19/08/2026
လာမည့် ၁၂.၉.၂၆ ရက်နေ့မှ ၁၃.၉.၂၆ ရက်နေ့များတွင် ကော့သောင်းပြည်သူ့ဆေးရုံ၌ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီး (မျက်နှာ၊မေးရိုး၊ခံတွင်းနှင့်ပြုပြင်မှုဆိုင်ရာခွဲစိတ်ကုဌာန) မှ ပါမောက္ခ/ဌာနမှူးဦးဆောင်သော ခွဲစိတ်ကုသမှုအဖွဲ့သည် မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကလေးငယ်များအားအခမဲ့ လာရောက်ခွဲစိတ်ကုသပေးမည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသော မွေးရာပါ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကလေးငယ်များ အခမဲ့လာရောက်စစ်ဆေးကုသမှု ခံယူနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
နှုတ်ခမ်းကွဲ - အသက် ၃ လနှင့်အထက် (အသက် ကန့်သတ်ချက် မရှိပါ)
အာခေါင်ကွဲ - အသက် ၁ နှစ်အထက် မှ ၁၂ နှစ်အောက်အထိ
(ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ လူကိုယ်တိုင်ဖြစ်စေ၊အရေးပေါ်နှင့်ပြင်ပလူနာဌာန ဖုန်းနံပါတ် ၀၉၆၆၈၇၅၈၁၀၀ သို့ဖြစ်စေ ၁၁.၉.၂၆ ရက်နေ့မတိုင်မီ ရုံးချိန်အတွင်းလာရောက်စုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။)