Smart OET Training Centre

Call Directions Website Contact the business

Smart OET Training Centre Useful and reliable Notes and Exam approach techniques for Myanmar Medical Professionals who are goi

📣 Real World English (New Class - November Class)🔸 ဒီ အတန်းက General English 4 Skills Proficiency ကို တိုးတက်လာအောင် ထိရ...
23/10/2026

📣 Real World English (New Class - November Class)
🔸 ဒီ အတန်းက General English 4 Skills Proficiency ကို တိုးတက်လာအောင် ထိရောက်အောင် သင်ပေးမယ့် အတန်းပါ

🔸 English ကို အခြေခံ မပိုင်လို့ အဆင်မပြေ မဖြစ်ရအောင် 4 Skills အခြေခံကို အချိန်ယူလေ့လာချင်ရင် တက်နိုင်ပါတယ်

Real World English 4 Skills (11/2026)
============================
🔸 Starting Date = 6.11.26
🔸 Teaching platform = Zoom Live class + Smart Website Exercises
🔹 သင်တန်း Lecture တွေကို မတက်ဖြစ်တဲ့ ရက်ရှိရင်လဲ Website မှာ Recording အားလုံးပြန်လေ့လာလို့ ရပါတယ်
.
🔸သင်တန်း Detail အတွက် Page messenger ကနေ စုံစမ်းလို့ရပါတယ်

🔸 OET Reading နဲ့ Listening ပိုခက်လာတာလား🔸 အခုနောက်ပိုင်း OET exam ကို ဖြေတဲ့အခါ Candidate အများစု ပြောလာတဲ့ စကားတစ်ခုကိ...
22/10/2026

🔸 OET Reading နဲ့ Listening ပိုခက်လာတာလား
🔸 အခုနောက်ပိုင်း OET exam ကို ဖြေတဲ့အခါ Candidate အများစု ပြောလာတဲ့ စကားတစ်ခုကို သတိထားမိပါတယ်
🔸 Reading နဲ့ Listening ခက်တယ်၊ Grade (B) အမှတ်ရဖို့ကို တော်တော်ကြိုးစား ဖြေနေရတယ် ဆိုတဲ့ စကားပါ
🔸 တကယ်ပဲ OET skill တွေက ပိုခက်လာတာလား
🔹 လွန်ခဲ့တဲ့ ၂နှစ်၊ ၃ နှစ်က ဖြေခဲ့ဖူးတဲ့ Candidate တစ်ချို့ Certificate expired ဖြစ်လို့ ပြန်ဖြေကြတဲ့အခါ အရင်ကထက် ပိုအားထုတ်ရတယ်ဆိုတာကိုတော့ ဆရာ့ကို ပြောကြပါတယ်
🔹 ဒါကလဲ Language skill တွေနဲ့ အနေဝေးသွားလို့၊ အလေ့ကျင့်နည်းသွားလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
🔹 တစ်ချို့ Candidate တွေအတွက်တော့ ဒီ Skill ၂ခုက အိမ်မက်ဆိုးလိုပါပဲ။ Grade (B) ရဖို့ ၁ ပုဒ် လောက်လိုသွားတာမျိုး၊ အမှတ်ကပ်ပြုတ်သွားတာမျိုးဆိုရင် Remarking က သိပ်မသေချာလို့ Skill အားလုံးကို နောက်တစ်ကြိမ်ထပ်ဖြေရတာက တော်တော်ခံစားရ ခက်ပါတယ်
🔹 စာမေးပွဲ Exam Fee ကလဲ ဈေးမနည်းလို့ တစ်ခေါက်ထဲနဲ့ လိုချင်တဲ့ Grade ရဖို့ လူတိုင်း ကြိုးစားကြရတာပေမဲ့ ခြေချော်လက်ချော်ဖြစ်သွားခဲ့ရင် လူအား၊ ငွေအား၊ စိတ်ဓါတ်အားပါ ထိခိုက်နိုင်ပါတယ်
🔹 နောက်ထပ် အကြိမ်တွေအတွက်လဲ ယုံကြည်ချက်ရှိဖို့ အတော်ကြိုးစားရပါတယ်
🔸 ဒါဆို OET တစ်ခါထဲ အောင်ဖို့ ဘာလိုနေတာလဲ
🔸 ကိုယ်လိုချင်တဲ့ အမှတ်ကို တစ်ခါထဲနဲ့ ရဖို့ဆိုရင် ကိုယ့် English Language Skill ကို သေချာမြှင့်ထားဖို့ လိုပါတယ်
🔸 ဒီနေရာမှာ Skill တက်ဖို့ သေချာတဲ့ နည်းလမ်းတစ်ခုကို ပြောပေးချင်ပါတယ်
🔸 ဒီနည်းက Reading နဲ့ Listening အတွက် အဓိက ကျတဲ့ နည်းလမ်းပါ
✳️ အဲဒါကတော့ "အကျင့်ဖြစ်အောင်လုပ်ခြင်း" ပါ
🔸 အကျင့်ဖြစ်တိုင်း ထိရောက်ပါ့မလားလို့ ထင်ရနိုင်ပေမဲ့ တကယ်လိုက်လုပ်ဖို့ကတော့ နေ့ရွှေ့၊ညရွှေ့ ဖြစ်နေရင် Skill တက်လာဖို့ ဝေးပါမယ်
🔸 တစ်ပတ်၊ တစ်လ၊ (၃)လ ကိုယ်မှန်းထားတဲ့ အချိန်မှာ တစ်ခေါက်ထဲနဲ့ အောင်မြင်အောင် ဖြေနိုင်ဖို့ မရှိမဖြစ်လိုတဲ့ နည်းလမ်းတစ်ခုပါ
🔸 ကိုယ်စာမေးပွဲအောင်သွားရင်တောင်မှ ရှေ့လျှောက် ကိုယ့်လုပ်ငန်းခွင်မှာ၊ ကိုယ့်အတွက်အထောက်ကူဖြစ်နေမယ့် Skill နဲ့ လေ့ကျင့်နည်းတွေမို့ တန်ဖိုးရှိပါတယ်
✳️ Reading အတွက် နေ့တိုင်း ကိုယ့် Skill ကို အထောက်ကူပြုမယ့် အကြောင်းရာ၊ စာပေ၊ သတင်း၊ ဆောင်းပါး စတဲ့ ဖတ်သင့်တဲ့ စာပေတွေကို ပုံမှန်ဖတ်တတ်တဲ့ အကျင့်ရှိသွားဖို့ပါ
✳️ Listening အတွက်ဆိုရင်လဲ Youtube, Podcast, Medical Website တွေကနေ Talkshow, Presentation, Lecture စတဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရာတွေကို ပုံမှန်နား‌ထောင်သင့်ပါတယ်
🔹 နားထောင်နေ၊ ဖတ်နေရုံနဲ့ Skill တက်လာမှာလားဆိုရင် ဘာမှ မလုပ်တာထက်တော့ Exposure ရနေတဲ့အကျိုးကျေးဇူးရှိပါမယ်
🔹 နားထောင်ရုံ၊ ဖတ်ရုံအပြင် Skill တက်လာဖို့ အရေးကြီးတဲ့အချက် (၃)ခုပြောပေးချင်ပါတယ်
✳️ အဲဒါကတော့ ကိုယ်ဖတ်ဖို့ ၊ နားထောင်ဖို့ Material ရွေးတဲ့အခါ -

🔸 ၁. ကိုယ်စိတ်ဝင်စားမယ့် အကြောင်းရာကို ရွေးပါ
🔸 ၂. ကိုယ့်အတွက် သိပ်မမြင့်၊ သိပ်မနိမ့်တဲ့ Level လောက်ကို ရွေးပြီး နားထောင်ပါ
🔸 ၃. ဖတ်ပြီး၊ နားထောင်ပြီးရင် Note ပြန်ထုတ်၊ ပြန်မှတ်တဲ့ အကျင့်ကို ရအောင် လေ့ကျင့်ပါ
🔸 ဒါတွေကတော့ Listening နဲ့ Reading skills (၂)ခုကို သေချာလေ့ကျင့်နိုင်ဖို့ နည်းလမ်းတွေပါ
✳️ ဒီနည်းလမ်းတွေက Smart သင်တန်းမှာ လက်တွေ့သုံးနေ၊ လေ့ကျင့်ပေးနေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ
✳️ သင်တန်းသားတွေ အကျိုးရှိအောင်၊ စာပုံမှန်လုပ်ဖြစ်အောင်လဲ အပတ်စဉ် Free Weekly Live class တွေအပြင်
Listening နဲ့ Reading ကို အဓိကထားလေ့ကျင့်ပေးတဲ့ Skill Booster အတန်း (Real World English Course) ကိုလဲ လတိုင်း သင်ခန်းစာအသစ်တွေနဲ့ လေ့ကျင့်ပေးနေပါတယ်
✳️ ✳️ ✳️ ပုံထဲက Candidate တွေကတော့ Smart OET ရဲ့သင်တန်းသားတွေပါ
ဒီနည်းလမ်းတွေကိုလဲ သူတို့ကိုယ်တိုင် လေ့ကျင့်ခဲ့ကြလို့ Grade (A) နဲ့ Full marks (500) - အမှတ်ပြည့်တွေပါ ရရှိခဲ့ကြတဲ့ သာဓကတွေရှိတာမို့ ကိုယ်တိုင်လဲ ကြိုးစားရင် အောင်မြင်နိုင်ပါတယ်လို့ တိုက်တွန်းအားပေးလိုက်ပါတယ်ဗျ
Dr. Nay

Smart OET Training Centre

🎉October OET Exam Results.  Congratulations on your focused effort and well‑deserved success!🎉
21/10/2026

🎉October OET Exam Results. Congratulations on your focused effort and well‑deserved success!🎉





OET Listening Tips (1)======================OET Listening Part (A) မှာ စက္ကန့် ၃၀ Case Note ဖတ်ဖို့ ပေးထားတဲ့ အချိန်ကို ...
19/10/2026

OET Listening Tips (1)
======================
OET Listening Part (A) မှာ စက္ကန့် ၃၀ Case Note ဖတ်ဖို့ ပေးထားတဲ့ အချိန်ကို သေချာအသုံးချနိုင်ရင် အမှတ်ကောင်းကောင်းရနိုင်ပါတယ်။

Listening Audio အသံမလာခင် လုပ်ထားရမယ့် အဆင့် ၃ ဆင့်ကတော့

1️⃣ Subheadings များကို ဦးစွာ စစ်ဆေးပါ
e.g. *Symptoms*၊ *Past History*၊ *Medication*
ဒီလို Subheadings တွေကနေ ဆရာဝန်နဲ့ လူနာ ပြောမယ့် အကြောင်းအရာကို သိရတာမို့ ကွက်လပ်မှာ ဖြစ်လာနိုင်တဲ့ စကားလုံးတွေရဲ့ အဆက်အစပ်ကို သိနိုင်ပါတယ်

2️⃣ လိုနေတဲ့ ကွက်လပ်မှာ Word Form ကို ကြိုစဉ်းစားထားပါ
e.g.
The patient complained of _____ pain.
➡️ ကွက်လပ်မှာ pain ကို အထူးပြုမယ့် 'stabbing' သို့မဟုတ် 'throbbing' စတဲ့ Adjective တစ်ခုခု ဖြည့်ရတော့မယ်ဆိုတာ ကြိုစဉ်းစားထားလို့ ရပါတယ်

3️⃣ ကွက်လပ်ပတ်လည်က Keyword စကားလုံးများကို ဝိုင်းထားပါ
ကွက်လပ်ရဲ့ အရှေ့နှင့် အနောက်တွင်ရှိသော စကားလုံးများကို ထင်းနေအောင် မှတ်သားထားပါ။
ဆရာဝန်နှင့် လူနာတို့ ဆက်တိုက်ပြောနေချိန်မှာ ဒီ Keywords တွေက အထောက်အကူပြုပေးပါလိမ့်မယ်

💡 Pro Tip: ဒီနည်းလမ်းတွေနဲ့ Reading Time ကို ထိထိရောက်ရောက်နဲ့ အကျိုးရှိအောင် အသုံးချတတ်ဖို့ အရေးကြီးပါတယ်။

ဒီအချက်တွေကို သေချာ လေ့ကျင့်ထားနိုင်ရင် Listening Part (A) ကို အမှတ်များများရအောင် ဖြေနိုင်ပါလိမ့်မယ်
=====================================================================
စာလုပ်တဲ့အချိန်မှာ ပြန်ကြည့်လို့ရအောင် ဒီပို့စ်ကို Save ထား၊ Share ထားလို့ ရပါတယ်ဗျ



---

✳ ဒီည Sunday Live အတန်းမှာ ကိုယ့်ရဲ့ Listening Skill တိုးတက်လာအောင် လေ့လာနည်းတွေကို ဆွေးနွေးပေးသွားပါမယ်✳ တက်ချင်တဲ့ Can...
18/10/2026

✳ ဒီည Sunday Live အတန်းမှာ ကိုယ့်ရဲ့ Listening Skill တိုးတက်လာအောင် လေ့လာနည်းတွေကို ဆွေးနွေးပေးသွားပါမယ်

✳ တက်ချင်တဲ့ Candidate များ အတန်းတက်ဖို့ Detail ကို ဒီည 8pm မှာ ကိုယ့် Facebook Group ထဲမှာ ကြည့်ပေးပါဗျ

✳OET Speaking မှာ အမှတ်ကောင်းရဖို့ ...🔸 OET Speaking စာမေးပွဲမှာ ကိုယ်ပြောရမယ့် Task အချက်အလက်တွေ အပေါ်မှာပဲ အာရုံစိုက်န...
16/10/2026

✳OET Speaking မှာ အမှတ်ကောင်းရဖို့ ...
🔸 OET Speaking စာမေးပွဲမှာ ကိုယ်ပြောရမယ့် Task အချက်အလက်တွေ အပေါ်မှာပဲ အာရုံစိုက်နေရင် Sympathy ကို ပြသဖို့ မေ့နေတတ်ပြီး အမှတ်နည်းတတ်ပါတယ်။

🔸 ဒီ Post မှာတော့ ကိုယ့် OET Speaking roleplay ကို အဆင်ပြေပြေပြောနိုင်ပြီး Grade B နဲ့အထက် ရနိုင်မယ့် Sympathy ပြောနည်းကို ပြောပေးပါမယ်။

🔸 ဒီနည်းကိုတော့ Sympathy Sandwich လို့ ခေါ်နိုင်ပါတယ်။

1️⃣Sandwich အသားညှပ်ပေါင်မုန့် တစ်ခုလိုပဲ ဒီနည်းရဲ့ ပထမဆုံးအလွှာက အသိအမှတ်ပြုခြင်း (Acknowledge) ပါ။

🔸 လူနာက သူတို့ ကြောက်ရွံ့နေတယ်၊ စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် နာကျင်နေတယ်လို့ ပြောတဲ့အခါ နောက်မေးခွန်းတစ်ခုကို ချက်ချင်း မမေးလိုက်ပါနဲ့။

🔸 ခဏရပ်ပြီး နားထောင်ပါ။ ပြီးရင် သူတို့ရဲ့ ခံစားချက်ကို ချက်ချင်း အသိအမှတ်ပြု (Acknowledge) လုပ်ပေးပါ။

e.g., "I can see that you are quite worried about this diagnosis."

2️⃣ပြီးရင် အလယ်လွှာဖြစ်တဲ့ အဆင့် (၂) - လက်ခံနားလည်ပေးခြင်း (Validate) လုပ်ပါ။

🔸 လူနာရဲ့ တုံ့ပြန်မှုဟာ ပုံမှန်ဖြစ်ပြီး လက်ခံနိုင်စရာဖြစ်တယ်လို့ ခံစားရအောင် လုပ်ပေးဖို့ လိုပါတယ်။

e.g. "It is entirely understandable to feel overwhelmed when receiving this kind of news."

3️⃣နောက်ဆုံးအနေနဲ့ Sandwich ရဲ့ အပေါ်ဆုံးအလွှာဖြစ်တဲ့ အဆင့် (၃) - စိတ်အေးအောင် အာမခံချက်ပေးခြင်း (Reassure) လုပ်ပါ။

🔸 သူတို့ရဲ့ စကားကို နားထောင်ပေးပြီးပြီဆိုရင်တော့ စိတ်သက်သာရာရစေပြီး ရှေ့ဆက်လုပ်မယ့် Plan တစ်ခုကို ပြောပြပါ။

e.g., "Please rest assured that we have an excellent team here, and we are going to support you through every single step of your treatment."

🔸 Sympathy Sandwich တစ်ခုလုံးကို ပေါင်းလိုက်တဲ့အခါမှာ -

"I can see that you are quite worried about this diagnosis. It is entirely understandable to feel overwhelmed when receiving this kind of news. Please rest assured that we have an excellent team here, and we are going to support you through every single step of your treatment."

🔸 ဒီအတိုင်း "I see your worry." လို့ ဝတ်ကျေတန်းကျေ တစ်ကြောင်းလောက်ပြောတာထက် ပိုနားထောင်လို့ အဆင်ပြေသွားပါမယ်။

🔸 Sympathy Sandwich ကို အသုံးပြုလိုက်ရင် ကိုယ့် Clinical communication skills ကောင်းတယ်ဆိုတာကို Examiner သိအောင် ပြသရာ ရောက်လို့ အမှတ်ကောင်းရဖို့ အထောက်ကူဖြစ်ပါတယ်။

🔸 နောက်တစ်ခေါက် OET Speaking လေ့ကျင့်တဲ့အခါ သုံးနိုင်ဖို့ ဒီ Post လေးကို Save လုပ်ထားလို့ရပါတယ်ဗျ။



ဒီနေ့တော့ OET Exam preparation အတွက် သတိပြုစရာတစ်ခုကို ပြောပြပေးပါမယ်အဲဒါကတော့စာမေးပွဲကို Exam Format အတိုင်း Mock Test ...
15/10/2026

ဒီနေ့တော့ OET Exam preparation အတွက် သတိပြုစရာတစ်ခုကို ပြောပြပေးပါမယ်

အဲဒါကတော့စာမေးပွဲကို Exam Format အတိုင်း Mock Test တွေနဲ့ သေချာ လေ့ကျင့်ထားဖို့ပါ။

✳️ Mock Test

🔸Mock Test လို့ပြောတဲ့အခါ Skill တစ်ခုချင်းစီကို ခွဲလေ့ကျင့်တာမျိုးထက် စာမေးပွဲဖြေမယ့်နေ့မှာ ဖြေရမယ့် ပုံစံအတိုင်း Listening + Reading + Writing မေးခွန်းတွေကို ဆက်တိုက် ဖြေဆို လေ့ကျင့်တာမျိုးကို ဆိုလိုတာပါ။

🔸ဒီလို Exam Format ပုံစံအတိုင်း လေ့ကျင့်ထားတော့မှ တကယ့်စာမေးပွဲမှာ အသင့်ဖြစ်နေပါမယ်။
ဒီနေရာမှာ အရေးကြီးတာတစ်ခု မှာချင်တာကတော့ စာမေးပွဲကို ပုံစံ ဆက်တိုက်ဖြေဆိုတာမျိုး တစ်ခါမှ မလေ့ကျင့်ဘူး၊ မဖြေဖူးဘဲနဲ့ စာမေးပွဲခန်းထဲ ဝင်သွားလို့မဖြစ်ပါဘူး။

🔸ဘယ်လောက်ပဲကိုယ့်အရည်အချင်းကောင်းတယ်ဆိုဆို စာမေးပွဲပုံစံအတိုင်း အနည်းဆုံးတစ်ကြိမ်မှ မဖြေဖူးထားရင်တော့ တကယ်ဖြေတဲ့အခါ အခက်အခဲတစ်ခုမဟုတ် တစ်ခုတွေ့နိုင်ပါတယ်။

✳️ တစ်ခါတုန်းက Candidate တစ်ယောက်က တော်တော်များများ အဆင်ပြေပြေ လေ့ကျင့်ထားနိုင်ပေမယ့် Letter ရေးတာကို စာရွက်နဲ့ဖြေတဲ့စာမေးပွဲအတွက် ချရေးပြီးလေ့ကျင့်မသွားလိုက်ပါဘူး။
တကယ်ဖြေတဲ့အချိန်ကျတော့ စာရွက်နဲ့ရေးရတဲ့အခါ လက်ရေးနှေးနေပြီး အမှားဖျက်ရာ၊ ပြင်ရာတွေနဲ့ အချိန်မမှီဖြစ်ပြီး အဆင်မပြေဖြစ်တာမျိုးကြုံခဲ့ရဖူးပါတယ်။

✳️ Timing အရေးကြီးပုံ

🔹 Reading Part (C) နောက်ပိုင်းကို ရောက်တဲ့အချိန်မှာ ဖြေဆိုချိန် ၂နာရီနီးပါးရှိပြီမို့ ခက်တဲ့မေးခွန်းတွေနဲ့ ကြုံတဲ့အခါ ‌ခေါင်းပူလာတာမျိုး၊ စဉ်းစားရခက်လာတာမျိုး ဖြစ်တတ်ပါတယ်

🔹 Letter writing ကိုလည်း လေ့ကျင့်ထားတုန်းက ခေါင်းအေးအေးထားပြီး တစ်ပုဒ်ထဲ အချိန်ယူ ရေးခဲ့ရပေမဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ နောက်ဆုံးအပိုင်းလည်းဖြစ်၊ အရှေ့က မေးခွန်းတွေ ဖြေထားရတာတွေကြောင့်လည်း ခေါင်းပူနေတာမျိုး ဖြစ်နိုင်တာကြောင့် သေချာ မစဉ်းစားနိုင်၊ မရေးနိုင် ဖြစ်တတ်ပါတယ်။

✳️Types of Exam

🔸နောက်တစ်ချက် သတိပြုဖို့က OET on Paper နဲ့ OET on Computer ဆိုပြီးဖြေပုံ ဖြေနည်းနှစ်မျိုးရှိပါတယ်။

🔸ကိုယ်ကစာရွက်နဲ့ဖြေမယ်ဆိုရင်တော့ မေးခွန်းကို စာရွက်နဲ့ထုတ်ပြီး စာမေးပွဲအချိန်အတိုင်း အတိအကျ လေ့ကျင့်သွားသင့်ပါတယ်။ ကိုယ်က Computer နဲ့ ဖြေမယ်ဆိုရင်တော့ Computer မှာ Software နဲ့ စာမေးပွဲ မေးခွန်းပုံစံမျိုး ဖြေဆို လေ့ကျင့်သွားသင့်ပါတယ်

🔸အဲဒီလိုလေ့ကျင့်ဖို့ Sample ပုံစံမေးခွန်းတွေကို OET official Website မှာ Download လုပ်ပြီးတော့ ဖြေကြည့်လို့ရပါတယ်။ Computer method ဖြေမယ်ဆိုရင်လည်း OET Website မှာ ကိုယ့် Computer နဲ့သွားလေ့ကျင့်ထားလို့ရပါတယ်

🔸ဆရာ့ သင်တန်းသားတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ Smart Website မှာလဲ စာမေးပွဲပုံစံမေးခွန်း (၁၅) စုံ နဲ့ နောက်ထပ် မေးခွန်းအသစ်တွေပါ လေ့ကျင့်လို့ရအောင် စီစဉ်ပေးထားလို့ သေချာ လေ့ကျင့်သွားမယ်ဆိုရင် စာမေးပွဲအတွက် လုံလောက်ပါတယ်

✳️ စာမေးပွဲပုံစံလေ့ကျင့်ခြင်းအားဖြင့်ရလာမယ့် အကျိုးကျေးဇူးတွေများစွာရှိပါတယ်။ မေးခွန်းပုံစံကို စနစ်တကျမှီ ဖြေဆိုတတ်သွားမယ်။ ဖြေဆိုဖူးသွားပါမယ်။ နောက်အရေးပါတဲ့ တစ်ချက်ကတော့ အချိန်နဲ့ လေ့ကျင့်ထားလို့ စာမေးပွဲမှာ အချိန်မလောက်တာမျိုး၊ မေးခွန်းတွေကျန်ခဲ့တာမျိုး ရှောင်နိုင်ပါလိမ့်မယ်။

✳️ ပြီးတော့ အချိန်ကိုက်လေ့ကျင့်ထားလို့ ခက်တဲ့မေးခွန်းတွေနဲ့ကြုံတဲ့အခါကျ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကြိုတင်စဉ်းစားထားလို့ရပါတယ်။ ဒါကြောင့် စားပွဲမေးခွန်းပုံစံနဲ့ မဖြစ်မနေကျင့်ထားဖို့လိုပါတယ်။

ဆရာအနေနဲ့ကတော့အနည်းဆုံးမေးခွန်းသုံးစုံ စာမေးပွဲအချိန်အတိုင်း လေ့ကျင့်သွားဖို့တိုက်တွန်းလိုပါတယ်
==============================================================
✳️ OET Exam နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေနဲ့ ဖြေဆိုနည်းတွေကို သီးသန့်တင်ပေးနေတဲ့ Smart OET telegram channel ကိုလည်း ထားလို့ရပါတယ်

ရှေ့လျှောက် Telegram channel မှာလည်း တင်ပေးသွားပါမယ်ဗျ

>>>https://t.me/+lM1OekExzE45MTc9




13/10/2026

⚠️ ၁၀၀ မှာ ၉၉ မှားတဲ့ မေးခွန်း

သတိမထားလိုက်မိဘဲ OET Writing မှာ အမှတ်တွေ မဆုံးရှုံးစေဖို့==================================================Case notes တ...
12/10/2026

သတိမထားလိုက်မိဘဲ OET Writing မှာ အမှတ်တွေ မဆုံးရှုံးစေဖို့
==================================================
Case notes တွေကို သေချာလေ့လာထားပြီး Letter ရေးဖို့ ယုံကြည်မှု ရှိနေပေမဲ့ လိုချင်တဲ့ Grade (B) မရဘဲ ဖြစ်နေတတ်ပါတယ်။

ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းက တစ်ခါတစ်ရံမှာ သတိမထားမိဘဲ ပါသွားတတ်တဲ့ Grammar အမှားလေးတွေ ကြောင့်ပါ။

OET Writing မှာ အမှတ်လျော့စေတဲ့ အကြောင်းရင်းတစ်ခုကတော့ စကားလုံးတစ်လုံးကို ထပ်ခါထပ်ခါ မှားယွင်းစွာ အသုံးပြုမိတာမျိုးပါ။

ဒီ Post မှာတော့ မှားသုံးလေ့ရှိတဲ့ "Discuss" စာလုံးအကြောင်းကို လေ့လာကြည့်ကြပါမယ်။

---
❌ အမှား ၁- Discuss နောက်မှာ "about" ကို ထည့်သုံးခြင်း
I am writing to discuss *about* Mr. Smith’s ongoing condition. ❌
I am writing to discuss Mr. Smith’s ongoing condition. ✅

Rule (1): ကြိယာ *discuss* ရဲ့ အဓိပ္ပာယ်က "တစ်စုံတစ်ခု အကြောင် ဆွေးနွေးပြောဆိုသည် (to talk *about* something)" ဖြစ်လို့ *discuss about* လို့ ပြောရင် အဓိပ္ပာယ် ထပ်သွားပါလိမ့်မယ်။
အသုံးအမှန် = (Discuss + Direct Object)

❌ အမှား (၂) - လူများနှင့် တွဲဖက်သုံးစွဲရာတွင် Preposition များကို မှားယွင်းသုံးစွဲခြင်း
I discussed *to* the patient to take his medication.❌
I discussed the medication plan *with* the patient. ✅

Rule (2): တစ်စုံတစ်ယောက်ကို "discuss to" လို့ မသုံးရပါဘူး။
အသုံးအမှန် = Discuss + [Topic (အကြောင်းအရာ)] + WITH + [Person (လူ)]

---
Correct Usage
==============
1️⃣ *Discuss + Topic*
e.g. "We need to discuss the discharge plan."

2️⃣ Discuss + Topic + WITH + Person
e.g. "Please discuss these dietary changes with Mrs. Davis."

---
🎯 Quick Quiz
ဘယ်ဝါကျက မှန်လဲ ဖြေကြည့်ပါဦး

(A) I discussed the surgery with the family.
(B) I discussed about the surgery with the family.

အဖြေမှန်ကို comment မှာ ရေးခဲ့ပါဦး။

စာမေးပွဲမှာ ဒီအမှားမျိုး မမှားရအောင် ဒီ post ကို Save ထား၊ Share ထားလို့ ရပါတယ်ဗျ။

Topic = Technology as Trash✳ ဒီည Sunday Live အတန်းမှာ ကိုယ့်ရဲ့ Reading Skill တိုးတက်လာအောင် လေ့လာနည်းတွေကို ဆွေးနွေးပေး...
11/10/2026

Topic = Technology as Trash

✳ ဒီည Sunday Live အတန်းမှာ ကိုယ့်ရဲ့ Reading Skill တိုးတက်လာအောင် လေ့လာနည်းတွေကို ဆွေးနွေးပေးသွားပါမယ်

✳ တက်ချင်တဲ့ Candidate များ အတန်းတက်ဖို့ Detail ကို ဒီည 8pm မှာ ကိုယ့် Facebook Group ထဲမှာ ကြည့်ပေးပါဗျ

Address

Yangon
11111

Alerts

Be the first to know and let us send you an email when Smart OET Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smart OET Training Centre:

Shortcuts

Share