26/01/2021
ချစ်ရတဲ့ မိတ်ဆွေတို့ရေ ...
"အာဟာရဓာတ်ချို့တဲ့ခြင်း"လို့ ပြောလိုက်ရင် မျက်စိထဲမှာ ဘာတွေကို ပြေးမြင်မိကြမလဲဟင်။ ပိန်လှီနေတဲ့ ကြွက်သား၊ ဖျော့တော့တော့ မျက်ဝန်းနဲ့ တက်ကြွမှု မရှိတဲ့ လှုပ်ရှားမှုတွေပဲပေါ့။ လူကြီး လူငယ်မရွေးပါဘူး၊ ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အာဟာရဓါတ်တွေကို သင့်တင့် မျှတအောင် မစားတဲ့သူမှန်သမျှ အာဟာရ ချို့တဲ့ခြင်း Malnutrition ကို ခံစားရနိုင်ပါတယ်။ အဲ့ဒီအထဲကမှ ဘယ်သူတွေမှာ ပိုတွေ့ရနိုင်မလဲဆိုတော့ …..။
ထမင်းပန်းကန်ကို မြင်တာနဲ့ မစားဘူးလို့ တွင်တွင်ငြင်းနေတဲ့ ကလေးတွေ၊ အသားမစား အသီး အရွက်မကြိုက်တဲ့ ကလေး၊ ကြက်ဥ၊ နွားနို့တို့လိုမျိုး ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေကို လုံး၀ကျွေးမရတဲ့ ကလေးတွေဟာ အာဟာရ ချို့တဲ့မှုကို ကြုံတွေ့ရနိုင်ပါတယ်နော်။
တချို့ကျတော့လည်း ကလေးအတွက် အစားအသောက် ပြင်ဆင်ကျွေးမွေးတဲ့ နည်းစနစ်တွေ မမှန်တာ၊ မျှတတဲ့ Balanced Diet မဖြစ်တာတွေကလည်း သားသားမီးမီးတို့ဆီမှာ အာဟာရ ချို့တဲ့မှုတွေဖြစ်ဖို့ တွန်းအားတွေ ပေးနိုင်ပါတယ်။
နောက်ပြီးတော့ ကလေးမွေးထားတဲ့ မေမေတွေ၊ နို့တိုက်ကျွေးနေတဲ့ မေမေတွေမှာ သံဓါတ် အားနည်းရင်းကနေ ကလေးငယ်တွေမှာ သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ခံစားရတာတွေ၊ အစား စားချင်စိတ်နည်းပါးသွားပြီး အာဟာရဓါတ်တွေ ချို့တဲ့လာတာမျိုးတွေလည်း ရှိနေပါတယ်။
ဆီးချို၊ သွေးတိုးစတဲ့ နာတာရှည်ရောဂါ၊ ကင်ဆာရောဂါတို့ကို ခံစားနေရတဲ့သူတွေဟာ အစားအသောက်ပျက်နေပြီး အာဟာရချို့တဲ့နေနိုင်သလို အသက်ကြီးတဲ့ အဘိုးအဘွားတွေမှာလည်း အစားစားချင်စိတ် နည်းပါးနေရင်းကနေ ပရိုတင်းဓါတ်ချို့တဲ့တာ၊ သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုမျိုး အာဟာရဓာတ်ချို့တဲ့ခြင်းတွေကို အကောင်းဆုံး ဖြေရှင်းကူညီအားဖြည့်ပေးနိုင်တဲ့ အရာလေးက ကျွန်မတို့ Nebula Trading Co., Ltd. မှာ ရှိနေတဲ့ PROTECTONE ဆိုတဲ့ အားဆေးရည်လေးပါပဲ။
PROTECTONE အားဆေးရည်ဟာ ခန္ဓာကိုယ်တည်ဆောက်မှုအတွက် အရေးပါတဲ့ ပရိုတင်းဓါတ်ကို ဖြည့်ပေးကာ အလုပ်လုပ်နိုင်တဲ့ Amino Acids များအဖြစ်သို့ အလျင် အမြန် ပြောင်းလဲပေးနိုင်တာကြောင့် မကြာခဏ ဖျားနာတဲ့ကလေးတွေ၊ အသားဓာတ်အားနည်းပြီး ပိန်လှီတဲ့ကလေးတွေအတွက် အသင့်တော်ဆုံးပါပဲ။ Lysine ကို ဖြည့်စွက်ပေးတာကြောင့် အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး တခြားလိုအပ်တဲ့ အာဟာရဓါတ်တွေ အပြည့်အ၀ ရရှိကာ ထွားကျိုင်းလာစေနိုင်ပါတယ်။
PROTECTONE ဆေးရည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကစီဓါတ်၊ သံဓါတ်နဲ့ ဖောလစ်အက်ဆစ်တွေကို ဖြည့်ပေးတာကြောင့် အားအင်ချည့်နဲ့နေတဲ့သူတွေ၊ အာဟာရ ပြည့်၀အောင် မစားတဲ့သူတွေ နလန်ထစ လူမမာတွေ၊ အမျိုးသမီးတွေနဲ့ ဖွံ့ဖြိုးခါစ လူငယ်လေးတွေ အတွက်လည်း သင့်တော့်ပါသေးတယ်။
စွမ်းအင်ဖြည့်ပေးတဲ့ ကစီဓါတ်နဲ့ ပေါကြွယ်၀တဲ့ အသားဓါတ်တွေကြောင့် သွက်လက်လှုပ်ရှားနေရတဲ့ အားကစားသမားတွေ၊ ကာယလုပ်သားတွေသုံးစွဲဖို့ သင့်တော်တဲ့အပြင် ခွဲစိတ်ကုသမှု ခံယူပြီးချိန်၊ ထိခိုက်ဒါဏ်ရာ ရပြီးချိန်တွေအတွက်လည်း အသင့်တော်ဆုံး ဖြည့်စွက်အားဆေးရည် ဖြစ်ပါတယ်။
ဒါကြောင့်ပဲ မေမေတို့ရေ ... တစ်မိသားစုလုံး လူကြီးလူငယ်မရွေး အာဟာရချို့တဲ့မှုဒဏ်ကနေ ကာကွယ်ဖို့ Protectone ဖြည့်စွက်အားဆေးရည်ကို အခုပဲ ဝယ်ပြီး တိုက်ကျွေးလိုက်တော့နော်။
"အာဟာရပြည့်၀တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ဖို့ အကောင်းဆုံး ရွေးချယ်မှု PROTECTONE"