Lin Yaung Oo Hospital

Call Directions Contact the business

Lin Yaung Oo Hospital Better Quality Care For You.

👉သင်ဟာ လှေကားအတက်အဆင်းလေးလုပ်တာနဲ့ မောတာ၊ ရင်ဘက်ထဲက တရွှီရွှီမြည်နေတာဆိုရင်တော့ ဒါကို သတိပြုပါ။🫁ဒါဟာ အဆုတ်ပွ လေပြွန်ကျဉ်...
29/10/2026

👉သင်ဟာ လှေကားအတက်အဆင်းလေးလုပ်တာနဲ့ မောတာ၊ ရင်ဘက်ထဲက တရွှီရွှီမြည်နေတာဆိုရင်တော့ ဒါကို သတိပြုပါ။

🫁ဒါဟာ အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ (COPD - Chronic Obstructive Pulmonary Disease) ဖြစ်နိုင်ပါတယ်။ ထိုရောဂါက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေကာ အသက်ရှူရ ခက်ခဲစေပြီး အချိန်ကြာလာသည်နဲ့အမျှ ပိုမိုဆိုးရွားလာတတ်တဲ့ အဆုတ်ရောဂါစုတစ်ခုဖြစ်ပါတယ်။

‼️အဓိကအားဖြင့် နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis) နှင့် အဆုတ်လေအိတ်တွေ ပျက်စီးပြီး အဆုတ်ပွခြင်း (Emphysema) တို့ ဖြစ်တတ်ပါတယ်။

လက္ခဏာတွေအနေနဲ့ကတော့
- မကြာခဏ သလိပ်ကပ်ပြီး ချောင်းဆိုးခြင်း
- ရင်ဘတ်အောင့်ခြင်း
- အဆုတ်ပိုးဝင်ပြီး မကြာခဏ အအေးမိခြင်း
- အသက်ရှူတဲ့အချိန် အသံမြည်နေခြင်း
- လှုပ်ရှားမှု အနည်းငယ်လုပ်တဲ့အခါ မောပန်းခြင်း
စတာတွေ ခံစားနေရပြီဆိုရင် အထူးသတိထားပြီး သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုအပ်ပါတယ်နော်။

🫁ဒါကြောင့် အဆုတ်ပွလေပြွန်ကျဉ်းရောဂါရဲ့ အဓိကဖြစ်ပွါးရတဲ့ တရားခံတွေကတော့

- ဆေးလိပ်သောက်ခြင်း
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်း
- လေထုညစ်ညမ်းများကို ရှူရှိုက်မိခြင်း
- မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်း စတဲ့ အရာတွေကြောင့် ဖြစ်နိုင်သလို အထူးဂရုစိုက်သင့်ပါတယ်နော်။

ဒါကြောင့် တစ်ခုခု ထူးခြားလာခဲ့ရင် ဒါမှမဟုတ် မိမိမှာ လက္ခဏာတစ်ခုခု ခံစားနေရရင် လင်းရောင်ဦးဆေးရုံမှာ အထူးကု ဆရာဝန်ကြီးများနဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🌕သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)🙏🏻သီတင်းကျွတ်လပြည့်နေ့မှစ၍ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ လိ...
26/10/2026

🌕သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)

🙏🏻သီတင်းကျွတ်လပြည့်နေ့မှစ၍ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ လိုအင်ဆန္ဒများလည် ပြည့်ဝကြပါစေကြောင်း လင်းရောင်ဦးဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

ခါကျက်ဥနဲ့ သင့်ကျန်းမာရေး"ခါကျက်ဥ" ဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေဆီကရတဲ့ ဥ မဟုတ်ပါဘူး။💁‍♀️ မန္တလေးမှာတော့ မုန်လာဥနီ (Carro...
24/10/2026

ခါကျက်ဥနဲ့ သင့်ကျန်းမာရေး

"ခါကျက်ဥ" ဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေဆီကရတဲ့ ဥ မဟုတ်ပါဘူး။

💁‍♀️ မန္တလေးမှာတော့ မုန်လာဥနီ (Carrot) ကို "ခါကျက်ဥ" လို့ ခေါ်ကြပါတယ်။ ဒီနာမည်ဟာ Hindi ဘာသာစကား (Gaajar Root - ဂါဂျာရု) ကနေ ဆင်းသက်လာတာဖြစ်ပြီး မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါ။ ဒီလိုပဲ အာလူး (Aloo)၊ ဂေါ်ဖီထုပ် (Gobhee) စတဲ့ နေ့စဉ်စားသောက်ကုန် အမည်တချို့ဟာလည်း Hindi ဘာသာစကားကနေ မွေးစားယူထားတာဖြစ်ပါတယ်။

🥕 ခါကျက်ဥ (မုန်လာဥနီ) ရဲ့ ဆေးဘက်ဝင် ကျန်းမာရေးအကျိုးကျေးဇူးများ

ခါကျက်ဥဟာ ရိုးရှင်းတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပေမဲ့ ကျန်းမာရေးအတွက်တော့ အလွန်အဖိုးတန်တဲ့ အဟာရဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။
1. မျက်စိအမြင်အာရုံ ကောင်းမွန်စေခြင်း: Beta-carotene နှင့် Vitamin A ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကို ထိန်းသိမ်းပေးပြီး ညဘက်အမြင်အာရုံချို့တဲ့ခြင်းကို ကာကွယ်ပေးပါတယ်။
2. နှလုံးနှင့် သွေးတိုးရောဂါ ကာကွယ်ပေးခြင်း: Potassium နှင့် အမျှင်ဓာတ် (Fiber) ပါဝင်မှုကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်း Cholesterol လျှော့ချပေးပါတယ်။
3. ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း: Anti-oxidants နှင့် Vitamin C ပါဝင်မှုကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
4. အစာခြေစနစ် တိုးတက်စေခြင်း: အမျှင်ဓာတ်ပါဝင်မှုမြင့်မားလို့ ဝမ်းမှန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

✨ ရောဂါကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်။ နေ့စဉ် စားသောက်မှုပုံစံမှာ ခါကျက်ဥလို အဟာရပြည့်ဝတဲ့ သီးနှံတွေကို ထည့်သွင်းစားသုံးတာအပြင် မိမိ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန် စစ်ဆေးပေးဖို့လည်း လိုအပ်ပါတယ်။

ကျွန်တော်တို့ “လင်းရောင်ဦးဆေးရုံ” မှာဆိုရင်
ခေတ်မီစက်ကိရိယာများ၊ အထူးကုဆရာဝန်ကြီးများမှ နေ့စဉ် ကျန်းမာရေစောင့်ရှောက်မှုများ ပေးဆောင်လျက် ရှိနေပါတယ်ခင်ဗျာ…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

📱 လက်ကိုင်ဖုန်းနဲ့ တူတူ အိပ်ယာဝင်ခြင်းက သင့်ဦးနှောက်ကို ပျက်စီးစေတယ်ဆိုတာ သင်သိပါသလား ? 🧠 💁‍♀️ လက်ကိုင်ဖုန်းတွေဟာ ကျွန်တ...
20/10/2026

📱 လက်ကိုင်ဖုန်းနဲ့ တူတူ အိပ်ယာဝင်ခြင်းက သင့်ဦးနှောက်ကို ပျက်စီးစေတယ်ဆိုတာ သင်သိပါသလား ? 🧠

💁‍♀️ လက်ကိုင်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတွေဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်းသုံးစွဲခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်သလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။ အထူးသဖြင့် ညအိပ်တဲ့အခါ ဖုန်းရဲ့ အန္တရာယ်ရှိနိုင်တဲ့ လှိုင်းတွေနဲ့ပတ်သက်ပြီး စိတ်ပူတတ်ကြပါတယ်။

✅ ဖုန်းမှထွက်သော လှိုင်းများ (Network Signals)

ဖုန်းတွေဟာ ရေဒီယိုကြိမ်နှုန်းလှိုင်းများ (Radiofrequency Waves) ကို အသုံးပြုပြီး အချက်အလက်တွေပို့လွှတ်ပါတယ်။ ဒီလှိုင်းတွေဟာ Non-ionizing radiation လှိုင်းအမျိုးအစားဖြစ်ပြီး X-ray (ဓာတ်မှန်) ဒါမှမဟုတ် ဂမ်မာရောင်ခြည်လိုမျိုး DNA ကို ပျက်စီးစေနိုင်တဲ့ လှိုင်းတွေနဲ့ မတူညီပါဘူး။ လက်ရှိ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအများစုကတော့ ဖုန်းမှထွက်တဲ့ လှိုင်းတွေဟာ လူ့ခန္ဓာကိုယ်ကို အပူချိန်တက်စေတာကလွဲလို့ တခြားဆိုးကျိုးတွေ ပေးနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားကို မတွေ့ရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ လက်ရှိလေ့လာမှုတွေဟာ ဖုန်းသုံးစွဲခြင်းနဲ့ ဉီးနှောက်အကျိတ် သို့မဟုတ် ကင်ဆာနှင့်ဆက်စပ်မှုမရှိသေးဘူးလို့ ဆိုထားပါတယ်။

✅ ညအိပ်တဲ့အခါ ဖုန်းကို ဘယ်လောက်ခွာထားသင့်လဲ ?

ညအိပ်တဲ့အခါ ဖုန်းကို ခပ်ဝေးဝေးထားဖို့ အကြံပြုကြပေမယ့် အဓိကအကြောင်းရင်းကတော့ လှိုင်းကြောင့်မဟုတ်ပါဘူး။ ဖုန်းရဲ့မျက်နှာပြင်က ထွက်တဲ့ အပြာရောင်အလင်း (Blue Light) က အဓိကကျပါတယ်။ ဒီအလင်းဟာ လူ့ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း (Melatonin) ထွက်ရှိမှုကို အနှောင့်အယှက်ပေးပြီး အိပ်စက်ခြင်းစက်ဝန်းကို ပျက်စီးစေပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ဖုန်းကို စနစ်တကျအသုံးမပြုရင် အိပ်မပျော်တာ၊ အိပ်ရေးမဝတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေ မဖြစ်ရလေအောင် အိပ်ခါနီးအချိန်မှာ ဖုန်းသုံးစွဲမှုကို လျှော့ချသင့်ပါတယ်။ ညအိပ်တဲ့အခါ ဖုန်းကို ခေါင်းရင်းမှာ မထားဘဲ၊ အနည်းဆုံး လက်တစ်ကမ်း ဒါမှမဟုတ် ခြေရင်းနားလိုမျိုး အိပ်ရာနဲ့ ခပ်ဝေးဝေးမှာထားသင့်ပါတယ်။ ဒါမှ မလိုအပ်ဘဲ ဖုန်းကို ကြည့်မိတာမျိုးကို ရှောင်ရှားနိုင်မှာပါ။

လက်ရှိသိပ္ပံနည်းကျ လေ့လာမှုတွေအရ ဖုန်းကထွက်တဲ့လှိုင်းတွေဟာ လူ့ဉီးနှောက်ကို ထိခိုက်တယ်ဆိုတဲ့ အချက်ဟာ အငြင်းပွားဖွယ်ရာရှိနေသေးသော်လည်း အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တဲ့ အပြာရောင်အလင်းကတော့ တကယ်ကို သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် မိမိရဲ့ ကျန်းမာရေးအတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

✅ မလိုအပ်ဘဲဖုန်းမသုံးပါနှင့်။ နားအကြာကြီး ကပ်ပြောတဲ့အခါ နားကြပ်ကို အသုံးပြုပါ။

✅ အိပ်ရာမဝင်ခင် တစ်နာရီအလိုလောက်ကတည်းက ဖုန်းအသုံးမပြုပါနှင့်။

✅ ဖုန်းကို ခေါင်းနဲ့ခပ်ဝေးဝေးမှာထားပြီး အိပ်စက်ပါ။

အဆိုပါအလေ့အကျင့်ကောင်းများကို လိုက်နာမယ်ဆိုရင် ဖုန်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အကောင်းဆုံး ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

"ညနေဘက်ဆို ခြေထောက်တွေက လေးလံထိုင်းမှိုင်းပြီး ကိုက်ခဲနေပြီလား? ခြေထောက်မှာ အပြာရောင် ဒါမှမဟုတ် ခရမ်းရောင် အကြောစင်းတွေ ...
16/10/2026

"ညနေဘက်ဆို ခြေထောက်တွေက လေးလံထိုင်းမှိုင်းပြီး ကိုက်ခဲနေပြီလား?

ခြေထောက်မှာ အပြာရောင် ဒါမှမဟုတ် ခရမ်းရောင် အကြောစင်းတွေ ထွက်နေပြီလား?"

🧐 ဒါဆိုရင်တော့ သွေးကြောထုံးခြင်း (Varicosities) ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်နော်…

👉 သွေးကြောထုံးတယ်ဆိုတာ
လူ့ခန္ဓာကိုယ်ရဲ့ ခြေထောက်သွေးကြောတွေဟာ နှလုံးဆီကို သွေးတွေပြန်ပို့ဖို့ ကမ္ဘာမြေဆွဲအားနဲ့ ဆန့်ကျင်ဘက် အောက်ကနေ အထက်ကိုပို့ပြီးအလုပ်လုပ်ရပါတယ်။ အဲဒီသွေးကြောတွေထဲမှာ သွေးတွေ အောက်ပြန်မကျသွားအောင် တားဆီးပေးတဲ့ အဆို့ရှင် (Valves) လေးတွေ ပါရှိပါတယ်။
အဲဒီအဆို့ရှင်တွေ အားနည်းသွား၊ ပျက်စီးသွားတဲ့အခါ သွေးတွေက အောက်ဘက်မှာပဲ ပိတ်မိနေပြီး စုပုံလာပါတော့တယ်။ အဲဒီလို သွေးတွေစုပုံလာတာကြောင့် သွေးကြောတွေ ဖောင်းကြွလာပြီး အကြောထုံးခြင်း (Varicose Veins) ဖြစ်လာရပါတယ်။

⚠️ အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့
ကြာရှည်စွာ ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်း - ဆိုင်အရောင်းစာရေး၊ ဆရာဝန်၊ အင်ဂျင်နီယာနဲ့ ရုံးထိုင်အလုပ်လုပ်သူတွေမှာ ပိုအဖြစ်များပါတယ်။
မျိုးရိုးလိုက်ခြင်း - မိဘတွေမှာ အကြောထုံးဖူးရင် သားသမီးတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း - ကိုယ်ဝန်ချိန်မှာ သွေးပမာဏ များလာပြီး ခြေထောက်သွေးကြောတွေအပေါ် ဖိအားပိုများလာလို့ပါ။
အဝလွန်ခြင်း - ကိုယ်အလေးချိန် များလွန်းတာက ခြေထောက်သွေးကြောတွေကို ဖိအားသက်ရောက်စေပါတယ်။
အသက်အရွယ်ကြီးရင့်ခြင်း - အသက်ကြီးလာတာနဲ့အမျှ သွေးကြောနံရံနဲ့ အဆို့ရှင်တွေ ယိုယွင်းအားနည်းလာပါတယ်။

⚠️ ရောဂါလက္ခဏာတွေအနေနဲ့
- သွေးကြောထုံးက အများအားဖြင့် နာကျင်ခြင်း မရှိတတ်ပါ။
- အချို့လူနာတွေမှာတော့ ခြေထောက်ရောင်ခြင်း၊ တဆစ်ဆစ် နာကျင်ခြင်း နှင့် ကြွက်တက်ခြင်းတွေ ဖြစ်ပါတယ်။
- အချိန်ကြာကြာ ထိုင်မိရင်/မတ်တပ်ရပ်မိရင် ပိုဆိုးပါမယ်။

🔺 နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့
- ခြေမျက်စိတစ်ဝိုက်တွင် အနာဖြစ်ခြင်း
- ယားယံခြင်း
- သွေးကြောအတွင်း သွေးခဲခြင်း
- အရေပြားပေါက်ပြီး သွေးထွက်ခြင်းများ ရှိလာနိုင်ပါတယ်။

✅ ဒါကြောင့် သွေးကြောထုံးရှိသူတွေအနေနဲ့

- ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ပိုင်းကို နည်းနည်းမြှင့်ထားပါ။
- ကြွက်သားညှစ်အားကို ကူညီပေးမယ့် Compression stocking ခြေအိတ်ဝတ်ပါ။
- ကိုယ်လက်လှုပ်ရှား၊ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။
- ခြေထောက်ကို မကြာခဏ အကွေးအဆန့် လုပ်ပေးပါ။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

⚠️ အူသိမ်ဦးပိုင်း အနာပေါက်ခြင်း (DU Perforation) ဆိုတာရုတ်တရက် ဝမ်းဗိုက်တစ်ခုလုံး တင်းမာသွားပြီး ဗိုက်ထဲမှာ ပြင်းပြင်းထန...
13/10/2026

⚠️ အူသိမ်ဦးပိုင်း အနာပေါက်ခြင်း (DU Perforation) ဆိုတာ

ရုတ်တရက် ဝမ်းဗိုက်တစ်ခုလုံး တင်းမာသွားပြီး ဗိုက်ထဲမှာ ပြင်းပြင်းထန်ထန်အောင့်လာတာပဲ ဖြစ်ပါတယ်။

👉 အစာအိမ်နဲ့ အူသိမ်ဆုံရာနေရာမှာ ရှိတဲ့ အနာ (Ulcer) က အချိန်ကြာလာတာနဲ့အမျှ အူနံရံကို ဖောက်ထွက်သွားတဲ့အခါ အစာခြေရည်တွေနဲ့ ဗဘက်တီးရီးယားတွေဟာ ဝမ်းဗိုက်ခေါင်းထဲကို စိမ့်ဝင်သွားပါတယ်။ အချိန်မီ မကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် အထူးသတိပြုဖို့ လိုအပ်ပါတယ် 🔔

💁‍♀️ ဖြစ်ပွါးရတဲ့ အကြောင်းရင်းတွေကတော့

H. pylori ဘက်တီးရီးယား ပိုးဝင်ခြင်း: အူသိမ်ဦးပိုင်းအနာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

အကိုက်အခဲပျောက်ဆေးများ (NSAIDs) ကြာရှည်စွဲသောက်ခြင်း: ဥပမာ - Aspirin, Ibuprofen, Diclofenac ကဲ့သို့သော ဆေးများက အူနံရံအကာအကွယ်ကို ပါးစေပါတယ်။

အခြားအကြောင်းအရင်းများ: ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် စိတ်ဖိစီးမှုများတာတွေက ရောဂါကို ပိုဆိုးစေပါတယ်။

⚠️ သတိထားရမယ့် အဓိက လက္ခဏာတွေအနေနဲ့

- ရုတ်တရက် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း: သာမန် မအီမသာ ဖြစ်ရုံမဟုတ်ဘဲ မထိုင်နိုင် မရပ်နိုင်အောင် ဝမ်းဗိုက်အထက်ပိုင်းမှ စတင်ကာ တစ်ဗိုက်လုံးသို့ ပျံ့နှံ့သွားပါတယ်။
- ဝမ်းဗိုက်တင်းမာနေခြင်း (Board-like Rigidity): ဗိုက်ကို ကိုင်ကြည့်ပါက ပျဉ်ပြားကဲ့သို့ တင်းမာနေပြီး လုံးဝ အကိုင်မခံနိုင် ဖြစ်နေပါမယ်။
- ညာဘက်ပခုံးဆီသို့ နာကျင်မှု ကူးစက်ခြင်း
- တက် သည့် လက္ခဏာများ: သွေးပေါင်ကျခြင်း၊ ချွေးစေးပြန်ခြင်း၊ နှလုံးခုန် မြန်လွန်းခြင်းနှင့် သတိလစ်ချင်သလို ဖြစ်လာခြင်း တို့ ခံစားနေရရင် အထူးသတိပြုဖို့ လိုအပ်ပါတယ်နော်။

👉 အူသိမ်ဦးပိုင်း အနာပေါက်ခြင်း (DU Perforation) က ချက်ချင်း ခွဲစိတ်ရမယ့် အရေးပေါ် အခြေအနေဖြစ်တာကြောင့် သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ ဒီလိုလက္ခဏာတွေ ခံစားနေရပါက အချိန်မဆွဲဘဲ နီးစပ်ရာ ဆေးရုံကို ချက်ချင်းပို့ဆောင်ရန် လိုအပ်ပါတယ်နော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

💁‍♀️ မန္တလေးမှာ "ဒူးမလိုင်" သောက်မယ်ဆိုပြီး မှာလိုက်လို့ ဒူးရင်းသီးတစ်ဖတ်မှ မပါတဲ့ မလိုင်စစ်စစ်တစ်ခွက် ရောက်လာရင် မအံ့သြ...
01/10/2026

💁‍♀️ မန္တလေးမှာ "ဒူးမလိုင်" သောက်မယ်ဆိုပြီး မှာလိုက်လို့ ဒူးရင်းသီးတစ်ဖတ်မှ မပါတဲ့ မလိုင်စစ်စစ်တစ်ခွက် ရောက်လာရင် မအံ့သြလိုက်ပါနဲ့နော်။

"ဟာ... ဒူးရင်းသီး မပါပါလား" လို့ မေးလိုက်ရင်တော့ မန္တလေးသားတွေက "ဒူးမလိုင်ဆိုတာ ဒူးရင်းမလိုင် မဟုတ်လို့လေ" ဆိုပြီး ပြုံးပြုံးလေး ပြန်ဖြေကြပါလိမ့်မယ်။

အမှန်တော့ "ဒူးမလိုင်" ဆိုတာ အိန္ဒိယ အချိုပွဲတစ်မျိုးဖြစ်တဲ့ Doodh Malai (ဒူဒ် မလိုင်) ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပါ။ (Doodh ဆိုတာ နို့၊ Malai ဆိုတာ နို့မှိုက်/မလိုင်လို့ အဓိပ္ပာယ်ရပါတယ်)။

ဒူးမလိုင်နဲ့ ဒူးရင်းမလိုင် အခေါ်အဝေါ် ကွဲပြားသလိုပဲ သူတို့ရဲ့ အာဟာရနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ကလည်း မတူပါဘူး

👉 ဒူးမလိုင် (နို့မလိုင်): ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝပေမဲ့ အဆီဓာတ်နဲ့ ကယ်လိုရီ မြင့်မားတာကြောင့် အဝလွန်သူတွေနဲ့ နှလုံးရောဂါအခံရှိသူတွေ အလွန်အကျွံ မသောက်သင့်ပါဘူး။

👉 ဒူးရင်းမလိုင်: ဒူးရင်းသီးရဲ့ သဘာဝ သကြားဓာတ်အပြင် နို့မလိုင်ပါ ပေါင်းစပ်ထားလို့ သွေးချို/ဆီးချို ရှိသူတွေနဲ့ သွေးတိုးရောဂါသည်တွေအတွက် သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို ရုတ်တရက် မြင့်တက်စေနိုင်ပါတယ်။

ဒါကြောင့် "ဒူးမလိုင်" ဆိုတာ "ဒူးရင်းမလိုင်" ကို အလွယ်ခေါ်တာ မဟုတ်ပါဘူး။ နောက်တစ်ခါ မန္တလေးမှာ မလိုင်သောက်တော့မယ်ဆိုရင် ကိုယ်သောက်ချင်တာက နို့မလိုင်စစ်စစ် (ဒူးမလိုင်) လား၊ ဒူးရင်းသီးနဲ့ မလိုင် (ဒူးရင်းမလိုင်) လားဆိုတာ သေချာလေး ခွဲခြားပြီး မှာဖို့ လိုမယ်နော်...

မိဘပြည်သူတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို ချင့်ချိန်စားသုံးပြီး သုခပြည့်ဝတဲ့ နေ့ရက်များကို ပိုင်ဆိုင်
နိုင်ကြပါစေကြောင်း “လင်းရောင်ဦးဆေးရုံ” မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ခင်ဗျာ 🙏

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

♥️ World Heart Day 2026 | ကမ္ဘာ့နှလုံးကျန်းမာရေးနေ့နှစ်စဉ် စက်တင်ဘာလ (၂၉)ရက်နေ့ကို “World Heart Day”လို့ ကမ္ဘာတစ်ဝှမ်း သ...
29/09/2026

♥️ World Heart Day 2026 | ကမ္ဘာ့နှလုံးကျန်းမာရေးနေ့

နှစ်စဉ် စက်တင်ဘာလ (၂၉)ရက်နေ့ကို “World Heart Day”လို့ ကမ္ဘာတစ်ဝှမ်း သတ်မှတ်ကျင်းပကြပါတယ်။

🌎 ယခုနှစ် World Heart Day 2026 ရဲ့ဆောင်ပုဒ်ကတော့ "Don't Miss a Beat," - နှလုံးကျန်းမာရေးကို ဂရုစိုက်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်ပါတယ်။ နှလုံးရောဂါကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးနေရတာကြောင့် နှလုံးကျန်းမာရေးကို ကြိုတင်၍ ကာကွယ်နိုင်ရန် “လင်းရောင်ဦးဆေးရုံ”မှလည်း အသိပညာပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ 🙏

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

"လည်ပင်းမှာ အကျိတ်တစ်ခု ပေါ်လာတာနဲ့ အစိုးရိမ်လွန် မသွားကြပါနဲ့နော်…"💁‍♀️ များသောအားဖြင့်တော့ လူတော်တော်များများဟာ လည်ပင်...
28/09/2026

"လည်ပင်းမှာ အကျိတ်တစ်ခု ပေါ်လာတာနဲ့ အစိုးရိမ်လွန် မသွားကြပါနဲ့နော်…"

💁‍♀️ များသောအားဖြင့်တော့ လူတော်တော်များများဟာ လည်ပင်းမှာ သိုင်းရွိုက်အကျိတ်ရှိတယ်လို့ သိလိုက်ရတဲ့အခါ မိမိကိုယ်ကို "ငါ သိုင်းရွိုက်ကင်ဆာ ဖြစ်နေပြီလား" ဆိုတဲ့ ထိတ်လန့်စိုးရိမ်မှုနဲ့အတူ အကြောက်တရားကို စတင်ရင်ဆိုင်ကြရပါတယ်။

👉 ဒါပေမဲ့ သိထားရမှာတစ်ခုက သိုင်းရွိုက်ရောဂါဟာ စောစီးစွာ သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် အမြစ်ပြတ် သက်သာပျောက်ကင်းနိုင်ခြေ အမြင့်မားဆုံး ရောဂါတွေထဲက တစ်ခု ဖြစ်နေတာပါပဲ။

သိုင်းရွိုက်ရောဂါကို အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားနိုင်ပါတယ်။

၁။ Papillary Thyroid Cancer (ပက်ပီလာရီ သိုင်းရွိုက်ကင်ဆာ)

• အဖြစ်အများဆုံးအမျိုးအစား: သိုင်းရွိုက်ကင်ဆာဝေဒနာရှင် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့် တွင် ဤအမျိုးအစား ဖြစ်ပွါးတတ်ပါတယ်။ ကင်ဆာဆဲလ် ကြီးထွားမှု အလွန်နှေးကွေးပြီး စောစီးစွာ သိရှိပါက လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြေ အလွန်မြင့်မားပါတယ်။

၂။ Follicular Thyroid Cancer (ဖော်လီကူလာ သိုင်းရွိုက်ကင်ဆာ)

• ဒုတိယအဖြစ်အများဆုံး: သိုင်းရွိုက်ကင်ဆာများထဲတွင် ဒုတိယ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပါတယ်။ အထက်ပါ Papillary နှင့် Follicular အမျိုးအစား နှစ်ခုပေါင်းသည် သိုင်းရွိုက်ကင်ဆာအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ရှိပြီး ကုသရ ပိုမိုလွယ်ကူသော အမျိုးအစားများ ဖြစ်ကြပါတယ်။

၃။ Medullary Thyroid Cancer (မက်ဒူလာရီ သိုင်းရွိုက်ကင်ဆာ)

• မျိုးရိုးလိုက်တတ်သောအမျိုးအစား: သိုင်းရွိုက်ကင်ဆာအားလုံး၏ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းဝန်းကျင်တွင်သာ တွေ့ရတတ်သည့် ရှားပါးအမျိုးအစား ဖြစ်ပါတယ်။ ခန္ဓာကိုယ်၏ အခြားနေရာများရှိ အကျိတ်များနှင့် တွဲလျက်တွေ့ရတတ်ပြီး စောစီးစွာ ရှာဖွေကုသရန် မိသားစုဝင်များကိုပါ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်တတ်ပါတယ်။

၄။ Anaplastic Thyroid Cancer (အနာပလတ်စတစ် သိုင်းရွိုက်ကင်ဆာ)

• အပြင်းထန်ဆုံးအမျိုးအစား: အလွန်ရှားပါးသော်လည်း အန္တရာယ်အရှိဆုံးနှင့် အပြင်းထန်ဆုံး အမျိုးအစား ဖြစ်ပါတယ်။ ကင်ဆာဆဲလ်များ ကြီးထွားမှု အလွန်မြန်ဆန်ပြီး အခြားခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ လျင်မြန်စွာ ပြန့်နှံ့သွားတတ်သောကြောင့် ကုသရန် အလွန်ခက်ခဲတတ်ပါတယ်။

ဒါကြောင့် သင် သို့မဟုတ် သင့်နီးစပ်သူတစ်ဦးဦးမှာ လည်ပင်း၌ အလုံးအကျိတ်စမ်းမိခြင်း၊ အသံဝင်ခြင်း သို့မဟုတ် အစာမျိုရခက်ခဲခြင်း ကဲ့သို့သော လက္ခဏာများ ခံစားနေရပါက တိကျသေချာသော ရောဂါရှာဖွေမှု ခံယူနိုင်ရန်
အတွက် ”လင်းရောင်ဦးဆေးရုံ” တွင် နေ့စဉ်လာရောက်ပြသနိုင်ပါပြီ။ 🏥

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🤰ကိုယ်ဝန်ရင့်ချိန် (ကိုယ်ဝန်နောက်ဆုံး ၃ လပတ်) မှာ ကလေးမွေးဖွားပြီးရင် နို့ထွက်ကောင်းစေဖို့နဲ့ နို့ဦးရည် (Colostrum) အပြည...
23/09/2026

🤰ကိုယ်ဝန်ရင့်ချိန် (ကိုယ်ဝန်နောက်ဆုံး ၃ လပတ်) မှာ ကလေးမွေးဖွားပြီးရင် နို့ထွက်ကောင်းစေဖို့နဲ့ နို့ဦးရည် (Colostrum) အပြည့်အဝ ထွက်ရှိနိုင်ဖို့အတွက် စားသုံးပေးသင့်တဲ့ အစာအာဟာရတွေကို ဗဟုသုတရစေရန် “လင်းရောင်ဦးဆေးရုံ” မှ ဖော်ပြပေးလိုက်ပါတယ်။

1. ပရိုတိန်း (အသားဓာတ်) ရရှိသော အစားအစာများ နို့ရည် ထုတ်လုပ်မှုအတွက် ပရိုတိန်းဓာတ်က အဓိက လိုအပ်ပါတယ်။ ကြက်ဥ၊ ငါး၊ အဆီမပါသော အသား၊ ပဲအမျိုးမျိုး (ပဲဝါ၊ ပဲနီလေး)၊ တို့ဟူးနှင့် နို့ထွက်ပစ္စည်းများကို နေ့စဉ် ပုံမှန် စားသုံးပေးသင့်ပါတယ်။

2. အုတ်ဂျုံ (Oats) နှင့် ကောက်နှံစေ့များ အုတ်ဂျုံမှာ အမျှင်ဓာတ်၊ သံဓာတ်နှင့် ဗီတာမင် B တို့ ကြွယ်ဝစွာ ပါဝင်ပြီး မိခင်၏ စိတ်ဖိစီးမှုကို လျှော့ချပေးကာ မိခင်နို့ထွက်အောင် လှုံ့ဆော်ပေးသည့် ပရိုလက်တင် (Prolactin) ဟော်မုန်းကို မြှင့်တင်ပေးပါတယ်။

3. အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ ဟင်းနုနယ်၊ ကိုက်လန်၊ ကန်စွန်းရွက် စသည့် ရွက်စိမ်း ဟင်းသီးဟင်းရွက်များတွင် ကယ်လ်ဆီယမ်၊ ဖောလစ်အက်ဆစ်နှင့် သံဓာတ်များ ပါဝင်သဖြင့် သွေးအားကောင်းစေပြီး နို့ရည်
အရည်အသွေးကို မြှင့်တင်ပေးပါတယ်။

4. အစေ့အဆန်များနှင့် အခွံမာသီးများ ဗာဒံစေ့ (Almonds)၊ သစ်ကြားသီး၊ ဖရုံစေ့နှင့် နှမ်းနက် တို့တွင် အဆီကောင်း (Healthy fats) နှင့် ကယ်လ်ဆီယမ် ပါဝင်သောကြောင့် မွေးဖွားပြီးနောက် နို့ရည်ကျန်နှုန်းနှင့် အာဟာရတန်ဖိုးကို တိုးတက်စေပါတယ်။

5. ကြက်သွန်ဖြူနှင့် ဂျင်း ကြက်သွန်ဖြူနှင့် ဂျင်းတို့သည် နို့ထွက်အားကောင်းစေသည့် သဘာဝဆေးဖက်ဝင် အစားအစာများဖြစ်ပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ ဟင်းလျာများတွင် သင့်တော်ရုံ ထည့်ချက်စားပေးနိုင်ပါတယ်။

6. ရေနှင့် အရည်များများ သောက်ပေးခြင်း မိခင်နို့ရည်၏ ၈၇% ခန့်သည် ရေဖြစ်သောကြောင့် ကိုယ်ဝန်ရင့်ချိန်မှစ၍ ရေကို တစ်နေ့လျှင် ၈ ခွက်မှ ၁၀ ခွက်အထိ လုံလောက်စွာ သောက်ပေးရန် လိုအပ်ပါတယ်။ ရေအပြင် စွပ်ပြုတ်နှင့် ဟင်းခါးရည်များလည်း သောက်ပေးနိုင်ပါတယ်။

ရှောင်ကြဉ်ရမယ့် အချက်တွေကတော့
* ကဖိန်းဓာတ် လွန်ကဲစွာ စားသုံးခြင်း (ကော်ဖီ၊ လက်ဖက်ရည် မကြာခဏ သောက်ခြင်း) ကို လျှော့ချပါ။
* သကြားနှင့် အဆီများလွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပါ။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

Address

19th Street
Mandalay

Telephone

+959949241001

Website

Alerts

Be the first to know and let us send you an email when Lin Yaung Oo Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lin Yaung Oo Hospital:

Shortcuts

Share

Nearby health & beauty businesses