Medical Family Mandalay - MFM

Directions Website Contact the business

Medical Family Mandalay - MFM A collective demonstration against military coup (Spring Revolution 2021)

Tealand Institutes of Health (TIH) ၏ ဆေးပညာဘွဲ့ [ Bachelor of Medicine, Bachelor of Surgery (M.B., B.S) ] အတွက် ဒုတိယအကြ...
01/09/2026

Tealand Institutes of Health (TIH) ၏ ဆေးပညာဘွဲ့ [ Bachelor of Medicine, Bachelor of Surgery (M.B., B.S) ] အတွက် ဒုတိယအကြိမ် ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း အသိပေးကြေညာလိုက်ရပါတယ်နော်။

ဝင်ခွင့်လျှောက်လွှာအတွက် Application Form (Google Link) ကိုလည်း အောက်မှာပေးထားတာမို့ အချက်အလက်နှင့် ကိုက်ညီတဲ့ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ လျှောက်လွှာပိတ်ရက် စက်တင်ဘာလ ၁၈ ရက်နေ့အထိ စာရင်းဖြည့်သွင်းနိုင်ပါပြီ။

လျှောက်လွှာနောက်ဆုံးပိတ်ရက်ကို အထူးသတိထားပြီး ဖြည့်သွင်းကြဖို့လည်း အသိပေးအပ်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLScNE9fEUS_rxrDTXisDNx9jaQShauih5GEZHZJGagOETft7qQ/viewform?usp=publish-editor

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) နှင့် ကျန်းမာရေးမိသားစု - မန္တလေး (MFM) တို့ ပူးပေါင်း၍ မန္တလေးဒေသ ရေဘေးသင့်...
13/08/2026

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) နှင့် ကျန်းမာရေးမိသားစု - မန္တလေး (MFM) တို့ ပူးပေါင်း၍ မန္တလေးဒေသ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။

#ရေဘေး

Medical Family Mandalay (MFM)_ကျန်းမာရေးမိသားစုမှ စုပေါင်းအားဖြင့်ကူညီမျှဝေမှုကို  နှင့် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှ...
13/08/2026

Medical Family Mandalay (MFM)_ကျန်းမာရေးမိသားစုမှ စုပေါင်းအားဖြင့်ကူညီမျှဝေမှုကို နှင့် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ အဖွဲ့သားများမှ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများထံသို့ အရေးပေါ်လိုအပ်လျှက်ရှိ‌သော ဆန်၊ဆီ ရိက္ခာများ သွားရောက်ကူညီပေးခဲ့ကြပါသည်။

ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထောက်ပံ့ရေးများကိုလည်း အတတ်နိုင်ဆုံး ဆက်လက်ဝိုင်းဝန်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

"ပြည်သူမှ ပြည်သူသို့" အပြန်အလှန် ဖေးမကူညီနိုင်ရန်အတွက် အခြေခံ စားသောက်ကုန်၊ ဆေးဝါးနှင့် အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများကို မိဘပြည်သူများ အနေဖြင့်လည်း တတ်နိုင်သမျှ ဝိုင်းဝန်း ပါဝင်လှူဒါန်းနိုင်ပါကြောင်းလည်း နိုးဆော်အပ်ပါသည်။

(မှတ်ချက်_ မျှဝေနေစဉ်အတွင်းသော်လည်းကောင်း၊ အခက်အခဲကြားမှ မည်သည့်အခြေအနေတွင်မဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပါကမန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC) သို့ သွားရောက်တိုင်ကြားနိုင်ပါသည်။

#ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ
#မန္တလေးစစ်ဘေးရှောင်
#ပြည်သူမှပြည်သူသို့

🎓 လောက်ကိုင် ဆေးပညာ၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်𝗟𝗨𝗠𝗡𝗛𝗦 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗡𝘂𝗿𝘀𝗶𝗻𝗴📢 ကျောင်းဝင်ခွင့်လျှောက်လွှာ ပိတ်ရက် တိ...
10/08/2026

🎓 လောက်ကိုင် ဆေးပညာ၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်
𝗟𝗨𝗠𝗡𝗛𝗦 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗡𝘂𝗿𝘀𝗶𝗻𝗴

📢 ကျောင်းဝင်ခွင့်လျှောက်လွှာ ပိတ်ရက် တိုးမြှင့်ကြောင်း အသိပေးကြေညာခြင်း

𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿 𝗼𝗳 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗣𝗿𝗼𝗴𝗿𝗮𝗺 အတွက် ကျောင်းဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်ကို တိုးမြှင့်သတ်မှတ်ပေးလိုက်ပါသည်။

📅 လျှောက်လွှာပိတ်မည့်ရက်
🔹 ယခင်သတ်မှတ်ထားသည့်ရက် — 𝟭𝟱 𝗔𝘂𝗴𝘂𝘀𝘁 𝟮𝟬𝟮𝟲
🔹 ယခုတိုးမြှင့်သတ်မှတ်သည့်ရက် — 𝟯𝟭 𝗔𝘂𝗴𝘂𝘀𝘁 𝟮𝟬𝟮𝟲

⚠️ မှတ်ချက်
လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်သာ တိုးမြှင့်ခြင်းဖြစ်ပြီး၊ ဝင်ခွင့်စာမေးပွဲ ကျင်းပမည့်ရက်များမှာ မူလအစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

သူနာပြုသိပ္ပံဘွဲ့ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ထပ်မံတိုးမြှင့်သတ်မှတ်ပေးထားသော နောက်ဆုံးရက်အတွင်း လျှောက်လွှာများကို အချိန်မီ တင်သွင်းနိုင်ပါပြီ။

━━━━━━━━━━━━━━━━━━
📝 ကျောင်းဝင်ခွင့်လျှောက်ထားရန်
📌 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 (𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺)
https://docs.google.com/forms/d/e/1FAIpQLScJhR7t-GQK_z-AvpwbAo5rDTdqyLR6z8ZzivD0lWfJwfPKjQ/viewform?usp=sharing

📄 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 (𝗣𝗗𝗙 𝗙𝗼𝗿𝗺)
https://drive.google.com/file/d/1q4K8UqiWVIOOnpFHRIxv_BTWEOAKVPRy/view?usp=sharing

📘 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗚𝘂𝗶𝗱𝗲
https://drive.google.com/file/d/1CQZrHfJZu_IPJ7b6QTObGTLuSRboTKSR/view?usp=sharing

━━━━━━━━━━━━━━━━━━
📲 မေးမြန်းစုံစမ်းရန်
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹:
━━━━━━━━━━━━━━━━━━

🌟 𝗝𝗼𝗶𝗻 𝘂𝘀 𝗶𝗻 𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗮 𝗹𝗲𝗴𝗮𝗰𝘆 𝗼𝗳 𝗲𝘅𝗰𝗲𝗹𝗹𝗲𝗻𝗰𝗲.

မန္တလေး အိုဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်း
10/07/2026

မန္တလေး အိုဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်း

19/06/2026

Missed Calls - မြန်မာဇာတ်လမ်းတိုရုပ်ရှင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ ရိုက်ကူးထုတ်လုပ်ထားတဲ့ Missed Calls ဇာတ်လမ်းတိုရုပ်ရှင်ကို ကြည့်ရှုနိုင်ပါပြီ။ လွတ်လပ်စွာမျှဝေခံစားနိုင်ပါတယ်။







၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အသက် (၈၁) နှစ် ပြည့်ပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...
19/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အသက် (၈၁) နှစ် ပြည့်ပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မှသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ရှင်သန်လွတ်မြောက်ပြီး မိသားစုများနှင့် ပြန်လည်ဆုံစည်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(၁၉-၆-၂၀၂၆)

14/06/2026

နှင်းဆီလှုပ်ရှားမှု

လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။

ပြည်တွင်း၊ ပြည်ပ၊ မြို့ပြ ၊ ကျေးလက်မရွေး ပြည်သူများ အားလုံး ပါဝင်လှုပ်ရှား ကြမှာဖြစ်ပြီး စတင်ပြင်ဆင် နှိုးဆော်မှုများလည်း စတင်နေပြီ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြပါစို့။


30/04/2026

Address

30th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Medical Family Mandalay - MFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Medical Family Mandalay - MFM:

Shortcuts

Share