Thiri Mon Medical Store

Call Directions Contact the business

Thiri Mon Medical Store 💊💉 မြန်မာဆေး၊ နိုင်ငံခြားဆေးများကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေပါသည် 🥰 အမှတ် ၂၅၆၊ လှိုင်စျေးလမ်း၊ သာယာအေးရပ်ကွက်၊ မော်လမြိုင်မြို့

14/04/2026

💦🌼 သီရိမွန် ဆေးဆိုင်မှ သင်္ကြန်ဆုတောင်း 🌼💦
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင်
လူကြီးမင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း
သီရိမွန် ဆေးဆိုင်မှ အထူးဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့် 🙏
နှစ်ဟောင်းမှ မကောင်းသောအရာများအားလုံး ကင်းဝေးပြီး
နှစ်သစ်တွင် ကံကောင်းခြင်းများ၊ အောင်မြင်မှုများ
ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် 💖
သင်္ကြန်ကာလအတွင်း လုံခြုံစိတ်ချရသော ကျန်းမာရေးနှင့်အတူ
ပျော်ရွှင်စရာနေ့ရက်များဖြစ်ကြပါစေရှင့် 🌸
💊 သီရိမွန် ဆေးဆိုင် 💊
“သင့်ကျန်းမာရေးအတွက် အမြဲတမ်းအနားမှာရှိနေပါတယ်ရှင့်”

🌾🌾🌾မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အတွက်“သီရိမွန်ဆေးဆိုင်” မှ ဂုဏ်ပြုဆုတောင်း🌾🌾🌾ယနေ့ မတ်လ (၂) ရက်နေ့တွင် ...
02/03/2026

🌾🌾🌾မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အတွက်
“သီရိမွန်ဆေးဆိုင်” မှ ဂုဏ်ပြုဆုတောင်း
🌾🌾🌾
ယနေ့ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော (၆၄) နှစ်မြောက်
တောင်သူလယ်သမားနေ့ အား ဂုဏ်ပြုပါသည်။
လူသားတို့၏ အစာအာဟာရ ပြည့်ဝ လုံခြုံရေးနှင့် စီးပွားရေးအခြေခံအုတ်မြစ်ကို
အဓိကထောက်ပံ့ပေးလျက်ရှိသော
တောင်သူလယ်သမားအပေါင်းတို့၏
ကြိုးစားအားထုတ်မှု၊ စွမ်းဆောင်ရည်နှင့် အနစ်နာခံမှုများကို
လေးစားဂုဏ်ယူပါသည်။
စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြည့်စုံ၍
မိုးလေဝသကောင်းမွန်ခြင်း၊
သီးနှံအထွက်ကောင်းမွန်ခြင်း၊
မိသားစုဘဝ သာယာပျော်ရွှင်ခြင်းတို့နှင့်အတူ
ကျန်းမာချမ်းသာကြပါစေကြောင်း
သီရိမွန်ဆေးဆိုင် မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🌾🌾🌾

ရာသီအကူးအပြောင်းမှာ သတိထားရမယ့် အအေးမိခြင်းရာသီအကူးအပြောင်းမှာ ပတ်ဝန်းကျင် အပူချိန်ဟာ အေးပြီး ခြောက်သွေ့တာကြောင့်ရော၊ ရာ...
18/12/2025

ရာသီအကူးအပြောင်းမှာ သတိထားရမယ့် အအေးမိခြင်း
ရာသီအကူးအပြောင်းမှာ ပတ်ဝန်းကျင် အပူချိန်ဟာ အေးပြီး ခြောက်သွေ့တာကြောင့်ရော၊ ရာသီကြောင့် အခန်းတွင်း နေချိန်များတာရောက အအေးမိတုပ်ကွေးကို ပိုပြီးကူးစက် ဖြစ်ပွားစေပါတယ်။ အအေးမိတုပ်ကွေးရောဂါဟာ virus ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပြီး အလွန်ကူးစက်မှုမြန်ပါတယ်။
ကူးစက်ခံရသူဟာ အဖျားအလွန်ကြီးတာ (၁၀၄ ဒီဂရီဖာရင်ဟိုက်ထိ )၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ အသားတွေနာတာ၊ အဆစ်တွေကိုက်ခဲတာ၊ အစားအသောက်ပျက်တာတွေ ခံစားရတတ်ပါတယ်။ ရံဖန်ရံခါမှာ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ အော့အန်တာ စတာတွေလည်း ခံစားရနိုင်ပါတယ်။ သာမာန်အားဖြင့် အအေးမိတုပ်ကွေးဟာ ၃ရက်ထိသာ အဖျားတာရှည်တတ်ပြီး သူ့ဘာသူပဲ ကိုယ်ခံအားကောင်းရင် ပြန်ကောင်းနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
အဖျားကြီးရင် ရေသဘတ်တိုက်ပါ။ မချမ်းနေရင်တော့ လူကြီးတွေဆိုရင် ကိုယ်ခန္ဓာကြီးတာကြောင့်လည်း ရေကို နှစ်ခွက်၊ သုံးခွက်လောက် တကိုယ်လုံးအေးသွားအောင် လောင်းချပေးလို့ရပါတယ်။ ဆပ်ပြာတွေတိုက်၊ ဂျီးတွန်း၊ ခေါင်းလျှော်တာတွေ လုပ်ပြီး အချိန်မကြာစေသင့်ပါဘူး။ အဖျားနဲ့ ကိုယ်လက်နာတာကိုက်တာတွေ အတွက် အိမ်သုံးဆေးဝါး paracetamol (ပါရာစီတမော) ၅၀၀ မီလီဂရမ်ကို ၆နာရီခြားတစ်ခါ တစ်နေ့ကို လေးကြိမ်ထိ အစာစားပြီးသောက်ပေးလို့ရပါတယ် (လူကြီးများအတွက်) ။ ရေများများသောက်ပါ (၂လီတာခွဲ-၃လီတာ)။ အာဟာရပြည့်အောင် စားပါ။ အိပ်ရေးဝဝ တနေ့ကို ၇ - ၉ နာရီလောက်အိပ်ပါ။
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ် ဆိုတဲ့အတိုင်း အအေးမိတာဟာကာကွယ်လို့ရပါတယ်။ Flu vaccine ကာကွယ်ဆေးကို နှစ်စဉ် တစ်နှစ်တစ်ကြိမ်ထိုးလို့ရပါတယ်။ အအေးမိတုပ်ကွေးရောဂါဟာ အသက်ရှုလမ်းကြောင်းက ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် အပြင်သွားရင် နှာခေါင်းစည်း mask ကို သေချာတပ်ပါ။ လူနေထူထပ်တဲ့ နေရာသွားပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် စနစ်တကျဆေးပေးပါ။ သေချာဆေးကြောမထားတဲ့ လက်နဲ့ မျက်နှာ၊ နှာခေါင်းစတာတွေကို ကိုင်တွယ်တာရှောင်ရပါမယ်။ ဒီအချက်လေးကို သတိထားပြီး အအေးမိဝေဒနာကင်းဝေးနိုင်ပါစေနော်။

ဘယ် အချိန်တွေမှာ အားဖြည့်ဆေးဝါးတွေကို သောက်ဖို့ အကောင်းဆုံးလဲ ?————၁ ။ မဂ္ဂနီဆီယမ် - အိပ်ရာမဝင်ခင် ၁ နာရီအလို၂ ။ ဗီတာမင်...
15/12/2025

ဘယ် အချိန်တွေမှာ အားဖြည့်ဆေးဝါးတွေကို သောက်ဖို့ အကောင်းဆုံးလဲ ?
————
၁ ။ မဂ္ဂနီဆီယမ် - အိပ်ရာမဝင်ခင် ၁ နာရီအလို
၂ ။ ဗီတာမင် D - မနက်စာနဲ့ အတူ
၃ ။ ကယ်လ်ဆီယမ် - မနက်နဲ့ ည
၄ ။ ပရိိုဘိုင်အိုတစ် - ဝမ်းဗိုက်ထဲမှာအစာ မရှိစဉ်
၅ ။ ဗီတာမင် C - မနက်ပိုင်းမှာ ရေနဲ့ သောက်ပါ
၆ ။ ကော်လဂျင် - မနက်စောစော ဒါမှမဟုတ် အိပ်ရာမဝင်ခင် ( ခန္ဓာကိုယ်မှ စုတ်ယူမှု ကောင်းမွန်အောင် )
၇ ။ သံဓာတ် - ဗိုက်ထဲမှာ အစာမရှိစဉ် ( ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် ရှောင်ပါ)
၈ ။ အိုမီဂါ-3 - အဆီအစာနဲ့ အတူ
၉ ။ B complex - မနက်
၁၉ ။ ဗီတာမင် E - အစားအစာ စားအပြီး
၁၁ ။ ဇင့် - သံဓာတ်မှီဝဲပြီး ၂ နာရီ အကြာ
၁၂ ။ ဗီတာမင် K - အစာနဲ့အတူ
၁၃ ။ ဓာတ်ဆား - လေ့ကျင့်ခန်းပြုလုပ်အပြီး

ဒေါက်တာခင်မိုးမိုး

Address

No-256, Hlaing Market Road, TharYarAye Quarter
Mawlamyine
12011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959401586401

Website

Alerts

Be the first to know and let us send you an email when Thiri Mon Medical Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiri Mon Medical Store:

Shortcuts

Share