19/10/2026
ဆီးချိုရောဂါယုံတမ်းစကားများ
*****************************
အချိုတွေအများကြီးစားရင် ဆီးချို၊သွေးချို ဖြစ်လိမ့်မယ် ဆိုတာမျိုး ကြားဖူးပါလား။ ဆီးချိုဖြစ်ရင် ကိုယ်စားချင်တာတွေတစ်ခု မှမစားရတော့ဘူး ဆိုတာမျိုးရော ပြောလေ့ရှိကြတယ်မလား။ ဒါတွေအားလုံးဟာ မမှန်ပါဘူး။ တကယ်တော့ ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေ အများကြီးပြောနေကြတာတွေဟာ နည်းနည်းလွဲနေပါတယ်။
ဆီးချိုရှိတဲ့သူတွေမှာ ဘယ်လိုယုံတမ်းစကားလေးတွေ ပြောလေ့ရှိလဲဆိုတာကို လေ့လာလိုက်ရအောင်ပါ။
(၁) အချိုတွေအစားများတာဟာ ဆီးချို ရောဂါဖြစ်လေ..
မဖြစ်ပါဘူး။ ဆီးချိုဖြစ်တယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားစာတွေကိ စွမ်းအင်အဖြစ်ပြောင်းတဲ့နေရာမှာ ချို့ယွင်းတာကြောင့် ဖြစ်ပါတယ်။
(၂) ဆီးချိုမတက်အောင် ဘာမှမစားဘဲ နေတာကောင်းလား။
မကောင်းပါဘူး။ ဆီးချိုဖောက်လိုက်တိုင်း သုံးရာကျော်၊ လေးရာကျော်ဖြစ်နေတဲ့ လူနာတွေဟာ ဒီလိုဆီးချိုမတက်အောင် ဆိုပြီး အစာမစားတော့တာတွေ လုပ်တာ တွေ့ရပါတယ်။ ဒါဟာအရမ်းကြောက်ဖို့ ကောင်းပါတယ်။ သူတို့ဟာ ဆီးချိုကျ ဆေး ပုံမှန်သောက်ရ၊ ထိုးရတာတွေရှိတဲ့ အတွက်အစားသာမစားထားရင်သွေးတွင်း သကြားဓာတ်တွေ တဟုန်ထိုးကျဆင်း သွားပြီး Hypoglycemia ကြောင့် ရင်တုန်တာ၊ ချွေးစေးထွက်တာ၊ ခြေဖျား လက်ဖျားတွေအေးစက်လာတာတွေ၊ မူးမေ့တာတွေ ဖြစ်လာပါလိမ့်မယ်။
(၃)ကာဗိုဟိုက်ဒရိတ်ဓာတ်တွေကို ဆီးချိုသမားတွေ မစားသင့်ဘူး။
ကာဗိုဟိုက်ဒရိတ်ဟာ ကျွန်မတို့ခန္ဓာကိုယ် ရဲ့ စွမ်းအင်အရင်းမြစ်ပါပဲ။ ဒါကြောင့် ဆီးချိုသမားပဲဖြစ်ဖြစ်၊ ပုံမှန်လူပဲဖြစ်ဖြစ် ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လိုပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ပမာဏ အပေါ်လည်း သက်ရောက်မှုရှိပြန်တဲ့ တွက် တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ဘယ်လောက်စားမယ်ဆိုတာ ကန့်သတ် ထားရပါမယ်။ အစေ့အနှံနဲ့ အသီးတွေက ရတဲ့ကာဗိုဟိုက်ဒရိတ်က အချိုဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ်တွေထက် ပိုသင့်တော်ပါတယ်။
(၄) ကာဗိုဟိုက်ဒရိတ်လျော့စားပြီး ပရိုတင်းများများစားမယ်။
ကစီဓာတ်က သွေးတွင်းသကြားဓာတ်ကို တက်စေတာကြောင့် ကာဗိုဟိုက်ဒရိတ် လျော့စားပြီး ပရိုတင်းများများစားမယ် ဆိုရင် ကိုယ်စားတဲ့အသားဓာတ်ကိုလည်း ဂရုပြုဖို့လိုပါလိမ့်မယ်။ ပြည့်ဝဆီတွေ၊ ကိုလက်စထရောတွေများနေတဲ့ အသည်းတွေဖြစ်နေမယ်ဆိုရင် နှလုံးနဲ့ သွေးကြောရောဂါတွေပါ ဖြစ်လာနိုင်တာ မို့ ဆရာဝန်ကိုသေချာမေးမြန်းပြီး စားတာ ကောင်းပါတယ်။ အသား၊ အသီးအရွက် နဲ့ ထမင်းကို ပုံစံပန်းကန်လေးနဲ့ အချိုးချ စားတာက ဆီးချိုသမားတွေအတွက် ပိုသင့်လျော်ပါတယ်။
(၅) စားချင်သလောက်စား၊ ပြီးရင် ဆေးပြန် သောက်လို့ရတယ်။
ဆီးချိုကျဆေး သောက်နေ၊ ထိုးနေတယ် ဆိုတာ ကိုယ်ကြိုက်တာစားလို့ရအောင် မဟုတ်ပါဘူး။ ဆီးချိုတွေဆောင့်တက်မှ ဆေးတွေတိုးသောက်တာကလည်း ကောင်းကျိုးမရှိပါဘူး။ အမြင်အာရုံနဲ့ ကျောက်ကပ်တွေကိုလည်း ထိခိုက်စေပါ တယ်။ တချို့ဆေးတွေဟာ ဆရာဝန်ညွှန် ကြားထားတဲ့ ပမာဏအတိုင်းသောက်တာက သက်ရောက်မှုကောင်းစေတာမို့ ကိုယ့် သဘောနဲ့ ကိုယ်အတိုးအလျော့မလုပ်ဘဲ မေးမြန်းတိုင်ပင်သင့်ပါတယ်။
(၆) ကိုယ်ကြိုက်တဲ့အစားစာတွေကို စွန့်လွှတ်ရတော့မလား။
လုံးဝစွန့်လွှတ်ဖို့တော့ မလိုပါဘူး။ အစားစာချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာ အပြောင်းအလဲနည်းနည်းလုပ်ပြီး စားလို့ ရပါတယ်။ အချိုလျော့တာမျိုး၊ ဆီးချိုသမားအတွက် ထုတ်ထားတဲ့သကြားတွေ သုံးတာမျိုး၊ ရေခဲမုန့် နှစ်ဇွန်းစားနေကျဆိုရင် တစ်ဇွန်းလောက်လျော့လိုက်တာမျိုးတို့ လုပ်ပါ။
(၇) ဆီးချိုသမားတွေစားဖို့ အိမ်ကလူတွေ က သီးသန့်ချက်ပြုတ်ပြင်ဆင်ပေးရတယ်။
တကယ်က မလိုပါဘူး။ ဆီးချိုသမားတွေ စားရတဲ့အစားစာပုံစံဆိုတာ လူတိုင်းစားရ မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားစာ မျိုးပါပဲ။ အသီးအရွက်များများ၊ အသား ဓာတ်တော်သင့်ရုံနဲ့ ထမင်းနည်းနည်းပေါ့။
ဆီးချိုရှိတဲ့သူတွေမှာ ဆီးချိုကို နိုင်အောင်ထိန်းချုပ်တဲ့နေရာမှာ ကိုယ်ထင်တာကိုယ်လုပ်နေလို့တော့ မရပါဘူး။ အစားအသောက်၊အနေအထိုင်ဆင်ခြင်၊ ဆေးသောက်စရာရှိရင်သောက် ၊ လေ့ကျင့်ခန်းပုံမှန်လုပ်၊ ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်၊ ဆရာဝန်နှင့် ရက်ချိန်းပုံမှန်ပြခြင်းဖြင့် အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေရှင့်။
😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏 ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင် 🙏
🍀 အထက်ပါအကြောင်းအရာများကို ရေးသားသော ဒေါက်တာစိမ့်အား လေးစားစွာဖြင့် Credit ပေးပါသည်။ 🍀.
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို #ဆီးချိုသွေးချိုတိုင်းစက်
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို
#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR
#အလုပ် #အလုပ်အကိုင် #ဝန်ထမ်း