07/10/2026
🤔အသက် ၃၀ အရွယ် လူကြီး ၊ ဖျားပြီးတော့ ခန္ဓာ ကိုယ်မှာ အဖု သေးသေးလေးတွေ နေရာ အနှံ့ပေါက်တာ စိုးရိမ်ရလား ဆရာမ ။ အဖုလေးတွေက ယားပါတယ်။
ငယ်ငယ်က ကာကွယ်ဆေး စုံအောင် ထိုးခဲ့လားလည်း သေချာ မသိပါဘူး။
🧑⚕️ဖျားပြီးအရေပြားအကွက်၊ အဖုသေးသေးလေးတွေ ဖြစ်တာကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
ရိုးရိုးဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ မွှားပိုး၊လှေး၊သန်း၊အင်းဆက်ပိုး၊ သန်ကောင်ကြောင့်ဖြစ်တဲ့မစိုးရိမ်ရတဲ့ရောဂါတွေကနေဓါတ်မတည့်ခြင်း၊ကိုယ်ခံအားစနစ်ချို့ယွင်းသည့်ရောဂါများ စသည်အသက်အန္တာရာယ်ရှိသော အရေးပေါ် ကုသဖို့လိုတဲ့ရောဂါတွေအထိ ဖြစ်နိုင်ပါတယ်။
💢ငယ်ငယ်ကာကွယ်ဆေးအပြည့်မထိုးခဲ့ရင် ဝက်သက်၊ဂျိုက်သိုး၊ရေကျောက်စတာတွေလည်းဖြစ်နိုင်ပါတယ်။
👉ဖျားတာနဲ့အဖု သေးသေး လေးတွေ နေရာ အနှံ့ ပေါက်တာကတပြိုင်နက်တည်းဖြစ်တာလား။ မဖျားခင်အဖုထွက်ပြီးမှ ဖျားတာလား။
👉အဖု သေးသေး လေးတွေ ကဘယ်ကနေစဖြစ်ပေါ်သလဲ။ မျက်နှာကလား။ ခန္ဓာကိုယ်ကစတာလား။
👉ပန်းရောင်အစက်အပြောက်လိုမျိုးလား၊ ဒါမှမဟုတ်ပအရည်ကြည်ဖုနဲ့ အရွယ်အစားအမျိုးမျိုးရှိလား၊ အသားရောင် ရှိတဲ့အဖုလား၊
👉အဖုတွေက 0.5 cm အောက်သေးငယ်သလား၊ဒါမှမဟုတ်အဲတာထက်ပိုကြီးသလား၊
👉အရေပြားနဲ့တပြေးညီလား၊ ခြင်ကိုက်ဖုလိုအရေပြားပေါ်ဖောင်းတက်နေတာမျိုးရှိလား။
👉အလွန်အမင်းယားယံခြင်းရှိသလား။ ညဘက်မှာပိုယားသလား။
👉လက်ဖဝါး၊ ခြေဖဝါးတွေပါ အဖုတွေရှိသလား။
👉လက်ချောင်းကြား၊ ခြေချောင်းကြားတွေမှာကောရှိသလား။
👉အရေပြားအောက်သွေးယိုစိမ့်ခြင်းလက္ခဏာဖြစ်တဲ့ အပ်ဖျားခန့်သွေးခြည်ဥအစက်အပျောက်များရှိသလား။
ဖန်ပြား၊သို့မဟုတ်ဖန်ခွက်မျက်နှာပြင်နဲ့ဖိကြည့်ရင်မှေးမှိန်သွားခြင်းရှိသလား။
စတာတွေပေါ်မူတည်ပြီးရောဂါရှာဖွေရပါတယ်။
🚨ဖျားတာအပြင်အရေးပေါ်လက္ခဏာတွေဖြစ်တဲ့
🔺အရေပြားအောက်သွေးယိုစိမ့်ခြင်း
🔺 မျက်နှာ၊နှုတ်ခမ်းများဖူးယောင်၍အသက်ရှုကျပ်ခြင်း
🔺လည်ပင်းတောင့်နေခြင်း၊ကယောင်ချောက်ခြားဖြစ်ခြင်း
🔺 ပါးစပ်၊ မျက်လုံးနှင့် မျိုးပွားအဂဵါအစိတ်အပိုင်းများတွင် အရည်ကြည်ဖုများထွက်ခြင်း၊အရေခွံလန်ခြင်း၊ ပြည်တည်ဖုများ ရှိခြင်း
🔺အလွန်အမင်းဖျားနာခြင်း၊နုံးချည့်နေခြင်း၊သွေးပေါင်ချိန်ကျခြင်း
🔺ဆေးအသစ်တစ်မျိုးမျိုးစသောက်ထားခြင်း
🔺နဂိုရောဂါအခံ ၊ဆီးချိုရောဂါ၊ကိုယ်ခံအားစနစ်ချို့ယွင်းသည့်ရောဂါများ (Autoimmune, steroids ဆေးသောက်နေရသူများ၊ကိုယ်ခံအားကျသည့် ရောဂါများ (HIV)၊
စတာတွေ ရှိရင်တော့ စိုးရိမ်ရပါတယ်။