23/05/2026
Ankle Sprain (ခြေခြင်းဝတ် ခေါက်၍အရွတ်ဒဏ်ရာရခြင်း)
အားကစားလုပ်ရင်းပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင်း ချော်လဲပြီးပဲဖြစ်ဖြစ် လူတိုင်းနီးပါး တစ်ကြိမ်မဟုတ်တစ်ကြိမ် ခြေကျင်းဝတ်ခေါက်ဖူးကြပါလိမ့်မယ်။
အများစုက "ခြေကျင်းဝတ်လေး ခေါက်သွားတာပဲ... ခဏနေပျောက်သွားမှာပါ" ဆိုပြီး ပေါ့ဆတတ်ကြပါတယ်။ ဒါပေမဲ့ သေချာမကုသရင် ရေရှည်မှာ ခြေကျင်းဝတ် ခဏခဏခေါက်တဲ့ နာတာရှည်ပြဿနာ (Chronic Instability) ဖြစ်သွားနိုင်ပါတယ်။
❓ ခြေကျင်းဝတ်အပြင်ဘက် အရွတ် (Lateral Ankle Ligament) ဆိုတာ ဘာလဲ❓
ကျွန်တော်တို့ ခြေကျင်းဝတ် အပြင်ဘက်မှာ အရိုးတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ အရွတ်အစုအဖွဲ့ (Lateral Ligament Complex) ရှိပါတယ်။ ထိုအထဲမှာမှ ATFL (Anterior Talofibular Ligament) လို့ခေါ်တဲ့ အရွတ်က အဓိကဖြစ်ပြီး ခြေကျင်းဝတ်ကို အလွန်အကျွံ လည်မသွားအောင် ထိန်းပေးပါတယ်။
🦶 ဘယ်လိုကြောင့် ဒဏ်ရာရတတ်သလဲ (Mechanism of Injury)
* အဖြစ်အများဆုံးကတော့ ခြေဖဝါးက အတွင်းဘက်ကိုလည်သွားတဲ့ Inversion Injury (ခြေကျင်းဝတ်အတွင်းလည်ခြင်းကြောင့် )ဖြစ်ပါတယ်။
*ခြေလှမ်းမှားပြီး ခေါက်ခြင်း
*လမ်းမညီညာသောနေရာတွင် လမ်းလျှောက်ခြင်း
*ဘတ်စကတ်ဘော၊ ဘောလုံး စသည့် အားကစားများတွင် ခုန်ချရာမှ ခြေလှမ်းမမှန်ဘဲ ကျခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။
📊 ဒဏ်ရာရရှိမှု အမျိုးအစားများ (Types of Injury)
အရွတ်ထိခိုက်မှုကို ပြင်းထန်မှုအလိုက် ၃ ဆင့် ခွဲခြားနိုင်ပါတယ်။
Grade 1 (အရွတ်ဆန့်ထွက်သွားခြင်း): အရွတ်လေးတွေ နည်းနည်းပဲ ဆန့်ထွက်သွားပြီး မပြတ်ပါဘူး။ အနည်းငယ်နာပြီး ရောင်ရမ်းတတ်ပါတယ်။
Grade 2 (အရွတ်တစ်စိတ်တစ်ပိုင်းပြတ်ခြင်း): အရွတ်မျှင်တချို့ ပြတ်တောက်သွားပြီး အတော်လေး နာကျင်ကာ သွေးခြေဥခြင်း၊ ရောင်ရမ်းခြင်း ဖြစ်တတ်ပါတယ်။ လမ်းလျှောက်ရင် နာပါတယ်။
Grade 3 (အရွတ်တစ်ခုလုံး လုံးဝပြတ်တောက်သွားခြင်း): အရွတ် လုံးဝပြတ်သွားတာမို့ ပြင်းထန်စွာနာကျင်ပြီး ခြေကျင်းဝတ်တစ်ခုလုံး မခိုင်တော့သလို ခံစားရကာ လမ်းလုံးဝ လျှောက်လို့မရဘဲ အပြာရောင် သွေးခြေဥခြင်းများ ရှိလာနိုင်ပါတယ်။
🩺 ဘယ်လိုကုသမလဲ (Treatment)
🚨 ဒဏ်ရာရပြီး ပထမ ၇၂ နာရီအတွင်း (အရေးပေါ်ကုသမှု) - RICE ပရိုတိုကော
R - Rest (အနားပေးပါ): လမ်းလျှောက်ခြင်း၊ အလေးအပင်မခြင်းများကို ခဏရပ်ပြီး အနားပေးပါ။
I - Ice (ရေခဲကပ်ပါ): တစ်ခါကပ်လျှင် မိနစ် ၂၀ ခန့်၊ ၂ နာရီခြားတစ်ခါ ရေခဲကပ်ပေးခြင်းဖြင့် ရောင်ရမ်းမှုနှင့် နာကျင်မှုကို ကျစေပါတယ်။
C - Compression (စည်းနှောင်ပါ): Elastic Bandage (ပတ်တီးအကျုံ့) ဖြင့် သင့်တင့်ရုံ စည်းထားပေးပါ။
E - Elevation (မြှင့်ထားပါ): အိပ်တဲ့၊ နားတဲ့အခါ ခြေထောက်ကို နှလုံးအထက် မြင့်တဲ့နေရာ ရောက်အောင် ခေါင်းအုံးခံပြီး တင်ထားပေးပါ။
#အရွတ်ဒဏ်ရာကျက်သွားအောင် အသံလှိူင်း၊ သံလိုက်လှိူင်းစသည့်စက်ကိရိယာတို့ဖြင့်ကုသခြင်း
🏋️♂️ ခြေကျင်းဝတ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Rehabilitation)
Range of Motion Exercises (အဆစ်လှုပ်ရှားမှု လေ့ကျင့်ခန်း): နာကျင်မှူသက်သာတာနှင့် စတင်လုပ်ဆောင်ရပါမယ်။
Strengthening Exercises (ကြွက်သားသန်မာရေး လေ့ကျင့်ခန်း): Resistance Band (ရော်ဘာကြိုး) များကိုသုံးပြီး ခြေကျင်းဝတ် ဘေးပတ်ပတ်လည်က ကြွက်သားတွေကို ပြန်လည်သန်မာအောင် လုပ်ရပါမယ်။
Proprioceptive Re-training (ဟန်ချက်ထိန်း လေ့ကျင့်ခန်း): အရွတ်ပြတ်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းစနစ် (Balance) ပျက်စီးသွားတတ်ပါတယ်။ ထို့ကြောင့် ဟန်ချက်ထိမ်းလေ့ကျင့်ခန်းများသေချာလုပ်ရပါမည်။
💡 မှတ်ချက်
ခြေကျင်းဝတ်ခေါက်တာကို သာမန်ပဲဆိုပြီး ပေါ့ဆမထားပါနဲ့။ ဒဏ်ရာရပြီးပြီးချင်း စနစ်တကျ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ မလုပ်ခဲ့ရင် အသက်ကြီးလာတဲ့အခါ ခြေကျင်းဝတ် အဆစ်ကျီးပေါင်းတက်ခြင်းနဲ့ နာတာရှည်ခြေကျင်းဝတ်ချောင်ခြင်း ဝေဒနာတွေကို ခံစားရနိုင်တာမို့ သေချာကုသသင့်ပါသည်။
📞 Contact Numbers:
09 964589901, 09 964589902
09 9796000131, 09 9796000135
💬 မှတ်ချက်: ဖုန်းခေါ်ဆို၍ မရပါက 09 796000135 ကို Viber မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
📍 Clinic Address:
အမှတ် ၄၄၉၊ ၃၃ လမ်း၊ ၈၁ x ၈၂ လမ်းကြား၊ မန္တလေးမြို့။