08/10/2026
သီချင်း ဂီတသံကြားရင် လူတွေကဘာလို့ စဦးဆုံးကြားထားဖူးတဲ့ အချိန်ကိုမှတ်မိအောင်ဘယ်လိုလုပ်ထားသလဲ။
ဘယ်လူမျိုးဖြစ်စေ ၊ ဘယ်နေရာဒေသ နေထိုင်ပါစေ ၊စိတ်ကောင်းသည်ဆိုးသည်ဖြစ်စေ သီချင်း၊ ဂီတကို ကြိုက်ကြတာချည်းပါပဲ။
သီချင်းနဲ့ ဂီတနုတ်တွေကို ကျွန်တော်တို့တီးခတ်သူကတီး ။၊ သီဆိုသူက အသံ ပ်ုင်ပိုင်နိုင်နိုင် နဲ့သီဆိုပြီး နားထာင်သူကလဲပဲ အာရုံ စီးမျောခံစားကြလို့ ယနေ့ ခေန်စားနေတဲ့ ဂီတပွဲတွေဆိုတာအများကြီးပါပဲ။
ဒါဆို ဒီလို သီချင်းနဲ့ ကြားဖူးတဲ့နေရာ ကို မှတ်မိအောင်ဘာကလုပ်ဆောင်ပေးသလဲဆိုရင် ဦးနှောက်အစိတ်အပိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေကြောင့် ပဲဖြစ်ပါတယ်။
ဒါတွေက နားရွက်နဲ့ နားထဲကအရိုးနု၊ ဦးခေါင်းခွံအရိုး ၊ အကြားအာရုံကြော စတာတွေက ကြားသမျှကို စုပ်ယူပြီး ဦးနှောက်က အကြားအာရုံလက်ခံ တဲ့ နေရာ တစ်ခုကိုပို့ပါတယ်။ ဆေးပညာမှာ sensory area ဖြစ်ပါတယ်။
ဦးနှောက်ရဲ့ auditory cortex နေရာကတော့ ဂီတအသံကို အမြင့်အနိမ့်၊ သီချင်းသံ၊ စည်းချက်နဲ့ tempoအနိမ့်အမြင့်ကို နားလည်အောင်ဘာသာပြန်ပါတယ်။
Hippocampus ဖြစ်တဲ့နေရာကတော့ ဦးနှောက်ထဲကပါပဲ။ သူက ကြားတဲ့ဂီတာအသေးစိတ်နဲ့ ကြားလိုက်တဲ့နေရာကိုမှတ်ထားပါတယ်။ ဒီလိုနည်းနဲ့ လူတွေက သီချင်းကိုနေရာနဲ့တွဲမှတ်မိပါတယ်။
ကြားခဲ့ဖူးတဲ့အဖြစ်အပျက်တွေလဲ တစ်စိတ်တစ်ပိုင်း မှတ်မိနေတတ်ပါတယ်။
Amygdala နဲ့ Limbuc system ဆ်ုတဲ့နေရာတွေကတော့ သီချင်းဂီတကြားတုန်းက ကိုယ့်ခံစားချက်
ကို မှတ်ပါတယ်။
ဒါကြောင့် အဲတုန်းက ကိုယ်ချစ်မြတ်နိုးသူကြိုက်တဲ့သီချင်း၊ အသည်းကွဲတုန်းကနားထောင်ရတဲ့သီချင်းစသဖြင့် ပြန်နားထောင်တာနဲ့ ပြန်သတိရစေတာပါ။
နောက်ဆုံး ကျွန်တော်တို့ ဦးနှောက်ထဲက ဒိုပါမင်းDopamine ဆိုတဲ့ chemical ကိုထွက်စေပါတယ်။
သူကပျော်ရွှင်စေတဲ့ feeling ရစေပါတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ကြိုက်တဲ့သီချင်း ဂီတကို ပြန်ပြီး ခံစားစေဖို့ တွန်းအားပေးပါတယ်။
စျေးဝယ်စင်တာတွေနဲ့ စားသောက်ဆိုင်တွေကဒီအကျိုးကိုရစေချင်လို့အသုံးချပါတယ်။
သီချင်းဂီတအေးအေးလေး တွေ ၊ ကိုယ်စိတ်ကိုအေးချမ်း တာဖြစ်စေ၊ ပျော်ရွှင်စေတာဖြစ်စေ ဒီလိုအရာတွေကိုထိတွေ့ရင် ကျွန်တော်တို့ ပျော်စေတာသက်သက်ပဲကောင်းကျိုးရှိစေတာမဟုတ်ပါဘူး။
တခြားကောင်းကျိုးတွေကတော့ စိတ်ကိုတက်ကြွစေနိုင်ပါတယ်။ နာကျင်မှုဝေဒနာ ကိုသက်သာစေပါတယ်။ကြွက်သားနာကျင်မှုရှိလို့ ကိုယ်ခန္ဓာအညောင်းအညာဖြေရင်သီချင်းသံက ပြေလျော့ဖို့ အသုံးဝင်ပါတယ်။နောက်ပြီး စိတ်ညစ်စေတဲ့အကြောင်းအရာကိုတွေးတာနည်းစေတော့ စိတ်ကြည်ပေါ့ပါးစေပါတယ်။
ခေါင်းကိုက်ဝေဒနာရှိရင် သီချင်း နားထာင်ရင် သက်သာစေနိုင်ပါတယ်။
စိတ်ကစဉ့်ကလျားဖြစ်တာနဲ့ စိတ်ဓါတ်ကျတာတွေလျှော့နည်းစေပါတယ်။
အလုပ်ကြောင့်ရတဲ့ ဖိစီးမှု သက်သာပါတယ်ခင်ဗျာ။