Jivaka Pharmacy

Call Directions Website Contact the business

Jivaka Pharmacy We Care Your Health. We are selling Grantee Drugs and Medicinal Supplies. We have a Pharmacist On dut

🧴 Skincare Routine ကို ရိုးရိုးရှင်းရှင်း ဘယ်လိုစတင်မလဲ?Skincare ဆိုတာနဲ့ Serum အမျိုးမျိုး၊ Toner၊ Essence၊ Mask၊ Cream...
06/10/2026

🧴 Skincare Routine ကို ရိုးရိုးရှင်းရှင်း ဘယ်လိုစတင်မလဲ?

Skincare ဆိုတာနဲ့ Serum အမျိုးမျိုး၊ Toner၊ Essence၊ Mask၊ Cream စတာတွေ အများကြီးသုံးမှ အသားအရေကောင်းမယ်လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ Skincare Routine က ပစ္စည်းအများကြီးသုံးဖို့ မလိုပါဘူး။
ကိုယ့်အသားအရေအတွက် လိုအပ်တဲ့အဆင့်တွေကို သိပြီး ပုံမှန်ဂရုစိုက်ပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ 💜

🌤 မနက်ခင်း Skincare Routine

၁။ Cleanser – မျက်နှာသန့်စင်ခြင်း

ညအိပ်ပြီးနောက် မျက်နှာပေါ်မှာရှိနိုင်တဲ့ အဆီ၊ ချွေးနဲ့ အညစ်အကြေးတွေကို နူးညံ့စွာ သန့်စင်ပေးပါ။

မျက်နှာကို အားနဲ့ပွတ်တိုက်ခြင်း၊ အကြိမ်ကြိမ်ဆေးခြင်းထက် အသားအရေကို မထိခိုက်စေဘဲ နူးညံ့စွာ သန့်စင်ခြင်း က ပိုအရေးကြီးပါတယ်။

၂။ Toner / Essence – မဖြစ်မနေ မလိုပါ

Toner ဒါမှမဟုတ် Essence က အသားအရေအတွက် အထောက်အကူဖြစ်နိုင်ပေမယ့် Skincare Routine တိုင်းမှာ မဖြစ်မနေ ထည့်သုံးရမယ့်အဆင့်တော့ မဟုတ်ပါဘူး။

ကိုယ့် Routine ထဲမှာ အမှန်တကယ်လိုအပ်မှ ထည့်သုံးတာက ပိုရိုးရှင်းပါတယ်။

၃။ Serum / Treatment – ကိုယ့်လိုအပ်ချက်အလိုက်

အသားအရေခြောက်သွေ့တာ၊ အရောင်မညီတာ၊ အဖုအပိန့်ဖြစ်လွယ်တာ စတဲ့ ကိုယ့်ရဲ့အဓိကလိုအပ်ချက်အပေါ်မူတည်ပြီး သင့်တော်တဲ့ Treatment တစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

👉 Product အများကြီးကို တစ်ခါတည်း စမ်းသုံးတာထက် တစ်မျိုးချင်းစီ စတင်အသုံးပြုတာ က ကိုယ့်အသားအရေရဲ့ တုံ့ပြန်မှုကို သိရပိုလွယ်ပါတယ်။

၄။ Moisturizer – အသားအရေကို စိုပြေသက်သာစေဖို့

Moisturizer က အသားအရေထဲက ရေဓာတ်ကို ထိန်းသိမ်းပေးဖို့ အထောက်အကူပြုပါတယ်။

အသားအရေအခြေအနေနဲ့ ရာသီဥတုအလိုက် ပေါ့ပါးတဲ့ Lotion/Gel အမျိုးအစား ဒါမှမဟုတ် ပိုပြီး စိုပြေစေတဲ့ Cream အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

၅။ Sunscreen ☀️ – မနက်ခင်းရဲ့ နောက်ဆုံးအဆင့်

နေ့ဘက်မှာ အပြင်ထွက်မယ်ဆိုရင် UV ရောင်ခြည်ကနေ အသားအရေကို ကာကွယ်ဖို့ Sunscreen က အရေးကြီးပါတယ်။

Broad-spectrum protection ပါဝင်ပြီး SPF 30 သို့မဟုတ် အထက် ရှိတဲ့ Sunscreen ကို ရွေးချယ်နိုင်ပါတယ်။ မျက်နှာပေါ် Skincare လိမ်းပြီးနောက် နောက်ဆုံးအဆင့်အနေနဲ့ Sunscreen လိမ်းပေးပါ။

---

🌙 ညဘက် Skincare Routine

ညဘက်မှာတော့ တစ်နေ့တာအတွင်း မျက်နှာပေါ်မှာ ကပ်နေတဲ့ Makeup၊ Sunscreen၊ ချွေးနဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးခြင်း က အရေးကြီးပါတယ်။

👉 Makeup / Sunscreen ဖယ်ရှားခြင်း
↓
👉 Cleanser
↓
👉 လိုအပ်ပါက Treatment / Serum
↓
👉 Moisturizer

Double cleansing ကို လူတိုင်း မဖြစ်မနေ နေ့တိုင်းလုပ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ Makeup ဒါမှမဟုတ် Sunscreen တွေကို တစ်ကြိမ်တည်းနဲ့ မသန့်စင်နိုင်တဲ့အခါမျိုးမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

💡 Skincare လုပ်တဲ့အခါ သတိထားသင့်တာလေးတွေ

❌ Product အသစ်တွေကို အများကြီး တစ်ပြိုင်နက်တည်း မစမ်းပါနဲ့။

❌ Skincare အဆင့်များလေလေ အသားအရေကောင်းလေလေဆိုတာ မဟုတ်ပါဘူး။

❌ အသားအရေစပ်ဖျဉ်းခြင်း၊ ပူလောင်ခြင်း၊ အဖုအပိန့်ပိုဆိုးလာခြင်းကို “အသားအရေကောင်းလာဖို့ အလုပ်လုပ်နေပြီ” လို့ မယူဆသင့်ပါဘူး။

✅ ကိုယ့်အသားအရေနဲ့ လိုအပ်ချက်ကို သိအောင်ကြိုးစားပါ။

✅ Product တစ်မျိုးချင်းစီရဲ့ အသုံးပြုနည်းနဲ့ သတိပြုရန်အချက်တွေကို ဖတ်ပြီး အသုံးပြုပါ။

✅ Routine ကို ရိုးရိုးရှင်းရှင်းထားပြီး ပုံမှန်လုပ်နိုင်အောင် ကြိုးစားပါ။

အရေးကြီးဆုံးက Skincare ဆိုတာ ပစ္စည်းအများကြီး စုထားဖို့မဟုတ်ပါဘူး။
ကိုယ့်အသားအရေကို နားလည်ပြီး မှန်မှန်ကန်ကန် ဂရုစိုက်ပေးနိုင်ဖို့ပါ။ 💜

အသားအရေမှာ မကြာခဏဖြစ်နေတဲ့ ပြဿနာတွေ၊ Product တစ်မျိုးသုံးပြီး မသက်သာဘဲ ဆက်လက်ယားယံခြင်း၊ ရောင်ရမ်းခြင်းတွေရှိနေပါက ကိုယ့်ဘာသာ Product တွေ ထပ်တိုးသုံးမယ့်အစား သင့်တော်တဲ့ ကျန်းမာရေးပညာရှင်ထံ အကြံဉာဏ်ရယူသင့်ပါတယ်။

ကျန်းမာလှပတဲ့ အသားအရေအတွက်
နေ့စဉ်ဂရုစိုက်မှုလေးကနေ စတင်လိုက်ရအောင်နော်။ 💜

🙏 ဇီဝကဆေးဆိုင်၏  လစဉ် အလှူ 🙏လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေက...
03/10/2026

🙏 ဇီဝကဆေးဆိုင်၏ လစဉ် အလှူ 🙏

လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေကျင်ဂိုဏ်းအကျိုး​တော်​ဆောင်ချုပ် ဘဒ္ဒန္တ​ကောသလ္လ (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) သို့ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ လှူဒါန်းပါ၏ 🙏🙏🙏

🙏 ဤသို့လှူဒါန်းရပါသော အကျိုးအားကြောင့် ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ သည့်ထက်မကပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ဆေးစွမ်းထက်သောဆေးများ သည့်ထက်မကဖြန့်ဖြူးရောင်းချနိုင်သော ဇီဝကဖြစ်ပါရစေ

🙏မကျန်းမာသူများ ၊ ဆေးဝါးလိုအပ်သူများ၏ လက်တကမ်းတွင်ဆေးဝါးလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ရောဂါ၊ဝေဒနာခံစားနေရသူ မကျန်းမာသူအားလုံးသည်လည်း ကျန်းမာ၊ ချမ်းသာ၍ ကောင်းသောလိုရာဆန္ဒများအားလုံး ပြည့်စုံကြပါစေ။

🙏ယခုအလှူတွင် ဇီဝက၏ဖောက်သည်တော်ကြီးများအလှူလည်း ပါဝင်တာကြောင့် ဇီဝက၏ဖောက်သည်တော်ကြီးများလည်း ကုသိုလ်ထပ်တူရရှိပါစေ...

🚽 ဝမ်းချုပ်လို့ နေရ ထိုင်ရ အဆင်မပြေဖြစ်နေပါသလား?ဝမ်းချုပ်တဲ့အခါ အိမ်သာသွားဖို့ အားစိုက်ရခြင်း၊ ဝမ်းသွားရခက်ခြင်းနဲ့ ဝမ်း...
01/10/2026

🚽 ဝမ်းချုပ်လို့ နေရ ထိုင်ရ အဆင်မပြေဖြစ်နေပါသလား?

ဝမ်းချုပ်တဲ့အခါ အိမ်သာသွားဖို့ အားစိုက်ရခြင်း၊ ဝမ်းသွားရခက်ခြင်းနဲ့ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။ 😣

💧 1-EASE မှာ ပါဝင်တဲ့ Lactulose ဟာ Osmotic laxative အမျိုးအစားဖြစ်ပြီး အူလမ်းကြောင်းထဲမှာ ရေဓာတ်ကို ဆွဲယူပေးကာ ဝမ်းကို ပျော့ပျောင်းစေပြီး ဝမ်းသွားလွယ်အောင် ကူညီပေးပါတယ်။

🩺 ဘာအတွက် အသုံးပြုနိုင်လဲ?

✅ ဝမ်းချုပ်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

✅ အသည်းရောဂါကြောင့် ဦးနှောက်လုပ်ဆောင်မှု ထိခိုက်သော လူနာများတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ပါတယ်။

💊 ဝမ်းချုပ်ခြင်းအတွက် သောက်သုံးရန်

👨 လူကြီး – 15 mL တစ်နေ့ 2 ကြိမ်

👦 အသက် 5–10 နှစ် – 10 mL တစ်နေ့ 2 ကြိမ်

👧 အသက် 2–5 နှစ် – 5 mL တစ်နေ့ 2 ကြိမ်

👶 အသက် 1–2 နှစ် – 2.5–5 mL တစ်နေ့ 2 ကြိမ်

👶 အသက် 1 နှစ်အောက် – 2.5 mL တစ်နေ့ 2 ကြိမ်

🥤 ရေ သို့မဟုတ် အသီးဖျော်ရည်နဲ့ ရောပြီး သောက်နိုင်ပါတယ်။
💧 သောက်နေစဉ် ရေများများ သောက်ပေးဖို့လည်း လိုအပ်ပါတယ်။

📩 1-EASE ဆေးရည်ကို မှာယူလိုပါက
Messenger (သို့) 📱 09 977 498 157 Viber ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

🚚 ဇီဝကဆေးဆိုင်မှ ပို့ဆောင်ပေးနေပါပြီ

🏠 ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးမဆို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

🚌 ကျန်မြို့နယ်များကိုလည်း ကားဂိတ်သို့ အခမဲ့ပို့ဆောင်ပေး လျက်ရှိပါတယ်။

📍 ဇီဝကဆေးဆိုင်များ

🏠 ဆိုင်(၁) — လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၂) — လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။

🏠 ဆိုင်(၃) — မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၄) — ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

#ဝမ်းချုပ်ခြင်း #ဇီဝကဆေးဆိုင်

ခြေလက်ထုံကျင်ပြီး အာရုံကြောအားနည်းတာတွေအတွက် NeuroPlexခြေထိပ်လက်ထိပ်တွေ ထုံကျင်တာ၊ အပ်နဲ့ထိုးသလို စူးခနဲ ကိုက်ခဲတာမျိုးတ...
30/09/2026

ခြေလက်ထုံကျင်ပြီး အာရုံကြောအားနည်းတာတွေအတွက် NeuroPlex

ခြေထိပ်လက်ထိပ်တွေ ထုံကျင်တာ၊ အပ်နဲ့ထိုးသလို စူးခနဲ ကိုက်ခဲတာမျိုးတွေ ခံစားနေရပါသလား❓
ဒီလို အာရုံကြောဆိုင်ရာ ဝေဒနာတွေအတွက် အထူးထုတ်လုပ်ထားတဲ့ NeuroPlex မှာ

🔸 အာရုံကြောဝေဒနာများ၊ မေ့လျော့တတ်သော ရောဂါများနဲ့ ဆီးချိုကြောင့်ဖြစ်သော အာရုံကြော ထိခိုက်မှုများကို သက်သာစေတဲ့ Methylcobalamin

🔸 သွေးတွင်း သကြားဓာတ်ကို ထိန်းညှိရာမှာ ကူညီပေးသလို အာရုံကြောတွေ ရောင်ရမ်းတာနဲ့ ပျက်စီးတာကို ကာကွယ်ပေးတဲ့ အစွမ်းထက် Antioxidant Alpha Lipoic Acid

🔸 ဆဲလ်တွေရဲ့ စွမ်းအင်ထုတ်လုပ်မှုကို အားပေးပြီး နှလုံးနဲ့ သွေးကြော ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ Co-Enzyme Q10

🔸 အာရုံကြောအချက်ပြစနစ် မှန်ကန်စေပြီး မောပန်းနွမ်းနယ်မှုကို သက်သာစေတဲ့ Vitamin B1, B2, B6 နဲ့ Inositol

🔸 သွေးတွင်းအင်ဆူလင် လုပ်ဆောင်ချက်နဲ့ ခုခံအားစနစ်ကို အားဖြည့်ပေးတဲ့ Chromium နဲ့ Selenium တို့ ပါဝင်ပါတယ်။

ဒါကြောင့် NeuroPlex ကို
✅ ခြေလက် ထုံကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အထိအတွေ့ သိရှိမှုအာရုံ လျော့နည်းသူများ၊
✅ ဆီးချိုရောဂါကြောင့် အာရုံကြော ထိခိုက်မှု ခံစားနေရသူများ၊
✅ သက်သတ်လွတ်စားသူများ၊
✅ သွေးအားနည်းသူများနဲ့ အာရုံကြော အားနည်းသူများ သောက်သုံးဖို့ သင့်တော်ပါတယ်။

💊 တစ်နေ့တစ်လုံး အစာစားပြီးမှ သောက်သုံးနိုင်ပါတယ်။

NeuroPlex ကို မှာယူလိုပါက Jivaka Pharmacy Facebook Messenger သို့မဟုတ် 09977498157 ကို ဆက်သွယ်နိုင်ပါတယ်ရှင်

🏠ဇီဝကဆေးဆိုင်(၁) - လမ်း (၃၀)၊ (၇၆) လမ်းနှင့် (၇၇) လမ်းကြား၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၂) - လမ်း (၃၀)၊ (၇၄) လမ်းထောင့်၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၃) - မနော်ဟရီလမ်း (၁၁၀) လမ်း၊ (၆၂) လမ်းနှင့် (၆၄) လမ်းကြား၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၄) - (၃၈) လမ်း၊ (၇၈) လမ်းနှင့် (၇၉) လမ်းကြား၊ မန္တလေးမြို့။

🦠💜 အူလမ်းကြောင်း ကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားကို တစ်ပြိုင်နက်တည်း အားကောင်းလိုသူများအတွက် PRO BOOST🍽 အစာခြေစနစ်လည်း ကော...
29/09/2026

🦠💜 အူလမ်းကြောင်း ကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားကို တစ်ပြိုင်နက်တည်း အားကောင်းလိုသူများအတွက် PRO BOOST

🍽 အစာခြေစနစ်လည်း ကောင်းချင်တယ်၊ 🛡 ခုခံအားလည်း တိုးချင်တယ်၊ 💊 နေ့စဉ် လိုအပ်တဲ့ ဗီတာမင်တွေလည်း စုံစုံလင်လင် ရချင်တယ်ဆိုသူများအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်တဲ့ PRO BOOST အကြောင်း ဇီဝကမှ မျှဝေချင်ပါတယ်။

✨ PRO BOOST ရဲ့ ထူးခြားတဲ့ အာနိသင်များ

🦠 Probiotic 100 Million CFUs နဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာဖြစ်တဲ့ Inulin ပါဝင်လို့ ရင်ပြည့်ခြင်း၊ လေပွခြင်း၊ အစာမကြေခြင်းနဲ့ အူလမ်းကြောင်း ပြဿနာတွေကို သက်သာစေပြီး အာဟာရစုပ်ယူမှုကို မြှင့်တင်ပေးပါတယ်။

🛡 Vitamin A, Vitamin C, Beta Carotene, Selenium, Iodine စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အပြည့်အဝ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးပြီး မကြာခဏ ဖျားနာခြင်းမှ ကာကွယ်ပေးပါတယ်။

⚡️ B-Complex ပါဝင်လို့ စွမ်းအင်ဖြစ်ပေါ်မှုကို အားပေးပြီး နေ့စဉ် ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေပါတယ်။

🦴 Calcium, Vitamin D, Vitamin K အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်အစုံ ပါဝင်လို့ အရိုး၊ သွားနဲ့ အထွေထွေ ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ 🦷

👨‍👩‍👧 ဘယ်လိုသူတွေအတွက် သင့်တော်သလဲ?

🍽 အစာမကြေ၊ လေပွ၊ ဝမ်းမှန်မှန် မသွားဘဲ အူလမ်းကြောင်း ပြဿနာရှိသူများ

💊 မကြာခဏ ပိုးသတ်ဆေး သောက်သုံးရ၍ အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယား ပြန်လည်ဖြည့်တင်းချင်သူများ

🥗 အာဟာရ မမျှတသူများနှင့် 😮‍💨 မကြာခဏ မောပန်းလွယ်သူများ

🛡 ခုခံအားနည်းပြီး ရာသီဥတုပြောင်းတိုင်း ဖျားနာတတ်သူများ

🌱 သက်သတ်လွတ်သမားများ လည်း စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

💊 လူကြီးများ — တစ်နေ့လျှင် ၁ လုံး၊ မနက်စာစားပြီးချိန် သောက်သုံးရန် အကောင်းဆုံး ဖြစ်ပါတယ်။

📩 PRO BOOST ကို မှာယူလိုပါက
Messenger (သို့) 📱 09 977 498 157 Viber ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

🚚 ဇီဝကဆေးဆိုင်မှ ပို့ဆောင်ပေးနေပါပြီ

🏠 ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးမဆို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

🚌 ကျန်မြို့နယ်များကိုလည်း ကားဂိတ်သို့ အခမဲ့ပို့ဆောင်ပေး လျက်ရှိပါတယ်။

📍 ဇီဝကဆေးဆိုင်များ

🏠 ဆိုင်(၁) — လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၂) — လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။

🏠 ဆိုင်(၃) — မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၄) — ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

28/09/2026

ကောလာဟလနဲ့ အတင်းအဖျင်းစကားတွေဟာ လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ စိတ်ဓာတ်နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို အဆိုးရွားဆုံး ထိခိုက်စေတဲ့ အဆိပ်အတောက်တွေ ဖြစ်ပါတယ်။😔 တစ်ဆင့်စကားတွေနဲ့ ဝေဖန်မယ့်အစား... နားလည်မှု၊ စာနာမှုတွေနဲ့ အချင်းချင်း ဖေးမကူညီပေးခြင်းကသာ ကျွန်မတို့ ဇီဝကကို ပိုမိုစည်းလုံးပြီး နွေးထွေးတဲ့ မိသားစုကြီးတစ်ခု ဖြစ်စေမှာပါ။🤗အတင်းပြောခြင်းကို ရပ်တန့်ပြီး အားပေးစကားတွေကို မျှဝေကြပါစို့။🤝🥳

💪 ကြွက်သား ထိန်းသိမ်းချင်သူများနှင့် လေ့ကျင့်ခန်း လုပ်သူများအတွက် EVER BCAA🏋️‍♂️ ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာစေချင်တယ်၊...
28/09/2026

💪 ကြွက်သား ထိန်းသိမ်းချင်သူများနှင့် လေ့ကျင့်ခန်း လုပ်သူများအတွက် EVER BCAA

🏋️‍♂️ ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာစေချင်တယ်၊ လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းနွမ်းနယ်တာတွေကို မြန်မြန်သက်သာချင်တယ်ဆိုရင်တော့ EVER BCAA က အားကိုးစရာ ဆေးတစ်ခွက် ဖြစ်ပါတယ်။ ⚡️

✨ EVER BCAA ရဲ့ ထူးခြားတဲ့ အာနိသင်များ

💪 ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Branched-Chain Amino Acids (BCAA) တို့ သင့်တော်တဲ့ အချိုးအစားအတိုင်း ပါဝင်တာကြောင့် ကြွက်သားဆဲလ်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်ပြုပြင်ပေးပြီး သန်မာစေပါတယ်။

🔥 လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေကို အားအင်အဖြစ် ပြန်လည်မသုံးစွဲအောင် တားဆီးပေးပြီး ကြွက်သား ပျက်စီးမှုကို သက်သာစေပါတယ်။

⚡️ BCAA Amino Acids အုပ်စုဟာ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပေးပြီး ခန္ဓာကိုယ် အားအင်ဖြစ်ပေါ်မှုကို တိုးတက်စေပါတယ်။

🏋️ ဘယ်လိုလူတွေ သောက်သုံးဖို့ အထူးသင့်တော်သလဲ?

🏋️‍♂️ Gym ဆော့သူများ၊ ကစားသမားများနှင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆောင်သူများ

💪 လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားများ နာကျင်ကိုက်ခဲမှု သက်သာချင်သူများ

🎯 ကြွက်သားထုထည်ကို စနစ်တကျ ထိန်းသိမ်းလိုသူများ

👴 လှုပ်ရှားမှုနည်းခြင်း သို့မဟုတ် အသက်အရွယ်ကြောင့် ကြွက်သားများ ပိန်လှီပြုန်းတီးမှုမှ ကာကွယ်ချင်သူများအတွက် သင့်တော်ပါတယ်။

💊 တစ်နေ့ ၁ လုံး ပုံမှန်သောက်သုံးနိုင်ပါတယ်။

📩 EVER BCAA ကို မှာယူလိုပါက
Messenger (သို့) 📱 09 977 498 157 Viber ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

🚚 ဇီဝကဆေးဆိုင်မှ ပို့ဆောင်ပေးနေပါပြီ

🏠 ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးမဆို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

🚌 ကျန်မြို့နယ်များကိုလည်း ကားဂိတ်သို့ အခမဲ့ပို့ဆောင်ပေး လျက်ရှိပါတယ်။

📍 ဇီဝကဆေးဆိုင်များ

🏠 ဆိုင်(၁) — လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၂) — လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။

🏠 ဆိုင်(၃) — မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၄) — ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

⚡️ တစ်နေ့တာမှာ ပင်ပန်းနွမ်းနယ်နေလို့ အားအင်သစ်တွေ ပြန်လည်ဖြည့်တင်းချင်ပါသလား?💜 ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တ...
27/09/2026

⚡️ တစ်နေ့တာမှာ ပင်ပန်းနွမ်းနယ်နေလို့ အားအင်သစ်တွေ ပြန်လည်ဖြည့်တင်းချင်ပါသလား?

💜 ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို စုံစုံလင်လင် ပေးစွမ်းနိုင်တဲ့ SAN VITA အကြောင်းကို ဇီဝကမှ ဝေမျှပေးချင်ပါတယ်။ 🌿

✨ SAN VITA ရဲ့ ထူးခြားတဲ့ အာနိသင်များ

💪 Vitamin B-Complex နှင့် Amino Acids များ ပါဝင်တာကြောင့် မောပန်းနွမ်းနယ်မှုကို သက်သာစေပြီး နေ့စဉ်လှုပ်ရှားမှုအတွက် စွမ်းအင်ပြည့်ဝစေပါတယ်။

🛡 Vitamin C, Vitamin E, Zinc, Selenium တို့ ပါဝင်တာကြောင့် ရာသီဥတုအကူးအပြောင်းမှာ ဖျားနာခြင်းမှ ကာကွယ်ပေးပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

🦴 Calcium, Phosphorus နှင့် Vitamin D3 ဓာတ်များ ပါဝင်လို့ အရိုးနှင့်သွားများကို သန်မာစေပါတယ်။ 🦷

🩸 သံဓာတ်နှင့် Folic Acid ပါဝင်လို့ သွေးအားနည်းခြင်းကို သက်သာစေပါတယ်။

✨ Biotin, Beta-carotene နှင့် သတ္တုဓာတ်အစုံအလင် ပါဝင်လို့ အသားအရေစိုပြေပြီး ဆံသားကျန်းမာရေးကို ကူညီပေးပါတယ်။ 💆‍♀️💇‍♀️

👨‍👩‍👧 ဘယ်လိုလူတွေ သောက်သုံးဖို့ အထူးသင့်တော်သလဲ?

💼 နေ့စဉ် လုပ်ငန်းခွင်မှာ အလုပ်ပင်ပန်း၍ အားအင်ကုန်ခမ်းနေသူများ

😮‍💨 စိတ်ဖိစီးမှုများပြီး ညဘက် အိပ်ရေးမဝသူများ

🌱 နေမကောင်းဖြစ်ပြီးစ ပြန်လည်လန်းဆန်းချင်သူများ

🍽 အစားအသောက် မမှန်သူများနှင့် အာဟာရ မျှတစွာ မရရှိသူများ

🩸 သွေးအားနည်းတတ်သူများနှင့် 👴👵 သက်ကြီးရွယ်အိုများ

💊 တစ်နေ့လျှင် ၁ လုံး အစာစားပြီးချိန် သောက်သုံးနိုင်ပါတယ်။

📩 SAN VITA ကို မှာယူလိုပါက
Messenger (သို့) 📱 09 977 498 157 Viber ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

🚚 ဇီဝကဆေးဆိုင်မှ ပို့ဆောင်ပေးနေပါပြီ

🏠 ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးမဆို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

🚌 ကျန်မြို့နယ်များကိုလည်း ကားဂိတ်သို့ အခမဲ့ပို့ဆောင်ပေး လျက်ရှိပါတယ်။

📍 ဇီဝကဆေးဆိုင်များ

🏠 ဆိုင်(၁) — လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၂) — လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။

🏠 ဆိုင်(၃) — မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၄) — ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

#ဇီဝကဆေးဆိုင်

🚽 ဝမ်းမှန်မှန် မသွားလို့ စိတ်ညစ်နေပါသလား?💜 LAX ဆေးရည်လေး ရှိပါတယ်။ဝမ်းချုပ်တာကြောင့် ဗိုက်ထဲမအီမသာ ဖြစ်နေသူတွေအတွက် 🥺 ဘေ...
26/09/2026

🚽 ဝမ်းမှန်မှန် မသွားလို့ စိတ်ညစ်နေပါသလား?
💜 LAX ဆေးရည်လေး ရှိပါတယ်။

ဝမ်းချုပ်တာကြောင့် ဗိုက်ထဲမအီမသာ ဖြစ်နေသူတွေအတွက် 🥺 ဘေးအန္တရာယ်ကင်းကင်းနဲ့ သဘာဝအတိုင်း ဝမ်းမှန်စေမယ့် LAX ဆေးရည် အကြောင်းကို ဇီဝကမှ မျှဝေချင်ပါတယ်။ 💜

🌿 LAX ဆေးရည်ဟာ အူမကြီးအတွင်း ရေဓာတ်ကို စုပ်ယူပေးပြီး 💧 ဝမ်းကို ပျော့ပျောင်းသွားစေကာ အူရဲ့ လှုပ်ရှားမှုကို သဘာဝအတိုင်း အားပေးပါတယ်။
🧪 ခန္ဓာကိုယ်အတွင်းရှိ အမိုးနီးယား အဆိပ်အတောက်များကို လျှော့ချပေးရာတွင် အသုံးပြုပါတယ်။

👨‍👩‍👧 ဘယ်လိုလူတွေ သောက်သုံးဖို့ အထူးသင့်တော်သလဲ?

🔹 ဝမ်းချုပ်တတ်သူများ၊ ဝမ်းသွားရခက်၍ ညှစ်နေရသူများ
🔹 သက်ကြီးရွယ်အိုများ၊ လှုပ်ရှားမှုနည်း၍ ဝမ်းချုပ်သူများ
🔹 ကလေးငယ်များ ဝမ်းချုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။

💊 သောက်သုံးရန် ပမာဏ

👨 လူကြီးများ — တစ်နေ့လျှင် 15ml တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်

👦 အသက် ၇ နှစ်မှ ၁၄ နှစ်ကြား ကလေးများ — တစ်နေ့လျှင် 10ml မှ 15ml

👧 အသက် ၁ နှစ်မှ ၆ နှစ် ကလေးများ — တစ်နေ့လျှင် 5ml မှ 10ml

👶 အသက် ၁ နှစ်အောက် ကလေးငယ်များ — တစ်နေ့လျှင် 2.5ml မှ 5ml အထိ သောက်သုံးနိုင်ပါတယ်။

⏰ အာနိသင်ပြရန် အချိန်

LAX ဟာ အူလမ်းကြောင်းကို သဘာဝအတိုင်း လုပ်ဆောင်စေတာဖြစ်လို့ ဆေးသောက်ပြီး အာနိသင်ပြရန် ၂၄ နာရီမှ ၄၈ နာရီအထိ (၂ ရက်ခန့်) ကြာမြင့်နိုင်ပါတယ်။ ⏳

⚠️ မသောက်သုံးသင့်သူများ

❌ Lactose ဓာတ်မတည့်သူများ
❌ Galactosaemia ရောဂါရှိသူများ
❌ အူပိတ်ရောဂါ (Bowel Obstruction) ခံစားနေရသူများ သောက်သုံးရန် မသင့်တော်ပါ။

💧 ဆေးသောက်နေစဉ်အတွင်း ရေများများ သောက်ပေးပါက ပိုမိုထိရောက်စေပါတယ်။

🌿 ဝမ်းချုပ်ခြင်းမှ သက်သာပြီး ပေါ့ပါးလန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ LAX Solution ကို ဆောင်ထားလိုက်ပါ။ 💜

📩 LAX ဆေးရည်ကို မှာယူလိုပါက
Messenger (သို့) 📱 09 977 498 157 Viber ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

🚚 ဇီဝကဆေးဆိုင်မှ ပို့ဆောင်ပေးနေပါပြီ

🏠 ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သတ်မှတ်မြို့နယ်များအတွင်း ဘယ်လောက်ဖိုးမဆို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

🚌 ကျန်မြို့နယ်များကိုလည်း ကားဂိတ်သို့ အခမဲ့ပို့ဆောင်ပေး လျက်ရှိပါတယ်။

📍 ဇီဝကဆေးဆိုင်များ

🏠 ဆိုင်(၁) — လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၂) — လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။

🏠 ဆိုင်(၃) — မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။

🏠 ဆိုင်(၄) — ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

#ဇီ၀က #ဇီဝကဆေးဆိုင်

🌟 Happy World Pharmacists Day! 🌸💊ရောဂါတစ်ခုကို သက်သာပျောက်ကင်းစေဖို့ မှန်ကန်တဲ့ "ဆေး” နဲ့ "Dose" ကို ရွေးချယ်ဖို့လိုအပ်သ...
25/09/2026

🌟 Happy World Pharmacists Day! 🌸💊

ရောဂါတစ်ခုကို သက်သာပျောက်ကင်းစေဖို့ မှန်ကန်တဲ့ "ဆေး” နဲ့ "Dose" ကို ရွေးချယ်ဖို့လိုအပ်သလို၊ "မှန်ကန်တဲ့ လမ်းကြောင်းမှ ဆေးဝါးအသုံးပြုခြင်း (Right Route of Administration)" ကလည်း ကုသမှု ထိရောက်ရေးအတွက် အလွန် အရေးကြီးလှပါတယ်။

ဆေးဝါးတစ်မျိုးစီမှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲ စုပ်ယူပုံနဲ့ အာနိသင်ပြပုံချင်း မတူညီတာကြောင့် ပေးသွင်းရတဲ့ လမ်းကြောင်းတွေ မတူညီကြပါဘူး။ ဒါကြောင့် မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို မှန်ကန်တဲ့ လမ်းကြောင်းကနေ စနစ်တကျ အသုံးပြုနိုင်ဖို့ အဓိက လမ်းကြောင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 👇

📌 ၁။ ပါးစပ်မှတစ်ဆင့် သောက်သုံးခြင်း (Oral Route)
ကျွန်မတို့ အသုံးအများဆုံး လမ်းကြောင်းဖြစ်ပြီး Tablet, Capsule, Syrup နဲ့ Suspension တွေ ပါဝင်ပါတယ်။ ဒီ ဆေးပုံစံတွေထဲကမှ သတိထားရမယ့် ဆေးပုံစံတွေကို ပြောပြပါရစေ

* 🧪 Suspension (ဆေးရည်): ဆေးမသောက်မီ ပုလင်းကို အမြဲတမ်း သေချာ လှုပ်ခါပြီးမှ သောက်ရပါမယ်။
* 👅 Mouth Dissolving Tablet: ရေနဲ့ မျိုမချရဘဲ လျှာပေါ်တင်ထားရုံနဲ့ အရည်ပျော်သွားမယ့် ဆေးပြား ဖြစ်ပါတယ်။
* 👅 Sublingual Tablet: ဆေးအာနိသင် မြန်မြန်ရစေဖို့ လျှာအောက်မှာထားပြီး ငုံသောက်ရတဲ့ ဆေးပြားဖြစ်ပါတယ်။

📌 ၂။ အရေပြားပေါ် လိမ်းကျံ/ကပ်ခြင်း (Topical & Transdermal Route)
* 🧴 Topical: Cream, Ointment, Gel, Paste, Powder, Lotion နဲ့ Liniment တွေကို အရေပြားပေါ် တိုက်ရိုက်လိမ်းပြီး ဖြစ်တဲ့နေရာသက်သာစေဖို့ သုံးပါတယ်။
* 🩹 Transdermal Patch: အရေပြားပေါ်မှာ ကပ်ထားရုံနဲ့ ဆေးဝါးကို သွေးကြောထဲအထိ တဖြည်းဖြည်း စုပ်ယူစေပြီး ခန္ဓာကိုယ်တစ်ခုလုံး အာနိသင်ရောက်ရှိစေတာ ဖြစ်ပါတယ်။

📌 ၃။ အသက်ရှူလမ်းကြောင်းမှ ရှူသွင်းခြင်း (Inhalation Route)
အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါတွေအတွက် Inhaler, Nebulizer နဲ့ Rotacap တွေကို အသုံးပြုကြပါတယ်။
* 🌬 Rotacap သတိပြုရန်: Rotacap ဆေးတောင့် (Capsule) ကို လုံးဝ မျိုမချရပါဘူး! Rotahaler သို့မဟုတ် Revolizer စတဲ့ Device ထဲမှာ ထည့်ပြီးမှ ရှူသွင်းရတာ ဖြစ်ပါတယ်။

📌 ၄။ ထိုးဆေးဖြင့် ပေးသွင်းခြင်း (Parenteral Route)
ဆေးအာနိသင် အမြန်ဆုံးနဲ့ ထိရောက်မှုအမြင့်ဆုံး လိုအပ်တဲ့အခါ Injection ဖြင့် ပေးသွင်းကြပြီး IV (သွေးကြောထဲ)၊ IM (ကြွက်သားထဲ)၊ SC (အရေပြားအောက်) နဲ့ ID (အရေပြားအတွင်း) စသည်ဖြင့် ခွဲခြားထားပါတယ်။

📌 ၅။ စအိုမှတစ်ဆင့် ပေးသွင်းခြင်း (Re**al Route)
ပါးစပ်မှ ဆေးမသောက်နိုင်သော အခြေအနေများတွင် ကုသရန်အတွက် Suppository (စအိုတွင်းထည့်ရန်ဆေးတောင့် ) Re**al Cream နဲ့ E***a (စအိုတွင်း ဆေးရည်) များကို အသုံးပြုကြပါတယ်။

📌 ၆။ မိန်းမကိုယ်မှတစ်ဆင့် အသုံးပြုခြင်း (Vaginal Route)
Vaginal Tablet, Cream, Suppository နဲ့ Vaginal Ring စတာတွေကို အမျိုးသမီးရောဂါဆိုင်ရာ ကုသမှုတွေအတွက် သီးသန့် အသုံးပြုကြပါတယ်။

💡 Pharmacist တို့ရဲ့ ပန်းတိုင်
Inhaler Device ၊ Transdermal Patch စတဲ့ အသုံးပြုပုံ ရှုပ်ထွေးတဲ့ ဆေးဝါးတွေကို လူနာများ စနစ်တကျ သုံးစွဲတတ်စေဖို့ သေချာသင်ကြားပြသပေးခြင်းဖြင့် ဆေးဝါးသုံးစွဲမှု အမှားအယွင်းများကို လျှော့ချပေးနိုင်ပြီး ကုသမှုကို ပိုမိုထိရောက်စေပါတယ်။

“မှန်ကန်သော ဆေးဝါးကို မှန်ကန်သော လမ်းကြောင်းမှ အသုံးပြုခြင်းသည် ပိုမိုဘေးကင်းပြီး ထိရောက်သော လူနာစောင့်ရှောက်မှုဆီသို့ ဦးတည်စေပါသည်။"

မိဘပြည်သူများအားလုံး ဘေးကင်းကျန်းမာကြပါစေကြောင်း World Pharmacists Day အထိမ်းအမှတ်အဖြစ် ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။ 🌷✨

###
ဤဆောင်းပါးကို ဇီဝကဆေးဆိုင်မှ Pharmacist မဇင်မာလွင် ရေးသားပါသည်။

Address

30th Street Between 76h Street And 77th Street
Mandalay
100101

Alerts

Be the first to know and let us send you an email when Jivaka Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jivaka Pharmacy:

Shortcuts

Share