Gaia Natural Products

Call Directions Contact the business

Gaia Natural Products Social Enterprise

ဆရာမဂျူး ထံမှ book review . . .မကြာမီ "ငါတို့ရဲ့ မီနူး - Our MENU"ဆိုတဲ့ Ebook အသစ်လေးကို ဖတ်ရှုလိုသူများအတွက် အခမဲ့လွှင...
08/10/2026

ဆရာမဂျူး ထံမှ book review . . .

မကြာမီ "ငါတို့ရဲ့ မီနူး - Our MENU"
ဆိုတဲ့ Ebook အသစ်လေးကို ဖတ်ရှု
လိုသူများအတွက် အခမဲ့လွှင့်တင်ပေး
တော့မှာပါ။ ကျနော်(ကိုပီတိ) ခင်မင်
လေးစားရပါသော စာရေးသူ ဆရာမ
"ဂျူး" ထံ၊ ‌ဆရာမ ကျနော့် Ebook လေး
ကိုဖတ်ပေးမလားဗျ လို့မေးကြည့်ပါတယ်။
ဆရာမက ဖတ်ပေးမှာပေါ့လို့ဖြေပါတယ်။
ဆရာမဂျူး ဖတ်ပေးမယ်ဆိုတာနဲ့တင်
ဝမ်းသာရပြီလေ။ ဆရာမက စာလည်း
ရေးပို့လာပါသေးတယ်။

• ကျွန်မ မြစ်ကြီးနားကို ပထမဦးဆုံး
ရောက်ဖူးတဲ့ကာလက ဆရာကိုပီတိ
ကချင်ပြည်နယ်ကိုသွားခဲ့တဲ့ကာလနဲ့
မရှေးမနှောင်းပါပဲ။ ဒါပေမဲ့ ဟောပြောပွဲ
ခရီးစဉ်မို့ ဆရာသွားခဲ့ လည်ပတ်ခဲ့တဲ့
နေရာတွေနဲ့တော့ လုံးဝ မတူဘူးပေါ့။
ဆရာ့ခရီးစဉ်ကတော့ အားကျစရာ
ကောင်းတယ်။ မိုင်၂၀၀ကျော် ခြေလျင်
ခရီးတဲ့၊ အတွေ့အကြုံတွေကိုဖတ်ရင်း
တောရနံ့နဲ့ တောအလေ့အထလေးတွေ
ကို ကိုယ်တိုင် ခံစားရပါတယ်။

• ၂၀၀၇ ခုနှစ်မှာ ဆရာကိုပီတိ လာအို
နိုင်ငံ ဗီယန်ကျင်းမြို့ကိုသွားတော့ ကျွန်မ
လည်း အတူပါသွားခဲ့တာမို့ သူရေးတဲ့
စပျစ်ဝိုင်၊ ပြတိုက်နဲ့ စာရေးဆရာမ
ဆောင်းပါးကိုဖတ်ရင်း အတွေ့အကြုံတွေ
ကို ဝေဝေဝါးဝါး ပြန်သတိရသွားပါတယ်။
ဆရာကိုပီတိက မှတ်ဉာဏ် တော်တော်
ကောင်းတာကိုး။ ဆရာ့ဆောင်းပါးထဲမှာ
ပါတဲ့ ရုရှားကျောင်းဆရာကို ကျွန်မ
မှတ်မိနေပါတယ်။ လာအိုကနေ ပြန်
ထွက်ပြီး ထိုင်းနိုင်ငံကို GNH ညီလာခံ
အတွက်ရောက်တော့ သူများတွေ
ချမ်းလို့ အနွေးထည်ဝတ်ထားချိန်မှာ
သူက လက်တိုအကျင်္ီလေးနဲ့။

“မချမ်းဘူးလား” မေးတော့ “မချမ်းဘူး၊
ငါတို့ဆီမှာ သိပ်အေးတယ်၊ အခုက
နေလို့ကောင်းတာ” ဆိုပဲ။ ဟုတ်တာပေါ့။
ကျွန်မကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကား
တွေထဲမှာ အပေါ်ဝတ် အနွေးထည်
ကုတ်အရှည်ဖားဖားကြီးတွေနဲ့လေ။

• ဆရာ့ဆောင်းပါးထဲမှာပါတဲ့ အိန္ဒိယ
ကပညာရှင်ဆရာမကြီး ဘန်ဒနာရှီးဗား
ကို ကျွန်မလည်းသိပါတယ်။ ဆရာ့ထက်
နောက်ကျပြီးမှ ကျွန်မ သိရတာပါ။
အိန္ဒိယနိုင်ငံကို ကျွန်မ ရောက်သွားမှ
သိရတာပါ။ ဆရာမကြီးရဲ့ နတ်ဗ်ဒင်ညာ
ဆိုတဲ့အဖွဲ့အစည်းရဲ့ တည်ရှိရာ နယူး
ဒေလီက ရုံးချုပ်ဌာနကိုလည်း ရောက်
ခဲ့ပါတယ်။

ဒေသရင်းမျိုးစေ့တွေကို ထိန်းသိမ်းတဲ့
လှုပ်ရှားမှုကို ဒေသခံလယ်သမားတွေ
အမျိုးသမီးတွေအင်အားနဲ့ ဆရာမကြီး
ဆောင်ရွက်လာတာ ၁၉၈၄ ခုနှစ်ကတည်း
ကပါ တဲ့။ ဆရာမကြီးဦးဆောင်ဖွဲ့စည်းတဲ့
မျိုးစေ့ဘဏ်တိုက်တွေ အိန္ဒိယနိုင်ငံအနှံ့
အပြားမှာ ၂၀၀ ပတ်ဝန်းကျင်လောက်ရှိပါတယ်။

ကော်ပိုရေးရှင်းကြီးတွေကလက်ဝါးကြီး
အုပ်သိမ်းယူလိုက်ပြီး မျိုးရိုးဗီဇပြုပြင်
ပြောင်းလဲထားတဲ့ မျိုးစေ့တွေကို ရင်ဆိုင်
တော်လှန်နေတဲ့ လှုပ်ရှားမှုတစ်ခုလို့ သဘောပေါက်ရပါတယ်။

• ဆရာ့ဆောင်းပါးတွေက နေရာဒေသစုံ
လင်သလို သဘာဝကပေးတဲ့အစားအစာနဲ့
ကျွန်မတို့ဘဝတွေ ဆက်နွှယ်ရှင်သန်ခြင်း
အကြောင်းကို ရှုထောင့်အမျိုးမျိုးကနေ
ရှင်းပြထားတာပါ။ ဆရာ့စာကိုဖတ်ရင်း
လူမှုအသိုင်းအဝိုင်းသေးသေးလေးတွေ
ကနေအစားအစာထိန်းသိမ်းစောင့်ရှောက်
ရေး အကြီးစားကွန်ရက်တွေ ပေါ်ပေါက်
လာတာကို ဗဟုသုတရပါတယ်။

• ဆရာရေးသမျှတွေက ခရီးထွက်ပြီးရ
လာတဲ့အတွေ့အကြုံတွေချည်းမကပါဘူး၊
အွန်လိုင်းအစည်းအဝေးတွေကနေလည်း
သူ လေ့လာပါတယ်။ သူ ပြောပြတဲ့
မွန်ဆန်တို ဆိုတဲ့ မျိုးစေ့ကုမ္ပဏီကြီးရဲ့
နာမည်ကို ကျွန်မ အိန္ဒိယမှာ ခဏခဏ
ကြားခဲ့ရတာပေါ့။ ဆရာ့ဆောင်းပါးကို
ဖတ်နေရင်းက ကျွန်မသတိရသွားတာ
တစ်ခုရှိတယ်။ ကယားပြည်နယ်ကို
အသွား လေယာဉ်ပေါ်မှာလား မသေ
ချာဘူး အနောက်တိုင်းသားလူငယ်လေး
တစ်ယောက် နဲ့ စကားပြောဖြစ်တယ်။
သူက မြန်မာပြည်ကို နိုင်ငံခြားက ဝက်
တွေယူလာပြီး မွေးမြူရေးလုပ်မယ့်
ကုမ္ပဏီကပဲ။ မွေးဖွားနှုန်းမြင့်တဲ့ဝက်
အမျိုးအစားတဲ့။

“အဲဒီဝက်တွေနဲ့ တို့ဆီက ဝက်တွေနဲ့မျိုး
စပ်ပြီး mutation ဖြစ်သွားရင်ဘာတွေ
ဖြစ်နိုင်သလဲ” လို့ ကျွန်မမေးတော့ သူက
ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ဖြေ
ပါတယ်။ ငါတို့ဝက်အမျိုးအစားနဲ့တူတဲ့
ဝက်တွေပဲ ဖြစ်လာမှာပါ တဲ့။ အဲဒီတော့
ကျွန်မတို့ဝက်မျိုးစိတ်တွေပျောက်ပြီး သူ
တို့ဝက်မျိုးစိတ်တွေ လွှမ်းမိုးလာမှာပေါ့။
ဘယ်ကုမ္ပဏီက ဝက်စာစျေးကွက်ကို
ချုပ်ကိုင် ထားမလဲ။ အဲဒီမေးခွန်းကို
သူ့ကိုမမေးလိုက်ရပါဘူး။ သူပြန်ဖြေမယ့်
အဖြေကို ကျွန်မသိပြီးသားပါ။ အဲဒီ
အဖြေက ဆရာကိုပီတိရဲ့ အခုဆောင်းပါး
တွေထဲမှာပါပါတယ်။

• ဆရာ ဒီစာအုပ်ကိုရေးတဲ့အတွက်
ကျွန်မက ကျေးဇူးသိပ်တင်တယ်။
အဖိုးတန်တဲ့ ဗဟုသုတတွေကို မျှဝေ
ပေးခဲ့တာဖြစ်လို့ပါ။
(ဂျူး)

ကျေးဇူးပါဆရာမရေ
ကိုပီတိ




Naw Aung

သဘာဝတရားကြီးက တို့များကိုဒီအရာတွေသင်ကြားပေးပါတယ်။ တောင်တွေက ခွန်အားရှိခြင်း၊တည်ငြိမ်ခြင်းနဲ့ဇွဲလုံလရှိခြင်းကိုသင်ကြားပေး...
25/09/2026

သဘာဝတရားကြီးက တို့များကို
ဒီအရာတွေသင်ကြားပေးပါတယ်။
တောင်တွေက ခွန်အားရှိခြင်း၊
တည်ငြိမ်ခြင်းနဲ့ဇွဲလုံလရှိခြင်းကို
သင်ကြားပေးပါတယ်။
မြေကြီးက နှိမ့်ချမှုနဲ့အာဟာရဖြည့်
တင်းမှုတို့ကိုသင်ကြားပေးပါတယ်။
လေက လွပ်လပ်မှုနဲ့ပြောင်းလဲခြင်း
သဘောကိုသင်ကြားပေးပါတယ်။
ရေက လိုက်လျောညီထွေစွာပြောင်း
လဲနိုင်မှုနဲ့ သန့်ရှင်းစင်ကြယ်ခြင်းကို
သင်ကြားပေးပါတယ်။

တိရိစ္ဆာန်နဲ့ငှက်တွေက ပင်ကိုယ်
သဘာဝ၊ ဟန်ချက်မျှတမှုနဲ့စည်းကမ်း
ရှိမှုတွေကိုသင်ကြားပေးပါတယ်။
သဘာဝတရားကြီးက တို့များကို
ခံနိုင်ရည်ရှိမှု၊ ဟန်ချက်ညီမှု၊ စိတ်ရှည်
သည်းခံမှု၊ နှိမ့်ချမှုနဲ့ အစဉ်မပြတ်
တိုးတက်ရှင်သန်မှုတို့ကို အချိန်တိုင်း
သင်ကြားပေးနေပါတယ်။

ဘကြီးဖြိုး
(ဆီလျော်စွာပြန်ရေးသည်)




Green Memo

🌿  စိုထိုင်းမှုများတဲ့ မိုးတွင်းကာလမှာ ဦးရေပြားယားယံပြီး ဗောက်ထခြင်းကို ပိုပြီးဖြစ်စေတက်ပါတယ်။🌿  ဒါကြောင့် မိုးမိလာတဲ့အ...
11/08/2026

🌿 စိုထိုင်းမှုများတဲ့ မိုးတွင်းကာလမှာ ဦးရေပြားယားယံပြီး ဗောက်ထခြင်းကို ပိုပြီးဖြစ်စေတက်ပါတယ်။

🌿 ဒါကြောင့် မိုးမိလာတဲ့အခါမျိုးမှာ ဆံသားနဲ့ ဦးရေပြားကို ခြောက်သွေ့အောင် သုတ်သင့်ပါတယ်။ ဒါ့အပြင် မိမိဦးရေပြားနဲ့ဆံသားလေးများကို သဘာဝနဲ့​ ပြန်လည်ထိတွေ့ခြင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။

🌿 ဒီအတွက် Gaia ကနေထုတ်လုပ်ရောင်းချပေးနေတဲ့ တရော်ကင်ပွန်း သဘာဝခေါင်းလျှော်ရည်လေးက ပိတောက်၊ ထောလပတ်၊ ရှားစောင်း၊ ကြိတ်မှန်၊တရော်၊ကင်ပွန်းစတဲ့သဘာဝ ပါဝင်ပစ္စည်းလေးတွေကိုအချိုးကျပေါင်းစပ်ထုတ်လုပ်ထားတာမို့ ခေါင်းလျှော်တိုင်းသာ ပုံမှန်လေးအသုံးပြုပေးပါက 👇

🌿 ဗောက်ခြင်းကို သက်သာပျောက်ကင်းစေပြီး ဦးရေပြားလေးကိုလည်း အေးမြစေပါတယ်။ ဒါ့အပြင် ဆံသားနှစ်ခွဖြစ်ခြင်းနဲ့ ဆံသားကျွတ်ခြင်းများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

🌿 ဒါကြောင့် ဦးရေပြားလေးကျန်းမာပြီး ဗောက်ထခြင်းလည်းကင်းဝေးစေဖို့ ခေါင်းလျှော်တဲ့အခါတိုင်း သဘာဝနဲ့ ပြန်လည်ထိတွေ့ကြပါစို့...👇

🔶 Contact Us
📞 09 450 016 060






#တရော်ကင်ပွန်း

ကျန်းမာနေပြီဆိုရင် သူဌေးပဲ . . .I am the boss, because I am healthy ကိုယ့်ကိုယ်ကို မေးခွန်းတွေအများကြီးမေးမိတယ်။ ရုပ်ဝတ္...
11/08/2026

ကျန်းမာနေပြီဆိုရင် သူဌေးပဲ . . .
I am the boss, because I am healthy

ကိုယ့်ကိုယ်ကို မေးခွန်းတွေအများကြီး
မေးမိတယ်။ ရုပ်ဝတ္ထုကြီးပွားချမ်းသာဖို့
သက်သက်ကြိုးစားရင်းနဲ့ လူဘ၀ရဲ့အရ
သာခံစားဖို့ တစ်နည်းပြောရရင် စိတ်
ကျန်းမာ ကိုယ်ချမ်းသာဘဝကိုလက်လွှတ်
သွားရတဲ့သူ မဖြစ်ချင်ဘူး။

လူငယ်ဘဝမှာချမ်းသာချင်တဲ့စိတ်လူတိုင်းမှာရှိကြမှာပါ။ ကောင်းကောင်းစားချင်တယ်
ကောင်းကောင်းနေလိုက်မယ်ဟဲ့ဆိုတာမျိုး။ ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုတွေးခဲ့
တာပါ။ ဒါကြောင့်လူငယ်တွေကြိုးစားပြီးပညာရှာကြ၊ ငွေကြေးရှာကြရတာပေါ့။
ကြိုးစားတာကတော့ ကောင်းပါတယ်။
ဒါပေမယ့် အတွေးခေါ်မပါတဲ့ကြိုးစားခြင်းဟာ အချီးနှီးပဲဆိုတာ အသက်ရလာတော့
သိလာရတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် ကျန်းမာနေပြီဆိုရင် ကျွန်တော်ဟာ
သူဌေးပါပဲ။

ကဲ ကျန်းမာဖို့ဆိုရင် ကိုယ်စားသုံးနေတဲ့အစားအသောက်တွေဟာ ကျန်းမာရေးအတွက် ကောင်းကျိုးပေးလား၊ ဆိုးကျိုး
ပေးလားစဉ်းစားရမယ်။ အစားအစာထုတ်လုပ်ရေးဖြစ်စဉ်တွေမှာ ဓာတုဗေဒဆေးဝါးတွေ အလွန်အကျွံသုံးစွဲနေကြသလား။ တာရှည်ခံဆေးတွေဟာဘယ်လိုနေရာမှာအများဆုံးသုံးကြသလဲ။ စဉ်းစား
ဖို့မေးခွန်းအများကြီးရှိတယ်။

ကျန်းမာရေးဆိုတာ "ကံ" ပါပဲ။ မိမိတို့
ပြုလုပ်ခဲ့တဲ့အလုပ်၊ ကုသိုလ်၊ အကုသိုလ်တွေဟာ ကိုယ့်ကျန်းမာရေး အတွက် အရေးကြီးနေပါတယ်။ ကိုယ့်စိတ်ရဲ့
အနေအထား လောဘ၊ ဒေါသ၊ မောဟ
ကို သတိထားနိုင်ပြီလား။ ရာသီဥတု၊ ပတ်ဝန်းကျင် အပူအအေး၊ သဘာ၀တရား
နဲ့ အလိုက်သင့်နေနိုင်ဖို့ လိုတယ်လို့ထင်
ပါသလား။ အာဟာရဆိုတဲ့ စားစရာ အစားအစာတွေဟာ ဘေးကင်းရဲ့လား။
ဒါတွေကိုတွေးတောဆန်းစစ်လာမိတယ်။

ငွေတွေရဖို့ ကြိုးစားရှာရင်း ကိုယ့်ကျန်းမာ
ရေးကို သတိမထားမိရင်တော့ ကိုယ်ရှာတဲ့
ဝင်ငွေဟာ ကျန်းမာရေးမကောင်းလို့
ဆေးရုံ၊ ဆေးခန်းသွားရတဲ့ အခါ ဆေးဖိုး
ဝါးဖိုးလုံလောက်နိုင်ပါ့မလား။ ဒါကြောင့်
ဆေးရုံကိုလုံးဝသွားစရာမလိုအောင်နေထိုင်
မယ်လို့ စဉ်းစားဖို့ လိုလာတယ်လေ။
အဲဒါမျိုးနေထိုင်နိုင်ရင် ကျွန်တော်ဟာ
သူဌေးစစ်စစ်ဖြစ်သွားမှာတကယ်ပါ။

သက်နိုင် (green bike)


Green Memo





အပြန်အလှန်မှီခိုခြင်းအနုပညာ . . .Barter Systemနေ့စဉ်စားစရာ ဖလှယ်ခြင်းစနစ်။Tamarind Valley Farm မှာ လူသားနဲ့ ကြက်ဘဲ တို့အ...
10/08/2026

အပြန်အလှန်မှီခိုခြင်းအနုပညာ . . .
Barter System

နေ့စဉ်စားစရာ ဖလှယ်ခြင်းစနစ်။
Tamarind Valley Farm မှာ လူသား
နဲ့ ကြက်ဘဲ တို့အပြန်အလှယ်ဖလှယ်
ခြင်းကိုတည်ဆောက်ထားပါတယ်။
ကြက်ဘဲ နေမယ့်အိမ်ဆောက်ပေးထား
ပါတယ်။ ပုံမှန်အစာ ဆန်ကွဲကျွေးသလို
လယ်တော၊ ရေကန်ထဲ အစာရှာဖို့
လွှတ်ပေးပါတယ်။ ညနေစောင်းမှ
အိပ်တန်းပြန်ဝင်ကြသပေါ့။

နေ့စဉ်နီးပါး ကြက်ဥ ဘဲဥ (၄) လုံးမှ
(၆) လုံး ဝန်းကျင်ရတယ်။ ကြက်မ
တချို့ဝပ်ဖို့ချန်ထားအပြီးပေါ့။ ဘဲများ
ကတော့ တစ်ခါတရံ ဥနားရင် ၃/၄ ရက်
ကြာတာရှိပါတယ်။

သူတို့အစာကို အချိန်မှန်ကျွေး။
အချိန်မှန် အိပ်တန်းဝင်ဖို့ခေါ်။
ဥတင်း၊ ခြံသန့်ရှင်းရေး၊ မိုးလုံရေး၊
အပြင်က ခွေးများမဆွဲရေး ကာကွယ်
ပြင်ဆင်ရပါတယ်။

သက်ရှိအချင်းချင်း အစားအစာ
ဖလှယ်ချင်းနည်းလမ်းပါ။ Money
တန်ဖိုးနဲ့ မတွက်ချက်ပါဘူး။ သက်ရှိ
တမျိုးနဲ့ တမျိုး မှီခိုနေထိုင်ရတဲ့
ကမ္ဘာ မဟုတ်လား။ ကိုယ်ကဘာများ
ဝါကြွားစရာရှိမှာလဲ။

Tamarind Valley Farm


Green Memo

လေ့လာမိသော ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ပြဿနာ . . .ကျနော်တို့ဒီကနေ့ ပလတ်စတစ်အသုံးပြုမှု ပြဿနာဟာသဘာဝပတ်ဝန်းကျင်နဲ့လူသားတွေဘယ်...
09/08/2026

လေ့လာမိသော ကမ္ဘာလုံးဆိုင်ရာ
ပလတ်စတစ်ပြဿနာ . . .

ကျနော်တို့ဒီကနေ့ ပလတ်စတစ်အသုံးပြုမှု
ပြဿနာဟာသဘာဝပတ်ဝန်းကျင်နဲ့လူသား
တွေဘယ်လောင်တောင်ထိခိုက်နေပြီလဲ
ဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။
နှစ်စဉ်ကမ္ဘာမှာ ပလတ်စတစ်တန်ချိန်
မီလီယံ(၄၆၀) ထိထုတ်လုပ်နေတယ်။
ထုတ်လုပ်သမျှ ၃ပုံ၂ပုံဟာ (single-use)
တစ်ခါသုံး ပလတ်စတစ်ဖြစ်ပါတယ်။

ကျန်တဲ့ (၁)ပုံ သည် ရာခိုင်နှုန်းအားဖြင့်
(၉) ရာခိုင်နှုန်းလောက်ပဲ ပြန်လည်အသုံး
ပြုလို့ရတာပါ။ ပလတ်စတစ် အများစုကို
မီးရှို့တာ၊ မြေကျင်းတူးပြီးမြုပ်ပစ်တာ၊
မြစ်ချောင်းအင်းအိုင်ပင်လယ် ထဲပစ်
ကြပါတယ်။ နေ့စဉ်အမှိုက်ကား ၂,၀၀၀
စီးစာပလတ်စတစ်များစွန့်ပစ်ခံရတယ်။
၂၀၀၀ ခုနှစ်မှာ ပလတ်စတစ်ထုတ်လုပ်
မှုနှစ်ဆတိုးလာခဲ့ပြီး ၂၀၆၀ ခုနှစ်မှာဆို
သုံးဆအထိ တိုးလာနိုင်သည် ဟု
OECD က ခန့်မှန်းထားပါတယ်။
[Organisation for Economic
Co-operation and Development]

ဒီလိုနဲ့ ကျန်းမာရေးရှုထောင့်ကနေ
ကြည့်မယ်ဆိုရင် ပစ်လိုက်ကြတဲ့
micro plastic အကျိုးဆက်များဟာ
အချိန်ကြာလာတာနဲ့ အမျှရေထဲသို့
ပျော်ဝင်ကာ ကျနော်တို့ရဲ့ခန္ဓာကိုယ်
အတွင်းသို့ စိမ့်ဝင်ပြီးကင်ဆာဖြစ်ပေါ်
လာစေပါတယ်။ နေ့တိုင်းစားသုံးနေတဲ့
ဆားထဲပါဝင်ကာ ကလေးမမွေးနိုင်တဲ့
အထိဖြစ်နေတယ်လို့ လေ့လာသူများ
တင်ပြထားကြပါတယ်။

ပလတ်စတစ် ထုတ်လုပ်တဲ့ကုမ္မဏီတွေ
ကလည်းသူတို့ပလတ်စတစ်တွေသည်
(၁၀၀)ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့
ရကြောင်းဆိုကြပြန်ပါတယ်။ ClientEarth
အဖွဲ့ ရဲ့သုတေသန စာတမ်းအရ
ကမ္ဘာမှာ ပလတ်စတစ်ထုတ်လုပ်သုံး
စွဲမှု အများဆုံးကုမ္ပဏီကြီးတွေက
Coca-Cola, Nestlé, Danone နဲ့
ExxonMobil ကုမ္ပဏီကြီးတွေလို့
သိရပါတယ်။

ဒီလိုနဲ့ ပလတ်စတစ်ဆိုးကျိုးသက်
ရောက်မှုဟာ လူသား၊ တိရိစ္ဆာန်၊
သဘာဝဂေဟတစ်ခုလုံးကို ပျက်စီး
စေနေပါပြီ။ သဘာဝပတ်ဝန်းကျင်
ရေးရာလှုပ်ရှားသူတွေက ပလတ်
စတစ် ထုတ်လုပ်မှုတွေကို လုံးဝ
ရပ်ပစ်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်
နေကြပါတယ်။

စာရေးသူ ကျနော့်အနေနဲ့ ပလတ်
စတစ်ကို လျော့ချခြင်းအားဖြင့်ပို
ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်
လာဖို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျ။

Mrat Kyaw


Green Memo



🤔 ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်တွေ ကျွတ်များလို့ စိတ်ညစ်နေပြီလား? 🍃 ဆံပင်ကျွတ်တာ သက်သာစေဖို့အတွက်  မိမိရဲ့ဦးရည်ပြားနဲ့...
07/08/2026

🤔 ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်တွေ ကျွတ်များလို့ စိတ်ညစ်နေပြီလား?

🍃 ဆံပင်ကျွတ်တာ သက်သာစေဖို့အတွက် မိမိရဲ့ဦးရည်ပြားနဲ့ဆံသားကျန်းမာရေး သဘာဝအတိုင်းပြန်လည်ကျန်းမာလာစေပြီး ဆံသားကျွတ်ခြင်းကို သက်သာ​လာစေဖို့ သဘာဝခေါင်းလျှော်ရည်လေးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

🍃 ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့ မင်မင်တတို့ရဲ့ Gaia သဘာဝ တရော်ကင်ပွန်း ခေါင်းလျှော်ရည်လေး ရှိပါတယ်။

🍃 သဘာဝ တရော်ကင်ပွန်းကို အထူးပြုပြီး ပိတောက်၊ ထောလပတ်၊ ရှားစောင်းစတဲ့ သဘာဝပါဝင်ပစ္စည်းလေးတွေနဲ အချိုးကျပေါင်းစပ်ထုတ်လုပ်ထားတဲ့ Gaia သဘာဝ တရော်ကင်ပွန်း ခေါင်းလျှော်ရည်လေးက👇

🤗 ဦးရေပြားကို အေးမြစေပြီး ဗောက်ထခြင်းကို သက်သာစေသလို ဆံသားလေးတွေ ကျွတ်ခြင်းကိုလည်း သဘာဝအတိုင်း ဖြေးဖြေးချင်း လျော့ပါးသွားစေမှာပဲဖြစ်ပါတယ်။

🤗 ကဲဒါဆို သဘာဝအတိုင်း လှပကျန်းမာတဲ့ ဦးရေပြားနဲ့ ဆံသားလေးတွေ ပိုင်ဆိုင်ပြီး ဆံသားကျွတ်ခြင်းကင်းဝေဖို့ Gaia ရဲ့ သဘာဝခေါင်းလျှော်ရည်လေးနဲ့ ခေါင်းလျှော်ကြပါစို့..

🔶 Contact Us
☎ 09 450 016 060




#တရော်ကင်ပွန်း
#𝐇𝐚𝐢𝐫𝐂𝐚𝐫𝐞
#𝐍𝐚𝐭𝐮𝐫𝐚𝐥𝐒𝐡𝐚𝐦𝐩𝐨𝐨

သူဌေးဖြစ်နည်းတွေးမိသမျှ . . .Sustainable Living တခါကကျန်းမာနေပြီဆိုရင် သူဌေးပဲ။I am the boss, because I am healthyကျုပ်အ...
06/08/2026

သူဌေးဖြစ်နည်းတွေးမိသမျှ . . .
Sustainable Living

တခါကကျန်းမာနေပြီဆိုရင် သူဌေးပဲ။
I am the boss, because I am healthy
ကျုပ်အဲဒီလို ရေးထားတာရှိပါတယ်။
Body, Mind and Spirit ခန္ဓာစိတ်နဲ့
နာမ် အားလုံးကျန်းမာဖို့ လုပ်ရမည့်နည်း
လမ်းတချို့ကျန်သေးတယ်။ ဘေးကင်းတဲ့
အစာစား၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊
စိတ်ရှင်းအောင်ထား။ လူတိုင်းသိပြီးသား
အရာတွေပါ။

တကယ့်တကယ် "သူဌေး" ဖြစ်လာဖို့က
ကိုယ်တယောက်ထဲနဲ့ မပြီးဘူး။ သူတပါး
ကိုလည်း ဂရုစိုက် ကူညီဖို့လိုတာသတိ
ထားမိပါတယ်။ သတိထားမိသမျှချရေး
လိုက်တယ်။ သူဌေးစစ်စစ်ဖြစ်နည်းပေါ့။

၁) အစားအစာသည် စားသုံးဖို့သက်သက်
မဟုတ်။ လူ့အခွင့်အရေးတခုလည်းဖြစ်ပါ
ကြောင်း အားလုံးသတိထားမိဖို့ပြောရမှာ ။
၂) စိုက်ပျိုးမွေးမြူသူတွေ ကျန်းမာနေဖို့
လည်းလိုတယ်။ သဘာဝကိုလွန်ဆန်ပြီး
စိုက်တာ မွေးမြူတာ သတိပြုလျော့ချဖို့
ပြောပြရမှာ။
၃) ဈေးကွက်မှာ ရောင်းကောင်းတာတစ်
မျိုးပဲ စိုက်ပျိုးနေတာထက် အစုံစိုက်ပျိုး
လာဖို့၊ တောင်သူတွေကိုယ်တိုင်လည်းစား
သုံးဖို့ အားပေးရမှာ။ ဒါမှ ရာသီဥတုနဲ့
ပိုးမွှားဒဏ်ခံနိုင်ကြမှာ။
၄) တောင်သူလယ်သမားဆိုတာ ရောင်းချ
ဖို့ပဲ လုပ်နေသူတွေမဟုတ်ဘူး။ စိုက်ပျိုးရေး
အတတ်ပညာရှင်၊ အတွေ့အကြုံများထဲက
သင်ယူနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။
အရေးကြီးတဲ့ လုပ်ငန်းလုပ်ကြသူပဲ။
၅) ဂေဟစနစ်ပျက်ရင် စိုက်တဲ့သူတွေရော
စားသုံးကြမယ့်သူတွေရော ဒုက္ခအတူတူ
ရောက်ရတာ။ ဝယ်စားတဲ့သူက ဘေးထွက်
ရပ်နေလို့မဖြစ်ဘူး။
၆) ဟိုးအဝေးပြည်ပက သွင်းအားစုတွေ
ကို အလုံးစုံမှီခိုနေရင် အန္တရာယ်များမယ်။
ကိုယ့်ခြေကိုယ့်လက် ကိုယ့်ဒေသမှာလိုတာ
ရရှိအောင်လုပ်ကိုင်ထားဖို့ တိုက်တွန်း
ကြရမှာ။ ဝိုင်းဝန်းပေးရမှာ။ ဒါမှရေရှည်
အဆင်ပြေကြမယ်။

ကျုပ်တို့က ကိုယ်နဲ့ပတ်သက်နေတဲ့အစား
အစာစနစ်(food system) ကိုစောင့်ကြည့်
စောင့်ရှောက်ပေးနိုင်မှ ok မှာပါဗျ။
ဒါမှ sustainable - ရေရှည်တည်တံ့တဲ့
လူမှုဘဝဖြစ်မှာလို့ ရေးကြပြောကြတာ
တွေ့နေရပါတယ်။

အားလုံး သူဌေးဖြစ်ကြပါစေ

သက်နိုင် (green bike)


Green Memo

🔸ဝါတွင်းကာလဆိုဖြစ်လေ့ရှိတဲ့ နှာခေါင်းပိတ်ခြင်းနဲ့ အဆစ်အမြစ်လေးတွေ နာကျင်ကိုက်ခဲခြင်းက ဖိုးဖိုးဖွားဖွားတို့အတွက် ဖြစ်လေ့ရ...
04/08/2026

🔸ဝါတွင်းကာလဆိုဖြစ်လေ့ရှိတဲ့ နှာခေါင်းပိတ်ခြင်းနဲ့ အဆစ်အမြစ်လေးတွေ နာကျင်ကိုက်ခဲခြင်းက ဖိုးဖိုးဖွားဖွားတို့အတွက် ဖြစ်လေ့ရှိတဲ့လက္ခဏာတစ်ခုပါပဲ...

🔸ဒါကြောင့် အရိုးအဆစ်လေးတွေ နာကျဥ်ကိုက်ခဲခြင်းနဲ့ ကြွက်သားလေးတွေ ရောင်ရမ်းနာကျဥ်​​ ခြင်း အတွက်သာမက ဇက်ကြောတက်၊ နှာခေါင်းပိတ်ခြင်းများအတွက်ပါကောင်းမွန်တဲ့ 💚 Gaia ရဲ့ သဘာဝကမ်းဇော်ပရုပ်ဆီ 💚 လေးက ချစ်ရတဲ့ဖိုးဖိုးဖွားဖွားတို့အနားမှာ အမြဲဆောင်ထားရတဲ့ ဆေးပရုတ်ဆီလေးပဲပေါ့...

🔸ကဲ ဒါဆို မိမိချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတို့ ဝါတွင်းကာလလေးမှာ ညောင်းညာကိုက်ခဲခြင်းတွေ ကင်းဝေးပြီး ရွှင်လန်းနေစေဖို့ အခုပဲ 💚 Gaia ကမ်းဇော်ပရုပ်ဆီ 💚 လေးကို အခုပဲ Hello လုပ်ပြီးဝယ်ယူလိုက်တော့နော်...👇

🔸 Contact Us
☎ 09 450 016 060





climate change ဒိုင်ယာရီ . . .ဒီနှစ်ရဲ့ climate change ပြကွက်တွေကြမ်းပါတယ်။ ၂၀၂၅ ခု မိုးရာသီဖြတ်သန်းမှုကိုမှတ်ထားပြီး နေ...
03/08/2026

climate change ဒိုင်ယာရီ . . .

ဒီနှစ်ရဲ့ climate change ပြကွက်တွေ
ကြမ်းပါတယ်။ ၂၀၂၅ ခု မိုးရာသီဖြတ်
သန်းမှုကိုမှတ်ထားပြီး နောက်နှစ်ကြရင်
ဘယ်နားမှာ ဘယ်လို ဘယ်လမှာ စားပင်
သီးပင်ဆေးပင်စိုက်မယ်၊ တွေးထား
တေးထားတာပေါ့။

သို့ပေမယ့်လည်းပေါ့လေ။ climate change ရဲ့ ဇာတ်ညွှန်းလုံးဝပြောင်းလဲ
သွားပါတယ်။ မိုးရာသီထဲ ဟိုနားမှာဒါ
လေးတွေစိုက်ဖို့ ပြင် . . ပြင်။
စိတ်ကူးထဲတင်ရပ်ထားရတယ်။ အိမ်မိုး
အောက်ကခွာလို့မရအောင်ရွာသွန်းချက်။
မိုးအများကြီးရွာတယ်။ ဟော . . ခနအကြာ
ပူလာပါရော။ ပြီးရင် အိုက်စပ်လာပြီး
ချွေးစို့လာတယ်။ မကြာဘူး၊ လေတိုက်
ပြန်တယ်။ ခပ်ပြင်းပြင်းနဲ့တိုက်ခတ်တာ၊
ဝါးပင်တွေကျိုးပြီး အိမ်ခေါင်မိုးပေါ်
တင်ပါလေရော။ ဝါးဖောင်ကြီးတစင်း
အိမ်ခေါင်မိုးပေါ်ရောက်လာသလိုပဲ။

မိုးတိတ်ချိန် တိမ်ဖုံးချိန် စိုက်ပျိုးဖို့လုပ်
စရာတွေလုပ်ကြပါတယ်။ မြေကြီးထဲ
က အပူဒဏ်ကြောင့် ပုရွတ်ဆိတ်တွေ
နေရာအနှံ့ထွက်လာပြီး ကိုက်ခဲကြ
ပါလေရော။ ခုန်ဆွခုန်ဆွ နာတယ်ဟလို့
အော်ရပြန်တယ်။ ငရုတ်သီးပင်ပေါ်
အထိ ဝိုင်းဖွဲ့နေကြသဗျ။ မိုးရွာမိုးပိ
လို့ ကြက်ဟင်းခါးပင်တွေလို အခါး
ဓာတ်ရှိတဲ့စားပင်တွေ ပိုးကျပိုးကိုက်
ဒဏ် ငုံ့ခံနေရတာမြင်ရတယ်။

နှစ်တိုင်းမိုးရာသီကာလမှာ မြက်ပင်ခုတ်
ရှင်းရတာ အထူးတာဝန်တရပ်ပါ။ ဒီနှစ်
မှာတော့လေ မြက်ပင်တွေ၊ သက်ကယ်
ပင်တွေ ငြိမ်ဝပ်ပိပြားနေကြပါတယ်။
နေရောင် မရတဲ့ရက် လေးငါးရက်အထိ
ရှိလာနေတာကိုး။ တစ်ခါတလေ အပင်
စိုက် အပင်အစာကျွေးနေရင်းတန်းလန်း
နေမင်းကြီးပျောက်သွားတယ်။ မိုးသား
မည်းမည်းတက်လာလိုက်တာ၊ လေသံ
တရွှီးရွှီးတောင်မြည်ဟီးနေသေး။
ပစ္စည်းတွေမလို့ အိမ်အမိုးအောက်
ပြေးလိုက်ရတာများ။ မပြေးလို့က
မဖြစ်ဘူး။ မိုးကြိုးပစ်ချင်ပစ်ချလာ
တာလေ။ မိုးမရွာပဲ မိုးသားရှိရုံတင်‌
နဲ့တောင်မိုးကြိုးပစ်ချတာပါ။

မဖျားမနာအောင်နေဖို့ အားထုတ်ကြိုးစား
ရတာလည်းတာဝန်ကြီးတခုပေါ့။ ခြေလက်
အေးလာရင် နွေးထွေးအောင်နေ။ ချွေး
ထွက်များရင် အဝတ်လဲ။ ညနေ မိုးအေး
ရင်ရေနွေးတည်ပြီး ရေချိုး။ ညဘက်မှာ
ပူတယ်အိုက်တယ်ဆိုပြီး တံခါးဖွင့်ပြီး
မအိပ်မိလေနဲ့။ အိပ်ကောင်းနေချိန်
တဖြည်းဖြည်းအေးလာပြီး တကိုယ်လုံး
ကိုက်ခဲသွားမယ်။ Mindful အစဉ်ကပ်
နေဖို့လိုသဗျ။

ဟိုဟာ မစားတတ်လို့၊ ဒါမျိုးမကြိုက်ဘူး။
လုပ်နေလို့မဖြစ်။ ရာသီအလိုက် သူ့အလို
လိုပေါက်လာကြတဲ့ သဘာဝစားစရာ
အပင်တွေရဲ့ အပွင့်၊ အရွက်၊ အရိုး၊ အမြစ်၊
အသီးတွေ စားတတ်အောင်စားရတယ်။
ဒါမှ ရာသီစာကြောင့် ခံနိုင်ရည်အစွမ်း
တိုးပွားနေမှာလေ။

မိုးဆက်တိုက်ကောင်းတဲ့ရက်၊ ရက်ဆက်
လာပါတယ်။ ရန်ကုန်မြို့က သူငယ်ချင်း
အိမ်ထဲရေတွေဝင်လို့တဲ့။ ဒီနှစ် မနှစ်က
ထက်ပိုဆိုးပါသတဲ့။ မနှစ်က ဒူး၊ ဒီနှစ်
ပေါင်ပါမြှုပ်သတဲ့လေ။ သူ့အိမ် ဘယ်
လိုပြင်ရမလဲတဲ့။ ခက်ခဲကြရပါပြီ။
climate change က အမြဲဖြစ်နေ
တော့မှာ မဟုတ်လား။ သူငယ်ချင်းရဲ့
Facebook မှာ အိမ်ထဲရေတွေဝင်နေ
ပုံ မြင်ရပါတယ်။ တချို့ကလည်း
blessings rain - ကောင်းကြီးမိုးရေ
ပါကွယ်လို့ comment ပေးကြတယ်။
ခံစားရသူခမြာ ပြုံးရ ငိုရမလိုလို။

climate change ဒိုင်ယာရီ ဒီမှာ
ခေတ္တရပ်လိုက်ပါပြီ။ စာရေးရသူက
သာရပ်လိုက်နိုင်တာ။ ဥတုရာသီပြောင်း
လဲခြင်းဆိုတာကြီးက တရာသီပြီး
တရာသီ ဒီဇိုင်းအမျိုးမျိုးနဲ့ လာနေ
မှာတော့အသေအခြာပါပဲ ခင်ဗျာ။

ကိုပီတိ
Tamarind Valley Farm

Green Memo



Address

No-189, Baho Street
Kamayut
2022

Telephone

+959789888579

Website

Alerts

Be the first to know and let us send you an email when Gaia Natural Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gaia Natural Products:

Shortcuts

Share