02/09/2026
Gut health
ကျွန်တော်တို့ ဆေးကျောင်းမှာတုန်းက အစာအိမ်ယောင်တယ်တို့ စာချဉ့်ပြန်ရောဂါတို့ ဆိုတာ ရောဂါသိပ်မဆိုးဘူးထင်ခဲ့တာ ။ နောက်မှ functional medicine ကို သင်ယူမှ အစာအိမ်အူလမ်းကြောင်းက လူကို အဓိကဒုက္ခပေးတာ ။ အရင်ကတော့ နှလုံးရောဂါတို့ ကျောက်ကပ်ရောဂါ အသည်းရောဂါမှ အထင်ကြီးသလို ဖြစ်နေတယ် ။ တကယ့် ရောဂါအစ က အစာအိမ်အူလမ်းကြောင်းဖြစ်နေတယ် အဲ့မှ တစ်ဆင့် ဆီးချို သွေးတိုး သိုက်ရွိုက် မှ အသည်း ကျောက်ကပ် နှလုံး ဖြစ်နေတယ် ။
အဲ့တော့ အစာအိမ်ယောင်တယ် စာချဉ့်ပြန်ရောဂါဖြစ်ရင် မပေါ့ပါနဲ့ ။ indigestion ကနေ အူလမ်းကြောင်းကို ကောင်းကောင်းဒုက္ခပေးတတ်ပါတယ် ။
အက်ဆစ်တားဆေး နှစ်ရှည်လများသောက်တဲ့လူနာတွေကို မြင်ရတာမကောင်းဘူး ။ တဖြည်းဖြည်းနဲ့ အားအင်းနည်းလာတယ် အလွယ်တကူး ဖျားလွယ်တယ် ဆီးပိုးဝင်လွယ်တယ် ။ လူက နုံလာတယ်။ အရိုးအကြောတွေ မသန်မာတော့ဘူး ။ အရွတ် အရိုး joint ပြသာနာတွေ ဖြစ်လာတယ် ။ ကိုယ်ကတော့ ဒီ အစာအိမ်အူလမ်းကြောင်း နဲ့ အက်ဆစ်တားဆေးကြောင့်လို့ဘယ်ထင်မလဲ ။ ဒါကဘဲ ဘယ်လိုကုကုမကုန်တဲ့ရောဂါဖြစ်နေတာပါဘဲ ။