Saytanar Medical & Personal Care

Call Directions

Saytanar Medical & Personal Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saytanar Medical & Personal Care, Medical and health, Satanar Weeding Hall, Tabmataw Street, Quarter(6), Katha.

22/09/2026
13/09/2026

Pharmacist လို့ကြားလိုက်တာနဲ့ ဆေးရုံဆေးခန်းတွေမှာ Pharmaceutical Care ပေးရတဲ့ အခန်းကဏ္ဍတစ်ခုပဲ ရှိတယ်လို့ သိထားတုန်းပဲလား? 💊

ဒါတင်မကဘဲ Community Pharmacist, Industrial Pharmacist, Regulatory Pharmacist, NGO Pharmacist စတဲ့ လူကြီးမင်းတို့မသိသေးတဲ့ ဆေးဝါးပညာရှင်များရဲ့ အခန်းကဏ္ဍများစွာလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် အခုလက်ရှိမှာ Pharmacist တွေဟာ Pharmacy Career Path အပြင် တခြားသော Professional လမ်းကြောင်းတွေမှာလည်း အသီးသီး အောင်မြင်နေကြတာကို တွေ့ရမှာပါ။

ဒီတစ်ခေါက်မှာတော့ Industrial Pharmacy ရဲ့ Production Management, Quality Management¸ Environmental Management စတဲ့ အခန်းကဏ္ဍအသီးသီးမှာ 10 years++ အတွေ့အကြုံရှိတဲ့ Ma Saw Nwe Oo (B.Pharm) နဲ့ မိတ်ဆက်ပေးပါရစေ။ ✨

✅ ဆေးဝါးစက်ရုံတွေမှာ အရည်အသွေးထိန်းချုပ်ရေးနဲ့ ထုတ်လုပ်ရေးအပိုင်းတွေ ဘယ်လို process လုပ်သလဲ?
✅ ဆေးဝါးတွေ ထုတ်လုပ်ရာမှာ အကောင်းဆုံးအရည်အသွေးရအောင် ဘယ်လို Manage လုပ်သလဲ?
✅ New Products Development တွေ အဆင့်ဆင့် ဘယ်လိုလုပ်သလဲ?
✅ ဆေးဝါးအပြင်ကိုမှ Cosmetics Compounding တွေ ဘယ်လိုလုပ်သလဲ?
✅ Safety & Health (ESH) နဲ့ Corporate Social Responsibility (CSR) လုပ်ငန်းတွေကို ဘယ်လိုဦးဆောင်ခဲ့သလဲ?

ဒီလိုမျိုး Industrial Pharmacy ရဲ့ အရေးပါတဲ့ ဆေးဝါးထုတ်လုပ်ရေးအပိုင်းတွေ၊ အရေးကြီးတဲ့ Diverse Role တွေကို မေမြို့ဆေးဝါးစက်ရုံ၊ FAME ဆေးဝါးစက်ရုံနဲ့ အခုလက်ရှိ Rohto-Mentholatum (Myanmar) Co., Ltd တွေမှာ ဆယ်စုနှစ်များစွာ ကျွမ်းကျင်စွာနဲ့ ဦးစီးလုပ်ဆောင်နေတဲ့ Ma Saw Nwe Oo ကနေ Panelist အနေနဲ့ ရင်းနှီးစွာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🎙 Featured Panelist
Ma Saw Nwe Oo (B.Pharm)
* Diploma of Human Resource Management, Diploma of Business Management Administration,Diploma of Project Management - ICM (UK)
* Master of Business Administration (MBA) - Yangon University of Economics
* Production Manager - Rohto-Mentholatum Co.,Ltd (Myanmar)

Panelist အသီးသီးကနေ ဒီလိုမျိုး မတူညီတဲ့ Challenge တွေ၊ အခက်အခဲတွေနဲ့ အတွေ့အကြုံများစွာကို ဘယ်လိုကျော်လွှားခဲ့ပြီး အောင်မြင်တဲ့ Career လမ်းကြောင်းပေါ်မှာ ဘယ်လိုလျှောက်လှမ်းခဲ့လဲနဲ့ ပတ်သက်ပြီး မျှဝေပေးမယ့်အပြင် စိတ်ခွန်အားတွေပါ ရနိုင်မယ့် အခွင့်အရေးမလို့ လာမယ့် ၂၀ ရက်နေ့မှာ ကျင်းပမယ့် World Pharmacists Day ပွဲလေးကို တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

🗓 𝐃𝐚𝐭𝐞 – 𝟐𝟎 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞 – 𝟗:𝟎𝟎 𝐀𝐌 – 𝟒:𝟎𝟎 𝐏𝐌
📍 𝐕𝐞𝐧𝐮𝐞 – 𝐈𝐧𝐠𝐲𝐢𝐧 𝐇𝐚𝐥𝐥, 𝐑𝐨𝐬𝐞 𝐆𝐚𝐫𝐝𝐞𝐧 𝐇𝐨𝐭𝐞𝐥

📎Registration Link:
https://forms.gle/NFYWbEYPyzHnYtzP8





06/09/2026
06/09/2026

Semaglutide vs Tirzepatide 💉
ဝိတ်ချဆေးနှစ်မျိုးထဲမှာ ဘာတွေကွာခြားလဲ?

Weight Management အကြောင်းလေ့လာနေသူတွေအနေနဲ့ Semaglutide နဲ့ Tirzepatide ဆိုတဲ့နာမည်နှစ်ခုကို မကြာခဏ ကြားဖူးကြမှာပါ။

နှစ်မျိုးလုံးက ဆာလောင်မှု၊ အစားစားချင်စိတ်နဲ့ အစာချေဖျက်မှုကို ထိန်းညှိပေးခြင်းကနေ ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးနိုင်တဲ့ ဆေးဝါးတွေဖြစ်ပေမယ့် အလုပ်လုပ်တဲ့ receptor နဲ့ ရရှိနိုင်တဲ့ရလဒ်မှာ ကွာခြားချက်ရှိပါတယ်။

🔹 Semaglutide ဆိုတာ ဘာလဲ?

Semaglutide က GLP-1 receptor agonist ဖြစ်ပါတယ်။

GLP-1 ရဲ့အာနိသင်ကို တုပပြီး
• ဗိုက်ပြည့်နေတဲ့ခံစားချက် ပိုကြာစေခြင်း
• အစားစားချင်စိတ် လျော့ကျစေခြင်း
• အစာအိမ်က အစာထွက်နှုန်းကို နှေးစေခြင်း
တို့ကနေ အစားအစာစားသုံးပမာဏ လျော့နည်းလာအောင် ကူညီပေးပါတယ်။

Weight management အတွက် လူသိများတဲ့ Semaglutide brand တစ်ခုက Wegovy ဖြစ်ပါတယ်။

🔸 Tirzepatide ကရော?

Tirzepatide ကတော့ GIP + GLP-1 receptor နှစ်မျိုးလုံးကို target လုပ်တဲ့ dual agonist ဖြစ်ပါတယ်။

ဒါကြောင့် appetite နဲ့ energy metabolism ကို လမ်းကြောင်းတစ်ခုထက်ပိုပြီး သက်ရောက်စေတဲ့ ဆေးဖြစ်ပါတယ်။

Weight management အတွက် လူသိများတဲ့ Tirzepatide brand တစ်ခုက Mounjaro ဖြစ်ပါတယ်။

📊 ဒါဆို ဘယ်ဆေးက ဝိတ်ပိုကျနိုင်သလဲ?

2025 ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Semaglutide နဲ့ Tirzepatide ကို တိုက်ရိုက်နှိုင်းယှဉ်ထားတဲ့ Clinical Trial မှာ

ပျမ်းမျှ ကိုယ်အလေးချိန်လျော့ကျမှုက—

➡️ Tirzepatide – 20.2% ဝန်းကျင်
➡️ Semaglutide – 13.7% ဝန်းကျင်

ဖြစ်ခဲ့ပြီး Tirzepatide သုံးတဲ့အုပ်စုမှာ ပျမ်းမျှ weight loss ပိုများခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီရာခိုင်နှုန်းတွေဟာ လူတိုင်းအတွက် အတိအကျရမယ့် Result မဟုတ်ပါဘူး။ ဆေးပမာဏ၊ ဆေးခံနိုင်ရည်၊ အစားအသောက်၊ လှုပ်ရှားမှု၊ ရောဂါအခံနဲ့ တစ်ဦးချင်းတုံ့ပြန်မှုအပေါ် မူတည်ပါတယ်။

🤢 Side Effects ကရော ဘာတွေဖြစ်နိုင်လဲ?

ဆေးနှစ်မျိုးလုံးမှာ အများဆုံးတွေ့ရတာက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်ပြီး—

• ပျို့ခြင်း
• အန်ခြင်း
• ဝမ်းလျှောခြင်း
• ဝမ်းချုပ်ခြင်း
• ဗိုက်မအီခြင်း / ဗိုက်နာခြင်း

စတာတွေ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ဆေးစသုံးချိန်နဲ့ Dose တိုးနေချိန်တွေမှာ ပိုတွေ့ရနိုင်ပါတယ်။

“Tirzepatide ဖြစ်လို့ side effect အမြဲနည်းတယ်” ဒါမှမဟုတ် “Semaglutide ဖြစ်လို့ side effect အမြဲပိုများတယ်” လို့တော့ လူတိုင်းအတွက် တစ်ပုံစံတည်း သတ်မှတ်လို့မရပါဘူး။

🥗 ဆေးထိုးရုံနဲ့ လုံလောက်လား?

မလုံလောက်ပါဘူး။

Weight Management ဆေးသုံးနေချိန်မှာ အစားအစာကို အလွန်အမင်းလျှော့စားပြီး “မစားရင် ဝိတ်ပိုမြန်မြန်ကျမယ်” လို့ မယူဆသင့်ပါဘူး။

ဝိတ်ကျနေချိန် muscle mass များများဆုံးရှုံးမသွားဖို့—

✅ Protein လုံလောက်အောင်စားခြင်း
✅ ဟင်းသီးဟင်းရွက်နဲ့ Fibre ပါဝင်တဲ့အစားအစာရွေးခြင်း
✅ ရေလုံလောက်အောင်သောက်ခြင်း
✅ Portion ကိုသင့်တင့်အောင် ထိန်းခြင်း
✅ ပုံမှန်လှုပ်ရှားမှုနဲ့ Strength Exercise ပါ ထည့်သွင်းခြင်း

တို့ကို အတူတကွ လုပ်ပေးဖို့ အရေးကြီးပါတယ်။

💡 Semaglutide နဲ့ Tirzepatide — ဘယ်ဟာကိုရွေးသင့်လဲ?

“ပိုဝိတ်ကျတဲ့ဆေး = ကိုယ့်အတွက်ပိုကောင်းတဲ့ဆေး” လို့ အမြဲမဆိုနိုင်ပါဘူး။

မိမိရဲ့—

• BMI နဲ့ Weight-related health problems
• ဆီးချိုရှိ/မရှိ
• သောက်သုံးနေတဲ့အခြားဆေးများ
• အစာအိမ်၊ သည်းခြေ၊ ပန်ကရိယ စတဲ့ ကျန်းမာရေးအခြေအနေများ
• Pregnancy plan
• Side-effect tolerance
• ရေရှည် Weight-management plan

စတဲ့အချက်တွေကို ဆရာဝန်က သေချာသုံးသပ်ပြီးမှ သင့်တော်တဲ့ဆေးနဲ့ Dose ကိုရွေးချယ်သင့်ပါတယ်။

⚠️ Weight-loss injection တွေဟာ Cosmetic Injection မဟုတ်ဘဲ Medical Treatment ဖြစ်ပါတယ်။

Online ကနေ ကိုယ်တိုင်ဝယ်ခြင်း၊ သူများသုံးတဲ့ Dose ကိုလိုက်သုံးခြင်း၊ Dose ကိုကိုယ်တိုင်မြှင့်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။

ဆေး + အာဟာရ + လှုပ်ရှားမှု + ရေရှည်ထိန်းသိမ်းနိုင်တဲ့အလေ့အကျင့်
လေးခုလုံးကို ပေါင်းစပ်နိုင်မှ Weight Management ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဝိတ်ကျရုံတင်မကဘဲ ကျန်းမာရေးပိုကောင်းလာပြီး ရေရှည်ထိန်းထားနိုင်ခြင်း ကို ရရှိနိုင်မှာဖြစ်ပါတယ်။ 🌿

Dr Su
Clinical Nutritionist & Aesthetic Doctor
Gangnam Medical
“Nourish Within, Glow Beyond.”

05/09/2026

Hello Hello!

MYPGyer တို့ရေ လာမယ့် September 25 ရက်နေ့ဆိုရင် ဆေးဝါးပညာရှင် Pharmacist တွေအတွက် အရေးပါပြီး အဓိပ္ပာယ်ရှိတဲ့ “World Pharmacists Day” လေး​ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်၊၊ 2026 ခုနှစ်အတွက် World Pharmacists Day Theme ကတော့ “Empowering pharmacists for healthier futures” ပဲ ဖြစ်ပါတယ်။

​ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ MYPG ကနေ Pharmacist တွေအတွက် အထူး Event တစ်ခုကို သေချာလေးပြင်ဆင်ပေးထားပါတယ်။ ဒီ Event လေးကိုတော့ လာမယ့် September 20 ရက်နေ့မှာ ရန်ကုန်မြို့ Rose Garden Hotel မှာ ကျင်းပသွားမှာဖြစ်ပြီး Event Agenda အသေးစိတ်ကိုတော့ ထပ်မံကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ Event လေးမှာ MYPG Member တွေတင်မကဘဲ Pharmacist တွေအားလုံး အတူတကွ ပျော်ရွှင်စွာ ပါဝင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ WPD အမှတ်တရ စကားလက်ဆောင်လေးတွေ ပြောကြားပေးဖို့ Request လုပ်လိုက်ပါရစေ။

အမှတ်တရစကားလက်ဆောင်ပြောကြားပေးဖို့အတွက် Video လေးတွေ ဖန်တီးပြီး MYPG ကို ပေးပို့ပေးရမှာဖြစ်ပါတယ်။ Video ဖန်တီးဖို့အတွက် သတ်မှတ်ထားတဲ့ Script Structure လေးကတော့ Name, Pharmacy Field (အခုလက်ရှိ ကိုယ်တာဝန်ယူဆောင်ရွက်နေတဲ့ အပိုင်း), Pharmacist တစ်ဦးဖြစ်ရတဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရည်စာခံစားချက်နဲ့ အတွေ့အကြုံ, အနာဂတ် Pharmacy Field နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ မျှော်မှန်းချက် စတာတွေကို အကျဉ်းချုပ်ပြောပေးရင် ရပါပြီနော်…။

Video Specifications:

✅Duration: 30 seconds – 1 min

✅Language: Burmese

✅Aspect Ratio: 1:1 (Square)

✅Deadline: 15.9.2026

Video လေးတွေ ရိုက်ပြီးရင်တော့ အောက်က Link လေးမှာ တင်ထားပေးရင် ရပါပြီ။ 👇

https://drive.google.com/drive/folders/1nhiJjJZcb4nhyvLP2ugAitN8Jo773dHc?usp=drive_link

ကဲ….Pharmacist တွေရဲ့ ဆွဲဆောင်မှုရှိတဲ့ ရူပါနဲ့ အသံကို ချပြနိုင်တဲ့ အခွင့်အရေးလေးဖြစ်လို့ အခုပဲ Video လှလှလေးတွေ ဖန်တီးပြီး မြန်မြန်ပဲ ပေးပို့လိုက်တော့နော်…ဒီ video လေးတွေကို Event မှာလည်း အသုံးပြုပေးသွားမှာနော်…။

အားလုံးပဲ မကြာခင်မှာ MYPG နဲ့ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။







02/09/2026

အိပ်ချ်အိုင်ဗွီပိုးရဲ့ အားနည်းချက်
အားသာချက်များအကြောင်း၊

လူတစ်ဦးမှ တစ်ဦးကို သွေး၊ သုတ်ရည်၊
မိန်းမကိုယ်အရည်များမှတဆင့် ကူးစက်
တတ်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်၊

ပေါက်ပြဲမှုမရှိတဲ့ အရေပြားကို ဖောက်ထွင်း
ဝင်ရောက်တာမျိုးမရှိပေမယ့် ပိုးပါဝင်မှုများ
တဲ့ သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည်များ
နှင့် ထိတွေ့ရာမှ ပွတ်တိုက်မှုရှိ​ပြီး ပွန်းပဲ့နေတဲ့
အရေပြားမှတဆင့် ဝင်ရောက်ကူးစက်ပါတယ်၊

ကူးစက်ဝင်ရောက်လာတဲ့ အိပ်ချ်အိုင်ဗွီပိုးတွေ
က ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်ရေးစနစ်ဖြစ်
တဲ့ သွေးဖြူဥတွေကို အဓိကဖျက်ဆီးပြီး မျိုးပွား
ပါတယ်၊ တနေ့တနေ့ကို ပိုးကောင်ရေ သန်းနဲ့ချီ
မျိုးပွားနိုင်ပါတယ်၊

မျိုးပွားမှု အလွန်များပြားတာ​ကြောင့် ပိုးအသစ်
တွေရဲ့ (၂၅) ရာခိုင်နှုန်းလောက်က မူလနဲ့မတူတဲ့
မျိုးကွဲတွေ ပါဝင်လာပါတယ်၊ ဒီလိုမျိုးကွဲတွေပါ
လာတာကြောင့်ပဲ အိပ်ချ်အိုင်ဗွီပိုးကို ပျောက်တဲ့
ဆေး မပေါ်နိုင်သေးတာဖြစ်ပါတယ်၊

ပိုးအသစ်တွေ ပွားများလာတိုင်း မူလနဲ့မတူတဲ့
ပိုးတွေပါလာတာကြောင့် အေအာတီဆေးကုသ
မှုမှာလည်း ဆေးကို အချိန်မှန်မှန် သောက်ဖို့လို
အပ်လာတာဖြစ်ပါတယ်၊

ဆေးသောက်မမှန်တာဖြစ်ရင် ဆေးနဲ့ထိတွေ့နေ
တဲ့ အိပ်ချ်အိုင်ဗွီပိုးတွေ (တနည်းအားဖြင့်) ဆေး
နဲ့ မျိုးပွားလို့မရအောင် ထိန်းချုပ်ထားတဲ့ ပိုးတွေ
ထဲမှ ဆေးကိုသိနေတဲ့ (တနည်းအားဖြင့်) ဆေးကို
ခံနိုင်ရည်ရှိနေတဲ့ ပိုးအသစ်တွေ ပွားများလာနိုင်လို့
ဖြစ်ပါတယ်၊

ဒါပေမယ့် ဆေးကိုလုံးဝမသောက်တော့ပဲ ရပ်လိုက်
ပြီးမှ ပြန်သောက်တဲ့သူတွေမှာ မူလသောက်နေကြ
ဆေးနဲ့ပဲ အဆင်ပြေတာကိုလည်း တွေ့နေရပါတယ်၊
ဒါဟာလည်း အိပ်ချ်အိုင်ဗွီပိုးရဲ့ မူလနဲ့မတူတဲ့ မျိုးကွဲ
တွေကြောင့် ဖြစ်ပါတယ်၊

အေအာတီဆေးကို အချိန်မှန်မှန်မသောက်ပဲ သောက်
လိုက် မသောက်လိုက်လုပ်သူတွေမှာ ဆေးယဥ်ပါးတဲ့
ပိုးတွေ မွေးဖွားလာနိုင်ပေမယ့် ဆေးကိုလုံးဝမသောက်
ပဲ (၂) နှစ် (၃) နှစ်ကြာမှ ပြန်သောက်သူတွေမှာတော့
ဆေးယဥ်ပါးတာမျိုး မတွေ့ရပါဘူး၊

အိပ်ချ်အိုင်ဗွီပိုးရဲ့ အားသာချက်က မျိုးပွားမှုများတယ်၊
မျိုးကွဲတွေပါဝင်လာတယ်၊ အများကြီးမျိုးပွားပြီး သက်
တမ်းတိုတယ်၊ ဒီအားသာချက်တွေကြောင့် ပျောက်ဆေး
မပေါ်နိုင်ပေမယ့် ဒါတွေကပဲ အေအာတီဆေးနဲ့ကုသတဲ့
အခါမှာ အားနည်းချက်တွေ ဖြစ်သွားပါတယ်၊

အိပ်ချ်အိုင်ဗွီပိုးအရှင်းမပျောက်ပေမယ့် အေအာတီဆေး
နဲ့ ကုသနိုင်တာကြောင့် ဆီးချို၊ သွေးတိုးလို ဆေးမှန်မှန်
သောက်ပြီး ထိန်းထားလို့ရတဲ့ နာတာရှည်ရောဂါအဆင့်
ဖြစ်နေပါပြီ၊

ကမ္ဘာပေါ်က ဆေး Company တွေက အေအာတီဆေး
တွေကို ဘယ်နှစ်နှစ်စာလောက် ကြိုတင်ထုတ်ထားပြီး
ပြီလို့ထင်သလဲ? ပျောက်ဆေးပေါ်တာနဲ့ အဲ့ဒီ့ဆေးဝါး
တွေကို ဘာလုပ်ပြစ်ရမလဲ? သူတို့လက်ထဲမှာ ပုံနေတဲ့
ဆေးဝါးတွေကို ဘယ်သွားသုံးရမလဲ? ဒါတွေကိုဖြေလို့
ရရင် အိပ်ချ်အိုင်ဗွီပိုး အရှင်းပျောက်တဲ့ ဆေးဆိုတာ
ဘယ်တော့ပေါ်မလဲ စဥ်းစားလို့ရနိုင်ပါလိမ့်မယ်၊

Hotline ☎ 09775292602



01/09/2026

ရန်ကုန်မှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိ

၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်ကို ကိုးကားပြီး ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရဲ့ ART ဆေးဝါးတွေဖြန့်ဖြူးမှုနဲ့ ပတ်သက်လို့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဒီကိန်းဂဏန်းကို ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images (ပုံဟောင်း)

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/crp3kjpvjjzqt

#ဘီဘီစီမြန်မာပိုင်း #မြန်မာ ေး

Address

Satanar Weeding Hall, Tabmataw Street, Quarter(6)
Katha

Telephone

+959440607117

Website

Alerts

Be the first to know and let us send you an email when Saytanar Medical & Personal Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share