာဖွေဖို့ပါပဲ။

၃။❇️သွားဆရာဝန်တစ်ယောက်အနေနဲ့ Oral Structure ကိုလည်း ကြည့်ဖို့လိုပါတယ်

ဒီအပိုင်းကတော့ ကျွန်တော်တို့ Dental Professionals တွေအနေနဲ့ အထူးစိတ်ဝင်စားဖို့ ကောင်းတဲ့အပိုင်းပါ။
ကလေးတစ်ယောက်ရဲ့ ပါးစပ်ကို ကြည့်လိုက်တဲ့အခါ သွားတန်းလှပမှုတစ်ခုတည်းကိုသာ အာရုံစိုက်လို့ မရပါဘူး။
လျှာရဲ့ အနေအထား (Tongue Posture)၊ အာခေါင်ရဲ့ အကျယ်အဝန်း (Palatal Width)၊ နှုတ်ခမ်းပိတ်နိုင်မှု (Lip Competence) နဲ့ မေးရိုးဖွံ့ဖြိုးမှုတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။
ဥပမာ
-Narrow Maxillary Arch
-High-Arched Palate
-Posterior Crossbite
-Increased Lower Facial Height
-Tongue-tie (Ankyloglossia)
စတဲ့အခြေအနေတွေကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ Tongue-tie ရှိတိုင်း Mouth Breathing ဖြစ်တယ်လို့ မဆိုနိုင်သလို Tongue-tie ဖြတ်လိုက်ရုံနဲ့ အသက်ရှူမှုပြဿနာ ပြေလည်သွားမယ်လို့လည်း မယူဆသင့်ပါဘူး။
အဓိကကတော့ Structure နဲ့ Function နှစ်ခုစလုံးကို ဆက်စပ်စစ်ဆေးဖို့ ဖြစ်ပါတယ်။

၄။❇️Mouth Breathing က မျက်နှာနဲ့ မေးရိုးဖွံ့ဖြိုးမှုကို ဘယ်လိုသက်ရောက်နိုင်သလဲ❓
ဒီအချက်က မိဘတွေအနေနဲ့ အထူးသိထားသင့်တဲ့အကြောင်းအရာပါ။
ကလေးဘဝဆိုတာ Maxilla, Mandible နဲ့ Craniofacial Complex တွေ ဖွံ့ဖြိုးနေတဲ့ အရေးကြီးဆုံးကာလတွေထဲက တစ်ခုဖြစ်ပါတယ်။
ကြာရှည်စွာ Mouth Breathing ဖြစ်နေတဲ့ ကလေးတွေမှာ မျက်နှာနဲ့ မေးရိုးဖွံ့ဖြိုးမှုပုံစံ ပြောင်းလဲမှုတွေကို တွေ့ရှိနိုင်ကြောင်း သုတေသနတွေမှာ ဖော်ပြထားပါတယ်။
ဥပမာ
-အပေါ်မေးရိုးကျဉ်းလာခြင်း
-အာခေါင်မြင့်ပြီး ကျဉ်းလာခြင်း
-Posterior Crossbite ဖြစ်ခြင်း
-မျက်နှာအောက်ပိုင်း ရှည်လျားလာသည့် Growth Pattern တွေ့ရခြင်း
-Malocclusion ဖြစ်နိုင်ခြေရှိခြင်း
ဒီနေရာမှာ သတိပြုရမှာက Mouth Breathing ဟာ ဒီပြောင်းလဲမှုတွေရဲ့ တစ်ခုတည်းသော အကြောင်းရင်းလို့ သက်သေမပြနိုင်သေးပါဘူး။ သို့သော် ဆက်စပ်မှုရှိကြောင်း လေ့လာမှုများစွာက ဖော်ပြထားပါတယ်။
ဒါကြောင့် ကလေးငယ်တွေရဲ့ အသက်ရှူမှုပုံစံကို စောစီးစွာ သတိပြုမိဖို့ အရေးကြီးပါတယ်။

၅။❇️ဒါဆို ဘယ်လိုပြုပြင်ကုသကြမလဲ။
တချို့က Mouth Breathing ဖြစ်နေတဲ့ ကလေးကို နှုတ်ခမ်းလေးပိတ်ထားဖို့ လေ့ကျင့်ပေးရုံနဲ့ ရမယ်လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
ကုသမှုဟာ ဖြစ်စေတဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။
ENT Specialist က Nasal Airway၊ Adenoid နဲ့ Tonsil အခြေအနေကို စစ်ဆေးပေးရပါမယ်။
Allergic Rhinitis ရှိရင် သင့်တော်တဲ့ ဆေးကုသမှု ခံယူရပါမယ်။
Obstructive Sleep Apnea သံသယရှိရင် Sleep Study လိုအပ်နိုင်ပါတယ်။
Dental Professional က Palatal Development၊ Occlusion နဲ့ Orofacial Function တွေကို စစ်ဆေးပေးရပါမယ်။
လိုအပ်ပါက Myofunctional Therapy ကို သင့်လျော်တဲ့ ကုသမှုအစီအစဉ်နဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။
အရေးကြီးဆုံးကတော့ ကလေးရဲ့ နှာခေါင်းအသက်ရှူလမ်းကြောင်း မကောင်းသေးဘဲ ပါးစပ်ကို အတင်းပိတ်ထားခြင်း၊ Mouth Taping ပြုလုပ်ခြင်းမျိုးကို မလုပ်သင့်ပါဘူး။ အထူးသဖြင့် Baby တွေမှာ ပိုပြီးသတိထားရပါမယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက...
ကလေးတစ်ယောက် ပါးစပ်ဟပြီး အသက်ရှူနေတာကို တွေ့တဲ့အခါ ကျွန်တော်တို့ မေးရမယ့်မေးခွန်းက
"How can we close the mouth?" မဟုတ်ပါဘူး။
"Why can't this child breathe comfortably through the nose?" ဆိုတာပဲ ဖြစ်ပါတယ်။
Dental Professionals တွေအနေနဲ့လည်း ကလေးတွေရဲ့ သွားတန်းနဲ့ Occlusion ကိုသာမက Airway, Tongue Posture နဲ့ Craniofacial Growth တွေကိုပါ အမြဲထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကလေးတစ်ယောက်ရဲ့ ကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ သွားနဲ့ မေးရိုးတစ်ခုတည်းမဟုတ်ဘဲ အသက်ရှူမှုပုံစံကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်နေလို့ပါပဲ။

Don't just correct the habit. Find the cause. Restore healthy breathing.

#ကလေးကျန်းမာရေး⁠ #ပါးစပ်ကအသက်ရှူခြင်း⁠ ⁠ #သွားနှင့်ခံတွင်းကျန်းမာရေး⁠ #မိဘများသိစေဖို့⁠ #ကလေးပြုစုပျိုးထောင်ရေး⁠ ⁠ #ကျန်းမာရေးဗဟုသုတ⁠

References:

1. Ma Y, Xie L, Wu W. (2024). The effects of adenoid hypertrophy and oral breathing on maxillofacial development: A review of the literature. Journal of Clinical Pediatric Dentistry, 48(1), 1–6. Read article⁠.

2. American Academy of Pediatrics. (2012). Diagnosis and Management of Childhood Obstructive Sleep Apnea Syndrome. Pediatrics, 130(3), 576–584. Read guideline⁠.

3. American Academy of Pediatric Dentistry. (2025). Policy on Obstructive Sleep Apnea (OSA). Read policy⁠.

4. Zhang et al. (2024). Adenoid facies: a long-term vicious cycle of mouth breathing, adenoid hypertrophy, and atypical craniofacial development. Read review⁠.

5. Balfour-Lynn IM. (2019). Milk, mucus and myths. Archives of Disease in Childhood, 104, 91–93. Read article⁠.

#ဗဟုသုတမျှဝေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်ပြီးလူနာတစ်ဦးချင်းစီ၏ရောဂါရှာဖွေကုသမှုအတွက်ဆရာဝန်၏စစ်ဆေးမှုကိုအစားမထိုးနိုင်ပါ

Mini-screw–Assisted Implant FixationImplant Primary Stability အတွက် အပြန်အလှန် Mechanical Support ပေးနိုင်မည့် Concept တ...
04/11/2026

Mini-screw–Assisted Implant Fixation

Implant Primary Stability အတွက် အပြန်အလှန် Mechanical Support ပေးနိုင်မည့် Concept တစ်ခုဖတ်မိလို့ sharing လုပ်ပါတယ်။

ရေးသားသူ ~~ Dr. Ko Ko Aung

Dental Implant Placement မှာ Primary Stability ရရှိဖို့ဆိုတာ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် Low-density Bone နဲ့ Cortical Bone ပါးလွှာတဲ့နေရာတွေမှာ Initial Mechanical Stability ရရှိဖို့ စိန်ခေါ်မှုတွေ ရှိတတ်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ Biomechanical Concept တစ်ခုကတော့ Mini-screw–Assisted Implant Fixation ဖြစ်ပါတယ်။

ဒီ Concept ရဲ့ အဓိကအယူအဆက Main Implant တစ်ခုတည်းကို Bone ထဲမှာ Fixation လုပ်ခြင်းအပြင် Auxiliary Mini-screw တစ်ခုကို ထပ်မံအသုံးပြုပြီး Mechanical Support နဲ့ Rotational Resistance ကို အားဖြည့်ပေးဖို့ ဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်မလဲ။

ဒီနည်းလမ်းမှာ အဓိက Mechanism နှစ်ခုကို စဉ်းစားနိုင်ပါတယ်။

❇️၁။ Lateral Compression

Mini-screw က Main Implant ရဲ့ ဘေးတိုက် Supporting Force ကို ဖြည့်ဆည်းပေးပြီး Horizontal Displacement ကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

❇️၂။ Mutual Rotational Resistance

ဒီ Concept ရဲ့ အထူးစိတ်ဝင်စားစရာအချက်က Main Implant နဲ့ Mini-screw တို့ရဲ့ အပြန်အလှန်လှည့်အားခုခံမှု ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ Mechanism အရ Main Implant က Counterclockwise လည်ပတ်ဖို့ ကြိုးစားတဲ့အခါ Mini-screw မှာ Clockwise Tightening Effect ဖြစ်ပေါ်စေပြီး၊ Main Implant က Clockwise လည်ပတ်တဲ့အခါ Mini-screw က Counterclockwise Direction မှာ ခုခံပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီလို အပြန်အလှန် Mechanical Resistance က Implant Loosening နဲ့ Vertical၊ Horizontal Displacement တွေကို လျှော့ချနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ Research Question တစ်ခု ဖြစ်ပါတယ်။

Scientific Evidence က ဘာပြောထားသလဲ။

Marquezan et al. (2014) ရဲ့ Systematic Review မှာ Cortical Bone Thickness နဲ့ Miniscrew Primary Stability တို့အကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြထားပါတယ်။

Teekavanich et al. (2021) ရဲ့ Experimental Study မှာ Pilot Hole Size ပြောင်းလဲမှုက Bone Microdamage နဲ့ Primary Stability ကို သက်ရောက်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Methawit et al. (2023) ကလည်း Miniscrew Thread Geometry နဲ့ Bone Compression တို့ဟာ Primary Stability နဲ့ Bone Microdamage အပေါ် သက်ရောက်မှုရှိကြောင်း လေ့လာဖော်ပြထားပါတယ်။

ဒီ Research တွေဟာ Orthodontic Miniscrew ကို အခြေခံထားတာဖြစ်ပြီး Main Dental Implant နဲ့ Mini-screw တွဲဖက်အသုံးပြုတဲ့ နည်းလမ်းကို တိုက်ရိုက်အတည်ပြုထားတာ မဟုတ်ပါဘူး။

Mini-screw–Assisted Implant Fixation ဟာ Implant Primary Stability ကို မြှင့်တင်ရန် အပြန်အလှန် Mechanical Support နဲ့ Rotational Resistance ကို အသုံးချဖို့ စဉ်းစားထားတဲ့ စိတ်ဝင်စားဖွယ် Biomechanical Concept တစ်ခု ဖြစ်ပါတယ်။

⚠️သို့သော် ဒီ Mechanism ရဲ့ လက်တွေ့ထိရောက်မှုကို အတည်ပြုဖို့ Finite Element Analysis နဲ့ Clinical Research တွေ ထပ်မံလိုအပ်နေပါသေးတယ်⚠️

ပညာရပ်ဆိုင်ရာ အယူအဆအသစ်တွေကို လေ့လာခြင်းဟာ Clinical Innovation အတွက် အစပြုရာတစ်ခု ဖြစ်ပါတယ်။

#ဗဟုသုတအနေဖြင့်သာsharingလုပ်ခြင်းဖြစ်ပါတယ်

Reference;
1. Marquezan M, et al. (2014). Does cortical thickness influence the primary stability of miniscrews? A systematic review and meta-analysis. Angle Orthodontist, 84(6), 1093–1103. PubMed⁠
2. . Teekavanich C, et al. (2021). Evaluation of Cortical Bone Microdamage and Primary Stability of Orthodontic Miniscrew Using a Human Bone Analogue. Materials, 14, 1825. Full text⁠
3. Methawit P, et al. (2023). Cortical bone microdamage affects primary stability of orthodontic miniscrew. Journal of the World Federation of Orthodontists, 12(5), 229–236. PubMed

Composite Restoration များတွင် Fibre Reinforcement အသုံးပြုခြင်း၏ အရေးပါမှုUnderstanding the Role of Ribbond in Restorat...
03/11/2026

Composite Restoration များတွင် Fibre Reinforcement အသုံးပြုခြင်း၏ အရေးပါမှု

Understanding the Role of Ribbond in Restorative Dentistry

ရေးသားသူ ~~ Dr. Ko Ko Aung

၁။Restorative Dentistry မှာ Composite Resin ကို အသုံးပြုပြီး သွားများ ပြန်လည်တည်ဆောက်တဲ့အခါ ကျွန်တော်တို့ သတိပြုရမယ့် အရေးကြီးတဲ့အချက်နှစ်ချက် ရှိပါတယ်။

ပထမတစ်ခုက Polymerization Shrinkage ဖြစ်ပြီး ဒုတိယတစ်ခုက Configuration Factor (C-factor) ဖြစ်ပါတယ်။

Composite Resin ကို Light Cure ပြုလုပ်တဲ့အခါ Polymerization ဖြစ်စဉ်ကြောင့် Volume ကျုံ့ဝင်မှု ဖြစ်ပေါ်ပါတယ်။ ဒီလိုကျုံ့ဝင်မှုက Bonded Interface တွေမှာ Shrinkage Stress ဖြစ်စေနိုင်ပြီး Marginal Gap၊ Microleakage နဲ့ Cuspal Deflection စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အထူးသဖြင့် သွားရဲ့ သဘာဝဖွဲ့စည်းပုံ အများအပြားဆုံးရှုံးနေတဲ့ Structurally Compromised Teeth တွေကို Composite နဲ့ ပြန်လည်တည်ဆောက်တဲ့အခါ Restoration ရဲ့ Strength နဲ့ Fracture Resistance ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ အရေးကြီးလာပါတယ်။

ဒီနေရာမှာ Fibre Reinforcement နည်းပညာက အထောက်အကူပြုလာပါတယ်။

ဒီနေ့မှာတော့ Fibre Reinforcement Material တစ်ခုဖြစ်တဲ့ Ribbond အကြောင်းကို အဆင့်ဆင့် လေ့လာကြည့်ကြရအောင်။

၂။ Ribbond ဆိုတာ ဘာလဲ?

Ribbond ဆိုတာ Ultra-High Molecular Weight Polyethylene (UHMWPE) Fibre ကို အခြေခံထုတ်လုပ်ထားတဲ့ Dental Reinforcement Material တစ်မျိုး ဖြစ်ပါတယ်။

ဒီ Fibre ဟာ High Tensile Strength ရှိသလို Flexible ဖြစ်တဲ့အတွက် သွားရဲ့ ပုံသဏ္ဌာန်နဲ့ လိုက်လျောညီထွေစွာ အသုံးပြုနိုင်ပါတယ်။

ထို့အပြင် Plasma Treatment ပြုလုပ်ထားခြင်းကြောင့် Resin Material များနဲ့ ပေါင်းစပ်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ Composite Restoration အတွင်း Reinforcement Layer တစ်ခု ဖန်တီးပေးပြီး Restoration ရဲ့ Mechanical Properties ကို တိုးတက်စေဖို့ ဖြစ်ပါတယ်။

၃။ Composite Restoration မှာ Fibre Reinforcement ဘာကြောင့် လိုအပ်တာလဲ?

ဒီအချက်ကို နားလည်ဖို့ Polymerization Shrinkage နဲ့ C-factor ကို အရင်နားလည်ဖို့ လိုပါတယ်။

Polymerization Shrinkage
______________________

Composite Resin ကို Light Cure လုပ်လိုက်တဲ့အခါ Monomer တွေဟာ Polymer အဖြစ် ပြောင်းလဲသွားပါတယ်။ ဒီဖြစ်စဉ်မှာ Molecular Distance လျော့နည်းသွားပြီး Volume Shrinkage ဖြစ်ပေါ်လာပါတယ်။

ဒီ Shrinkage ကြောင့် ဖြစ်ပေါ်လာတဲ့ Stress တွေက

* Tooth-Restoration Interface မှာ Bonding Stress ဖြစ်စေခြင်း။
* Marginal Gap ဖြစ်ပေါ်နိုင်ခြင်း။
* Microleakage ဖြစ်နိုင်ခြင်း။
* Cuspal Deflection ဖြစ်စေနိုင်ခြင်း။
* Postoperative Sensitivity ဖြစ်ပေါ်နိုင်ခြင်း။

စတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒီနေရာမှာ သတိပြုရမှာက Ribbond ဟာ Polymerization Shrinkage ကို တိုက်ရိုက်လျှော့ချပေးတဲ့ Material မဟုတ်ပါဘူး။

သို့သော် Fibre Reinforcement အနေနဲ့ Composite Structure အတွင်း Stress Distribution ကို ကူညီပေးနိုင်ပြီး Crack Propagation ကို တားဆီးနှောင့်နှေးစေနိုင်ပါတယ်။

Configuration Factor (C-factor)
___________________________

C-factor ဆိုတာ Composite Restoration တစ်ခုမှာ Bonded Surface Area နဲ့ Unbonded Surface Area တို့ရဲ့ အချိုးအစား ဖြစ်ပါတယ်။

C-factor = Bonded Surface Area / Unbonded Surface Area

ဥပမာအားဖြင့် Class I Cavity မှာ Composite Resin က အတွင်းမျက်နှာပြင် ၅ ဖက်နဲ့ Bond ဖြစ်နေပြီး အပေါ်ဘက်မျက်နှာပြင်တစ်ဖက်သာ လွတ်လပ်နေပါတယ်။

ဒါကြောင့် C-factor မြင့်မားတဲ့ Restoration တစ်ခု ဖြစ်ပါတယ်။

C-factor မြင့်လာလေလေ Polymerization Shrinkage ကြောင့် ဖြစ်ပေါ်လာတဲ့ Stress တွေကို လွတ်လပ်စွာ လျော့ပါးစေဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။

Fibre Reinforcement က C-factor ကို တိုက်ရိုက်ပြောင်းလဲပေးတာ မဟုတ်ပေမယ့် Restoration အတွင်း Mechanical Reinforcement ပေးခြင်းအားဖြင့် Stress Distribution နဲ့ Crack Resistance ကို ကူညီပေးနိုင်ပါတယ်။

Ribbond ရဲ့ အဓိက အားသာချက်များ
___________________________

Ribbond ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို အချက်လိုက် ကြည့်ကြရအောင်။

၁။ Structural Reinforcement

သွားရဲ့ သဘာဝဖွဲ့စည်းပုံ အများအပြားဆုံးရှုံးနေတဲ့အခါ Composite Restoration ရဲ့ Structural Support ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ Fracture Resistance

Fibre တွေဟာ Crack တစ်ခု ဆက်လက်ပြန့်ပွားသွားမှုကို တားဆီးနှောင့်နှေးစေနိုင်တဲ့အတွက် Fracture Resistance တိုးတက်စေရန် အထောက်အကူပြုပါတယ်။

၃။ Stress Distribution

Composite Structure အတွင်း ဖြစ်ပေါ်လာတဲ့ Stress တွေကို ဖြန့်ဝေပေးခြင်းဖြင့် တစ်နေရာတည်းမှာ Stress စုစည်းမှု ဖြစ်ပေါ်ခြင်းကို လျော့ပါးစေနိုင်ပါတယ်။

၄။ Marginal Integrity

အချို့ Laboratory Studies တွေမှာ Fibre Reinforcement အသုံးပြုခြင်းကြောင့် Microleakage လျော့နည်းနိုင်ကြောင်း တွေ့ရှိထားပါတယ်။ ဒါပေမဲ့ Clinical Success ကို အမြဲတမ်း အာမခံနိုင်တာတော့ မဟုတ်ပါဘူး။

၅။ Structurally Compromised Teeth များအတွက် အထောက်အကူပြုခြင်း

Remaining Tooth Structure နည်းပါးနေတဲ့ သွားတွေကို ပြန်လည်တည်ဆောက်ရာမှာ သင့်တော်တဲ့ Restorative Design နဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။

၅။ Clinical Applications

ဒါဆို Ribbond ကို ဘယ်လို Clinical Situations တွေမှာ အသုံးပြုနိုင်သလဲ?

အဓိကအားဖြင့် -

၁။ Extensive Class I and Class II Composite Restorations

၂။ MOD Cavities with Weakened Cusps

၃။ Endodontically Treated Teeth

၄။ Structurally Compromised Teeth

၅။ Direct Composite Splinting

၆။ Adhesive Composite Bridges

စတဲ့ အခြေအနေတွေမှာ Case Selection နဲ့ Clinical Indication အပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။

သို့သော် Cuspal Coverage လိုအပ်တဲ့ သွားတွေမှာ Onlay သို့မဟုတ် Crown လို Definitive Restoration တွေကို Ribbond တစ်ခုတည်းနဲ့ အစားထိုးလို့မရပါဘူး။

၆။ Clinical Technique မှာ သတိပြုရမယ့်အချက်များ

Ribbond ကို အသုံးပြုတဲ့အခါ Material ရဲ့ အရည်အသွေးကောင်းမွန်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ Clinical Technique မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။

အထူးသဖြင့်

* လိုအပ်တဲ့ Length နဲ့ Shape အတိုင်း Fibre ကို ကြိုတင်ပြင်ဆင်ထားရပါမယ်။
* ထုတ်လုပ်သူရဲ့ Instructions အတိုင်း Unfilled Resin နဲ့ Fibre ကို Wetting ပြုလုပ်ရပါမယ်။
* Fibre နဲ့ Composite ကြား Void မဖြစ်စေဖို့ သတိပြုရပါမယ်။
* Fibre ကို သင့်တော်တဲ့ Position မှာ ထားရှိရပါမယ်။
* Fibre ကို Composite Resin နဲ့ လုံးဝဖုံးအုပ်ထားရပါမယ်။
* လုံလောက်တဲ့ Light Curing ရရှိစေရပါမယ်။

အထူးသဖြင့် Fibre ပေါ်နေခြင်း၊ Resin Impregnation မပြည့်စုံခြင်းနဲ့ Void ဖြစ်ခြင်းတွေဟာ Restoration ရဲ့ ရေရှည်အောင်မြင်မှုကို ထိခိုက်စေနိုင်ပါတယ်။

Scientific Evidence နဲ့ Clinical Perspective
_____________________________________
ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမယ့် အချက်တစ်ခုရှိပါတယ်။

Laboratory Study တွေမှာ Fibre Reinforcement ဟာ Fracture Resistance နဲ့ Mechanical Properties တွေကို တိုးတက်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။

သို့သော် Laboratory Result ကောင်းမွန်ခြင်းဟာ Clinical Long-term Success ကို အလိုအလျောက် အာမခံတာ မဟုတ်ပါဘူး။

လက်ရှိ Clinical Evidence အရ Ribbond အသုံးပြုခြင်းရဲ့ ရေရှည်အကျိုးကျေးဇူးနဲ့ Conventional Composite ထက် ပိုမိုသာလွန်မှုကို အတည်ပြုဖို့ နောက်ထပ် Clinical Studies တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် Fibre Reinforcement ကို Restoration တိုင်းမှာ မဖြစ်မနေ အသုံးပြုရမယ်လို့ မဆိုလိုပါဘူး။

Case Selection မှန်ကန်ခြင်း၊ Adhesive Protocol ကောင်းမွန်ခြင်း၊ Occlusal Management နဲ့ Restorative Design မှန်ကန်ခြင်းတို့ကလည်း အရေးကြီးပါတယ်။

Fibre Reinforcement ဟာ Modern Restorative Dentistry မှာ အသုံးဝင်နိုင်တဲ့ Reinforcement Technology တစ်ခု ဖြစ်ပါတယ်။

Ribbond ကဲ့သို့ UHMWPE Fibre တွေကို Composite Resin နဲ့ ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် Structurally Compromised Teeth တွေမှာ Restoration ရဲ့ Structural Integrity နဲ့ Fracture Resistance ကို တိုးတက်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

သို့သော် Ribbond ဟာ Polymerization Shrinkage ကို ဖယ်ရှားပေးတဲ့ Material မဟုတ်သလို C-factor ကိုလည်း တိုက်ရိုက်လျှော့ချပေးတာ မဟုတ်ပါဘူး။

Restorative Dentistry ဆိုတာ Cavity တစ်ခုကို ဖြည့်ပေးရုံသာမက သွားတစ်ချောင်းရဲ့ သဘာဝဖွဲ့စည်းပုံ၊ Strength နဲ့ Function ကို တတ်နိုင်သမျှ
ပြန်လည်ထိန်းသိမ်းပေးခြင်း ဖြစ်ပါတယ်။

CERAMIC DENTAL IMPLANT (ZIRCONIA IMPLANT)Indications, Contraindications, Advantages နှင့် Titanium Implant နှင့် Long-te...
01/11/2026

CERAMIC DENTAL IMPLANT (ZIRCONIA IMPLANT)

Indications, Contraindications, Advantages နှင့် Titanium Implant နှင့် Long-term Success နှိုင်းယှဉ်လေ့လာခြင်း

ရေးသားသူ – Dr. Ko Ko Aung

Dental Implantology နယ်ပယ်တွင် Titanium implant သည် နှစ်ပေါင်းများစွာ Clinical application ပြုလုပ်လာခဲ့ပြီး Long-term survival data နှင့် clinical evidence အခိုင်မာဆုံးရှိသော Implant material တစ်ခုဖြစ်ပါတယ်။
သို့သော် နည်းပညာတိုးတက်လာသည်နှင့်အမျှ Metal-free restoration ကို လိုလားမှု၊ Esthetic demand နှင့် Biocompatibility ကို အလေးထားလာမှုတို့ကြောင့် Ceramic implant များကိုလည်း အစားထိုးရွေးချယ်စရာတစ်ခုအဖြစ် အသုံးပြုလာကြပါတယ်။
လက်ရှိအသုံးပြုနေသော Ceramic dental implant များတွင် အဓိကအားဖြင့် Zirconia (Yttria-stabilized Tetragonal Zirconia Polycrystal – Y-TZP) ကို အသုံးပြုကြပါတယ်။
Zirconia သည် အဖြူရောင် Ceramic material ဖြစ်ပြီး ကောင်းမွန်သော Mechanical strength၊ Biocompatibility နှင့် Esthetic properties များရှိပါတယ်။
သို့သော် Material တစ်ခု၏ Biocompatibility ကောင်းမွန်ခြင်းသည် Clinical long-term success ပိုကောင်းသည်ဟု တိုက်ရိုက်မဆိုနိုင်ပါဘူး။
ဒါကြောင့် Zirconia implant ကို Clinical perspective မှ လေ့လာပြီး Titanium implant နှင့် နှိုင်းယှဉ်တင်ပြသွားပါမယ်။

၁။ Indications of Zirconia Implant
_____________________________

Zirconia implant ကို လူနာတိုင်းအတွက် ပထမဦးစားပေးရွေးချယ်ရန် မဟုတ်ဘဲ Clinical condition နှင့် Patient preference အပေါ်မူတည်၍ ရွေးချယ်အသုံးပြုသင့်ပါတယ်။

🍁 Esthetic zone

Anterior maxilla တွင် Implant placement ပြုလုပ်ရမည့်အခြေအနေ။
Thin gingival biotype ရှိသော လူနာများ။
Gingival recession ဖြစ်ပေါ်လာပါက Titanium ၏ မီးခိုးရောင်အရိပ် ပေါ်လာနိုင်မှုကို စိုးရိမ်ရသောအခြေအနေ။
Zirconia ၏ အဖြူရောင်သဘာဝသည် Soft tissue အောက်မှ Metal shadow ပေါ်လာနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။

🍁 Metal-free restoration ကို လိုလားသူများ

Metal-free treatment ကို ရွေးချယ်လိုသူများ။
Titanium အသုံးပြုခြင်းအပေါ် စိုးရိမ်မှုရှိသူများ။
Metal sensitivity ရှိကြောင်း သံသယရှိပြီး သင့်လျော်စွာ စစ်ဆေးအကဲဖြတ်ထားသူများ။

🍁Soft tissue esthetics ကို ဦးစားပေးရသော Case များ

Anterior region တွင် Gingival contour နှင့် Tissue color တို့သည် အလွန်အရေးကြီးသောကြောင့် Zirconia implant ကို Alternative option အဖြစ် စဉ်းစားနိုင်ပါတယ်။
သို့သော် Zirconia အသုံးပြုခြင်းတစ်ခုတည်းဖြင့် Esthetic outcome ကောင်းမွန်မည်ဟု မဆိုနိုင်ပါ။ Implant position၊ Bone architecture၊ Soft tissue thickness နှင့် Prosthetic design တို့လည်း အရေးကြီးပါတယ်။

၂။ Contraindications of Zirconia Implant
___________________________________
Zirconia implant အတွက် သီးသန့် Absolute contraindications များကို အထောက်အထားခိုင်မာစွာ သတ်မှတ်ထားခြင်း မရှိသေးပါ။ သို့သော် အောက်ပါအခြေအနေများတွင် သတိထားရွေးချယ်သင့်ပါတယ်။

🍁Severe Bruxism

Severe parafunctional habit ရှိသူများ။
Occlusal loading အလွန်များသော လူနာများ။
Posterior region တွင် Heavy occlusal force ရှိသော Case များ။
Zirconia သည် Compressive strength ကောင်းမွန်သော်လည်း Brittle material ဖြစ်သောကြောင့် Fracture ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရပါမယ်။

🍁Limited bone volume

Narrow alveolar ridge ရှိခြင်း။
Implant diameter အလွန်သေးငယ်စွာ အသုံးပြုရခြင်း။
Bone augmentation လိုအပ်သော ရှုပ်ထွေးသည့် Case များ။
အထူးသဖြင့် Narrow-diameter implant များတွင် Mechanical fracture risk ကို သတိထားသင့်ပါတယ်။

🍁Complex prosthetic rehabilitation
Full-mouth rehabilitation

Multiple implant-supported prosthesis။
Implant angulation များစွာ ပြုပြင်ရန်လိုအပ်ခြင်း။
Multi-unit restoration များတွင် Prosthetic flexibility လိုအပ်ခြင်း။
အထူးသဖြင့် One-piece zirconia implant များတွင် Implant placement ပြီးနောက် Abutment angulation ပြုပြင်ရန် အကန့်အသတ်ရှိပါတယ်။

🍁Poor primary stability

D4 bone quality။
Initial mechanical stability မရရှိခြင်း။
Immediate loading ပြုလုပ်ရန် အခြေအနေမသင့်ခြင်း။
ဒီအချက်များသည် Zirconia တစ်မျိုးတည်းအတွက် Contraindication မဟုတ်ဘဲ Titanium implant များတွင်လည်း အလားတူ သတိထားရမည့်အချက်များဖြစ်ပါတယ်။

⚠️General implant contraindications
________________________________
Uncontrolled diabetes mellitus။
Active periodontitis။
Poor oral hygiene။
Active infection at implant site။
Uncontrolled systemic disease။

ဒီအခြေအနေများကို အရင်ဆုံး ထိန်းချုပ်ကုသပြီးမှ Implant treatment စဉ်းစားသင့်ပါတယ်။

၃။ Advantages of Zirconia Implant
______________________________

❇️ Excellent esthetic properties

Zirconia သည် အဖြူရောင် Ceramic material ဖြစ်သောကြောင့် Thin gingival biotype ရှိသော လူနာများတွင် Titanium implant ၏ Greyish shadow ပေါ်လာနိုင်မှုကို လျှော့ချနိုင်ပါတယ်။

❇️Excellent biocompatibility

Zirconia သည် Biological tissue များနှင့် ကောင်းမွန်စွာ လိုက်လျောညီထွေရှိနိုင်သော Material ဖြစ်ပါတယ်။

❇️Low plaque accumulation potential

အချို့သော Clinical နှင့် In-vitro studies များတွင် Zirconia surface သည် Plaque accumulation နှင့် Bacterial adhesion နည်းပါးနိုင်ကြောင်း ဖော်ပြထားပါတယ်။
သို့သော် ယင်းအချက်သည် Surface roughness၊ Surface treatment နှင့် Oral hygiene တို့အပေါ် မူတည်ပါတယ်။

❇️High corrosion resistance

Zirconia သည် Ceramic material ဖြစ်သောကြောင့် Titanium ကဲ့သို့ Metal corrosion နှင့် Ion release ပြဿနာများ မရှိသလောက်ဖြစ်ပါတယ်။

❇️Metal-free option

Metal-free dental treatment ကို လိုလားသော လူနာများအတွက် အစားထိုးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
အားနည်းချက်များကိုလည်း သိထားရန်လိုပါတယ်။
Brittle material ဖြစ်ခြင်း။
Fracture ဖြစ်ပါက ပြုပြင်ရန်ခက်ခဲခြင်း။
Titanium ထက် Long-term clinical evidence နည်းပါးခြင်း။
Implant system နှင့် Design အလိုက် Mechanical performance ကွာခြားခြင်း။
Prosthetic flexibility အကန့်အသတ်ရှိနိုင်ခြင်း။

၄။ Long-term Successful Rate of Zirconia
___________________________________
Implant
_______
ဤအပိုင်းတွင် Implant Survival Rate နှင့် Implant Success Rate ကို သီးခြားခွဲခြားနားလည်ရန် လိုပါတယ်။
Survival rate ဆိုသည်မှာ Implant သည် ပါးစပ်အတွင်း ဆက်လက်တည်ရှိနေခြင်းကို အဓိကဆိုလိုပါတယ်။
Success rate ဆိုသည်မှာ Implant သည် Pain, Mobility, Persistent infection နှင့် အရေးပါသော Biological သို့မဟုတ် Mechanical complications မရှိဘဲ သတ်မှတ်ထားသော Clinical criteria များနှင့် ကိုက်ညီခြင်းကို ဆိုလိုပါတယ်။
Research evidence

1-year survival တွင် RCT data အရ သိသာသော ကွာခြားချက်မရှိပါ။
3-year survival တွင်လည်း သိသာသော ကွာခြားချက်မတွေ့ရှိပါ။
5-year နှင့်အထက်တွင် Survival နှင့် Marginal bone loss တို့သည် နှိုင်းယှဉ်နိုင်သော ရလဒ်များရှိခဲ့ပါတယ်။
သို့သော် Long-term evidence အတွက် လေ့လာမှုအရေအတွက် နည်းပါးနေသေးပါတယ်။

ဒါ့ကြောင့် Zirconia နှင့် Titanium တို့သည် 5-year အထိ Clinical outcome တူညီနိုင်သည့် အထောက်အထားများ ရှိလာသော်လည်း 10-year သို့မဟုတ် အဲဒီထက်ပိုကြာသော Long-term equivalence ကို အတည်ပြုနိုင်သေးခြင်း မရှိပါ။

၅။ Titanium Fixture နှင့် နှိုင်းယှဉ်ခြင်း
_____________________________

Clinical interpretation

Titanium implant သည် Mechanical reliability၊ Prosthetic flexibility နှင့် Long-term clinical evidence တို့တွင် အားသာချက်ရှိပါတယ်။
Zirconia implant သည် Esthetics၊ Metal-free option နှင့် Biological compatibility တို့တွင် အားသာချက်ရှိပါတယ်။
သို့သော် Zirconia သည် Titanium ထက် Plaque accumulation နည်းသည်ဟုဆိုရုံဖြင့် Peri-implantitis ဖြစ်ပွားမှုကို သေချာပေါက် လျှော့ချပေးနိုင်သည်ဟု ကောက်ချက်မချသင့်ပါ။
အလားတူ Implant survival ကောင်းမွန်ခြင်းနှင့် Implant success ကောင်းမွန်ခြင်းတို့သည်လည်း တူညီသော အဓိပ္ပာယ်မဟုတ်ပါ။

⚠️Implant ထည့်မယ့်သူ တစ်ယောက်အနေနဲ့ Implant material ရွေးချယ်ရာတွင် Material ၏ အားသာချက်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်ခြင်းထက် Clinical indication၊ Patient-related factors၊ Implant design နှင့် Long-term evidence တို့ကို ပေါင်းစပ်စဉ်းစားသင့်ပါတယ်။

၁။ Routine implant cases များတွင် Titanium implant ကို ပထမဦးစားပေးစဉ်းစားသင့်ပါတယ်။
အကြောင်းရင်းမှာ Long-term clinical evidence၊ Mechanical reliability နှင့် Prosthetic options ပိုမိုခိုင်မာကျယ်ပြန့်သောကြောင့်ဖြစ်ပါတယ်

၂။ Anterior esthetic zone တွင် Zirconia ကို Alternative option အဖြစ် စဉ်းစားနိုင်ပါတယ်။
အထူးသဖြင့် Thin gingival biotype နှင့် Metal-free restoration ကို လိုလားသော လူနာများတွင် အသုံးဝင်နိုင်ပါတယ်။

၃။ Zirconia implant ရွေးချယ်ရာတွင် Implant system ကို သေချာစစ်ဆေးပါ။
One-piece သို့မဟုတ် Two-piece design။
Implant-abutment connection။
Surface treatment။
Fracture resistance။
Manufacturer ရဲ့ Clinical evidence။
Long-term follow-up data။
တို့ကို လေ့လာသင့်ပါတယ်။

Patient selection သည် အလွန်အရေးကြီးပါတယ်။
Severe bruxism၊ Heavy occlusal loading နှင့် Complex prosthetic rehabilitation များတွင် Zirconia implant ကို ရွေးချယ်ရာ၌ ပိုမိုသတိထားသင့်ပါတယ်။

Implant material ထက် Treatment planning နှင့် Surgical ex*****on ကိုလည်း အလေးထားရပါမယ်။

Implant position၊ Three-dimensional bone availability၊ Primary stability၊ Occlusal management၊ Soft tissue management နှင့် Maintenance program တို့သည် Long-term success အတွက် အရေးကြီးသော အချက်များဖြစ်ပါတယ်။

Zirconia implant သည် Dental Implantology နယ်ပယ်တွင် တိုးတက်လာသော Metal-free alternative တစ်ခုဖြစ်ပြီး Esthetic နှင့် Biological advantages များရှိပါတယ်။
လက်ရှိ Research များအရ 5-year clinical performance သည် အားရဖွယ်ကောင်းပြီး Titanium implant နှင့် နှိုင်းယှဉ်နိုင်သော ရလဒ်များလည်း တွေ့ရှိလာရပါတယ်။
သို့သော် Long-term clinical evidence၊ Mechanical reliability နှင့် Prosthetic flexibility တို့အရ Titanium implant သည် လက်ရှိအချိန်အထိ ပိုမိုခိုင်မာသော Clinical foundation ရှိနေဆဲဖြစ်ပါတယ်။
အရေးကြီးဆုံးအချက်မှာ Implant material တစ်ခုသည် အခြားတစ်ခုထက် အမြဲတမ်းပိုကောင်းသည်ဟု သတ်မှတ်ခြင်းမဟုတ်ဘဲ လူနာတစ်ဦးချင်းစီ၏ Clinical condition နှင့် ကိုက်ညီသော Implant system ကို ရွေးချယ်နိုင်ခြင်းပင်ဖြစ်ပါတယ်။

References;

1. Padhye NM, et al. (2023). Survival and success of zirconia compared with titanium implants: A systematic review and meta-analysis. Clinical Oral Investigations. Read full research⁠.

2. (2023). Clinical and radiographic outcomes of zirconia dental implants – A systematic review and meta-analysis. PubMed⁠.

3. Duan C, et al. (2023). Clinical performance of zirconium implants compared to titanium implants: A systematic review and meta-analysis of randomized controlled trials. PeerJ research⁠.

4. (2024). Comparative Clinical Behavior of Zirconia versus Titanium Dental Implants. Journal of Clinical Medicine⁠.

5. Pachiou A, et al. (2026). Survival and Clinical Performance of Zirconia Compared to Titanium Implants: A Systematic Review and Meta-Analysis. PubMed⁠.

သမီးလေး… အောင်မြင်မှုဆိုတာ သိလား❓❓❓သမီးလေးရေ..အောင်မြင်မှုဆိုတာ ဘာလဲ သိလား။စာမေးပွဲမှာ အမှတ်အများဆုံးရတာ၊ ပြိုင်ပွဲမှာ ပ...
31/10/2026

သမီးလေး… အောင်မြင်မှုဆိုတာ သိလား❓❓❓

သမီးလေးရေ..

အောင်မြင်မှုဆိုတာ ဘာလဲ သိလား။

စာမေးပွဲမှာ အမှတ်အများဆုံးရတာ၊ ပြိုင်ပွဲမှာ ပထမဆုရတာ၊ သူများထက် ပိုတော်တာတွေကို အောင်မြင်မှုလို့ ခေါ်ကြတယ်။

ဒါပေမဲ့ ဖေဖေပြောချင်တဲ့ အောင်မြင်မှုဆိုတာ ဒီထက်ပိုအရေးကြီးတယ် သမီး။

ဥပမာလေး နှစ်ခု စဉ်းစားကြည့်ရအောင်။

🍁ပထမဥပမာတခုပေါ့

သမီးနဲ့ သူငယ်ချင်းတစ်ယောက် စာမေးပွဲဖြေကြတယ်။

သမီးက စာကို ကြိုးစားလေ့လာပြီး ကိုယ့်ဉာဏ်နဲ့ကိုယ် ဖြေတယ်။ အမှတ်က ၈၀ ပဲရတယ်။

သူငယ်ချင်းတစ်ယောက်ကတော့ စာမေးပွဲမှာ ခိုးချပြီး အမှတ် ၁၀၀ ရတယ်။

ဘယ်သူက တကယ်အောင်မြင်တာလဲ သမီး။

အမှတ် ၁၀၀ ရတဲ့သူက အပြင်ပန်းမှာ အောင်မြင်သလို မြင်ရပေမဲ့ သမီးကတော့ ကိုယ့်ကြိုးစားမှုနဲ့ ကိုယ်ရရှိတဲ့ အောင်မြင်မှုအစစ်ကို ပိုင်ဆိုင်ထားတာပါ။

🍁ဒုတိယဥပမာလေးတခု..

ကလေးနှစ်ယောက် ပြေးပြိုင်ကြတယ်။

တစ်ယောက်က စည်းကမ်းအတိုင်း ပြေးပြီး ပထမဆုရတယ်။

နောက်တစ်ယောက်ကတော့ သူများကို တွန်းချပြီး ပထမဆုယူတယ်။

နှစ်ယောက်စလုံး ပထမဆုရခဲ့ရင်တောင် တကယ်ဂုဏ်ယူထိုက်တာ ဘယ်သူလဲ။

❤️ သူများကို မနာကျင်စေဘဲ စည်းကမ်းတကျ ကြိုးစားပြီး အနိုင်ရတဲ့သူပဲ ဖြစ်ပါတယ်။

သမီးလေး…

ဖေဖေ သမီးကို မှာချင်တာကတော့…

👍သူများထက် ပိုတော်ဖို့ထက် ကိုယ့်ကိုယ်ကို ပိုတော်လာအောင် ကြိုးစားပါ။

🙅သူများကို လိမ်ညာပြီး မအောင်မြင်ပါစေနဲ့။

🙅သူများကို နင်းပြီး ကိုယ်တက်မလာပါနဲ့။

☝️မှားခဲ့ရင်လည်း ဝန်ခံရဲပါစေ။ ရှုံးနိမ့်ခဲ့ရင်လည်း ပြန်ကြိုးစားရဲပါစေ။

ဘာလို့လဲဆိုတော့…

နည်းလမ်းမှားနဲ့ ရလာတဲ့ အောင်မြင်မှုဟာ ဂုဏ်ယူစရာမဟုတ်ဘူး။

ရိုးသားမှု၊ ကြိုးစားမှု၊ စည်းကမ်းရှိမှုနဲ့ ရလာတဲ့ အောင်မြင်မှုကသာ တန်ဖိုးရှိတဲ့ အောင်မြင်မှုအစစ်ပါ။

နောက်ဆုံးတစ်ခု မှတ်ထားပါ သမီးလေး…

ဘဝမှာ ပထမဖြစ်ဖို့ထက် လူကောင်းတစ်ယောက်ဖြစ်ဖို့ ပိုအရေးကြီးတယ်။

ဖေဖေက သမီးကို အောင်မြင်တဲ့သူတစ်ယောက် ဖြစ်စေချင်သလို၊ အောင်မြင်မှုကို မှန်ကန်တဲ့လမ်းနဲ့ ရယူတတ်တဲ့ လူကောင်းတစ်ယောက်လည်း ဖြစ်စေချင်ပါတယ်။

#အောင်မြင်မှု့

BIOLOGICAL DENTISTRY & HOLISTIC DENTISTRYသွားတစ်ချောင်းထက် လူနာတစ်ဦးလုံးကို နားလည်ကုသခြင်းရေးသားသူ~~Dr. Ko Ko Aungဒီနေ့ ...
31/10/2026

BIOLOGICAL DENTISTRY & HOLISTIC DENTISTRY

သွားတစ်ချောင်းထက် လူနာတစ်ဦးလုံးကို နားလည်ကုသခြင်း

ရေးသားသူ~~Dr. Ko Ko Aung

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Biological Dentistry နဲ့ Holistic Dentistry ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့
လူနာတစ်ယောက် ကျွန်တော်တို့ဆီကို သွားနာလို့ ရောက်လာတယ်ဆိုပါစို့။
ကျွန်တော်တို့ ပုံမှန်လုပ်နေကျအတိုင်း သွားကိုစစ်ဆေးမယ်၊ X-ray ရိုက်မယ်၊ Diagnosis ချမယ်၊ လိုအပ်တဲ့ Treatment ပေးမယ်။
ဒါပေမဲ့ အဲဒီလူနာမှာ Diabetes ရှိနေမယ်၊ သွေးတိုးရောဂါရှိနေမယ်၊ ဆေးဝါးတချို့ကို ရေရှည်သောက်နေရမယ်ဆိုရင်ရော။
ကျွန်တော်တို့ရဲ့ Treatment Plan က ပုံမှန်စဉ်းစားလို့မးတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကုသပေးနေတာဟာ သွားတစ်ချောင်းတည်း မဟုတ်ပါဘူး။
သွားတစ်ချောင်းကို ပိုင်ဆိုင်ထားတဲ့ လူနာတစ်ဦးလုံး ဖြစ်နေလို့ပါပဲ။
ဒီအယူအဆကို ပိုမိုနားလည်စေမယ့် ပညာရပ်ဆိုင်ရာအမြင်နှစ်ခုက Biological Dentistry နဲ့ Holistic Dentistry ဖြစ်ပါတယ်။

၁။ Biological Dentistry ဆိုတာ ဘာလဲ။
______________________________

အရင်ဆုံး Biological Dentistry ကို နားလည်အောင် ရှင်းပြပါမယ်။

Biological ဆိုတဲ့ စကားလုံးက သက်ရှိတွေရဲ့ ဇီဝဖြစ်စဉ်နဲ့ သက်ဆိုင်ပါတယ်။

ဒါကြောင့် Biological Dentistry ဆိုတာ Dental Treatment တစ်ခုကို စဉ်းစားတဲ့အခါ သွား၊ သွားဖုံး၊ အရိုးနဲ့ အခြားခံတွင်းတစ်ရှူးတွေရဲ့ Biological Response ကို ထည့်သွင်းစဉ်းစားတဲ့ ကုသမှုအယူအဆလို့ နားလည်နိုင်ပါတယ်။

ဒီနေရာမှာ အဓိကအချက်သုံးချက် ရှိပါတယ်။

ပထမအချက် ~Biocompatibility

ကျွန်တော်တို့ Dental Practice မှာ Composite၊ GIC၊ Ceramic၊ Titanium Implant၊ Zirconia စတဲ့ Material အမျိုးမျိုးကို အသုံးပြုနေကြပါတယ်။
ဒီ Material တွေကို ရွေးချယ်တဲ့အခါ ခိုင်ခံ့မှု၊ လှပမှုနဲ့ ကြာရှည်ခံမှုတင်မကဘဲ သက်ဆိုင်ရာတစ်ရှူးတွေနဲ့ ဘယ်လောက်သဟဇာတဖြစ်သလဲဆိုတာကိုပါ စဉ်းစားရပါတယ်။
ဒါကို Biocompatibility လို့ ခေါ်ပါတယ်။
သတိပြုရမှာက Biocompatible ဖြစ်တယ်ဆိုတာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒုတိယအချက် ~~Tissue Preservation

သဘာဝသွားတစ်ရှူးတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။
ဥပမာ~Caries Treatment မှာ သွားပျက်စီးနေတဲ့နေရာကိုသာ ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားပြီး Healthy Tooth Structure ကို မလိုအပ်ဘဲ မဖယ်ရှားဖို့ ဖြစ်ပါတယ်။
ဒီနေရာမှာ Selective Caries Removal၊ Minimally Invasive Dentistry နဲ့ Vital Pulp Therapy တို့ဟာ အရေးကြီးတဲ့ Clinical Approaches တွေ ဖြစ်ပါတယ်။

တတိယအချက် ~~ Biological Healing

Dental Treatment တစ်ခုအောင်မြင်ဖို့ဆိုတာ Procedure ပြီးသွားရုံနဲ့ မပြီးသေးပါဘူး။
ကုသပြီးနောက် တစ်ရှူးတွေ ဘယ်လိုပြန်လည်ကုစားလာသလဲ၊ Inflammation ဘယ်လိုလျော့ကျလာသလဲ၊ Bone Healing နဲ့ Osseointegration ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာတွေကိုပါ စဉ်းစားရပါတယ်။
အထူးသဖြင့် Implant Dentistry မှာ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။

၂။ Holistic Dentistry ဆိုတာ ဘာလဲ။
_____________________________

နောက်တစ်ခုက Holistic Dentistry ဖြစ်ပါတယ်။

Holistic ဆိုတာ လူတစ်ဦးကို သီးခြားကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုအနေနဲ့ မကြည့်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်စပ်ပြီး ကြည့်ရှုခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ Biological Dentistry နဲ့ Holistic Dentistry ရဲ့ ကွာခြားချက်ကို သတိပြုစေချင်ပါတယ်။
Biological Dentistry က Tissue Response၊ Biocompatibility နဲ့ Biological Processes တွေကို ပိုမိုအလေးထားပါတယ်။
Holistic Dentistry ကတော့ ခံတွင်းကျန်းမာရေးကို လူနာရဲ့ Overall Health၊ Lifestyle နဲ့ Systemic Conditions တွေနဲ့ ပေါင်းစပ်စဉ်းစားပါတယ်။

ဥပမာတစ်ခု ကြည့်ကြရအောင်။

Diabetes ရှိတဲ့ လူနာတစ်ယောက်ကို Implant Treatment ပေးမယ်ဆိုပါစို့။

ကျွန်တော်တို့က Bone Quantity နဲ့ Bone Quality ကိုပဲ ကြည့်ပြီး Implant ထည့်လို့ရမရ ဆုံးဖြတ်လို့ မရပါဘူး။
လူနာရဲ့ Glycemic Control၊ Periodontal Condition၊ Smoking Habit၊ Medication History နဲ့ Healing Capacity တွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။
ဒီလို လူနာတစ်ဦးလုံးရဲ့ ကျန်းမာရေးအခြေအနေကို ပေါင်းစပ်သုံးသပ်တာဟာ Holistic Approach ဖြစ်ပါတယ်။ပေါင်းစပ်သုံးသပ်တဲ့ပြီးဆေးကုတာကတော့ ဆရာဝန်တိုင်းသိပေမယ့် Holistic အဆိုအရ drugs ထက် nutrients တွေ၊သဘာဝနဲ့အနီးစပ်ဆုံးတွေ ပိုမို
အလေးပေးတဲ့သဘောပါ။

🍁Oral-Systemic Health Connection

ဒီအပိုင်းကတော့ ကျွန်တော်တို့ Dental Practitioners တွေအနေနဲ့ အထူးနားလည်ထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။
Oral Health နဲ့ Systemic Health ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပါတယ်။
ဥပမာ သုံးခုကို ကြည့်ကြရအောင်။

🍁Diabetes Mellitus နှင့် Periodontitis

Diabetes ရှိတဲ့ လူနာတွေမှာ Periodontitis ဖြစ်ပွားနိုင်ခြေနဲ့ ပြင်းထန်မှု ပိုများနိုင်ပါတယ်။
Hyperglycemia ကြောင့် Advanced Glycation End Products (AGEs) များ စုပုံလာခြင်း၊ Inflammatory Response ပြောင်းလဲခြင်းနဲ့ Host Immune Response ထိခိုက်ခြင်းတို့ကြောင့် Periodontal Tissue Destruction ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။
အပြန်အလှန်အားဖြင့် Periodontal Inflammation ကလည်း Glycemic Control ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် Diabetes လူနာတွေအတွက် Periodontal Management ဟာ အရေးကြီးပါတယ်။

🍁Cardiovascular Disease နှင့် Periodontitis

Periodontitis နဲ့ Cardiovascular Disease တို့ကြား ဆက်စပ်မှုရှိကြောင်း လေ့လာမှုများစွာမှာ တွေ့ရှိထားပါတယ်။
Periodontal Inflammation၊ Bacterial Products နဲ့ Systemic Inflammatory Response တို့ဟာ ဒီဆက်စပ်မှုမှာ ပါဝင်နိုင်ပါတယ်။
သို့သော် ဆက်စပ်မှုရှိတယ်ဆိုတာ တိုက်ရိုက်အကြောင်းရင်းဖြစ်တယ်လို့ သက်သေပြပြီးသား မဟုတ်ပါဘူး။

ဒါကို သေချာခွဲခြားနားလည်ဖို့ လိုပါတယ်။

🍁Pregnancy နှင့် Periodontal Health

ကိုယ်ဝန်ဆောင်ချိန်မှာ Hormonal Changes ကြောင့် Gingival Inflammation ပိုမိုဖြစ်ပွားနိုင်ပါတယ်။
Periodontitis နဲ့ Adverse Pregnancy Outcomes တို့ကြား ဆက်စပ်မှုကိုလည်း လေ့လာထားကြပါတယ်။
ဒါပေမဲ့ Periodontitis က Premature Birth ကို တိုက်ရိုက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းရင်းဆက်စပ်မှုကိုတော့ အတည်ပြုနိုင်တဲ့ သက်သေအထောက်အထား မလုံလောက်သေးပါဘူး။
အဓိကဆိုလိုချင်တာက Oral Health ဟာ Systemic Health နဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။

⚠️Biological Dentistry မှာ အငြင်းပွားနေတဲ့ အချက်များ

ဒီနေရာမှာ အရေးကြီးတဲ့အပိုင်းတစ်ခုကို ဆွေးနွေးချင်ပါတယ်။

Biological Dentistry ဆိုတဲ့ အမည်အောက်မှာ ပြောဆိုနေကြတဲ့ အယူအဆအားလုံးဟာ သိပ္ပံနည်းကျ အတည်ပြုပြီးသား မဟုတ်ပါဘူး။
ကျွန်တော်တို့ Dental Practitioners တွေအနေနဲ့ Evidence-based Approach နဲ့ ခွဲခြားသုံးသပ်ဖို့ လိုပါတယ်။

(၁) Mercury-Free Dentistry

Dental Amalgam မှာ Mercury ပါဝင်ပါတယ်။

ဒါကြောင့် Biological Dentistry အချို့မှာ Amalgam အသုံးပြုမှုကို ရှောင်ရှားကြပါတယ်။

သို့သော် လက်ရှိမှာ ကောင်းမွန်စွာ အသုံးပြုနိုင်နေတဲ့ Amalgam Restoration ကို Mercury ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဖယ်ရှားဖို့ မလိုအပ်ပါဘူး။

ဖယ်ရှားခြင်းကိုယ်တိုင်ကလည်း ယာယီ Mercury Exposure ပိုများစေနိုင်ပါတယ်။

(၂) Root Canal Treatment

တချို့ Biological Dentistry အယူအဆတွေမှာ Root Canal Treatment ပြုလုပ်ထားတဲ့ သွားတွေဟာ ခန္ဓာကိုယ်အတွင်း Chronic Infection ဖြစ်စေနိုင်တယ်လို့ ပြောဆိုကြပါတယ်။
ဒါပေမဲ့ ဒီအဆိုကို ထောက်ခံနိုင်တဲ့ ခိုင်မာတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။
ခေတ်မီ Endodontics မှာ Diagnosis မှန်ကန်ခြင်း၊ Aseptic Technique၊ Chemomechanical Disinfection နဲ့ Proper Obturation တို့ကို အခြေခံပြီး Root Canal Treatment ကို ပြုလုပ်ပါတယ်။
အဓိကက Treatment Quality နဲ့ Periapical Healing ဖြစ်ပါတယ်။
တချို့ စာတွေဖတ်ပြီး RCT လုပ်ရင် overall health ကိုထိခိုက်နိုင်တယ် ရေးနေကြလို့ပါ။

(၃) Jawbone Cavitation နှင့် Detoxification

တချို့အယူအဆတွေမှာ Extraction ပြီးနောက် Jawbone အတွင်း Toxic Materials တွေ စုဝေးနေတယ်၊ Detoxification လုပ်ဖို့လိုတယ်ဆိုပြီး ပြောဆိုကြပါတယ်။
သို့သော် NICO နဲ့ Cavitation ဆိုင်ရာ အယူအဆတွေမှာ Diagnosis နဲ့ Treatment အတွက် ခိုင်မာတဲ့ Evidence မလုံလောက်သေးပါဘူး။
ရောဂါအထောက်အထားမရှိဘဲ Surgery ပြုလုပ်ခြင်းကို မထောက်ခံသင့်ပါဘူး။

(၄) Ozone Therapy

Ozone ကို Antimicrobial Agent အဖြစ် အသုံးပြုနိုင်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေရှိပါတယ်။
သို့သော် သာမန် Standard Treatment တွေထက် ပိုမိုထိရောက်တယ်ဆိုတဲ့ ခိုင်မာတဲ့ Clinical Evidence က အခြေအနေအားလုံးမှာ မရှိသေးပါဘူး။
ဒါကြောင့် Standard Treatment ကို အစားထိုးအသုံးပြုဖို့ သတိထားသင့်ပါတယ်။

၅။ ကျွန်တော်တို့ Clinical Practice မှာ ဘယ်လိုအသုံးချမလဲ။

ဒီအပိုင်းကို အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။

Biological နဲ့ Holistic Approach ကို လက်တွေ့အသုံးချဖို့ဆိုတာ အထူးအဆန်း Treatment တွေ လုပ်ဖို့ မလိုပါဘူး။
ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ Evidence-based Dentistry ထဲမှာပဲ အကောင်အထည်ဖော်နိုင်ပါတယ်။
Evidence base dentistry အတွက်က ပုံမှန်ပြုလုပ်နေကြပါပဲ။

* လူနာတိုင်းရဲ့ Medical History ကို သေချာစစ်ဆေးခြင်း။
* သဘာဝသွားတစ်ရှူးတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းခြင်း။
* သင့်လျော်တဲ့ Biocompatible Materials ကို ရွေးချယ်ခြင်း။
* Infection Control ကို တိတိကျကျ လိုက်နာခြင်း။
* Periodontal Health ကို ရေရှည်ထိန်းသိမ်းခြင်း။
* လူနာရဲ့ Lifestyle၊ Smoking၊ Diet နဲ့ Medication History ကို ထည့်သွင်းစဉ်းစားခြင်း။
* Treatment တစ်ခုချင်းစီကို Evidence-based Diagnosis နဲ့ ဆုံးဖြတ်ခြင်း။
ဒီအချက်တွေဟာ Biological Dentistry ဆိုတဲ့ နာမည်မတပ်ထားရင်တောင် modern Dentistry ရဲ့ အရေးကြီးတဲ့ အခြေခံမူတွေ ဖြစ်ပါတယ်။

ဒါတွေကို ပြန်ချုပ်ကြည့်မယ်ဆိုရင် Biological Dentistry နဲ့ Holistic Dentistry ဟာ လူနာရဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေ နားလည်စေတဲ့ အယူအဆတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအယူအဆတွေကို အသုံးချတဲ့အခါ သိပ္ပံနည်းကျ အထောက်အထားနဲ့ ခွဲခြားဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ သွားတစ်ချောင်းကို ပြုပြင်ပေးနိုင်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။
သဘာဝတစ်ရှူးတွေကို ထိန်းသိမ်းပေးနိုင်ဖို့၊ လူနာရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထည့်သွင်းစဉ်းစားနိုင်ဖို့နဲ့ ရေရှည်ကုသမှုရလဒ်ကောင်းတွေ ရရှိစေဖို့ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အလေးထားပြောချင်တဲ့ စကားတစ်ခွန်းရှိပါတယ်။

“Treat the Patient, Not Just the Tooth.”

သွားတစ်ချောင်းကိုသာ မကြည့်ပါနဲ့။ သွားတစ်ချောင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လူနာတစ်ဦးလုံးကို နားလည်အောင် ကြိုးစားကြရမှာပါ။

References ;

1. American Dental Association – Evidence-Based Dentistry.
2. FDI World Dental Federation – Oral Health and General Health.
3. Chapple ILC et al. Periodontal health and systemic diseases – EFP consensus reports.
4. Tonetti MS, Jepsen S. Periodontal health and cardiovascular disease.
5. American Association of Endodontists – Root Canal Treatment and Systemic Health.
6. American Dental Association – Dental Amalgam and Patient Safety.

Address

Dubai

Telephone

+959963290020

Website

Alerts

Be the first to know and let us send you an email when Dr Ko Ko Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr Ko Ko Aung:

Shortcuts

Share

Nearby health & beauty businesses