Good Health Journal

Call Directions Website

Good Health Journal Good Health Journal is the top Myanmar health and beauty journal published by Swe Sone Media Group.

It is published every Monday since 2004 featuring health and beauty tip, articles and interviews with doctors and specialists.

13/10/2026

သင့်ခန္ဓာကိုယ်ရဲ့ သတိပေးလက္ခဏာများ
——————-
၁ ။ အိပ်ရေးဝဝ အိပ်ထားတာတောင် ပင်ပန်းစွာနဲ့ အိပ်ရာမှနိုးထလာခြင်း။
သင်ရဲ့ပြန်လည်ကောင်းမွန်တဲ့စနစ်က သေချာ အလုပ်မလုပ်လို့ပါ။

၂ ။ မတ်တပ်ရပ်လိုက်တဲ့အခါ မူးနောက်နောက်ဖြစ်ခြင်း။
သင့်သွေးပေါင်ချိန် မြင့်မားတာ ဒါမှမဟုတ် ရေဓာတ်ပြည့်ဝမှု မရှိတာကြောင့်ပါ။

၃ ။ အကြောင်းရင်း သေချာမရှိဘဲ မကြာခဏ ခေါင်းကိုက်ခြင်း။
သင့်ခန္ဓာကိုယ် ဖိအားပေးခံနေရတာကြောင့်ပါ။

၄ ။ အစာစားအပြီး ပင်ပန်းနေခြင်း။
သွေးတွင်းသကြားပမာဏ တည်ငြိမ်မှု မရှိတာကြောင့်ပါ။

၅ ။ သင့်ကြွက်သားတွေ တင်းမာနေခြင်း။
ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို သယ်ယူထားတာကြောင့်ပါ။

၆ ။ သင်က အချိန်အခါမရွေး ရင်တုန်တတ်ပါတယ်။
သင့်စနစ်က လွန်ကဲစွာလှုံ့ဆော်မှု ရရှိနေတာကြောင့်ပါ။

၇ ။ သင်က မကြာခဏ လေပွတတ်ပါတယ်။
သင့်အစာခြေစနစ်လုပ်ငန်း ကောင်းကောင်း အလုပ်မလုပ်လို့ပါ။

၈ ။ သင့်လက် ဒါမှမဟုတ် ခြေထောက် တွေ မကြာခဏ အေးစက်နေတတ်ပါတယ်။
သွေးလှည့်ပတ်မှု မကောင်းတာကြောင့်ပါ။

၉ ။ သင်က ပုံမှန်လှုပ်ရှားမှု ပြုလုပ်
ရင်တောင် အသက်ရှူ မဝတတ်ပါဘူး။
ကြံ့ခိုင်မှု ဒါမှမဟုတ် အောက်ဆီဂျင် အသုံးပြုမှု နည်းပါးနေတာကြောင့်ပါ။

၁၀ ။ ညစဉ် ညတိုင်း တူညီတဲ့အချိန်တွေမှာ နိုးထနေတတ်ပါတယ်။
စိတ်ဖိစီးမှုဟော်မုန်း မြင့်တက်နေတာကြောင့်ပါ။

၁၁ ။ နေ့ခင်းပိုင်းမှာ စိတ်ကြည်လင်မှု မရှိပါဘူး။ သင့်ဦးနှောက်က သေချာ အနား မရရှိတာကြောင့်ပါ။

၁၂ ။ အကြောင်းရင်း မရှိဘဲ စွမ်းအင်မရှိနေသလို ခံစားနေရပါတယ်။
သင့်ကိုယ်တွင်း ချို့တဲ့နေတဲ့အာဟာရတွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေလို့ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

13/10/2026

အသက်အရွယ်မရွေး သင့်နှလုံးကိုကာကွယ်နိုင်မယ့် နည်းလမ်း ၄ ခု
————————
Heart attack ခေါ်တဲ့ နှလုံးသွေးငတ်တဲ့ပြဿနာက အသက်အရွယ်မရွေးမှာ ဖြစ်နိုင်ပေမယ် ဖြစ်နိုင်ခြေများတဲ့ အချက်တော်တော်များများကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကျန်းမာရေးဂရုစိုက်မှုတွေနဲ့ လျော့နည်းအောင်ပြုလုပ်နိုင်ပါတယ်။

၁ ။ သင့်သွေးကြောတွေကို သဘာဝအတိုင်း
သန့်စင်နေအောင် ထိန်းသိမ်းပါ။
သွေးတွင်းကိုလက်စတရောပမာဏကို ထိန်းချုပ်ပြီး ထပ်ပြန်ကျော်ဆီ၊ ပြုပြင်ထားလွန်းတဲ့အစားအစာတွေနဲ့ ဆီကျော်စာတွေကို ရှောင်ကြဉ်ပြီး သင့်သွေးကြောတွေ ကျန်းမာနေအောင် ပြုလုပ်ပါ။
- အိုမီဂါ-၃ ပေါကြွယ်ဝတဲ့ ( ငါး၊ သစ်ကြားသီး၊ flaxseed) စားသုံးပါ။
- သံလွင်ဆီ၊ အခွံမာသီးနဲ့ အမျှင်ပေါကြွယ်ဝတဲ့ အစားအစာအသုံးပြုပါ။
- ထပ်ပြန်ကြော်ဆီ၊ ဆီကြော်စာနဲ့ ပြုပြင်ထားတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။
- ကိုလက်စတရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏ ကို ပုံမှန်အမှတ်ရအောင် ထိန်းထားပါ။
သွေးကြောတွေသန့်စင်နေတာကြောင့် နှလုံးအတွင်း အလွယ်တကူ သွေးစီးဆင်းနိုင်ပြီး Heart attack မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၂ ။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။
စိတ်ဖိစီးမှု ရေရှည်များနေတာကြောင့် သွေးပေါင်ချိန်၊ အိပ်စက်မှု၊ နှလုံးခုန်စည်းချက်နဲ့ နှလုံးသွေးကြောကျန်းမာရေးအပေါ် သက်ရောက် မှု ရရှိနိုင်ပါတယ်။
- အသက်ပြင်းပြင်းရှူသွင်းရှူထုတ်တာကိုလေ့ကျင့်တာ၊ နေ့စဉ်တရားထိုင်တာ ဒါမှမဟုတ် ဘုရားရှိခိုးတာမျိုးကိုပြုလုပ်ပါ။
- သင်ချစ်ခင်နှစ်သက်သူတွေနဲ့ အပန်းဖြေခရီးထွက်ပါ။
- အတွေးလွန်တာနဲ့ မလိုလားအပ်တဲ့ ဖိစီးမှုတွေကို ရှောင်ကြဉ်ပါ။
- အကောင်းမြင်ပြီး ပျော်ပျော်ရွှင်ရွှင်နေပါ။ အနားယူပါ။
စိတ်အေးချမ်းမှု ရှိတာကြောင့် နှလုံးကျန်းမာရေးကောင်းမွန်နိုင်ပြီး Heart attack ဖြစ်နိုင်ခြေ လျော့နည်းနိုင်ပါတယ်။

၃ ။ အိပ်ရေးဝအောင် ဦးစားပေးပါ။
- ညစဉ်် ၇-၉ နာရီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် အောင်အိပ်ပါ။
- အိပ်ချိန်နဲ့ နိုးချိန် တစ်သမတ်ထဲ ဖြစ်အောင်ထားပါ။
- လက်ကိုင်ဖုန်းနဲ့ ညနက်ချိန်စကရင်ကြည့်တာမျိုးတွေ ရှောင်ကြဉ်ပါ။
- ဟောက်သံနဲ့ Sleep apnea ( အသက်ရှူမရတာကြောင့်နိုးထလာခြင်း) ကိုကုသပါ။

၄ ။ ခန္ဓာကိုယ်ရဲ့ ပုံမှန် ရှိရမယ့် နံပါတ်တွေကို သိထားပါ။
သင့်သွေးပေါင်ချိန်( ၁၂၀/၈၀ အောက်ဖြစ်ရပါမယ်) ၊ သွေးတွင်းသကြား၊ သွေးတွင်းကိုလက်စတရော၊ ကိုယ်အလေးချိန်နဲ့ ခါးအတိုင်းအတာအမှတ်ကို ပုံမှန် စစ်ဆေးပါ။
- အနည်းဆုံး တစ်နှစ် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။
- ကိုယ်အလေးချိန်နဲ့ ခါးအတိုင်းအတာက ကျန်းမာရေူနဲ့ ညီညွတ်တဲ့ပမာဏအတွင်း ရရှိအောင် ထိန်းသိမ်းပါ။
- ဆေးလိပ်မသောက်ပါနဲ့ ။ ဆေးတံ၊ စီးကရက် ၊ ဆေးရွက်ကြီး မသောက်ပါနဲ့။ဆေးလိပ်သောက်တာကြောင့် နှလုံးသွေးကြောရောဂါ ဖြစ်န်ုင်ခြေ သိသိသာသာ မြင့်မားနိုင်ပါတယ်။
- အရက်ကို အကန့်အသတ်နဲ့သာသောက်ပါ။ သင့်မှာရှိနေတဲ့ရောဂါတွေကို ပျောက်အောင်ကုသပါ။
- ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ အခွံမာသီး၊ အစေ့အဆန်နဲ့ တစ်ခြားနှလုံးကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေကို ပိုမိုရွေးချယ်ပါ။
- ကာယလှုပ်ရှားမှု တက်ကြွမှုရှိအောင်နေပါ။ အချိန်အကြာကြီး ဆက်တိုက် ထိုင်နေတာကို ရှောင်ကြဉ်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

။

“WeCare မှ ဦးစီးပြီး 𝐁𝐋𝐊-𝐌𝐀𝐗 ဆေးရုံကြီးရဲ့================================== အထူးကု ဆရာဝန်ကြီး ၃ ဦးနဲ့ အခမဲ့ ကျန်းမာရေး=...
12/10/2026

“WeCare မှ ဦးစီးပြီး 𝐁𝐋𝐊-𝐌𝐀𝐗 ဆေးရုံကြီးရဲ့
==================================
အထူးကု ဆရာဝန်ကြီး ၃ ဦးနဲ့ အခမဲ့ ကျန်းမာရေး
====================================
ဟောပြောဆွေးနွေးပွဲ"ပြုလုပ်မည်
========================

ကျန်းမာရေးအတွက်ဆို အကောင်းဆုံး ကုသမှုတွေပဲ ရရှိနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ 𝐖𝐞𝐂𝐚𝐫𝐞 ကနေဦးစီးပြီးတော့ အောက်တိုဘာလထဲမှာ ကျန်းမာရေးဟောပြောပွဲတစ်ခု ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာအိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး 𝐁𝐋𝐊-𝐌𝐚𝐱 နိုင်ငံတကာဆေးရုံကြီးမှ ကျောက်ကပ်၊ ကျောရိုးနှင့် အာရုံကြော၊ ကင်ဆာဆေးသွင်းကုသခြင်းဆိုင်ရာ ဝါရင့် အထူးကု ဆရာဝန်ကြီး ၃ ဦး မြန်မာနိုင်ငံကိုလာရောက်ပြီး ကျန်းမာရေး အခမဲ့ဆွေးနွေးဟောပြောပွဲကို ရန်ကုန် နဲ့ မန္တလေး မြို့များမှာ ပြုလုပ်ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

အိန္ဒိယထိ သွားစရာ မလိုဘဲ မြန်မာပြည်မှာတင် ဆရာဝန်ကြီးတွေနဲ့ အခမဲ့ လူကိုယ်တိုင် တိုင်ပင်ဆွေးနွေးနိုင်မည့် အခွင့်အရေးကောင်းတခုလဲ ဖြစ်ပါတယ်။ 🇲🇲🤝🇮🇳

👨‍⚕️ ပါဝင်ဆွေးနွေးပေးမည့် အိန္ဒိယက ဝါရင့်ပါရဂူကြီး (၃) ဦး ကတော့

1. 𝐃𝐫. 𝐒𝐮𝐧𝐢𝐥 𝐏𝐫𝐚𝐤𝐚𝐬𝐡 — 𝐕𝐢𝐜𝐞 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧 & 𝐇𝐎𝐃 (𝐍𝐞𝐩𝐡𝐫𝐨𝐥𝐨𝐠𝐲 & 𝐑𝐞𝐧𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧)

ကျောက်ကပ် ရောဂါအမျိုးမျိုး၊ ကျောက်ဆေးနေရသူများနှင့် ကျောက်ကပ် အစားထိုး ခွဲစိတ်မှုဆိုင်ရာ အထူးကု ပါရဂူကြီး

1. 𝐃𝐫. 𝐑𝐨𝐡𝐢𝐭 𝐁𝐚𝐧𝐬𝐢𝐥 — 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 (𝐍𝐞𝐮𝐫𝐨 𝐒𝐮𝐫𝐠𝐞𝐫𝐲 & 𝐍𝐞𝐮𝐫𝐨 𝐒𝐩𝐢𝐧𝐞)

ဦးနှောက်၊ ကျောရိုးဆစ်၊ အာရုံကြောနှင့် ခါးနာ/လည်ပင်းနာ ဝေဒနာဆိုင်ရာ ခွဲစိတ်ပါရဂူကြီး

1. 𝐃𝐫. 𝐂𝐡𝐚𝐧𝐝𝐫𝐚𝐠𝐨𝐮𝐝𝐚 𝐃𝐨𝐝𝐚𝐠𝐨𝐮𝐝𝐚𝐫 — 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 (𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐧𝐜𝐨𝐥𝐨𝐠𝐲)

ကင်ဆာရောဂါ ကုသမှုဆိုင်ရာ၊ 𝐈𝐦𝐦𝐮𝐧𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲, 𝐓𝐚𝐫𝐠𝐞𝐭𝐞𝐝 𝐓𝐡𝐞𝐫𝐚𝐩𝐲 နှင့် 𝐂𝐡𝐞𝐦𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 အထူးကု ပါရဂူကြီး
တို့ပဲ ဖြစ်ပါတယ်

📅 ပွဲကျင်းပမည့် ရက်စွဲ၊ အချိန်နှင့် နေရာများ -

📍 မန္တလေးမြို့ (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐄𝐯𝐞𝐧𝐭)

ရက်စွဲ: ၁၇ - ၁၀ - ၂၀၂၆ (စနေနေ့)

အချိန်: နံနက် ၉:၃၀ နာရီ မှ မွန်းလွဲ ၁:၀၀ နာရီအထိ

နေရာ: 𝐇𝐨𝐭𝐞𝐥 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 (𝐁𝐚𝐥𝐥 𝐑𝐨𝐨𝐦: 𝐇𝐧𝐢𝐧 𝐒𝐢 𝐏𝐡𝐲𝐮)

(အမှတ် ၅၆၂၊ ၇၈ လမ်း၊ ၃၇ လမ်း နှင့် ၃၈ လမ်း ကြား၊ မန္တလေးမြို့။)

📍 ရန်ကုန်မြို့ (𝐘𝐚𝐧𝐠𝐨𝐧 𝐄𝐯𝐞𝐧𝐭)

ရက်စွဲ: ၁၈ - ၁၀ - ၂၀၂၆ (တနင်္ဂနွေနေ့)

အချိန်: နံနက် ၁၀:၀၀ နာရီ မှ မွန်းလွဲ ၁:၀၀ နာရီအထိ

နေရာ: 𝐏𝐚𝐧 𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐇𝐨𝐭𝐞𝐥 (𝐄𝐦𝐞𝐫𝐚𝐥𝐝 & 𝐀𝐦𝐛𝐞𝐫 𝐑𝐨𝐨𝐦- 𝐋𝐞𝐯𝐞𝐥 𝐑)

(ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ ရန်ကုန်မြို့။)

ဒီပွဲကို လာရောက်ပြီး အိန္ဒိယမှာ ဆေးသွားကုမယ်ဆိုရင် အထူးအစီအစဉ်အနေနဲ့ cash back လေးလည်း စီစဉ်ပေးထားပါတယ်။

WeCare ရဲ့ကျန်းမာရေးဟောပြောပွဲလေးကို စိတ်ပါဝင်စားလို့ တက်ရောက်လိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များ သို့ တိုက်ရိုက် ဆက်သွယ်၍အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။ 💙

Booking တင်ရန် ဖုန်းနံပါတ်

ရန်ကုန် : 09945755525, 09765373255, 09756662930

12/10/2026

သင့် အသည်းအဆီဖုံးနေရင် ခန္ဓာကိုယ်အတွင်းဘာတွေ ဖြစ်လာနိုင်သလဲ။
———-
အသည်းအဆီဖုံးတာက တိတ်တဆိတ် ဖြစ်ပေါ်တတ်တဲ့ရောဂါပါ။ ရောဂါအစောပိုင်းအဆင့်တွေမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမဲ့ အချိန်ကြာလာလို့ သင့်အသည်းမှာ အဆီပိုတွေစုဆောင်းမှုများလာရင်တော့ ရောင်ရမ်းမှုဖြစ်အောင်လှုံ့ဆော်နိုင်ပြီး တစ်ချို့သူတွေမှာ အသည်းပျက်စီးမှုတောင် ဖြစ်လာနိုင်ပါတယ်။

သင့်အသည်းမှာ အဆီဖုံးနေရင်….
၁ ။ သင့်အသည်းက အဆီအများကြီး ကို စုဆောင်းထားပါတယ်။
အဆီတွေက အသည်းဆဲလ်တွေကြားမှာ စုဆောင်းနေပြီး အင်ဆူလင်ခံနိုင်ရည်ရှိမှု၊ အဝလွန်တာ၊ ဆီးချိုရောဂါ၊ အယ်လ်ကိုဟောသောက်တာနဲ့ တစ်ခြားဇီဝဖြစ်စဉ်
အချက်တွေ နဲ့ ဆက်စပ်မှု ရှိနေတတ်ပါတယ်။

၂ ။ ပုံမှန် မဟုတ်တဲ့ ပင်ပန်းမှု ရရှိနိုင်ပါတယ်။
ပင်ပန်းနေတာက တစ်ခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပေါ်နိုင်ပေမယ့် အသည်းအဆီဖုံးနေတဲ့ တစ်ချို့သူတွေမှာ အမြဲတမ်းမောပန်းနေတာ ဒါမှမဟုတ် စွမ်းရည်လျော့နည်းတာ တွေ ဖြစ်ပေါ်နိုင်ပါတယ်။

၃ ။ သင့်အသည်း ရောင်ရမ်းနိုင်ပါတယ်။
တစ်ချို့သူတွေမှာ အသည်းအဆီဖုံးရာမှ အသည်းရောင်ရမ်းရောဂါနဲ့ ဒဏ်ဖြစ်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။

၄ ။ အသည်းမှာ အမာရွတ်ဖြစ်ပေါ်နိုင်ပါတယ်။
ရောင်ရမ်းမှု ထပ်ခါထပ်ခါ ဖြစ်ပြီး အသည်းဒဏ်ရရရှိတာကြောင့် အသည်းမှာ အမာရွတ်ဖြစ်ပေါ်နိုင်ပြီး နာတာရှည်သွားရင် အသည်းခြောက်နိုင်ပါတယ်။

၅ ။ သင့်သွေးတွင်းသကြားနဲ့ ကိုလက်စတရောအပေါ် သက်ရောက်မှု ရှိပါတယ်။
အသည်းအဆီဖုံးရောဂါကြောင့် အင်ဆူလင်ခံနိုင်ရည်ရှိတာ၊ ဆီးချိုရောဂါ၊ သွေးအဆီထရိုင်ဂလစ်စရိုက်များတာနဲ့ တစ်ခြားဇီဝဖြစ်စဉ်တွေပါ အတူတူဖြစ်ပေါ်နိုင်ပါတယ်။

၆ ။ ဝမ်းဗိုက်ညာဖက် အပေါ်ပိုင်း ပြည့်တင်းနေတတ်ပါတယ်။
တစ်ချို့လူတွေမှာ ဝမ်းဗိုက်ညာဖက်အပေါ်ပိုင်း
ပြည့်တင်းနေတာ ဒါမှမဟုတ် ညာဖက်နံရိုးအောက် နာကျင်နေတာတွေ ရရှိနိုင်ပါတယ်။

၇ ။ ရောဂါဆိုးရွမ်းသွားရင် အသည်းလုပ်ငန်း ထိခိုက်နိုင်ပါတယ်။
ဆိုးရွားစွာ အသည်းပျက်စီးသွားရင် အသားဝါတာ၊ ဗိုက်ဖောရောင်တာ၊ အစာအိမ်သွေးယိုတာ၊ အသည်းအလုပ် မလုပ်နိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။

အသည်းအဆီဖုံး ရောဂါကို စောစောသိရှိတာကြောင့် ဘဝနေထိုင်မှုပုံစံပြောင်းလဲပြီး ဇီဝဖြစ်စဉ်ပြဿနာ( အဝလွန်၊ ဆီးချို) ကိုကုသမှု ခံယူရင် အသည်းမှအဆီတွေ လျော့နည်းပြီး
ရောဂါအရှေ့တိုးနိုင်ခြေ နည်းပါးသွားနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

11/10/2026

သင့်အသည်းပျက်စီးမှု ဖြစ်နိုင်တဲ့ အမူအကျင့် ၉ မျိုး
———————-
၁ ။ ကော်ဖီသောက်တဲ့ ပမာဏ များလွန်းခြင်း။
နေ့စဉ် ကော်ဖီ ၁-၂ ခွက်သောက်တာက ကိစ္စ မရှိပါဘူး။ ကော်ဖီသောက်တဲ့ ပမာဏ များလွန်းရင်တော့ အချိန်ကြာလာရင် ရေဓာတ်ချို့တဲ့နိုင်ပြီး အသည်းကို ဝန်ပိနိုင်ပါတယ်။

၂ ။ ရေဓာတ်ချို့တဲ့ခြင်း။
သင့်အသည်းက အဆိပ်အတောက်တွေကိုဖယ်ရှားဖို့ ရေကိုလိုအပ်ပါတယ်။ ရေကို လုံလုံလောက် လောက် မရခဲ့ရင် အသည်းက ခက်ခက်ခဲခဲ အလုပ်လုပ်ရတတ်ပါတယ်။

၃ ။ အစာနပ်ရှောင်ခြင်း။
သင်က အစာမစားတဲ့အခါမှာ သင့်အသည်းက သူ့မှာသိုလှောင်ထားတဲ့ သကြားတွေကို ထုတ်လွှတ် ပေးပါတယ်။ ဒီလိုမကြခဏ ပြုလုပ်ပေးနေရရရင် အသည်းဝန်ပိနိုင်ပါတယ်။

၄ ။ ညနက်မှ အစာစားခြင်း။
သင့်အသည်းက သင်အိပ်ပျော်နေစဉ်မှာ သူ့ဘာသူ ပြန်လည်ပြုပြင်နေတတ်ပါတယ်။ ညနက်မှာ အစာစားတာက အစာခြေနေရတာကြောင့် ပြန်လည်ပြုပြင်မှု မပြုလုပ်နိုင်တော့ပါဘူး။

၅ ။ ပရိုတင်းစားတဲ့ပမာဏ များလွန်းခြင်း။
ပရိုတင်းအလွန်အကျွံစားသုံးတာကြောင့် အသည်းက စီစစ်ဆောက်ရွက်ရတဲ့ အမိုးနီးယားတွေကို ဖန်တီးနိုင်ပါတယ်။

၆ ။ တစ်ချို့ဆေးဝါးတွေကို အသုံးပြုခြင်း။
ပဋိဇီဝဆေးဝါး၊ ကိုလက်စတရောကျဆေး စတက် တင်နဲ့ အကိုက်အခဲပျောက်ဆေး တိုင်လီနော( ပမာဏများများ)တွေကြောင့် အသည်းဆဲလ်တွေ ပျက်စီးနိုင်ပါတယ်။

၇ ။ ပတ်ဝန်းကျင်မှ အဆိပ်အတောက်ကို ရှူသွင်းမိခြင်း။
သန့်ရှင်းရေးသုံးဖျန်းဆေး၊ ပိုးသတ်ဆေး၊ အိမ်သုတ်ဆေးအငွေ့ အစရှိတဲ့ သင်ရှူလိုက်ရတာအားလုံးကို သင့်အသည်းက စစ်ထုတ်ပေးရပါတယ်။

၈ ။ ဖရူတို့စ်ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည်( High fructose corn syrup)သောက်ခြင်း။
ဆိုဒါဖျော်ရည်၊ ပေါင်မုန့်နဲ့ ဆော့စ်တွေမှာ ပါဝင်
တတ်ပြီး အသည်းဆီတိုက်ရိုက် ရောက်သွား
နိုင်ကာ အဆီအဖြစ်ပြောင်းလဲသွားပါတယ်။

၉ ။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ခြင်း။
နာတာရှည်စိတ်ဖိစီးမှုကြောင့် ကော်တီစော မြင့်တက်နိုင်ပါတယ်။ ကော်တီစောကြောင့် သင့်အသည်း ဝန်ပိနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

11/10/2026

သင့်အသည်း တိတ်တဆိတ်နဲ့ တဖြည်းဖြည်း မပျက်စီးခင် ရှောင်ပါ ရှောင်ပါ..ဒီအကျင့်တွေ
-/———-
၁ ။ အရက်က သင့်အသည်းကို မရပ်တန့်ခင် သင်က အရက်သောက်တာကို ရပ်တန့်လိုက်ပါ။

၂ ။ အကိုက်အခဲပျောက်ဆေးမျိုးစုံကို ခဏခဏသောက်တာကို ရှောင်ကြဉ်ပါ။

၃ ။ အစပ်စာနဲ့ အဆီစာတွေကို နေ့စဉ် မစားသုံးပါနဲ့။

၄ ။ စားသောက်ဆိုင်မှာလွယ်လင့်တကူရရှိနိုင်တဲ့ အရန်သင့်အစားအစာ ( ဘာဂါ၊ ဟော့ဒေါ့ ) တွေကို မစားပါနဲ့ ။ အသည်းအဆီဖုံးတာက ဒီအစားအစာတွေက စတင်တာပါ။

၅ ။ အသည်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့ သင်္ဘောသီး၊ ကြက်သွန်ဖြူနဲ့ သကြားမုန်လာ ( beet root ) တွေကို စားသုံးပါ။

၆ ။ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ကိုယ်
အလေးချိန်ကို ထိန်းသိမ်းပါ။ အဝလွန်တာကြောင့် အသည်းက အရင်ဆုံးထိခိုက်နိုင်ပါတယ်။

၇ ။ အချိုရည်တွေကို မသောက်ပါနဲ့။ သူတို့က အသည်းကို ဝန်ပိစေနိုင်ပါတယ်။

၈ ။ သင်က အမြဲတမ်းပင်ပန်းနေရင် အသည်းလုပ်ငန်းစစ်ဆေးမှု ( Liver function test ) ကို ပုံမှန် ပြုလုပ်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

10/10/2026

သွေးတွင်းသကြားပမာဏ တည်ငြိမ်မှု ရရှိနိုင်တဲ့ အစားအစာများ
——————————-
၁ ။ပဲအမျိုးမျိုးက သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ကောင်းမွန်နိုင်ပါတယ်။

၂ ။ကန်စွန်းဥ က တစ်ဖြည်းဖြည်းချင်း အစာကြေတတ်ပါတယ်။

၃ ။ flaxseed က အင်ဆူလင်မြင့်တက်မှုကို လျှော့ချပေးနိုင်ပါတယ်။

၄ ။ လက်ဖက်ရည်က ဇီဝဖြစ်စဉ် တိုးတက်ကောင်းမွန်နိုင်ပါတယ်။

၅ ။ ပန်းသီးက သကြားသက်ရောက်မှုကို လျော့ချပေးနိုင်ပါတယ်။

၆ ။ ဘရိုကိုလီက ဂလူးကိုစ်ညီမျှမှုကို အထောက်အပံ့ပေးပါတယ်။

၇ ။ သံလွင်ဆီက အင်ဆူလင်တုံ့ပြန်မှု ပိုမိုကောင်းမွန်စေပါတယ်။

၈ ။ ဘယ်ရီသီးက မြင့်တက်နေတဲ့ သွေးတွင်းသကြားပမာဏကို လျော့ချပေးနိုင်ပါတယ်။

၉ ။ ကြက်သွန်ဖြူက ဇီဝဖြစ်စဉ်ကျန်းမာရေးကို တိုးတက်ကောင်းမွန် နိုင်ပါတယ်။

၁၀ ။ ကောက်နှံတစ်ခုလုံး ပါဝင်စာက သကြားမြင့်တက်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

09/10/2026

သင့်သွေးတွင်း သကြားပမာဏ အလွန်လျော့နည်းနေတဲ့ လက္ခဏာ
—————
အောက်ဖော်ပြပါလက္ခဏာတွေ ရှိနေရင် ဂလူးကိုစ် ဒါမှမဟုတ် သကြားရည်တိုက်တာ၊ သကြားလုံးကျွေးတာတွေ ကို မဖြစ်မနေလုပ်ဆောင်ရပါမယ်။ အထူးသဖြင့် ဆီးချိုရောဂါအတွက် ဆေးသောက်၊ ဆေးထိုးနေရသူတွေမှာ ဖြစ်တတ်လေ့ရှိပါတယ်။ ပေါ့ဆလို့ မရပါ။

၁ ။ တုန်နေခြင်း။
ရုတ်တရက် ခြေလက်တွေ တုန်လာပါတယ်။

၂ ။ ချွေးထွက်ခြင်း။
ပုံမှန် မဟုတ်တဲ့ ရုတ်တရက် ချွေးထွက်လာတတ်ပါတယ်။

၃ ။ နှလုံးခုန်မြန်ခြင်း။
နှလုံးခုန်နှုန်း အလွန်မြန်လာတာ၊ တဒိတ်ဒိတ်ခုန်နေတာတွေ ဖြစ်တတ်ပါတယ်။

၄ ။ စိတ်ရှုပ်ထွေးခြင်း။
ပြတ်ပြတ်သားသားတွေးခေါ်နိုင်ဖို့ ဒါမှမဟုတ် ပုံမှန်အတိုင်းတုံ့ပြန်နိုင်ဖို့ အခက်အခဲရှိပါတယ်။

၅ ။ အလွန်အမင်း အားနည်းနေခြင်း။
အလွန်အမင်းပင်ပန်းနေတာ ဒါမှမဟုတ် လုပ်ငန်းလုပ်ဖို့ ခက်ခဲနေတတ်ပါတယ်။

၆ ။ အမြင်ဝေဝါးခြင်း။
အမြင်အာရုံက ယာယီ မကြည်လင်နိုင်ပါဘူး။

၇ ။ စကားမပီခြင်း။
ပီပီသသ ပြောဖို့ အခက်အခဲရှိတတ်ပါတယ်။

၈ ။ တွဲဖက်လုပ်ဆောင်ရမယ့် အလုပ်တွေ မပြုလုပ်နိုင်ခြင်း။
လမ်းလျှောက်တာ ဒါမှမဟုတ် ပုံမှန်ရွေ့လျားမှု ပြုလုပ်ရာမှာ ဒုက္ခတွေ့ပါတယ်။

၉ ။ တက်ခြင်း။
သွေးတွင်းသကြားပမာဏ အလွန်နည်းသွားတာကြောင့် တက်( ဝက်ရူးပြန်)နိုင်ပါတယ်။

၁၀ ။ သတိမေ့မြောခြင်း။
သွေးတွင်းသကြားပမာဏ အလွန်အမင်းလျော့နည်းနေရင် သတိမေ့မြောသွားနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

08/10/2026

ကျောက်ကပ်ပျက်စီးမှု ဖြစ်နေတဲ့ အဆင့်
Chronic kidney disease ( CDK )Stages
————
အဆင့် ( ၁ )
eGFR = > ၉၀
-ကျောက်ကပ်လုပ်ငန်း ပုံမှန် ဒါမှမဟုတ် လုပ်ငန်းမြင့်မားပါတယ်။
#ဘာဖြစ်လာနိုင်သလဲ။
-ကျောက်ကပ်ကောင်းကောင်း အလုပ်လုပ်ပါတယ်။
-ပျက်စီးနေတဲ့စောစောလက္ခဏာ ရှိနိုင်ပေမယ့် များသောအားဖြင့်တော့ ဘာလက္ခဏာမှ မရှိပါ။
-ဆီးထဲမှာ ပရိုတင်း ပါဝင်လာနိုင်ပါတယ်။

အဆင့် ( ၂ )
eGFR = ၆၀ -၈၉
-ကျောက်ကပ်လုပ်ငန်း အနည်းငယ် လျော့နည်းပါတယ်။
#ဘာဖြစ်လာနိုင်သလဲ။
-ကျောက်ကပ်လုပ်ငန်းအနည်းငယ် ဆုံးရှုံးနေပါပြီ။
-ဘာလက္ခဏာမှမရှိပါ။
-ကျောက်ကပ်က အညစ်အကြေးတွေကို ထိထိရောက်ရောက် မစစ်ထုတ်နိုင်ပါဘူး။
-သွေး ဒါမှမဟုတ် ဆီးစစ်ဆေးမှုမှာ စောစောစီးစီးပြောင်းလဲမှုတွေ့ နိုင်ပါတယ်။

အဆင့် ( ၃)
eGFR = ၃၀- ၅၉
-ကျောက်ကပ်လုပ်ငန်း အသင့်အတင့်လျော့နည်းနေပါတယ်။
#ဘာဖြစ်လာနိုင်သလဲ။
-ကျောက်ကပ်လုပ်ငန်း အသင့်အတင့် ဆုံးရှုံးနေပါပြီ။
-အညစ်အကြေးနဲ့ အရည်တွေက ခန္ဓာကိုယ်တွင်း စတင်စုဆောင်းမှု ပြုနေပါပြီး။
-မောပန်းတာ၊ ဖောရောင်တာနဲ့ ဆီးပြောင်းလဲမှုလိုမျိုး ရောဂါလက္ခဏာတွေစတင်ပေါ်ပေါက်လာပါပြီ။
-သွေးအားနည်းတာနဲ့ အရိုးပြဿနာဖြစ်ပေါ်နိုင်ပါတယ်။

အဆင့် ( ၄ )
eGFR = ၁၅-၂၉
-ကျောက်ကပ်လုပ်ငန်း အလွန်အမင်း လျော့ကျနေပါတယ်။
#ဘာဖြစ်လာနိုင်သလဲ။
-ကျောက်ကပ်လုပ်ငန်း အလွန်အမင်းလျော့နည်းနေပါတယ်။
-ကျောက်ကပ်က အရည်၊ ဓာတ်ဆားနဲ့ အညစ်အကြေးတွေကို မှန်ကန်တဲ့မျှတမှု ရရှိအောင် ထိန်းချုပ်နိုင်ဖို့ အခက်အခဲရှိပါတယ်။
-လက္ခဏာတွေက သိသာထင်ရှားလာပါတယ်။
-သွေးတိုးတာနဲ့ သွေးအားနည်းတာလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ ရရှိနိုင်ခြေ အလွန်များပါတယ်။

အဆင့် ( ၅ )
eGFR = < ၁၅
ကျောက်ကပ်ပျက်စီးတာ ဒါမှမဟုတ် ကျောက်ကပ်ရောဂါလမ်းဆုံးပါ။
#ဘာဖြစ်လာနိုင်သလဲ။
-ကျောက်ကပ်က အညစ်အကြေးနဲ့ ပိုလျှံတဲ့အရည်တွေကို ထိထိရောက်ရောက် မစစ်ထုတ်နိုင်တော့ပါ။
-အသက်ရှင်ဖို့ ကျောက်ကပ်ဆေးတာ ဒါမှမဟုတ် ကျောက်ကပ်အစားထိုးတာတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
-ရောဂါလက္ခဏာက များသောအားဖြင့် ပြင်းထန်ပြီး နေ့စဉ်ဘဝအပေါ် ထိခိုက်မှု ရှိနိုင်ပါတယ်။

#ကျောက်ကပ်ပျက်စီးမှုဖြစ်ပေါ်ဖို့ဖြစ်နိုင်ခြေများစေတဲ့အချက်
-ဆီးချိုရောဂါ
-သွေးတိုးရောဂါ
-ကျောက်ကပ်ရောင်ရမ်းခြင်း
Chronic glomerulonephritis
-ကျောက်ကပ်အရည်အိတ်တည်ရောဂါ Polycystic kidney disease ( မျိုးရိုးလိုက်)
-အကိုက်အခဲပျောက်ဆေး ရေရှည်သုံးစွဲခြင်း
( စတီးရွိုက် မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေး)
-နှလုံးရောဂါ
-အဝလွန်ခြင်း
-ဆေးလိပ်သောက်ခြင်း

#ကျောက်ကပ်ပျက်စီးနေသည့်သတိပေးလက္ခဏာများ
——
၁ ။ အမြဲတမ်းဖောရောင်နေခြင်း
အထူးသဖြင့် ခြေထောက်နဲ့ ခြေချင်းဝတ်။
၂ ။ အသက်ရှူမဝခြင်း
၃ ။ အလွန်အမင်းမောပန်းခြင်း
၄ ။ ဆီးထွက်နည်းခြင်း
ပုံမှန်ထက် ဆီးသွားတဲ့အကြိမ်ရည် တည်းပါးသွားပါတယ်။
၅ ။ သွေးတိုးခြင်း
ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

08/10/2026

သင့်ကျော်ကပ် အလုပ်ကောင်းကောင်းလုပ်နေတဲ့ လက္ခဏာ ၆ မျိုး
————————-
၁ ။ သင်က ပုံမှန်အတိုင်း ဆီးသွားတတ်ပါတယ်။
သင့်ဆီးပမာဏက သင့်သောက်တဲ့အရည်ပမာဏနဲ့ညီမျှတယ်ဆိုရင် ပုံမှန်ပါ။

၂ ။ သင့်ဆီးအရောင်က များသောအားဖြင့် အဝါရောင်ဖျော့ဖျော့ပါ။
ဒါက သင်အရည်လုံလုံလောက်လောက် ရရှိနေတာကို ညွှန်ပြတာပါ။

၃ ။ ဖောရောင်တာမျိုး မရှိပါ။
ကျန်းမာနေတဲ့ကျောက်ကပ်က အရည်
ညီညွတ်မျှတမှုရှိအောင် ထိန်းထားဖို့ ကူညီန်ုင်ပါတယ်။

၄ ။ သင့်သွေးပေါင်ချိန်က ပုံမှန်အမှတ်ပါ။
ကျောက်ကပ်က သွေးပေါင်ချိန် ထိန်းညှိဖို့ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။

၅ ။ သင်က ကျန်းမာနေပါတယ်။
မောပန်းနေသလို အမြဲတမ်းဖြစ်နေတာက တစ်ခါတလေ ကျောက်ကပ်ပြဿနာကြောင့်ပါ။

၆ ။ သင့်ကျောက်ကပ်အတွက် စစ်ဆေးမှုက ပုံမှန်အဖြေရပါတယ်။
ခရီတီနင်း၊ eGFR နဲ့ ဆီးစစ်ဆေးမှုတွေက ကျောက်ကပ်ကျန်းမာရေးကို ညွှန်ပြနိုင်ပါတယ်။

မှတ်ချက်
———
ကျောက်ကပ်ရောဂါက ဘာလက္ခဏာမှ မပြသပဲနဲ့လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ပုံမှန်စစ်ဆေးမှု ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုးရောဂါရှိနေရင် ဒါမှမဟုတ် မိသားစုဝင်တွေမှာ ကျောက်ကပ်ရောဂါရှိနေရင်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

Address

79/81, Central Tower, Room 103-104, Anawyahtar Road, At The Corner Of 39th Street, Kyauktadar Township
Pazundaung
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 19:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951385293

Alerts

Be the first to know and let us send you an email when Good Health Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share