NYO Medical Store

  • Home
  • NYO Medical Store
Directions Website

NYO Medical Store ညို အိမ်သုံးဆေးဝါးဆိုင်မှာ ဝယ်ပါ။

 #ညို​ဆေးစတိုး မိသားစု ဆု​တောင်း
17/04/2026

#ညို​ဆေးစတိုး မိသားစု ဆု​တောင်း

-နီပါးဗိုင်းရပ်စ် အ​ကြောင်း သိရှိထားသမျှ ဗဟုသုတ​တွေကို  #ညို​ဆေးစတိုးက ​ဝေငှလိုက်ပါတယ်။အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည...
26/01/2026

-နီပါးဗိုင်းရပ်စ် အ​ကြောင်း သိရှိထားသမျှ ဗဟုသုတ​တွေကို #ညို​ဆေးစတိုးက ​ဝေငှလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ နီပါးဗိုင်းရပ်စ် (Nipah Virus)ကူးစက်နေပါတယ်။

အခုအချိန် အထိ ကူးစက်ခံရတဲ့ လူနာ (၅)ဦး ရှိနေပြီး လူ (၁၀၀) ​ကျော်ကို ကွာရန်တင်း ထားထားပါတယ်။

နီပါးဗိုင်းရပ်စ်က လင်းနို့တွေရဲ့တံတွေး၊ ဆီး၊ မစင်တွေကို ထိမိတာနဲ့ လင်းနို့ကိုက်ထားတဲ့ အသီးတွေကို စားမိရင် ​ရောဂါကူးစက်တတ်ပါတယ်။ လူအချင်းချင်းလည်း ပြန်ကူးစက် နိုင်ပါတယ်။

​ရောဂါပိုး ရှိသူရဲ့ တံတွေး၊ သွေးတို့နဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။ ကိုဗစ်‌ရောဂါလို လေထဲကတစ်ဆင့် ကူးတာမျိုးတော့ မဟုတ်ပါဘူး။

နီပါးဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော် ကတည်းက ရှိခဲ့တဲ့ ရောဂါဟောင်း ဖြစ်​ပါတယ်။
ဒါ​​ပေမဲ့ အခုအထိ ကာကွယ်ဆေးတို့ ကုသ​​ဆေးတို့ မရှိသေးလို့ ကူးစက်မှု ဖြစ်တိုင်း စိုးရိမ်ရတဲ့ ရောဂါ တစ်မျိုးပါ။

ဒီဗိုင်းရပ်စ်ကို ၁၉၉၉ တုန်းက မလေးရှားနိုင်ငံ၊ Sungai Nipah ရွာငယ်မှာ ပထမဆုံး စ​တွေ့တာမို့ နီပါး လို့ နာမည်​ပေးထားတာပါ။

နီပါးဗိုင်းရပ်စ် ကူးစက်ခံရရင်
နီပါးဦးနှောက်ရောင်ရောဂါနဲ့ အဆုတ်ရောင်​ရောဂါ​တွေ ခံစားရပါတယ်။

ဗိုင်းရပ်စ်​ကြောင့် ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ချောင်းဆိုးမယ်၊ လည်ပင်းနာမယ်၊ အသက်ရှူရ ခက်မယ်၊ ​ရောဂါ စဖြစ်ချိန်က​နေ တစ်ရက် နှစ်ရက်အတွင်း သတိလစ် ​မေ့​မြောသွားနိုင်ပါတယ်။

ကိုဗစ်နဲ့ ယှဉ်ရင် သေဆုံးနှုန်း ပိုမြင့်တာမို့ ကူးစက်ခံရသူတွေရဲ့ ၄၀ % ကနေ ၇၅ % အထိ ​သေဆုံးနိုင်ပါတယ်။

​ရောဂါ ကူးစက် မခံရဖို့ရာ အကောင်းဆုံးနည်းကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ မြေပေါ်ကျနေတဲ့ အသီးတွေ၊ ငှက်တို့ လင်းနို့တို့ ကိုက်ရာပါတဲ့ အသီးတွေကို မစား​ကြဖို့ လိုပါတယ်။

အသီးတွေကို သေချာဆေးကြောပြီး အခွံနွှာစားပါ။ ထန်းရည်၊ ဓနိရည်တွေကို ကျိုချက်ပြီးမှ သောက်ပါ။
အပြင်က ပြန်လာတာနဲ့ အစာမစားခင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးပါ။ ရောဂါလက္ခဏာ ရှိသူတွေနဲ့ အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

နီပါးဗိုင်းရပ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Epidemic) ဖြစ်သွားနိုင်တဲ့ အလားအလာ ရှိတယ်လို့ WHO က အသိ​ပေးထားပါတယ်။

မြန်မာနိုင်ငံ ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ချင်း ထိနေလို့ ကျန်းမာရေးဌာနတွေက အနောက်ဘင်္ဂလားမှ ပြန်လာသူတွေထဲမှာ "ပြင်းထန်ဖျားနာပြီး ဦးနှောက်ရောင်လက္ခဏာ" ပြသူတွေကို စောင့်ကြည့်ဖို့ လိုပါမယ်။

၂၀၂၆ ဇန်နဝါရီ ၂၅ ရက် အထိမြန်မာနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိလား၊မရှိလားဆိုတာ အတိအကျ မသိရ​သေးပါ။


Photo and Text

Address


Alerts

Be the first to know and let us send you an email when NYO Medical Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed health & beauty business?

Share