Deciphering the White Coat

Directions Website Contact the business

Deciphering the White Coat Unveiling the science, humanity, and wisdom behind the white coat.

လူနာတစ်ယောက်အတွက် ဆေးညွှန်းတဲ့အခါ ကိုယ့်ကြောင့် လူနာအတွက် ဆေးကုသမှုဝန်ထုပ်ဝန်ပိုး ပိုမကြီးစေရအောင် အတတ်နိုင်ဆုံး သတိထားပ...
15/09/2026

လူနာတစ်ယောက်အတွက် ဆေးညွှန်းတဲ့အခါ ကိုယ့်ကြောင့် လူနာအတွက် ဆေးကုသမှုဝန်ထုပ်ဝန်ပိုး ပိုမကြီးစေရအောင် အတတ်နိုင်ဆုံး သတိထားပြီး prescription ပေးဖို့ဟာ ဆေးညွှန်းသူတိုင်းရဲ့ တာဝန်လို့ ကိုယ်က ခံယူပါတယ်။
Pharmacist မရှိဘဲ ကိုယ်တိုင်ဆေးညွှန်းရတဲ့ အခြေအနေတွေမှာ—
* Dose မှန်ကန်ရဲ့လား?
* Timing / dosing interval မှန်ရဲ့လား?
* Drug–drug interaction ရှိနိုင်လား?
* Renal impairment / hepatic impairment ကြောင့် dose adjustment လိုအပ်လား?
* လူနာသောက်နေပြီးသား ဆေးတွေနဲ့ အဆင်ပြေရဲ့လား?
ဆိုတာတွေကို အပြန်ပြန်အလှန်လှန် စစ်ဆေးပေးဖို့က prescriber ကိုယ်တိုင်ရဲ့ အရေးကြီးတဲ့ တာဝန် ဖြစ်လာပါတယ်။
ဒါဟာ prescriber ရဲ့ responsibility နဲ့ accountability လည်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ကိုယ်ရင်းနှီးပြီး ပုံမှန်သုံးနေကျဆေးမဟုတ်ရင် BNF မှာ check လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။
အထူးသဖြင့် renal impairment နဲ့ hepatic impairment ရှိတဲ့ လူနာတွေမှာ BNF ထဲက dose adjustment instructions တွေကို သေချာစစ်ဆေးပြီး အဲဒီအတိုင်း prescription ပေးနိုင်အောင် ကြိုးစားကြည့်ပါ။
Renal impairment ရှိတဲ့လူနာတွေမှာRenal dose adjustment လုပ်ရတဲ့ ဆေးဖြစ်ရင် renal function ကို သေချာအကဲဖြတ်ပြီး သင့်တော်တဲ့ renal function estimate ကို အသုံးပြုကာ dose ကိုညှိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သတိထားစေချင်တာက eGFR နဲ့ Creatinine Clearance (CrCl) ကို အလွယ်တကူ တူတယ်လို့ မယူဆမိဖို့ပါပဲ။
Drug trials အများအပြားနဲ့ drug labels တွေမှာ Cockcroft–Gault Creatinine Clearance (CrCl) ကို အသုံးပြုထားတတ်ပေမယ့်၊ laboratories အများစုကတော့ eGFR ကို routinely report လုပ်ပေးကြပါတယ်။ ဒါကြောင့် drug dosing အတွက် CrCl လိုအပ်တဲ့အခါ eGFR ကို အလွယ်တကူ အစားထိုးမသုံးမိဖို့ သတိထားသင့်ပါတယ်။
CrCl ကို MDCalc လို online calculator တွေနဲ့ လွယ်လွယ်ကူကူတွက်ချက်နိုင်တာမို့ CrCl ရဖို့ အပန်းမကြီးပါဘူး။
Renal dose adjustment အတွက် Renal impairment ရှိတဲ့လူနာတွေမှာ ဆေး dose ညှိဖို့ အသုံးဝင်တဲ့ renal drug handbook link ကိုလည်း ထည့်ပေးလိုက်ပါတယ်။
Online မှာ အသုံးပြုနိုင်သလို Offline PDF အနေနဲ့လည်း သိမ်းထားနိုင်တာကြောင့် prescription ရေးတဲ့အချိန်မှာ အလွယ်တကူ reference လုပ်နိုင်ပါတယ်။ comment မှာ link ထည့်ထားပါတယ်။
CKD လူနာတွေမှာ renal dose adjustment လုပ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဆေးတွေခန္ဓာကိုယ်ထဲမှာ စုပုံပြီး toxicity ဖြစ်လာခြင်းကို ကာကွယ်ရင်း၊ ရောဂါကုသနိုင်လောက်တဲ့ therapeutic drug exposure ကို ဆက်လက်ရရှိစေဖို့ ဖြစ်ပါတယ်။ဒါကြောင့် prescription တစ်ကြိမ်ရေးတိုင်း “ဒီလူနာရဲ့ renal function အတွက် ဒီ dose က သင့်တော်ရဲ့လား?” ဆိုတာ တစ်ချက်လောက် ပြန်စစ်တဲ့ အလေ့အကျင့် ရှိစေချင်ပါတယ်။
လူနာတစ်ယောက်ချင်းစီအတွက် ဆေးညွှန်းရာမှာ အဲဒီလို သတိထားပြီး အားထုတ်ပေးခြင်းဟာ ကောင်းမွန်တဲ့ prescribing practice ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ် ဆိုတာ ပြောပြချင်တာပါပဲ။
Enjoy your learning 📚

See less

29/07/2026
Running cardiac arrest experience က ဆရာဝန်တိုင်းအတွက် အရေးကြီးပါတယ်။Leading the Code ကို confidence ရှိရှိ လုပ်နိုင်ဖို့...
29/07/2026

Running cardiac arrest experience က ဆရာဝန်တိုင်းအတွက် အရေးကြီးပါတယ်။

Leading the Code ကို confidence ရှိရှိ လုပ်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို simulation နဲ့ အမြဲလေ့ကျင့်နေဖို့ လိုတယ်ဆိုတာ သတိရှိစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ACLS algorithms ကို သိထားတာ၊ စာဖတ်ထားတာက မရှိမဖြစ် အခြေခံပါ။ ဒါပေမယ့် တကယ့် cardiac arrest အချိန်မှာတော့ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချရတာ၊ team ကို ဦးဆောင်ရတာ၊ rhythm ကို ခွဲခြားရတာ၊ shock နဲ့ drug timing ကို ညှိနှိုင်းရတာ တွေက knowledge တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

Confidence က စာဖတ်ရုံကနေ မလာပါဘူး။ ထပ်ခါထပ်ခါ simulation လေ့ကျင့်ခြင်းနဲ့ deliberate practice ကနေ တည်ဆောက်လာတာပါ။
တကယ့် code blue မတိုင်ခင်၊ simulation ထဲမှာ အမှားလုပ်ပြီး သင်ယူထားတာက လူနာအတွက် ပိုလုံခြုံပြီး ကိုယ့်အတွက်လည်း ပိုအဆင်သင့် ဖြစ်စေပါတယ်။
Leading the Code ဆိုတာ talent မဟုတ်ပါဘူး။ လေ့ကျင့်မှုနဲ့ တည်ဆောက်နိုင်တဲ့ skill တစ်ခုပါလို့ အကြံပေးချင်ပါတယ်။

ကိုယ်သုံးနေကျ Applications တွေ share လိုက်ပါတယ်။ အများစုက free ရတာပါ။
2025 ACLS Algorithms ကို အခြေခံထားတဲ့ App တွေပါ။
Medicode - ACLS,PALS, BLS,CPR
https://apps.apple.com/gb/app/medicode-acls-pals-bls-cpr/id604382852
Free ရပါတယ်။ Algorithms တစ်ခုချင်းစီ Learning လုပ်ဖို့အဆင်ပြေပါတယ်။

ECG rhythm recognition ကိုလေ့ကျင့်ချင်ရင်တော့
Anesoft ရဲ့ ECG and ACLS Tutor ကိုသုံးကြည့်ပါ။
https://apps.apple.com/gb/app/ecg-and-acls-tutor/id6502144488
Free မဟုတ်ပေမယ့် Apple Store ကနေ one time download ကို 0.99£ ပေးရပါတယ်။ 6000 ကျပ်လောက် ပဲပေးရပါလိမ့်မယ်။

Simulated scenarios ကိုကျင့်ဖို့တော့
Resusbuddy
https://apps.apple.com/gb/app/resusbuddy/id6759798790
Free ရပါတယ်။
ACLS algorithm, PALS, CPR timers, Epinephrine reminders, H’s and T’s checklist
Bradycardia and tachycardia pathways စတာတွေ ပါပါတယ်။
Offline support လဲ ရလို့ connections မကောင်းတဲ့ နေရာတွေမှာလဲ အဆင်ပြေနိုင်ပါတယ်။

Full Code Medical Simulation
https://apps.apple.com/gb/app/full-code-medical-simulation/id1207424206
Free တော့ မဟုတ်ပေမယ့် case လေးခုလောက် free ပေးထားပါတယ်။ US based မို့ US မှာ အသုံးပြုတဲ့ terminology and practice patterns တွေနဲ့တော့ ဖြစ်ပါမယ်။ ဒါပေမယ့် Interactive virtual patient simulator အနေနဲ့ တော်တော် အဆင်ပြေပါတယ်။ Cases ပေါင်း 250 ကျော်ပါပါတယ်။ Speciality အစုံပါပဲ။ ACLS scenario က Anaphylactic shock အတွက် simulation ကို free ပေးထားပါတယ်။

Simulation သုံးရင် ကိုယ့်ရဲ့ clinical reasoning ကို ပို အသုံးချဖြစ်ပါတယ်။ သမားရိုးကျ memorization ထက် ပို အကျိုးရှိပါတယ်။ကိုယ် မှတ်ထားတာ ပြန်ပြီး Recalling facts လုပ်နေထက် စာရင် -
* Pattern recognition
* Emergency assessment using the ABCDE approach
* Diagnostic reasoning
* Investigation selection
* Time-critical decision making
* Prioritisation of treatment
* Avoiding common clinical errors — စတာတွေ ပိုလာအသုံးချလာလို့ ကိုယ့်ရဲ့ skills မှာ ပိုအကျိုးရှိပါမယ်။

Simulator သုံးရင် မကျေညက်ရင် ပြန် ထပ်ကျင့်နိုင်တာမို့ practice အထပ်ထပ်ရပြီး clinical performance တက်စေမယ့် learning approach ကို ရစေနိုင်ပါမယ်လို့ ပြောပါရစေ။

AHA ACLS ကတော့ အားလုံးထဲမှာ အဆင်ပြေဆုံးပါပဲ။ ဒါပေမယ့် တစ်နှစ် 4$ တောင်းပါတယ်။
https://apps.apple.com/gb/app/aha-acls/id1506944443
AHA ရဲ့ official app မို့ ACLS courses တွေမှာ အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် အသုံးကျမယ်ထင်ရင် တော့ သုံးကြည့်ပါ။

တစ်ရက်ကို အချိန်နည်းနည်းပေးပြီး
Medicode ကနေ ACLS Algorithm တစ်ခုလောက် 5 min စာလောက် ဖတ်ကြည့်ပါ။ ECG rhythm recognition ကို 10 min လောက်ကျင့်ပါ။ Full code or Resusbuddy ကနေ one complete simulated arrest scenario တစ်ခုစာ လေ့ကျင့်ပါ။ ပြီးရင် 5 min စာလောက် ကိုယ်လုပ်တာ ဘာအဆင်ပြေလဲ၊ နောက်တစ်ခေါက် ဘာပိုကောင်းအောင်လုပ်မလဲ ဆိုတာ Debriefing လုပ်ကြည့်ပါနော်။ တဖြည်းဖြည်းနဲ့ anxiety နည်နည်းနဲ့ Code arrest ကို confidently lead လုပ်နိုင်လာပါလိမ့်မယ်။

Resuscitation Council UK ရဲ့ ALS course က cardiac arrest management ကို သင်ယူဖို့ gold standard training တစ်ခုလို့ မှတ်ယူနိုင်ပါတယ်။
ဒါပေမယ့် လူတိုင်းမှာ course တက်ဖို့ အချိန်၊ နေရာ၊ ဒါမှမဟုတ် အခွင့်အရေး အဆင်သင့် မရှိနိုင်သေးပါဘူး။ ဒါကြောင့် course မတက်ခင်ပဲ ဖြစ်ဖြစ်၊ course တက်ပြီးနောက် skills ကို ထိန်းသိမ်းဖို့ပဲ ဖြစ်ဖြစ်၊ simulation apps နဲ့ virtual cardiac arrest scenarios တွေကို လေ့ကျင့်နေခြင်းက အလွန်အသုံးဝင်ပါတယ်။

Kind reminder ကတော့ Algorithms ကို သိထားခြင်းက အစပဲ ဖြစ်ပါတယ်။ တကယ့် Code Blue အချိန်မှာ confidence နဲ့ team ကို ဦးဆောင်နိုင်ဖို့ကတော့ ထပ်ခါထပ်ခါ simulation လေ့ကျင့်ခြင်း ကနေ တည်ဆောက်ရတဲ့ skill ဖြစ်တယ်ဆိုတာပါပဲ။ Practice doesn’t just make perfect—it helps you make safer decisions when every second matters.








Sneak Peek: Medical Uncertainty"Medicine is often the science of uncertainty and the art of probability." — Sir William ...
25/07/2026

Sneak Peek: Medical Uncertainty
"Medicine is often the science of uncertainty and the art of probability." — Sir William Osler
အခုခေတ် clinical examination အများစုမှာ medical uncertainty ကို အသားပေးပြီး assessment လုပ်လာကြတယ်။ ကိုယ့် clinical exam ရဲ့ အနည်းဆုံး station တစ်ခုမှာတော့ ဒီ uncertainty assessment ကို နဖူးတွေ့ ဒူးတွေ့ ဖြေရပါလိမ့်မယ်။
Exam မှာ ဒီ setting ဘာလို့ပါနေလဲဆိုတော့ ကိုယ်တို့ရဲ့ daily clinical practice မှာ medical uncertainty ကို နေ့စဉ်နေ့တိုင်းကိုင်တွယ်ဖြေရှင်းနေကြရလို့ပါပဲ။
ငယ်သေးသူတွေမို့ medical uncertainty ကို ကိုင်တွယ်ရာမှာ အခက်တွေ့တတ်ကြတယ်။ Clinical reasoning ကို ရထားတဲ့ Data ပေါ်မူတည်ပြီး reasonably decisions ထုတ်ဖို့ တွန့်ဆုတ်နေတတ်ကြတယ်။ examination pressure နဲ့ ပိုခက်ခဲနေတတ်ကြတယ်။ Uncertainty ကို ကိုယ့် service user ကို ဘယ်လို communication ကောင်းကောင်းလုပ်ရမလဲ ကို သတိလွတ်တတ်ကြတယ်။
ကိုယ်တို့ ရောဂါတွေ အကြောင်းလေ့လာရင် textbook ကိုဖတ်ကြပေမယ့် ကိုယ်တို့ ရဲ့ လူနာတိုင်းဟာ textbook diagnosis နဲ့ present လုပ်ကြတာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ နေ့စဉ် Emergency and acute practices တွေမှာဆို Medical uncertainty ဟာ အမြဲ သတိမူရ ဆင်ခြင်ရတဲ့ တွေးစရာ တစ်ခုပါပဲ။
Medical uncertainty ကို ကောင်းကောင်းကိုင်တွယ် နိုင်ဖို့ဆိုရင်- ဒီအချက်တွေကို နားလည်ထားရပါမယ်။
1. Why uncertainty is an inevitable part of clinical practice
2. Cognitive biases that lead to diagnostic errors
3. Balancing risk while avoiding over- and under-investigation
4. Using Bayesian thinking and pre-test probability in decision-making
5. Safety-netting, reassessment, and the importance of "diagnostic time"
6. Communicating uncertainty confidently with patients and colleagues
7. Practical frameworks to improve diagnostic reasoning and reduce error
သတိပေးချင်တာကတော့ - ကိုယ်တွေဟာ Medical uncertainty တစ်ခုကို စိတ်ပူပင်စွာနဲ့ eliminate ဖြစ်သွားအောင်လုပ်ဖို့ထက် ပိုအရေးကြီးတာကတော့ အဲ့ဒီ uncertainty ကို safely manage လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။
Great clinicians continuously gather new evidence, revisit their differential diagnoses, and remain willing to change their mind as new information becomes available.
ဒီအချက်ကတော့ take အပြီးမှာတောင် further vital signs, new symptoms, and investigations တွေကို follow-up လုပ်ရင်းနဲ့ ကိုယ့် differentials ကို narrowed down လုပ်နိုင်တာ ၊ ကိုယ်ထင်ထားတာကို အသေ မဆုပ်ကိုင်ပဲ humbly flexible ဖြစ်တဲ့ decisions တွေ ပေးနိုင်ခြင်းကသာ patient safety အတွက် အခရာ ဖြစ်တာမို့ examination မှာရော daily practice မှာပါ အသုံးချသင့်တဲ့ clinical excellence skill တစ်ခုပါလို့ အကြံပေးချင်တာပါပဲ။
နောက်ရက်တွေမှာ Medical uncertainty ကို ကိုင်တွယ်ရာမှာ သတိပြုရမယ့် အပေါ်က အချက်တွေကို ဆက်ရေးကြည့်ပါမယ်။
Embrace your medical uncertainty 🍀🍀 🍀
Enjoy your study 📚 📚📚
See less

ကိုယ်က September မှာ မွေးတဲ့ Virgo born  လေးဆိုတော့ ရေရာတာကို ကြိုက်တတ်တယ်။🍀🍀🍀နေ့တိုင်း ကိုယ် ဘယ်လို ဖြတ်သန်းနေလဲလို့ ကြ...
24/07/2026

ကိုယ်က September မှာ မွေးတဲ့ Virgo born လေးဆိုတော့ ရေရာတာကို ကြိုက်တတ်တယ်။
🍀🍀🍀
နေ့တိုင်း ကိုယ် ဘယ်လို ဖြတ်သန်းနေလဲလို့ ကြည့်မိတော့ detail oriented ဖြစ်ချင်တတ်တယ်။ မနက်ဖြန်ချက်ရမယ့် menu တောင် ဒီနေ့ညနေ အဆင်သင့်စဉ်းစားပြီး fridge ထဲ နေရာ ရွေ့စရာရှိတာ ရွေ့ထားရမှ နေပျော်တတ်တာမျိုး။ မနက်မှ surprise လုပ်ပြီး ဟိုဟာစားချင်တယ် ဒီဟာလုပ်ပေးပါလို့ ပြောရင် ကိုယ့်စိတ်က မပျော်တော့ဘူး။ အချိန်နည်းနည်း ပြန်ယူ defrost လုပ်ရမှာ ပြောင်းစီစဉ်ရမှာလေးကို comfort မဖြစ်တတ်တဲ့ စိတ်လေးက ချောင်ကြားက ထွက်လာတတ်တယ်။ ကိုယ် ကအဲဒီစိတ်လေးကို break မအုပ်မိရင် အာရုံက စနောက်လာရော။
ခရီးသွားလည်း ဒီလိုပဲ။ ခရီး ထွက်ရတာ ကြိုက်လို့ break ရတိုင်း သွားတာပဲ။ဒါပေမယ့် ကြိုစီစဉ်မှ နေသာထိုင်သာရှိတယ်။ ထွက်သွားပြီး ရောက်ရာပေါ့ ဆိုတဲ့ trip မျိုးကြတော့လည်း ကိုယ်က comfort ဖြစ်မနေပြန်ဘူး။ 4-5 လ အလိုကတည်းက လက်မှတ်စီစဉ် တည်းဖို့စီစဉ် ကိုယ့်ဘာသာ ဆွဲထားတဲ့ travel plan နဲ့မှ နေသားကျနေတတ်တာမျိုး။
အလုပ်မှာဆိုလည်း detail စီစဉ်ချင် risk management အရမ်းလုပ်ချင်တတ်လို့ အတော်သတိထားရတယ်။ ကိုယ်ကတော့ Virgo တွေရဲ့ Risk Manager သဘာဝကို ကြိုက်တယ်။
🍀🍀🍀
ဒီလို ရေရာမှ နေသာတတ်ပေမယ့် ကိုယ့် ဘဝမှာuncertainties တွေ အများကြီး တွေ့ခဲ့ဘူးတာပါပဲ။ အသက်အရွယ်ရလာ ကြုံတာတွေ များလာရတဲ့ အခါ ကိုယ်နားလည်လာတာက ဘဝမှာ မသေချာမှု (uncertainty) တွေဆိုတာ ရှောင်လွှဲလို့မရဘူး။ အရေးကြီးတာက မသေချာမှုကို ဖယ်ရှားဖို့ မဟုတ်ဘဲ၊ အဲဒီမသေချာမှုတွေနဲ့အတူ တည်ငြိမ်စွာ အသက်ရှင်နိုင်တဲ့ စိတ်စွမ်းရည်ကို တည်ဆောက်ဖို့ သာ အဓိကလို့ နားလည်လာတယ်။
🍀🍀🍀
အရင်က မသေချာမှုကို "ဖြေရှင်းရမယ့် ပြဿနာ" လို့ ကိုယ်ကမှတ်ယူတယ် ။ အဲဒီမှာ ကိုယ်ဖြေရှင်းလို့မရရင်ဆိုတဲ့ ကြောက်စိတ်က ရောက် ရောက်လာတတ်တယ်။ တကယ်တော့ မသေချာမှု uncertainty ဆိုတာက ဘဝရဲ့ ပုံမှန်အခြေအနေတစ်ခုပါ။ ကိုယ် ခဏခဏ မသေချာတာတွေ တွေ့ဖူးတာပဲလို့ ကိုယ့်ကိုကိုယ် အားပေးရတယ်။ ကိုယ့် focus ကို ကိုယ်ဘာ control လုပ်နိုင်မလဲကို ဦးစားပေးရွေ့ရတယ်။ eg. Preparation, effort, attitude, honesty, daily habits, how I respond to setbacks စတာတွေပေါ့။ ကိုယ် control မလုပ်နိုင်တာတွေကတော့ အာရုံထဲ သိပ်မထည့်ပါဘူး။ နောက်တော့ probability နဲ့ plan A , plan B စတာမျိုးတွေ ပြင်တတ်တယ်။ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ အနတ္တ ပဲလေ။ Prepare your best and let go the outcome ကို ကိုယ်က rituals လို ကျင့်သုံးတယ်။
ကိုယ့်အတွက် အရေးအကြီးဆုံးကတော့ 💯 % confidence ရမှ ဆုံးဖြတ်ချက်ချခြင်တဲ့ ကိုယ့်ရဲ့ identity ကို စိန်ခေါ်ရတဲ့ အခါတွေ ပါပဲ။ တကယ်တော့ ပြန်တွေးကြည့်ရင် ဘဝရဲ့ အကောင်းဆုံးဆုံးဖြတ်ချက်အများစုဟာ အချက်အလက် မပြည့်စုံသေးတဲ့အချိန်မှာပဲ ချမှတ်ခဲ့ရတာပါပဲ။ Perfect certainty ကို စောင့်နေခြင်းက အခွင့်အရေးတွေကို လက်လွတ်သွားစေတတ်ပါတယ်။
🍀🍀🍀
ကိုယ်အတွက်တော့ resiliency ကို ဘဝရဲ့ တန်ဖိုးအရှိဆုံး skill တစ်ခုလို့ ယုံကြည်တယ်။ Virgo born တစ်ယောက်ရဲ့ ကိုယ့် pattern ကို ကိုယ်ဖောက်ထွက်ရာမှာ အားအကိုးရဆုံးကတော့ resilience ပါပဲ။ Resilience makes uncertainty less threatening because you trust your ability to adapt.

အသေးစိတ် စီစဉ်ချင်သေးတဲ့ ကိုယ့် pattern ကိုလည်း အသိအမှတ်ပြုရင်း ဘဝရဲ့ uncertainties တွေကိုလည်း ပွေ့ပိုက်တတ်အောင် ကြိုးစားရင်း ရှေ့ဆက်တော့ လျှောက်နေတာပါပဲ။ အခုနောက်ပိုင်း ကိုယ်သ​ဘောပေါက်လာတာက တော့ ဘဝရဲ့ ရည်ရွယ်ချက်က အရာရာကို သေချာအောင် လုပ်နေဖို့ မဟုတ်ပါဘူး။ မသေချာမှုတွေကြားမှာတောင် wisdom, courage, and flexibility ဉာဏ်ပညာ၊ သတ္တိနဲ့ လိုက်လျောညီထွေ ရှေ့ဆက်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင် ဖို့ပါပဲ။
Embrace your uncertainty 🍀🍀🍀🍀🍀

CASP RCT checklist နဲ့ FAST AFNET-4 trial ကို appraisal လုပ်ပေးထားပါတယ်။ comment မှာ ကြည့်ပါ။ Checklist ကတော့ RCT trial ...
19/03/2026

CASP RCT checklist နဲ့ FAST AFNET-4 trial ကို appraisal လုပ်ပေးထားပါတယ်။ comment မှာ ကြည့်ပါ။
Checklist ကတော့ RCT trial တွေ appraisal လုပ်ဖို့လိုတဲ့ checklist ပါ။ RCT paper မှာ ဘယ်အချက်တွေ ကြည့်မလဲဆိုတာ ပြောပြထားတာပါ။
ကိုယ့်paper ရဲ့ study type ပေါ်မူတည်ပြီး သုံးတဲ့ checklist ကွာပါမယ်။ How to identify the study type in practice ကို နောက်ရေးပေးပါမယ်။
Section A မှာ Validity အတွက် ကြည့်ရမယ့် အချက်တွေ ပါ။
Clearly formulated research question
Randomization adequacy
Allocation concealment
Follow up completion
စတာတွေ ကြည့်ထားပါတယ်။ In practice မှာ trial ရဲ့ study design ကို သေသေချာချာဖတ်ရင် ဒီအချက်တွေ ရပါမယ်။
CONSORT diagram ( Fig 1 ) မှာ ကြည့်နိုင်ပါတယ်။
Validity criteria တွေထဲမှာလည်း hierarchical အရ အလေးပေးရရမှုတွေ ရှိပါသေးတယ်။
Section B Methodology ကိုစစ်ပါတယ်။ Blinding ( participant/ investigator/ assessor) and baseline characteristics of the study groups ကို စစ်ပေးပါတယ်။
Internal Validity high ဖြစ်ရင် trial results က အဲ့ဒီ population အတွက် real results ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် results ကို ဆက်ပြီး evaluate လုပ်ပါမယ်။
Section C Results ကို interpret လုပ်ပါတယ်။
How large was the treatment effect?
Measured Outcomes
Precision of estimates of the outcomes
Benefits vs risks စတာတွေ ကြည့်ရပါတယ်။
ဒီ အဆင့်ကနေ result ကို critically interpreted လုပ်နိုင်ဖို့ ကြိုးစားရပါတယ်။
Tips အနေနဲ့ any result ကို interpretation လုပ်ရာမှာ 3 questions စစ်ကြည့်ပါ။
1. is it real? p-value and CI
2. How big it is? ( how large the effect is) ARR and NNT, not RRR.
3. Does it matter to this patient? Clinical significance
A p-value 0.001 က large effect ကို မရည်ညွှန်းပါဘူး။ ရလာတဲ့ results ဟာ unlikely to be due to chance လို့ ဆိုလိုပါတယ်။
Treat the p- value as a yes/no gatekeeper, not a measure of importance ပါ။
CI ကတော့ range of plausible true effects. အလွယ်ပြောရရင် wide CI ဆိုရင် imprecise ပါ။
Clinical significance ကို ပြောဖို့ရာ effect size, NNT, benefit vs harm, and patient centered outcomes စတဲ့ အချက်တွေ ခြုံပြီး သုံးသပ်ထားပါတယ်။
Section D Clinical applicability စစ်တာပါ။ ကိုယ့် patient နဲ့ ကိုက်ရဲ့လား ဆိုတာပါ။
Checklists အကုန်ရရင် ကိုယ့်ရဲ့ presentation template ထဲ ထည့်ပြီး prepare လုပ်ရင် journal club presentation ရပါမယ်။
Study ရဲ့ strength and limitations တွေက ကိုယ်ရလာတဲ့ facts ပေါ်မူတည်ပြီး discuss လုပ်ပါမယ်။
The strengths of this trial include its randomized design, large sample size, long follow-up, and clinically meaningful outcomes. However, limitations include the open-label design, use of a composite endpoint, and a study population that was generally older with cardiovascular comorbidities, which may limit generalisability to our younger low-risk patients.
JC မှာ appraisal presentation PowerPoint format comment မှာ ထည့်ပေးလိုက်ပါတယ်။
Pastes က The Doctor’s Guide to Critical Appraisal ကို အတူဖတ်ဖို့ စဉ်းစားနေပါတယ်။ စိတ်ဝင်စားကြရင် ဆက်ဖတ်ပါမယ်။ စာရိုက်ရတာ ကြာတာကတော့ အကြီးဆုံး barrier ပါ😃။
စာအုပ်မရှိသေးရင် telegram link မှာ ယူလို့ရပါတယ်။ နောက် စာတွေကို telegram မှာ ဆက်တင်ပေးပါမယ်နော်။
Enjoy your study 📚







19/03/2026

R studio ကို learn လုပ်ချင်တဲ့ research စိတ်ဝင်စားတဲ့ သူတွေအတွက် သတင်းကောင်းပါနော်။ See in comment. Learning R ကနေ clinical data ကို ကောင်းကောင်း ကိုင်တွယ်နိုင်လာပြီး analysis ကိုယ်တိုင်လုပ်နိုင်၊ data visualization ကောင်းကောင်းလုပ်နိုင်ပြီး ကိုယ့် research ကို efficiently present လုပ်နိုင်တဲ့ skills ရလာမှာပါ။
အရင်ကတည်းက ဆရာ့ဆီမှာ Stata သင်ခဲ့ဖူးပါတယ်။ R studio ရဲ့ ကောင်းချက်ကတော့ open source ဖြစ်လို့ လွယ်လွယ်ကူကူ learn လုပ်နိုင်ပါတယ်။ အခုနောက်ပိုင်း clinical studies and trials တွေက statistical analysis အတွက် R သုံးလာကြတာမို့ medical research မှာ better understanding ရဖို့ R ကို တီးခေါက် ကြည့်ပါလို့ပဲ ပြောပါရစေ။
Enjoy your study 📚





အရင် ပေးထားခဲ့တဲ့ Atrial fibrillation scenario ရဲ့ important evidence based question လေးကို မှတ်မိမယ်ထင်ပါတယ်။ အလွယ်ပြော...
19/03/2026

အရင် ပေးထားခဲ့တဲ့ Atrial fibrillation scenario ရဲ့ important evidence based question လေးကို မှတ်မိမယ်ထင်ပါတယ်။ အလွယ်ပြောရရင်တော့-
Does initiating antiarrhythmic therapy or early rhythm-control strategies improve clinical outcomes in patients with newly diagnosed atrial fibrillation? ပါပဲ။
အခု ရောက်နေတဲ့ critical appraisal process step က ဒီ clinical question ကို ဖြေရှင်းနိုင်ဖို့ current evidence တွေရှာတဲ့ အဆင့်သွားနေတာပါ။ Literature search ကနေ ရလာတဲ့ paper ကတော့ NEJM မှာ 2020 က published လုပ်ခဲ့တဲ့ EAST-AFNET 4 trial ပါ။
Comment မှာ link ပေးထားပါတယ်။
ဒီpaper ကို appraisal လုပ်ပြီး
Study ရဲ့
1. methodology
2. validity
3. Reliability
4. clinical applicability — to determine whether rhythm-control interventions provide meaningful benefits beyond conventional rate control and anticoagulation in patients similar to our clinical scenario စတဲ့ အချက်တွေ ရှာကြည့်ကြပါမယ်။
PICO ကို အရင်ပို့စ်မှာ formulate လုပ်ပြီးပါပြီ။
CASP template - RCT randomized controlled trial checklist သုံးကြည့်နိုင်ပါတယ်။ CASP website link ပြန်ထည့်ပေးထားပါတယ်။
ပေးထားတဲ့ research question အတွက် High quality and very relevant recent paper ဖြစ်တဲ့ အတွက် ဒီ critical appraisal ကနေ learning points တွေ အများကြီးရမယ် မျှော်လင့်ပါတယ်။
Enjoy your study 📚







Address

Dublin

Alerts

Be the first to know and let us send you an email when Deciphering the White Coat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Deciphering the White Coat:

Shortcuts

Share