BAAN THAI

Call Directions Contact the business

BAAN THAI Foot Reflexology & Health Center

ထူခြားတယ်ဆိုတာ မလွဲဧကန်ခံစားရမယ့် ထိုင်းရိုးရာ ကြပ်ထုပ် 👌👌👌အကြောအခြင်ပြေစေပြီး ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေတဲ့အပြင် က...
11/10/2026

ထူခြားတယ်ဆိုတာ မလွဲဧကန်ခံစားရမယ့် ထိုင်းရိုးရာ ကြပ်ထုပ် 👌👌👌
အကြောအခြင်ပြေစေပြီး ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေတဲ့အပြင် ကြပ်ထုပ်ထဲမှာပါဝင်တဲ့ ဆေးမြစ်စုံ ရနံ့များကလည်း စိတ်ကို ကြည်လင်လန်းဆန်း စေပါတယ်
ဇာတ်ကြောတက်ခြင်း အုံးလွဲခြင်း ခါးနာခြင်း တို့ကိုပါ သက်သာစေပါတယ်
ကိုယ်တွင်းသွေးလေလည်ပတ်မှုကောင်းစေပြီး အဆိပ်အတောက်ပြေစေပါတယ်
ထိုင်းရိုးရာ ကြပ်ထုပ်လေးသီးသန့်ထိုးလို့ရသလို
အခြား massage လေး‌တွေနဲ့လည်းတွဲးယူလို့ရတော့ အရမ်းကိုအဆင်ပြေပေါ့ပါးလန်းဆန်း ပြီ စိတ်ကျေနပ်မှူ့အပြည့်ရစေမှာအသေချာပါဘဲရှင်😍😍😍🙏🙏🙏
လိပ်စာ အမှတ် 40/မင်းလမ်း/စမ်းချောင်
☎️☎️☎️Ph 09776172073
















BAAN THAI Spa ရဲ့ Signature ဖြစ်တဲ့ ထိုင်းရိုးရာအနှိပ်ပညာရဲ့အကျိုးကျေးဇူးတွေ သိပြီးကြပြီလား?? 🤔🤔ထိုင်းရိုးရာအနှိပ်ရဲ့ အက...
10/10/2026

BAAN THAI Spa ရဲ့ Signature ဖြစ်တဲ့ ထိုင်းရိုးရာအနှိပ်ပညာရဲ့အကျိုးကျေးဇူးတွေ သိပြီးကြပြီလား?? 🤔🤔

ထိုင်းရိုးရာအနှိပ်ရဲ့ အကျိူးပြုပုံ များကတော့
🤩🤩💆💆🧘🧘🦸🦸🦸

Physical, mental and spiritual benefits များစွာရတာမို့ အနောက်တိုင်းမှာပါ နာမည်ကြီးတဲ့ အနှိပ်ပညာတစ်မျိုးပါနော်။ 💯💯

✅ ထိုင်းရိုးရာအနှိပ်ဟာ လှုပ်ရှားဆွဲဆန့်နှိပ်နယ်ရတာမို့ ခန္ဓာကိုယ်တစ်လျှောက်အောက်ဆီဂျင်နှင့် သွေးလည်ပတ်မှုကို တိုးမြှင့်ကောင်းမွန်စေပါတယ်။

✅ အဓိကအကျိုးကျေးဇူးမှာ ခါးနာခြင်းအပါအဝင် ကြွက်သားနာကျင်ခြင်းနှင့် ယောင်ယမ်းခြင်းများကို သက်သာစေတာဖြစ်ပါတယ်။

✅ ခေါင်းကိုက်တတ်သူများအတွက် ထိုင်းရိုးရာအနှိပ်ဟာ ဆေးတစ်ပါးလို့တောင်ပြောလို့ရပါတယ်။

✅ Stress and Anxiety များနေသူများအတွက် ထိုင်းရိုးရာအနှိပ်ဟာ စိတ်ရောကိုယ်ပါပြေလျော့ငြိမ်းချမ်းစေပါတယ်။

✅ Energy level ကိုလည်းမြှင့်တင်ပေးတယ်။ Yoga ကဲ့သို့ active ဖြစ်တဲ့ streching နှိပ်နယ်နည်းတွေပါဝင်တာမို့ ခန္ဓာကိုယ်ဟာပိုပြီး flexible ဖြစ်လာစေပါတယ်။

✅ ထိုင်းရိုးရာအနှိပ်ဟာ ညဖက်တွေမှာကောင်းမွန်စွာအိပ်ပျော်စေပြီး မနက်ခင်းတွေမှာစိတ်ကိုလန်းဆန်းစေပါတယ်။

ဒါကြောင့် တစ်ပတ်မှာတစ်ခါလောက်တော့ '' MeTime '' လေးပေးရင် BAAN THAI Spa မှာထိုင်းရိုးရာအနှိပ်လေး လာရောက်နှိပ်နယ်ကြည့်ပါနော်။ ❤😍😍😍🙏🙏🙏
အမှတ်(40)မြေညီ ။မင်းလမ်း။စမ်းချောင်း
09776172073

















Health Talk ❤️👣 ခြေထောက်တွေက  သတိပေးနေသော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက္ခဏာရပ်များ 👣~~~~~~~~👣 ကျွန်တော်တို့ရဲ့ ခြေထောက်...
09/10/2026

Health Talk ❤️
👣 ခြေထောက်တွေက သတိပေးနေသော
အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့
လက္ခဏာရပ်များ 👣
~~~~~~~~
👣 ကျွန်တော်တို့ရဲ့ ခြေထောက်တစ်စုံဟာ

ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့
အလေးချိန် ကို သယ်ပိုးထားရတဲ့
အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

👣 ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊ အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။

👣 ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်
စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။

👣 ဒါ့ကြောင့်
ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့်
ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ကျန်းမာရေး ချို့ယွင်းမှုတွေကို
သိရှိနိုင်ပါတယ်။

👣 ၁။ #ခြေထောက်အကြောဆွဲခြင်းနှင့်ကြွက်တက်ခြင်း။

~ လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပြီး
အကြောမလျှော့ခြင်းနှင့်
ဒေါက်မြင့်ဖိနပ်စီးခြင်း
တို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။

👣 ၂။ #ခြေမအရွယ်အစားကြီးလာခြင်း။

~ ဂေါက် (Gout) လို့ခေါ်တဲ့
အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။

အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်
မကောင်းသူ၊ အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ
အများဆုံးတွေ့ရတတ်ပါတယ်။
ဂေါက်ရောဂါက
ဆီးကျောက်တည်နိုင် ခြေကိုလည်း
မြင့်မားစေပါတယ်။

ဤဆောင်းပါးကို
ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

👣 ၃။ #ခြေဖျားအေးစက်ခြင်း။

~ သွေးလည်ပတ်မှုမကောင်းခြင်း၊
ဆီးချိုသွေးချိုရောဂါနဲ့
သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ခြေဖဝါးက အနီရောင်ကနေ
ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး
ခြေဖျားတွေအေးစက်စေတဲ့
ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။

👣 ၄။ #ခြေထောက်ဖူးရောင်ခြင်း။

~ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

နာကျင်မှုမရှိဘဲ
ဖူးယောင်နေတယ်ဆိုရင်တော့
ခန္ဓာကိုယ်တွင်းမှာ
အရည်တွေများပြီး ခြေထောက်မှာ
လာစုရခြင်းကြောင့်
ဖူးရောင်တာဖြစ်ပါတယ်။

👣 ၅။ #ဇွန်းပုံစံခြေသည်း (သို့) #ခွက်နေတဲ့ခြေသည်း။

~ အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။

👣 ၆။ #ခြေသည်းအရောင်ပြောင်းခြင်း။

~ ခြေသည်းနီမကြာခဏဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း ခြေသည်းက အဝါရောင်ပြောင်းတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကို ညွှန်ပြနေတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

👣 ၇။ #ခြေထောက်တဆစ်ဆစ်ကိုက်ခြင်းနှင့် ထုံကျင်ခြင်း။

~ ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှုနှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။

သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။

👣 ၈။ #ခြေဆစ်နာကျင်ခြင်း

~ အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။

👣 ၉။ #ကာလကြာရှည်စွာအနာဖြစ်ခြင်း

~ ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့ သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်။ ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

👣 #အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိုက်ပါနော်။

ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့် အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေ


ကျန်းမာရေးအတွက်ဆေးတစ်ခွက် page















-spa

🌺ချစ်ရတဲ့ Customer  များ မဂ်လာပါရှင့်ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်သော🌺ခေါင်းမူး၊ခေါင်းကိုက်၊ဇာတ်ကြောတက်ခြင်း၊🌺ခန္...
07/10/2026

🌺ချစ်ရတဲ့ Customer များ မဂ်လာပါရှင့်

ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်သော

🌺ခေါင်းမူး၊ခေါင်းကိုက်၊ဇာတ်ကြောတက်ခြင်း၊

🌺ခန္ဓာကိုယ်ညောင်းကိုက်ခဲခြင်း ၊ပုခုံးညောင်း ခြင်း၊

🌺ခြေထောက်ထုံကျဥ်ခြင်း၊ခြေသလုံးကြွက်သား ကိုက်ခဲခြင်း၊

🌺ဒူးနာ ဒူးကိုက်ခဲခြင်း၊ အိပ်ရေးပျက်ခြင်း၊

🌺လက်ဆစ်များ လက်ဖဝါးများကိုက်ခဲခြင်းများနှင့် သွေးလည်ပတ်မှု့များကောင်းစေရန်အတွက်

👭စနစ်တကျသင်ကြားပေးထားသော ကျွမ်းကျင်ဝန်ထမ်းများမှ

👣ခြေထောက်ရှိ အကြောများကိုထိရောက်စွာနှိပ်နယ်ပေးခြင်းဖြင့်

ခန္ဓာကိုယ်အစိတ်အပိုင်းများအားပြန်လည်ကောင်းမွန်စေသည့် သဘာဝကုသနည်းတစ်မျိုးဖြစ်ပါတယ်ရှင်။

👣ခြေထောက်ဆေးစိမ်ခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးကောင်းကျိုးရလာဒ်များကို ကိုယ်တိုင်ခံစားနိုင်စေရန် "BAAN THAI Foot Reflexology "သို့လာရောက်အပန်းဖြေဖို့ဖိတ်ခေါ်ပါတယ်ရှင်။

📲ကြိုတင် Appointmentလေး ယူချင်ရင်တော့
09 776172073ဆက်ပီး Booking ယူနိုင်ပါသည်ရှင့်

🏠အမှတ်40/မင်းလမ်း/စမ်းချောင်းမြို့နယ်/ရန်ကုန်မြို့
















🌏🔥 ဒီနှစ် El Niño ကို ပေါ့ပေါ့ဆဆ မထားသင့်ပါ — 2026 နှစ်ကုန်ပိုင်းမှာ အလွန်ပြင်းထန်နိုင်ပါတယ်အခုက သာမန် ရာသီဥတုပူတာလောက် ...
05/10/2026

🌏🔥 ဒီနှစ် El Niño ကို ပေါ့ပေါ့ဆဆ မထားသင့်ပါ — 2026 နှစ်ကုန်ပိုင်းမှာ အလွန်ပြင်းထန်နိုင်ပါတယ်

အခုက သာမန် ရာသီဥတုပူတာလောက် မဟုတ်ပါဘူး။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) က ၂၀၂၆ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ အီကွေတာအနီး Pacific Ocean ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုအခြေအနေတွေဟာ Very Strong El Niño အဆင့်ကို ရောက်ရှိနေပြီး ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အမြင့်ဆုံးအခြေအနေကို ရောက်နိုင်တယ် လို့ အသိပေးထားပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO ကလည်း El Niño ဟာ ဆက်လက်အားကောင်းလာပြီး ၂၀၂၇ ဖေဖော်ဝါရီအထိ ဆက်ရှိနိုင်ခြေ nearly 100% ရှိတယ်လို့ စက်တင်ဘာ ၂၀၂၆ update မှာ ဖော်ပြထားပါတယ်။

အလွန်ပြင်းထန်တဲ့ El Niño က ကမ္ဘာတစ်ဝန်း အပူချိန်မြင့်တက်မှု၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲမှု၊ မိုးခေါင်မှု၊ ရေကြီးမှုနဲ့ အခြား extreme weather risks တွေကို ပိုမိုသက်ရောက်စေနိုင်ပါတယ်။

NOAA Climate Prediction Center ကလည်း ၂၀၂၆–၂၇ ဆောင်းရာသီအတွင်း Very Strong El Niño ဖြစ်လာနိုင်ခြေ 90% ကျော် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

🇲🇲 ဒါဆို မြန်မာနိုင်ငံအတွက် ဘာတွေ သတိထားရမလဲ?
El Niño ဖြစ်တိုင်း နေရာတိုင်းမှာ တူညီတဲ့သက်ရောက်မှုဖြစ်မယ်ဆိုတာ မဟုတ်ပါဘူး။
ဒါပေမယ့် DMH က မြန်မာနိုင်ငံအတွက် မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ နေ့အပူချိန်ပိုမြင့်ခြင်း၊ မုန်တိုင်းအခြေအနေမမှန်ခြင်း၊ မိုးခေါင်ခြင်းနဲ့ အခြား extreme weather events ဖြစ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် အခုကစပြီး—

💧 အိမ်နဲ့ရပ်ရွာရဲ့ ရေရရှိနိုင်မှု ကို စဉ်းစားပါ။
🌾 တောင်သူတွေ ရေ၊ သီးနှံနဲ့ စိုက်ပျိုးချိန် risk ကို ကြိုတွက်ပါ။
🔥 အပူလွန်ကဲမှုနဲ့ မီးလောင်မှုအန္တရာယ် အတွက် ပြင်ဆင်ပါ။
👵 ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်သူ၊ နာတာရှည်ရောဂါရှိသူတွေအတွက် သီးခြားအစီအစဉ်ထားပါ။
📱 Facebook post တစ်ခုတည်းကို မယုံဘဲ DMH official weather warnings ကို ပုံမှန်စောင့်ကြည့်ပါ။
🤝 ရပ်ရွာအဆင့်မှာ Early Warning → Early Action လုပ်နိုင်အောင် အခုကတည်းက ဆွေးနွေးထားပါ။
ရာသီဥတုကို မထိန်းချုပ်နိုင်ပေမယ့် — ကြိုတင်ပြင်ဆင်မှုကိုတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါတယ်။
📘 Art of Facilitation (AoF) က Community နဲ့ General Public အတွက်
“El Niño 2026–27: Myanmar Community Preparedness Practical Handbook” ကို မြန်မာဘာသာနဲ့ ပြင်ဆင်ထားပါတယ်။
လက်စွဲထဲမှာ
အပူလွန်ကဲမှု • ရေ • WASH • စိုက်ပျိုးရေး • အစားအစာ • မီးဘေး • မိုးသည်းထန်မှု • မုန်တိုင်း • Household Preparedness • Community Early Action Plan • Checklists & Templates တွေ ပါဝင်ပါတယ်။
📌 အသုံးဝင်တယ်ဆိုရင် SAVE ထားပါ။
🔄 သင့်မိသားစု၊ ရပ်ရွာ၊ CSO/CBO network အတွက် SHARE ပေးပါ။
💬 သင့်ဒေသမှာ El Niño အတွက် ဘာတွေ စတင်ပြင်ဆင်ထားပြီလဲ COMMENT မှာ မျှဝေပေးပါ။
👥 ဒီအချက်အလက်လိုအပ်နိုင်သူကို MENTION / TAG လုပ်ပေးပါ။
📲 အခမဲ့ learning resources, guidebooks နဲ့ practical tools တွေရဖို့ AoF Community Learning Telegram ကိုလည်း JOIN ထားပါ။

အသိရှိရုံမဟုတ် — ကြိုတင်ပြင်ဆင်ကြပါစို့။

References:
Myanmar Department of Meteorology and Hydrology (DMH), El Niño Conditions News, 21 September 2026. Moezala
World Meteorological Organization (WMO), El Niño Update, 3 September 2026. World Meteorological Organization
NOAA Climate Prediction Center, ENSO Diagnostic Discussion, 10 September 2026. Climate Prediction Center

🏮Chinese Cupping (拔罐 - Bá Guàn)🏮➖➖➖➖➖➖➖➖➖➖➖➖➖➖➖(မြန်မာလို 'ပကွမ်' လို့ခေါ်ပါတယ်)'ပကွမ်'ကုထုံးရဲ့အကျိုးကျေးဇူးတွေက ဘာတွေလ...
05/10/2026

🏮Chinese Cupping (拔罐 - Bá Guàn)🏮
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

(မြန်မာလို 'ပကွမ်' လို့ခေါ်ပါတယ်)

'ပကွမ်'ကုထုံးရဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ

☣️ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
လေဟာနယ်စနစ်နဲ့ အရေပြားအောက်က အဆိပ်အတောက်တွေကို စုပ်ယူပေးတာကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

🩸 သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်
ပူနွေးတဲ့အပူရှိန်နဲ့ ကုသပေးတာဖြစ်လို့ သွေးကြောတွေကို ပွင့်စေပြီး သွေးလည်ပတ်မှု ပိုကောင်းလာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်စေပါတယ်။

💪 ကြွက်သားနာကျင်မှုကို သက်သာစေတယ်
ဇာတ်ကြောတက်တာ၊ ခါးနာတာ၊ ဇက်ကြောတက်တာနဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

😌 စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
ဒီပစ္စည်းလေးနဲ့ ကုသပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

'ပကွမ်' ကုထုံးရဲ့ ထူးခြားတဲ့ရလဒ်ကတော့ အရေပြားပေါ်မှာ အဝိုင်းလိုက် အနီရောင် ဒါမှမဟုတ် အညိုရောင် အကွက်တွေ ကျန်ခဲ့တာပါပဲ။ ဒါဟာ ကုထုံးခံယူသူရဲ့ အပူများခြင်း‌ေချွးပုပ်များနဲ့ ကိုယ်တွင်းအဆိပ်အတောက်များထွက်ရှိလာမှု့အနည်းအများကိုပြသနေတဲ့ ရလဒ်ဖြစ်ပါတယ်
ဒါက ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပြန်ပျောက်သွားပါတယ်။ အဲဒီအကွက်တွေက နာကျင်မှုမရှိတတ်ပါဘူး။
'ပကွမ်'ကပ်တဲ့နေရာမှာ ပူလောင်တာ၊ နာကျင်တာ ဒါမှမဟုတ် အရေပြားပိုးဝင်တာမျိုး မဖြစ်အောင် သန့်ရှင်းပြီး စနစ်တကျ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် 'ပကွမ်'ကုထုံးကို ကျွမ်းကျင်တဲ့ ပညာရှင်နဲ့သာ လုပ်သင့်ပါတယ်
ပကွမ်းကုထုံးကို BAAN THAI Spa မှာလည်း လာရောက်ကုသမှုခံယူလို့ရပါတယ်ရှင့်

အမှတ် 40မြေညီ/ မင်းလမ်း/စမ်းချောင်းမြို့နယ် /ရန်ကုန်
Ph 09776172073




















#ပကွမ်းကုထုံး

Oil Massage ဆိုတာ ငြိမ့်ညောင်းသာယာတဲ့ တေးဂီတလေးတစ်ခုခုကိုဖွင့်၊ မီးအလင်းပျပျလေးထွန်းထားပြီး လူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတ...
01/10/2026

Oil Massage ဆိုတာ ငြိမ့်ညောင်းသာယာတဲ့ တေးဂီတလေးတစ်ခုခုကိုဖွင့်၊ မီးအလင်းပျပျလေးထွန်းထားပြီး လူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကို ဖြေလျှော့ပေးဖို့အတွက် ဆီလိမ်းနှိပ်နယ်ပေးတာကိုခေါ်တာပါ။ ဆီလူးနှိပ်နယ်တဲ့အခါမှာကျတော့ ပုံမှန်နှိပ်နယ်ခြင်းထက် ချောမွေ့ပြီး နာကျင်ထိခိုက်မှုဒဏ်လျော့တာ၊ ကြွက်သားတွေညောင်းညာမှု ပြေလျော့နိုင်စွမ်းပိုတာတွေနဲ့ သိသိသာသာပေါ့ပါးလန်းဆန်းတာမျိုး ခံစားရစေပါတယ်။

တကယ်လို့မိတ်ဆွေတို့အနေနဲ့ Oil Massage နဲ့အနှိပ်ခံဖို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီအချက်လေးတွေကိုလိုက်နာထားဖို့လိုပါတယ်။
၁။ အနှိပ်မခံခင် ရေတစ်ခွက်ကုန်အောင်သောက်ပေးပါ။
၂။ အပြင်ကနေအနှိပ်ခန်းထဲတန်းမဝင်ဘဲ ၅မိနစ်ကနေ ၁၀မိနစ်လောက်အရင်နားပေးပါ။
၃။ Sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်ဆိုရင် မနှိပ်ခင်ကတည်းက သုံးမယ့်ဆီအမျိုးအစားကိုသေသေချာချာတိုင်ပင်ရွေးချယ်ပါ။
၄။ ကိုယ့်ကြွက်သား၊ အရိုးအခြေအနေနဲ့ချိန်ပြီး ဆီလူးတဲ့ပမာဏနဲ့နှိပ်နယ်တဲ့နှုန်းကို ညှိနှိုင်းပြောဆိုပါ။
တကယ်လို့ မိတ်ဆွေများအနေနဲ့ ပင်ပန်းနွမ်းနယ်ပြီး Relax အပြည့်အဝဖြစ်ဖို့ Oil Massage လုပ်မယ်စဉ်းစားရင်တော့ BAAN THAI ကိုလာဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေ။ သန့်ရှင်းသပ်ရပ်တဲ့အသုံးအဆောင်နဲ့အခန်း၊ သင့်တင့်ပြီးထိရောက်တဲ့ဈေးနှုန်းနဲ့ Service တို့က မိတ်ဆွေတို့အတွက်အကောင်းဆုံးရွေးချယ်စရာတစ်ခုပါပဲနော်
အမှတ်40.မင်းလမ်း။စမ်းချောင်း
Ph.09776172073

















✨ အသားအရည်အတွက် "Scrub+Aroma Massage" ✨Scrubလုပ်တာဟာ ကိုယ်ခန္ဓာပေါ်ရှိ ဆဲလ်သေများနှင့် dry skinကိုဖယ်ရှားပေးပြီး အသားအရည...
27/09/2026

✨ အသားအရည်အတွက် "Scrub+Aroma Massage" ✨

Scrubလုပ်တာဟာ ကိုယ်ခန္ဓာပေါ်ရှိ ဆဲလ်သေများနှင့် dry skinကိုဖယ်ရှားပေးပြီး အသားအရည်ကိုနူးညံ့ချောမွတ်စေသည့်အပြင်အသားအရောင်ကိုပါထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့်တစ်ပတ်ကိုအနည်းဆုံးနှစ်ခါလောက်တော့scrubတိုက်ပေးသင့်ပါတယ်။

ဒါ့အပြင် သူ့နဂိုမူလbenefitsရှိပြီးသားဖြစ်တဲ့ Aroma oil massageဟာလည်းscrubတိုက်ထားပြီးသား အသားအရည်အတွက်ထပ်ဆင့်ကောင်းမွန်သည့်အကျိုးကျေးဇူးများကိုပေးစွမ်းနိုင်ပါသဖြင့် အသားအရည်ထိန်းသိမ်းလိုပါက BAAN THAI HEALTH CENTER ကိုသာလာခဲ့လိုက်ပါရှင် 🤩
😍😍😍🙏🙏🙏

















👩‍🦳ချစ် ကာကာတို့ရေစိတ်ရောလူရော ပင်ပန်းနွမ်းနယ် တဲ့ နေ့တွေရှိလား?🌼စိတ်ပင်ပန်းတယ်🌼စိတ်ဖိစီးတယ်🌼စိတ်ပူပန်နေတယ်🌼စိတ်ရှုပ်ထွေ...
18/09/2026

👩‍🦳ချစ် ကာကာတို့ရေ
စိတ်ရောလူရော ပင်ပန်းနွမ်းနယ် တဲ့ နေ့တွေရှိလား?

🌼စိတ်ပင်ပန်းတယ်
🌼စိတ်ဖိစီးတယ်
🌼စိတ်ပူပန်နေတယ်
🌼စိတ်ရှုပ်ထွေးနေတယ်
🌼ညတွေအိပ်မရဘူးဖြစ်နေတယ်ဆိုရင်
♨️Aromatherapy Massage လုပ်ကြည့်နော်။

♨️Aromatherapy Massage လုပ်ခြင်းဖြင့်
စိတ်ဖိစီးမှုနှင့် စိတ်ပူပန်မှုကိုလျှော့ကျစေနိုင်မည့်အပြင် စိတ်ခံစားချက်ကိုမြှင့်တင်ပေးပြီး နာကျင်မှုများလည်းသက်သာစေနိုင်ပါတယ်။

🌼ကိုယ်ခံအားစနစ်နဲ့
🌼သွေးလည်ပတ်မှု့ ကို ကောင်းမွန်စေပြီး
🌼ညဘက်တွေ ပိုမိုအိပ်ပျော်စေနိုင်မဲ့

♨️Aromatherapy Massage လေးကို နှိပ်ခံကြည့်ဖို့
ချစ်ကာကာ တို့ကို တိုက်တွန်းပါရစေရှင့်
လိပ်စာ။ အမှတ် 40 မြေညီ/မင်းလမ်း/ စမ်းချောင်းမြို့နယ်
Ph :09776172073
















Address

No. 40, Minn Lan, SanChaung Township, Yangon
Sanchaung
11111

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959776172073

Website

Alerts

Be the first to know and let us send you an email when BAAN THAI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BAAN THAI:

Shortcuts

Share